Thursday, August 21, 2008

ကိုမင်းကိုနိုင် ရဲ့ အံမကျဘူး

၁၉ - ၈ -၂၀၀၇ မှာ ဘဘဦးကြည်မောင် နှစ်ပတ်လည်မှာစတင် ချီတက်ဖြစ်ခဲ့ကြတဲ့ ကိုမင်းကိုနိုင် နဲ့ 
၈၈ မျိုးဆက်အများစုဟာဒီကနေ့ မှာ ဆို အပြင်လေကမှာသူတို့ ကိုစစ်အုပ်စုကနေခွင့်မပေးတော့ပဲ
သူရဲကောင်းတွေရဲ့ပြတိုက်ထဲကိုနိုင်ငံရေးသိခါင်္တွေထပ်ဖို့ ပြန်ပို့ လိုက်ပြန်ပါပြီ အဲဒီအချိန်ကို ကျမရင်
ထဲ အလုပ်တွေလုပ်ရင်းသတိရနေတာမို့  ကိုမင်းကိုနိုင်အဖမ်းမခံရစဉ်ရက်ပိုင်းအလို ရှစ်လေးလုံးနှစ်
ပတ်လည်မှာ အားလုံးရှေ့မှာထွက်ရွတ်တာမဟုတ်ပဲ သူဖာသာစပ်ဆိုဆဲ နှတ်က ရွတ်နေဆဲမှာအမျော်
အမြင်ကြီးတဲ့ အမျိုးသမီးကျောင်းသူတစ်ဦးက မှီသလောက်လိုက်ရေးမှတ်နေလိုက်တယ် ကိုမင်းကိုနိုင်
ကိုလည်းဖမ်းသွားရော ကျမကို အမရေ ကိုပေါ်တော့ပါသွားပြီ ကျမသူ့ ရဲ့မပြီးဆုံးသေးတဲ့မဖေါ်ပြဖြစ်
သေးတဲ့ကဗျာလေးအမ ကိုပေးဖက်မယ် သူနောက်ပြင်မပြင်ပြီးမပြီးတော့မသိဘူးပေါ့အမရာအမလည်း
ကိုပေါ်ကိုလေးစားသူမို့ ဆိုပြီး သူ ကျမကိုပေးပြီး သူမခမျာမှာလည်း ကိုမင်းကိုနိုင် တို့ နောက် ကောက်
ကောက်ပါအောင်ပဲ ဘ၀တက္ကသိုလ် သူရဲကောင်းပြတိုက်ဆီသို့ လိုက်ပါသွားရပါတယ် ။ကျမနဲ့ အတူ
အကျဉ်းစံရပြီး ပထမအကြိမ်ထောင် ၁၀ နှစ် ကျခံခဲ့ရတဲ့ အဲဒီ့ညီမငယ်ရဲ့ သတ္တိနဲ့တန်ဖိုး ကိုမင်းကိုနိုင်ကို
တန်ဖိုးထားလေးစားတဲ့စိတ်ဓါတ်တွေနဲ့  ဒီကဗျာလေးကို ကျမဘလော့မှာတင်ပြလိုက်ပါတယ် ။
နှစ်သစ်ကူးတုန်းကလည်းကျမ မိတ်ဆွေများထံပို့ ဖူးပြီးသားဖြစ်တဲ့အတွက် သိပြီးသားသူသိပါလိမ့်မယ်
ကဗျာလေးကတော့

တိုက်ပိတ်လို့ 
ဝစီပတ်ခဲ့ရ
အဲဒီ့နုတ်ခမ်းနဲ့ ဖွဲ့ကြည့်တဲ့ဂီတ
အံမကျဘူး
ဆယ်နှစ်ဆယ်မိုး
ခေါက်ရိုးကျိုး
အဖြူရောင်ကသိုင်းရှုခဲ့ရ
အဲဒီမျက်လုံးတွေနဲ့ 
ဖန်တီးချင်တဲ့
ရောင်စုံရှုခင်းအလှ
အံမကျဘူး
လောကဓံကထိုးလိုက်တဲ့
မေးရိုးအကျိုးကြီးနဲ့ 
လောကကိုပြန်ပြုံးပြနေရတာကိုက
အံမကျဘူး………….
မင်းကိုနိုင်
ညီမလေး Q မှတဆင့်
မေအိခင်(လယ်ဝေး)

1 comment:

Canada Myanmar Group said...

ထူးထူးဆန်းဆန်း ရှားရှားပါးပါးကလေးတွေကိုနှိုက်နှိုက်ချွတ်
ချွတ် ခက်ခက် ခဲခဲ ရယူ ဖေါ်ပြ ပေးနေတဲ့ ရဲ ရဲ တောက်အ
မျိုးသမ္မီး တဦး၏ စိတ်ဓါတ် ထွက်ပေါက် ဘလော့ စာပေ
များအား အထူး အားပေး လျှက်...
ဆက်လက်အောင်မြင်ပါစေ