Monday, September 1, 2008

ဒေါ်အောင်ဆန်းစုကြည် တိုက်ပွဲသတင်း

ရန်ကုန်
သြဂုတ်- ၃၁

ဒေါ်အောင်ဆန်းစုကြည် အိမ်ကိုနအဖ က မတရားကန့် သတ်ချုပ်ချယ်မှုတွေလုပ်လာပါတယ်။ ဒါကြောင့်ဒေါ်စုက စတင်လှုပ်ရှားလာတဖြစ်ပါတယ်။ ဘာတွေကန့် သတ်လာလဲ ။
ဒေါ်ခင်ဝင်းကို အပြင်ထွက်ခွင့် ဆွေမျိုးသားခြင်းတွေနဲ့ တွေ့ ဆုံခွင့်ကို နအဖ က ပိတ်ပင်လာတယ်။ ဒေါ်ခင်ဝင်းဆိုတာကတော့ ဒေါ်စုနဲ့ အတူရှိနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒေါ်စုအိမ်မှာဒေါ်စုနဲ့ အတူ အမျိုးသမီးအဖေါ် ၂ ဦး၊ စုစုပေါင်းသုံးဦးဖြစ်ပါတယ်။ သူတို့ သုံယောက်ကို စိတ်ပိုင်းဆိုင်ရာဒုက္ခပေးမှုတွေကိုနအဖက လုပ်နေပါတယ်။ ကိုမြင့်စိုးက သူတို့ သုံးယောက်ကို နေစဉ်ထမင်းစားစရာတွေကို ပို့ ပေးပါတယ်။ ဒေါ်ခင်ဝင်းက ထွက်ယူရသူဖြစ်ပါတယ်။အခုအခါမှာ နအဖ က ဒေါ်ခင်ဝင်းနဲ့ ကိုမြင့်စိုးထံမှ ထမင်းချိုင့်ကိုတိုက်ရိုက်ယူဆောင်ခွင့်မပြုတော့ပဲ ဒေါ်စုအိမ်မှာချထားတဲ့ လုံခြုံရေးအစောင့်တွေကမှတဆင့် ယူဆောင်လာရတဲ့အနေထားဖြစ်လာပါတယ်။ ဒေါ်စုထံမှအမှာစကားများကိုလည်း အစောင့်တွေမှတဆင့် ဖြတ်သန်းရသလိုဖြစ်လာပါတယ်။ ဒေါ်စုထမင်းချို င့်က ဒေါ်ခင်ဝင်းထံကို တိုက်ရိုက်မရောက်တော့တဲ့အတွက် နအဖမှ ဒေါ်စုအသက်ကို လုပ်ကြံနိင်တဲ့အနေထားလဲ

ဖြစ်လာနိင်ပါတယ်။

ဒါကြောင့်ဒေါ်စုက နဖအ ကိုတောင်းဆိုချက်တချို့ ကိုပြုလုပ်လာပါတယ်။

ဒါတွေကတော့

၁- ရှေ့ နေဦးကြည်ဝင်းနှင့် တွေ့ ခွင့်ပြုရန် - သူမကို မတရား ဖမ်းဆီးထားမှုကို တရားဥပဒေနဲ့ မညီတဲ့အတွက် ကန့် ကွက်ဆန္ဒပြလာပါတယ်။

၂- ဒေါ်ခင်ဝင်းကို ဆေးဝါးကုသခွင့် နဲ့ ဆွေမျိုးများနဲ့ တွေ့ ဆုံခွင့်ကိုပေးရန်

၃- အင်တာနက်သုံးစွဲခွင့်ပြုရန် ( ဒေါ်စုမှာလေဒီယိုအဟောင်းလေးတလုံးသာရှိပါတယ်။

သတင်းစာမရ၊ တယ်လီဗေးရှင်းမရှိပါ။ တယ်လီဖုန်းမရှိပါ။ )

( မန်ဒဲလား ရောဘင်ထောင်တွင်ကျနေစဉ်မှာ တယ်လီဖုန်း- Fax စာအုပ်ဖတ်ခွင့်များရနေပါတယ်။ မန်ဒဲလားမွေးနေ့ ပွဲကိုပင် ထောင်နပ်စ်မများက ပြုလုပ်ပေးကြပါတယ်။ )

ဒေါ်အောင်ဆန်းစုကြည်ကသူတောင်းဆိုချက်တွေ ကိုမလိုက်လျောဘူးဆိုရင် ထမင်းပို့ နေတာတွေကို လက်မခံတော့ပဲ စတင်တိုက်ပွဲဝင်လိုက်ခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကျမာရေး၊နောက်ဆုံးဘာဖြစ်နေလဲဆိုတဲ့အခြေအနေတွေကို ကျနော်တို့ ဘာသတင်းမှာ အတိအကျရပဲဖြစ်နေပါတယ်။ သူမ နဲ့  သူမရဲဘော်အမျိုးသမီး ၂ဦးအတွက်ကျနော်တို့ အထူးစိုးရိမ်နေမိပါတယ်။


ညီအကိုမောင်နှမအပေါင်းတို့  ဒီနေ့ အထိ ဒေါ်စု တိုက်ပွဲ ဟာ အာဏာဖီဆန်ရေး အတွက် တပ်လှန့် လိုက်တဲ့ အမြောက်သံဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့  0ne Voice- One Goal – တသံထည်း - ရည်မှန်းချက်တခုတည်း စတင်တိုက်ပွဲဝင်ကြပါစို့ ။

(ကိုမိုးသီးဇွန် ဘလော့ မှ ကူးယူတင်ပြသည်)

1 comment:

Canada Myanmar Group said...

ကြာကြာ ၀ါးမဲ့ သွားများ အရိုးကြည့် ရှေင်ကြပါ ခေတ်ကာ
လတိုင်း နိုင်ငံတိုင်းရဲ့ တော်လှန်ရေးတိုင်းမှာ UG ကသာ
အဓိက အားအထားရဆုံးပါ ဒီခေတ်ဒီနိုင်ငံမှာလူလာဖြစ်
တဲ့ ငါတို့ ရဲ့ သမိုင်းပေးတာဝန်ဘ၀ပေးကံပဲမတရားသူကို
တော်လှန်ရာမှာဘယ်နည်းနဲ့ မဆိုတရားတယ် ကိုယ့်နိုင်ငံ
ကိစ္စကိုကိုယ့် လူမျိုးကအဓိကလုပ်ရမှာပဲပြည်တွင်းလှုပ်
ရှားမှူပျော့ ပြောင်းနေရင် ကမ္ဘာက၀င်ကူလို့ သိပ်မရဘူး
တော်လှန်ရေးတိုင်းမှာသွေးပေါက်ကွဲမှူတွေပါတယ်