မြန်မာတွေငတ်နေတာ အထင်အ၇ှားကမ္ဘာ့ပြည်သူများမြင်ကြည့်ကြပါ ဒါ တရုတ်တွေသူတို့ ရဲ့ဘာသာရေးနေ့ မှာနှစ်စဉ်နှစ်တိုင်း
အလှူုပြုလေ့ရှိပါတယ်မည်သူမဆို ဆန် လေးနဲ့ တစ်ခါတစ်ရံ ခေါက်ဆွဲ ခြောက်လိုမျိုး မုန့်ပဲသရေစာမျိုး အထုတ်လေးတွေနဲ့ဝေ
ပေးတာပါ ။မြ၀တီဖက်ကနေကူးလာပြီးလာရောက်တန်းစီနေသူတွေပါပဲ။မနှစ်ကဆိုတိုးဝှေ့ ကြလွန်းလို့ ထိုင်းရဲရိုက်တာတောင်
ခံကြရပါတယ်။လာရောက်တန်းစီသူတွေထဲကတစ်ချို့ ကိုကျမမေးကြည့်တော့သူတို့ မြ၀တီမှာစားရမဲ့သောက်ရမဲ့ဖြစ်ပြီးထမင်း
နပ်မမှန်တဲ့အတွက်ဒီကဆန်လေးဘာလေးရရင်နှစ်ရက်လောက်တော့ထမင်းဝမှာမို့ မဲဆောက်ကိုကူးလာပြီး လာတန်းစီနေတာ
လို့ ဖြေပါတယ်။ကလေးငယ်တွေဆို ပညာသင်ရမဲ့အရွယ်တွေပါ သူတို့  တွေကိုမေးကြည့်တဲ့အခါ ကျောင်းတက်ဖို့ နေနေသာ
ဒေါ်ဒေါ်ရယ်သားတို့ ထမင်းစားဖို့ တောင် မနည်းလုပ်နေရတာ ဒီကရတာလေးကို ပြန်ရောင်းပြိး အမေ့ကိုဆေးဝယ်တိုက်မလို့ 
လာတန်းစီတာပါတဲ့ -ကဲမြန်မာတွေ ရွှေမြန်မာလို့ ဘယ်လိုတင်စားမှာတဲ့တုန်း -အဖွါးအိုတွေကိုပါတုန်တုန်ချိချိနဲ့ တွေရပါသေး
တယ် ကျမဖြင့်စိတ်မကောင်းလွန်းလို့ ဝေတဲ့အထိစောင့်မကြည့်ပဲပြန်လာခဲ့တယ် ခုတင်ထားတဲ့ပုံတွေကဆန်မဝေခင်ပုံတွေပါ
ဆန်ဝေတဲ့အချိန်ဆိုရင်တော့ ထိုင်းရဲကနံပါတ်ဒုတ်ကိုင်ပြီးတော့ကိုကြပ်မတ်နေရသလို နေပူကြဲမှာချွေးသံရွဲရွဲနဲ့ အလုအယက်
တိုးဝှေ့ပြီးစွန်ကြဲမှုကိုခံယူနေရတဲ့ မြန်မာတွေဘ၀ ရင်နင့်လှစွာနဲ့ ကျမတင်ပြလိုက်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment