ဒီကနေ့ နယ်စပ်တစ်နေရာမှာနှစ်လည်ကျင်းပသလို ရန်ကင်းမြို့နယ်မှာလည်းတပည့်သားမြေးစုံလင်စွာနဲ့ 
ဆွမ်းကျွေးအလှုကို ပြုနိုင်ခဲ့သလို ရန်ကုန်မြို့နေရာသုံးနေရာမှာပြုလုပ်ခဲ့ပါတယ်။AIDS ရောဂါသည်
်တွေကိုကူညီနေတဲ့ မဖြူဖြူသင်း နေအိမ်မှာလည်းဘဘအတွက် ဆွမ်းကျွေး အလှူပြုခဲ့ကြပါတယ်
နယ်စပ်တစ်နေရာက ဆွမ်းကျွေးအလှုမှာတော့ ဆရာတော်ဦးပညာဇောတကဦးကြည်မောင်အတွက်
သွေးမတော်သားမဆပ်တွေကဘာလို့  ဒီလိုအလှူတွေပြုလုပ်ကြသလဲ ဦးကြည်မောင်ဘာမို့ လို့ လဲ
ဆိုတာကိုသုံးသပ်ပြီးတရားတစ်ပုဒ်ချီးမြင့်ပါတယ် အဲဒီ့တရားကတော့
ဗုဒ္ဒမြတ်စွာဘုရားဟာ ဒီပင်္ကရာဘုရားရှင်ကိုကိုယ်တိုင်ကိုယ်ကျဖူးတွေ့ခဲ့ရသူဖြစ်ပြီး အဲဒီ့ဘ၀မှာပဲနိဗန်ကို
ရောက်နိုင်တဲ့မဂ်ဖို(လ်)ဆိုဒ်နိုင်သော်လည်း ဒီဘ၀မှာပဲနိဗန်ဝင်ခဲ့ရင် ကိုယ့်အတွက်ပဲကိုယ်ငြိမ်းချမ်းသွားရ
တော့မယ်သတ္တ၀ါတွေရဲ့အကျိုး ကိုရှေးရှုပြီး ခုဖူးတွေ့ရတဲ့ ဒီပင်္ကရာမြတ်စွာဘုရားလို အကျင့်မျိုးကျင့်ဖို့ 
နောက်ထပ်ဒုက္ခတွေများလှတဲ့သံသယာကြီးမှာ လေးအသေင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီထပ်ဖြည့်ပြီး အတ္တ
ကိုပယ်ပရကိုရှေးရှုပြီးဘုရား အဖြစ် ဝေနေယျကိုကယ်တင်နိုင်မဲ့ ဘုရား၇ှင်အဖြစ်ကိုရဖို့ ကျင့်ကြံအား
ထုတ်ခဲ့တာဖြစ်တယ်အဲဒီလိုအများနဲ့ ဆိုင်တဲ့အနစ်နာခံမှုဆင်းရဲပင်ပမ်းခံမှုကိုတန်ဖိုးထားလေးစားကြည်
ညိုကြလွန်းလို့ ဗုဒ ကိုရိုသေညွတ်တွားအမြဲဂါဝရထားကြတာကိုဥပမာပေးပြီးဘုန်းဘုန်းဟောချင်တယ်။
လောကမှာလူလို့ ဖြစ်လာရင်အတ္တ နဲ့ ပရ နှစ်တန်မှာ ထင်ထင်ရှားရှားပြရရင် လောက သုံးပါးအကျိုးလို
့ကိုဆောင်ခဲ့တဲ့ ဗဒ္ဒ နဲ့  ပြည်သူ့ အကျိုးကိုရှေ့တန်းကဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဦးစွာပြ
ရမှာဖြစ်ပြီးဒီလိုပဲ ချစ်ခင်ရင်းနှီးခဲ့တဲ့မိတ်ဆွေဆရာအများကြီးကြားမှာခုလိုဦးကြည်မောင်ရဲ့နှစ်လည်ကို
လှူတန်းမှုဒါနအစုစုပြုနေကြတာလည်း ဦးကြည်မောင်ဟာအတ္တနဲ့ ပရ နှစ်တန်မှာ ပရဟိတ္တ အားသန်
စွာနဲ့သူလူဖြစ်ခဲ့တဲ့ကာလတစ်လျောက်အများအကျိုးကိုသာတောက်လျောက်ဆောင်ရွက်ခဲ့တာကြောင့်
ဗုဒ္ဒ နဲ့ ဗိုလ်ချုပ်ကိုအလေးအမြတ်ပြုသကဲ့သို ဦးကြည်မောင်ကိုလည်းအလေးထားကြ သူ့ အတွက်ဒါန
ပြုကြတာလို့ ဘုန်းဘုန်းနားလည်တယ်။ ဟု သာဓကပြပြီးအမျာအကျိုးသယ်ပိုခဲ့သူဘဘဦးကြည်မောင်
အတွက်အလှူလုပ်ခဲ့တဲ့မကြည်ကြည်ခင်မိသားစု ။ဦးတိုးလွင်။ဦးခွန်မြင့်ထွန်း။ဦးဝင်းလှိုင်။ဦးမိုးဇော်ဦး။
ဦးဇော်ငြိမ်းလတ်။မအိရွှေစင်တို့ ရဲ့ ပရအကျိုးဆောင်ရွက်ခဲ့သူအပေါ်ကျေးဇူးသိတက် ဂုဏ်ယူချီးမွမ်း
ခဲ့တဲ့ကောင်းမှုတွေကို သာဓုအနုမောဒနာခေါ်ဆိုနိုင်စေရန်တရားနာပရိသတ်တို့ အားဟောကြားသွား
ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment