မြန်မာပြည်ကြီးတိုးတက်စည်ပင်နေပါပြီလမ်းတွေဖောက်တံတားတွေဆောက် ပြည်သူတွေဘဝ
ကတော့နေစရာပျောက်လို့ ခိုကိုးရာမဲ့ သူများနိုင်ငံမှာမျက်နှာငယ်နေခဲ့ရတဲ့မြန်မာတွေဘဝ
ဟောဒီ့မှာလက်တွေ့ ကြည့်လှည့်ပါရှင်
မြန်မာနိုင်ငံကနေ ရေကြည်ရာမျက်နုရာတွေကိုရွေ့ပြောင်းလာကြတဲ့မြန်မာပြည်သူတွေအတွက်
မဲဆောက်မှာ(၁၀) နှစ်ခံကပ်လုပ်ပေးနေတဲ့ ၀ပ်ထုံချိုင်း ဘုန်းကြီးကျောင်းမှာမြန်မာတွေစောင့်
ဆိုင်းနေတဲ့ပုံနဲ့ ဆယ်နှစ်ခံကပ်အတွက် မြန်မာစာသင်ကျောင်းတွေကနေ ရောက်လာတဲ့ ကျမ
တို့ နိုင်ငံရဲ့မျိုးဆက်သစ် ကလေးသူငယ်တွေရဲ့ပုံ တွေဖြစ်ပါတယ်။။ ဒီကပ်ထုတ်ပေးမယ်ဆိုတာ
ကို ယိုးဒယားတစ်ချို့ နဲ့ မြန်မာတွေ အပြန်အလှန်ထောက်ခံပေးနေကြရတဲ့-အစီအစဉ်ပဲဖြစ်ပါ။
ခုမြင်တွေ့ရတာ ရပ်ကွက်တစ်ရပ်ကွက်စာပဲရှိပါသေးတယ်။အမှန်တကယ်ဘယ်လိုပုံစံထုတ်ပေး
ဦးမယ်ဆိုတာအသေအချာမပြောနိုင်သေးပါဘူး။ ဝေဖန်စကားမျိုးစုံကြားမှာတော့ မြန်မာရွေ့ 
ပြောင်းတွေ ကမျှော်လင့်ချက်ကြီးမားစွာနဲ့ ပေါ့။။ လဒ်လာဘ တွေ ကလည်း ပါသေးတဲ့ရှင်။။။
Subscribe to:
Post Comments (Atom)
1 comment:
အသင့်အား ဂုဏ်ယူဖွယ်ရာ မြန်မာ သမီးပျိုတို့ အား လာရောက်ကြည့်ရှုရန် ဖိတ်ခေါ်လိုက်သည် ။
Post a Comment