ကိုအောင်မိုး
နိုင်ငံရေးအကျဉ်းသားဟောင်း
ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ
ငယ်ငယ်က စာတွေပေတွေဖတ်တာစိတ်ဝင်စားတော့ စာဖတ်ဖြစ်တယ်ပေါ့။
စာဖတ်ဖြစ်တော့ နိုင်ငံရေးစာပေတွေဖတ်ဖြစ်တော့ နိုင်ငံရေးကိုစိတ်ဝင်စားလာတယ်
ဆိုပါတော့ စိတ်ကူးယဉ်လာတယ်ပေါ့။ နောက်တစ်ချက်က အသိုင်းအ၀ိုင်းပဲ ကျွန်တော့်
အသိုင်းအ၀ိုင်းကနိုင်ငံရေးတောကလာတာ။ အဒေါ်နှစ်ယောက်က။ တစ်ယောက်က
အလံနီဒေါ်ငွေစံ။ တစ်ယောက်ကကွန်မြူနစ်(ပီးကင်းပြန်)။ အဖေက ဒီမိုကရက်တစ်။ ကျွန်တော်နိုင်ငံရေးကိုစိတ်မ၀င်စားပဲနေပါတော့မလား။ ၈၈ မှာတော့ အသက်က ၁၃ နှစ်
လောက်ရှိတာဆိုတော့ သူများတွေပါသလိုကိုယ်လဲပါခဲ့တာပေါ့။ ဒါပေမယ့်ထဲထဲ
ဝင်ဝင်တော့မဟုတ်ခဲ့ဘူးပေါ့။ အဲဒီတောက်လျှောက်လှုပ်ရှားမှုတွေဆက်တိုက်ရှိလာတော့
နိုင်ငံရေးကိုထဲထဲဝင်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုမှာ
ဦးဆောင်ပါဝင်ခဲ့ပြီး ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုနဲ့ထောင်၁၀နှစ်ကျခဲ့ပါတယ်။
အင်းစိန်။ ပုသိမ်။ မန္တလေး။ဲမြင်းခြံထောင်တွေမှာနေခဲ့ရပြီး ၁၂. ၁၂.၂၀၀၄ မှာထောင်က
ပြန်လွတ်လာခဲ့တယ်။ ထောင်ကပြန်လွတ်လွတ်ခြင်းပဲ နိုင်ငံရေးကို ၈၈မျိုးဆက်ကျောင်းသား
များနဲ့ပါဝင်လှုပ်ရှားခဲ့ပါတယ်။
၂။ ၈၈လေးလုံးနဲ့ပတ်သတ်တဲ့အမြင်ကိုပြောရရင်တော့ ၈၈လေးလုံးဟာ တနိုင်ငံ
လုံး အကျပ်အတည်းကလွပ်မြောက်ဖို့ ။ တစ်ပါတီစစ်အာဏာရှင်စနစ်ကနေ ပါတီစုံ
ုံဒီမိုကရေစီစနစ်ကိုကူးပြောင်းဖို့ အတွက် လူထုအုံကြွမှုကြီးမြန်မာနိုင်ငံတ၀န်းဖြစ်ပေါ်ခဲ့
တယ်။ဒါပေမယ့်စစ်အာဏာရှင်စနစ်ကနေ ပါတီစုံစနစ်ကို ကူးပြောင်းဖို့အတွက် အာဏာ
ကိုရဲရဲဝံ့ဝံ့ယူရဲတဲ့ခေါင်းဆောင်ကောင်းမရှိခဲ့ ရှိပြန်သော်လည်းဝိုင်းဝန်းမတောက်ခံခဲ့ကြ ။ ရှေ့ဆောင်လမ်းပြမယ့်ပါတီကလည်း မရှိတော့ ကျွန်တော်တို့ တွေစစ်အာဏာရှင်လက်
အောက်ကိုပြန်လည်ကျရောက်ခဲ့ပြန်တယ်။ အဲဒီနောက်ပိုင်း မှာ စစ်အာဏာရှင်ရဲ့သရုပ်ကို
အပီပြင်ဆန်းစစ်လေ့လာမှုအားနည်းခဲ့သလို စစ်အာဏာရှင်တွေကိုလျော့တွက်ခဲတာရယ်။ နိုင်ငံရေးပါတီတွေရဲ့ဦးဆောင်မှုအခန်းဟာ ပြည်တွင်းလှုပ်ရှားမှုဖြစ်တိုင်း ပျောက်ပျောက်
နေတယ်။ ပါတီဆိုတာလူထုရဲ့ရှေ့ကနေပြီးမားမားမတ်မတ်ဦးဆောင်မှုပေးရမှာပါဒါပေမယ့်
မပေးခဲ့ဘူး ဒါကြောင့်ရွေဝါရောင်အရေးအခင်းလိုမျိုးနောက်ထပ် ဘယ်လောက်ပင်ရှိစေဦး
၈၈လေးလုံးတွေဘယ်လောက်ပင်ရှိစေဦး ဦးဆောင်ပါတီဟာ မိမိရဲ့အလုပ်ကို ပြတ်ပြတ်
သားသား မလုပ်သရွေ့လူထုကို ရဲရဲရင့်ရင့် ဦးဆောင်မှုမပေးနိုင်သရွေ့ရှေ့ကိုဆက်မယ့်လမ်းစဉ်
ဝိုးတ၀ါးဖြစ်နေသရွေ့ ကျွန်တော်တို့ စစ်အာဏာရှင်ရဲ့ ရက်ဆက်ယုတ်မာ ကောက်ကျစ်တဲ့
အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးရှိနေဦးမှာပါပဲ။ ကျွန်တော်လူထုတိုက်ပွဲကိုယုံတယ်။
လူထုတိုက်ပွဲကို လူထုကရွေးချယ်တင်မြှောက်ထားတဲ့လူထုပါတီက မလွဲမသွေဦးဆောင်ရမယ်
လို့လဲယုံကြည်ပါတယ်။ အဲဒီနှစ်ချပ်ပေါင်းစီးမိရင်တော့ ကျွန်တော်တို့လိုချင်တဲ့ဖြေတစ်ခုကို ရလိမ့်မယ်လို့မြင်မိပါတယ်။
မအေးမြင့်မြတ်
နိုင်ငံရေးအကျဉ်းသူဟောင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(ဥပဒေ)
ကျမက၈၈၈၈အရေးအခင်း ဖြစ်စဉ်အတွင်းမှာ မွေးဖွားခဲ့သူတစ်ဦးဖြစ်တဲ့ အတွက်ကျမအနေနဲ့ ၈၈၈၈ အရေးတော်ပုံကို မျက်မြင်မတွေ့ကြုံခဲ့ရပါဘူး။ဒါပေမယ့်အဲဒီဖြစ်ရပ်မှာ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူတွေက ပြောပြခဲ့တဲ့အတွက်၊ ကျမကိုယ်တိုင်လဲ စာတွေဖတ်ခဲ့ဖူးတဲ့အတွက်
ဒီ၈၈၈၈ အရေးတော်ပုံမှာ ပြည်သူလူထုတွေနဲ့ ကျမတို့ ကျောင်းသားလူငယ်တွေဟာစစ်အာဏာရှင်
အစိုးရရဲ့ရက်စက်ယုတ်မာမှုကြောင့် အသက်ပေါင်းများစွာ စတေးခဲ့ရတယ်ဆိုတာကို ကျမသိထား၊
နားလည်ထားတာနဲ့အမျှစိတ်မကောင်းဖြစ်ရုံတင်မကဘဲနာကျည်းခံပြင်မိပါတယ်။အဲဒီစစ်အာဏာရှင်
အစိုးရက အခု၈၈၈၈ အရေးအခင်း နှစ် ၂၀ပြည့်တဲ့အချိန်ထိအာဏာကိုရူးသွပ်နေဆဲ၊ကျောင်းသား
လူငယ်တွေအပေါ်မှာ တင်းကျပ်စွာချုပ်ကိုင်ထားဆဲ၊ ပြည်သူလူထုတွေအပေါ်မှာလဲရက်စက်မောက်မာ
နေဆဲပါ။အဲဒီလိုအာဏာရူးအစိုးရက သူတို့ရဲ့လုပ်ရပ်တွေအတွက်ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး
ဆိုတာကိုလဲ ၂၀၀၇ ခုနှစ် စက်တင်ဘာမှာဖြစ်ပွားခဲ့တဲ့ ရွှေဝါ ရောင်တော်လှန်ရေး သံဃာ့အရေးအခင်းရဲ့ အဖြစ်အပျက်၊ မြင်ကွင်းတွေက သက်သေပြလို့နေပါ တယ်။ ကျောင်းသားလူငယ်တွေအနေနဲ့လဲ ၈၈၈၈ အရေးတော်ပုံမှာ ကျမတို့ ကျောင်းသူ/သားတွေ အပေါ်မှာ အာဏာရူးအစိုးရက ဘယ်လိုအငြိုးထားပြီး ချေမှုန်းနှိပ်ကွပ်ခဲ့သလဲဆိုတာကို မမြင်ခဲ့၊ မ သိခဲ့၊ နားမလည်ခဲ့ရင်တောင်မှ စက်တင်ဘာအရေးအခင်းမှာတော့ နားလည်သဘောပေါက်သင့် နေပါပြီ။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့အခြေအနေမှာ ကျမတို့ ကျောင်းသားလူငယ်တွေဟာ ပညာ သင်ရုံတစ်ခုတည်းနဲ့တင် မလုံလောက်တော့ဘူးဆိုတာကို ဆန်းစစ်လေ့လာကြပါ။ ကျောင်းသား တစ်ဦးအနေနဲ့ မိမိကိုယ်ပိုင် ဘယ်လိုအခွင့်အရေးမျိုးတွေဆုံးရှုံးနေတယ်ဆိုတာကို သိအောင်လုပ် ပါ။ ရဟန်းသံဃာတွေနဲ့ ပြည်သူတွေဘက်က တာဝန်ကျေသလို ကျောင်းသားထုတရပ်လုံးကလဲ မိမိအသိစိတ်ဓာတ်နဲ့ စစ်အာဏာရူးအစိုးရကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်ကြပါ။ နောင်လာမယ့် မျိုးဆက်သစ်ကျောင်းသားလူငယ်တွေအတွက် ဒီ့ထက်ကောင်းမွန်တဲ့ ပညာရေးစနစ်၊ လွပ်လပ်စွာ ပညာသင်ကြားခွင့်တွေ ရစေချင်တယ်ဆိုရင် အခုလို ၈၈၈၈ အရေးတော်ပုံ နှစ် ၂၀ တိတိပြည့်တဲ့
အချိန်ထိ မပြီးဆုံးနိုင်သေးတဲ့တိုက်ပွဲကို မိမိလက်ထက်မှာ အဆုံးသတ်နိုင်အောင်၊ စစ်အာဏာရှင်အစိုးရ အမြစ်ပြုတ်သွားအောင်ကြိုးစားကြပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment