Friday, July 18, 2008

အာဇာနည်မျိုသေရိုးမရှိ

အာဇာနည်တို့ အားကျေးဇူးဆပ်ခြင်း


ကျမ စောစောကတင်ဈေးထဲပတ်ပြီး အာဇာနည်နေ့ ပိုံ(စ်)ကပ်လေးတွေ ဈေးထဲမှာ လိုက်ဝေတယ် တချို့က ဟာဟုတ်သားပဲ
မနက်ဖန်အာဇာနည်နေ့ တစ်ချို့က နှစ်ကပ်လောက်ပေးခဲ့ပါဗျာ-လူငယ်ပိုင်းတစ်ချို့ ဆို အာဇာနည်တစ်ယောက်ချင်းရဲ့ပုံကို
ထောက်ထောက်ပြပြီး ဒါဘယ်သူ လဲ ဒါဘယ်သူလဲမေးတာ ဗိုလ်ချုပ်ကိုတော့သိတယ်တဲ့လေ
တချို့ ကျတော့လည်းကြောက်
တယ်ထင်တယ် ပို့ (စ်)ကပ်ဆိုဒ် ဓါတ်ပုံကိုယူတော့ယူထယးလိုက်တယ်
မျက်မှာကတော့တကယ်မသာမယာပဲ ကြောက်တယ်
ဆိုတဲ့စကားသာမပြောတာ --ကျမအသုပ်ဆိုင်ဝင်တော့ စားနေတဲ့ ကောင်လေးတစ်ယောက်ရယ်
ကလေးမ သုံးယောက်ရယ်
ရောင်းတဲ့အဒေါ်ကြီးကိုပါပေးလိုက်တော့ စကားလက်ဆုံကျကြတော့တာပဲ ခပ်သွက်သွက်ယောင်္ကျားလေးပုံစံနဲ့ ကောင်မလေး
က အရမ်းဝမ်းသာတယ်အမ ဗိုလ်ချုပ်ပုံတွေ ပျောက်လုချိန်မှာ ဒီဓါတ်ပုံရတာ။။ခုအာဇာနည်နေ
့ကို ဟိုကောင်တွေလုပ်ရော
လုပ်ရဲ့လားမသိဘူး နာဂစ်ပိုက်ဆံအလှုငွေတွေလည်းသူတို့ ယူတယ် နော် တကယ် မိုက်ရိုင်းတဲ့ကောင်တွေတဲ့ ကျမတောင်ရှင်း
ပြနေစရာမလိုအောင် ကျမတို့ လးမျိုးတွေအမြင်ကျယ်ပါတယ် ကျမ နားထောင်နေတယ် အသုပ်ရောင်းသူကရော ဒါတို့ တွေ
ဒီလိုဒုက္ခရောက်နေရတာသူတို့ ကြောင့်လေ ဆိုပြီဖောင်ဖွဲ့ပြောနေလိုက်တာ ကျမ ဓါတ်ပုံတွေပေးရကျိုးနပ်သွားတယ် ။။
မြန်မာပြည်သူတွေ ရင်ထဲအသဲထဲမှာ ဗိုလ်ချုပ် နဲ့တကွ အာဇာနည်ကြီးတွေ၇ဲ့ ကျေးဇူးတရားတွေကကိန်းဝပ်ဆဲ ရှင်သန်ဆဲပါ
စစ်အုပ်စုမည်သို့ ဖျောက်ဖျက်စေကာမူ အာဇာနည်တွေရဲ့ သမိုင်းဟာရှင်သန်ဆဲပါ
ကျမတို့ ဆောင်ရွက်ရမှာက အနာဂတ်မျိုး
ဆက်သစ်တွေ ဗိုလ်အောင်ဆန်းရဲ့စိတ်ဓါတ်တွေအတုယူနိုင်အောင်။ ဗိုလ်ချုပ်လိုလူတော်လူကောင်းလေးတွေ ကျမတို့ တိုင်း
ပြည်မှာပေါ်ထွက်လာအောင် ရှေ့ ကခေါင်းဆောင်းကြီးတွေသွားခဲ့တဲ့ လမ်းဟာ
ဂုဏ်ယူစရာတွေနဲ့ ပြည့်နှက်နေပြီး အဲဒီ့ခေါင်း
ဆောင်တွေကို ပြည်သူတွေက အမြဲ နှမျောတသ နဲ့ တန်ဖိုးထားနေကြတာ အနာဂတ်မျိုးဆက်သစ်လူငယ်တွေသာထင်ထင်
ရှား၇ှား သိသိသာသာ သိနိုင် ကြားနိုင်မယ် ဆို အများစုအတုယူကြမှာဧကန်မလွဲပါပဲ ။။ဒါကြောင့်သိသူတွေ ကြားဖူးသူတွေ
ဖက်ဖူးသူတွေ ဗိုလ်ချုပ်နဲ့ အာဇာနည်တွေရဲ့သမိုင်းကို စောင့်ရှောက်ကြပါ
လက်ဆင့်ကမ်းကြပါ ။အမြဲတမ်း ခေါင်းဆောင်တွေ
လျောက်ခဲ့တဲ့လမ်းကို မှတ်တမ်းတင်ဂုဏ်ပြုကြပါလို့ ကျမ တိုက်တွန်းရင်းနဲ့
ဗိုလ်ချုပ်ရဲ့ အထ္ထုပတ္တိအကျဉ်းသီချင်းလေးနဲ့ နိဂုံး
သတ်လိုက်ပါတယ်
တစ်ထောင့်ကိုရာတစ်ဆယ့်ငါး-------ဆောင်းအကုန်နွေအကူးဝယ်--လေရူးရယ်သုန်သုန်ရီရီ
-ဖေဖေါ်ဝါရီ ၁၃ ရက်ဝယ်
လင်းအာရုံကျင်းတဲ့ ချိန်ခါဝယ် --စနေနေ့ မှာမွေးဖွါးခဲ့ပါတယ် ---ဦးဖာ -ဒေါ်စုအခြေပြုကာရယ်---ကလေးငယ်နာမည်---
အချိန်စာရင်းသွင်းတော့ထိန်လင်းလို့ ခေါ်တယ် နတ်မောက်မြု့မှာသူ ချက်မြုတ်ပါတယ် မျိုးချစ်ခေါင်းဆောင်ပီပါတယ်
ဤကမ္ဘာဝယ်---ပထမဆုံးအင်္ဂလိပ်ကိုတွန်းလှန်နိုင်ရင်းပြိုင်ဖက် ကင်းသူရယ် သူ
့ဖိုးရယ်သူ့ ဖွါးရယ် ဘိုမင်းရောင်ရှေ့ဆောင်
တယ် တော်လှန်ရေးခေါင်းဆောင်ပီသာပါပေတယ် (ဦးဖာဒေါ်စုအခြေပြုကာရယ်-----------မျိုးချစ်ခေါင်းဆောင်ပီသ
ပါပေတယ်)
မေအိခင်(လယ်ဝေး)

No comments: