Tuesday, July 15, 2008
သမဂ္ဂညီလာခံပြီးပြီ
မြန်မာ နိုင်ငံရေးအကျဉ်းသားသမဂ္ဂညီလာခံ ပြီးပြီ
နာယက များမှာ ဂုဏ်ထူးဆောင် နာယက ဒေါ်အောင်ဆန်းစုကြည်
နာယက - ဦးမြစိန်
နာယက - ဦးအောင်စိုး(ခ) ဂါမဏိ ဖြစ်ပြီး
အလုပ်အမှုဆောင်အဖြစ် ရာထားနေရာ (၁၁) နေရာ သတ်မှတ်
ထားရာ ၀င်ရောက်အရွေးခံသူပေါင်း (၁၈)ဦးဖြစ်သည်။ မဲ ပေးသူ
အဖွဲ့ဝင် ၅၇ ဦး ရှိ ရာ ပယ်မဲ ၄ မဲ ဖြစ်ခဲ့သည် ။
အရွေးချယ်ခံ၇သော အလုပ်အမှုဆောင်များမှာ
၁ ။ ဦးဇော်ငြိမ်းလတ် ဥက္ကဌ (၅၃ မဲ )
၂ ။ ဦးလွင်မြင့် ဒု ဥက္ကဌ (၅၂ မဲ )
၃ ။ ဦးယဉ်ထွေး အတွင်းရေးမှူး (၅၁ မဲ )
၎ ။ ဦးကျော်သိန်း တွဲဖက် အတွင်းရေးမှူး (၅၃ မဲ )
၅ ။ ဒေါ်အိရွှေစင်ညွန့်  အလုပ်အမှုဆောင် (၅၃ မဲ )
၆ ။ ဦးဇေလတ် အလုပ်အမှုဆောင် (၅၀ မဲ )
၇ ။ ဦးရွှေကို အလုပ်အမှုဆောင် (၅၀ မဲ )
၈ ။ ဦးစိုးမိုး အလုပ်အမှုဆောင် (၄၉ မဲ )
၉ ။ ဦးကျော်ဟန် အလုပ်အမှုဆောင် (၄၉ မဲ )
၁၀။ ဦးမြင့်အောင် အလုပ်အမှုဆောင် (၄၈ မဲ )
၁၁။ ဦးဖြူဖွေး အလုပ်အမှုဆောင် (၄၅ မဲ ) ဖြင့် အသီးသီး ကို
နိုင်ငံရေးအကျဉ်းသားများက ဒီမိုကရေစီနည်းကျသော လွတ်လပ်သော
တရားမျှတဲ့သည့် မဲပေးစနစ်ဖြင့် ရွေးချယ် တင်မြောက်ခဲ့ကြသည်။။
အရွေးချယ်ခံရသော မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ အားဦးဆောင်
မည့်သူများမှလည်း တာဝန်များကို အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်
သွားကြပါမည်ဟု အဖွဲ့ဝင်များအားဂတိပေးခဲ့ပြီး စစ်အုပ်စုအားအမြစ်ဖြတ်
ချေမှုန်းနိုင်ရန် မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ မှ အားကြိုးမာန်တက်
ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း နှင့်ဥက္ကဌ မှဦးဆောင် ပြီး ရှေ့ လုပ်
ငန်းစဉ်များကို ဆက်လက်ဆွေးနွေးပြီးနောက် ညီလာခံအားအောင်မြင်
စွာ ပြီးဆုံးခဲ့သည်။။
ပုံမှာ နာယက ဦးမြစိန် နှင့်အလုပ်အမှုဆောင် အဖြစ်တာဝန်ယူမည့်  အီးစီ
(၉) ဦးဖြစ်သည် ။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment