Monday, August 18, 2008

ဘဘဦကြည်မောင်ကွယ်လွန်ခြင်း လေးနှစ် ပြည့် ပြည်တွင်ပြည်ပ အလှူဒါနပြုကြ

မြင့်မြတ်တဲ့ ပေးဆပ်မှုကြီးတဲ့ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဘဘ ဦးကြည်မောင် ကွယ်လွန်ခြင်းရဲ့ (၃) နှစ်ပြည့်
ချိန် မနှစ်က ဒီလိုအချိန်မှာ အဲဒီ့နှစ်လည်ဆွမ်းကျွေးပွဲမှာစုရုံးခဲ့ကြတဲ့ --ကိုမင်းကိုနိုင် -ကိုဌေးကြွယ် -ကိုကိုကြီး
အပါအ၀င် ၈၈ မျိုးဆက် အားလုံး နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်တွေ မြန်မာပြည်ထဲမှာတက်ကြွစွာ
နိုင်ငံရေးလှုပ်ရှားနေသူတွေက ဘဘရဲ့နေအိမ်ဖြစ်တဲ့ -ရွှေတောင်ကြားလမ်းနေအိမ်ကနေ စုပေါင်းချီတက်ပွဲ
ကိုစတင်နိုင်ခဲ့တယ် -- ကိုမင်းကိုနိုင်ကိုယ်တိုင် ဘဘ ကိုအင်မတန်မှလေးစားကြည်ညိုခဲ့ပြီးဘဘကွယ်လွန်သွား
တဲ့အတွက် ဒီမိုကရေစီရေးအတွက် နစ်နာမှု ဆုံးရှုံးမှုပါလို့ ပြောခဲ့ပါတယ် စက်တင်ဘာရွှေဝါရောင်တော်လှန်
ရေးကြီးကိုအစပြု ချီတက် လမ်းလျောက်မှုကိုစတင် နိုင်ခဲ့တာ ဘဘ ရဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည် ကစခဲ့တယ်
ဆိုတာ မမေ့ ကြဖို့ နဲ့  ခု လည်း ဘဘ ကွယ်လွန်တာ (၄) နှစ်ပြည့်မှာ ပြည်ပ က ဘဘအတွက်ကုသိုလ်ကောင်း
မှုပြုနေကြသလို ပြည်တွင်းက ဘဘ ရဲ့ တပည့်မ လေး တစ်ဦးအိမ်မှာလည်း ခုချိန်မှာ ဘဘ နှစ်ပတ်လည်ကို
ကုသိုလ်ကောင်းမှုတွေပြု နေကြပါတယ် ။။ ဒီလိုပဲ ပြည်တွင်းကဘုန်းကြီးကျောင်းမှာလည်း ဘဘ မိသားစုရဲ့ခွင့်
ပြုချက် နဲ့ ဘဘ နှစ်လည် ဆွမ်းကျွေးအလှူမှုကိုပြုလုပ်နေပါတယ် -အားလုံးသာဓုခေါ်ဖို့  နဲ့ အတုယူဖို့  -ပို့ (စ်)
အသစ်လေးအလှူပေးနေရင်းတင်ပြလိုက်ပါတယ်။။။။

No comments: