Saturday, July 12, 2008

လေးရက်တာမှာ


တနေ့ က ၁၀ရက် ကျမရဲဘော်မောင်လေး စွန့် ခွါသွားတဲ့ရက်
မနေ့  ၁၁ ရက် အဝေးရောက်နေတဲ့ကျမသမီးကြီးရဲ့မွေနေ့  ရက်
ဒီကနေ့ ၁၂ရက် ကျမ ရဲ့ညီမရဲဘော် လေးလေးမွန်ရဲ့ မွေးနေ့ ရက်
အဲဒီ့ ၁၂ ရက် ပဲ ကျမတို့ ရဲ့ ရဲဘော်အကိုကြီး ကိုစည်သူ ထောင်ထဲမှာ ကျဆုံးသွားတဲ့ရက်
အဲဒီ ၁၂ ရက် ပဲကျမရဲ့ ရဲဘော်မောင်လေးဥတုဇရုပ်ကလပ် အဆုံးသတ် ရဲ့တဲ့ရက်
အဲဒီ့ ၁၂ ရက်နေ့ မွေးနေ့ ပိုင်ရှင်ညီမလေးကတော့ သံဃာတော်တွေကို ရေချမ်း ကွမ်းကပ်လို့ တဲ့ စက်တင်ဘာမှာဒုတိယအကြိမ် ထောင်ထဲပြန်ဝင်သွားရပြန်တယ်
ဒီနေ့ ဒီရက် ကျမဥနှောက်တွေတကယ်ပဲဆူပွက်ရပါတယ်
မနက်ဖန် ၁၃ရက်ကျမသမီးငယ်ရဲ့မွေးရက်ကိုဒါနပြုရဦးမယ်ဆိုတော့ အင်း------
နာသူကိုအမျှတွေပေးလို့ သာသူကို အလှတွေဝေငှ ပေးရဦးမယ်-------
အမှန်တကယ် ကျမစိတ်တွေကရော --ကျဆုံးသွားတဲ့အကိုကြီးရယ် ပြန်ဝင်သွားရတဲ့ ညီမလေးရယ် ထပ်ထွက်သွားပြန်တဲ့ မောင်လေးရယ်အတွက်--
ပိုကြေကွဲလို့  အပူရုပ်ကိုဟန်လုပ် မနက်ဖန် ကိုယ့်မျိုးဆက်လေးတွေအတွက်
ကျွေးသစ်ချရမဲ့ ၀တ္တရားတွေအတွက် အင်း----- ဘ၀တွေ တကယ်ပဲ ခံစားချက်
ကိုယ်စီဟာ လှမနေသေးပါလား------

No comments: