Monday, July 14, 2008
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ၏ နာယက ဖြစ်သူဦးမြစိန်ဖြစ်သည် ။
၎င်းကျော်ဖြတ်ခဲ့သော နိုင်ငံရေး အတွေ့အကြုံများကို အကျဉ်းချုံး ၍
ပြောကြားခဲ့ပြီးစစ်ဗိုလ်တွေ ပြောနေတဲ့ကိုလိုနီလက်သစ်ဝါဒဆိုတာကို
ကြေကြေလည်လည်ရှင်းပြခဲ့သည် ။အမှန်တကယ်ကိုလို နီလက်သစ်
လို့ ပြောမယ်ပြောကြေးဆိုရင်တောင်ကိုလိုနီလက်သစ်ဟာ အမေရိကန်
နဲ့ အင်္ဂလိပ်မဟုတ်ဘူး နှံပါတ်တစ် တရုတ် အိန္ဒိယ ထိုင်း စင်္ကာပူ စတဲ့
နိုင်ငံတွေသာ ကိုလိုနီလက်သစ်လို့ ပြောရမှာပဲ ။ထို့ နောက် ဖိလစ်ပိုင်
မှရားမို့ (စ်)ရုရှားမှ ယယ်(လ်)စင် တို့ ကိုအခြေခံပြီးပြည်သူဖက်ကတပ်
ကရပ်ဖို့ လိုတဲ့အကြောင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲကိုသွားပတ်သတ်ရင်
မှားမှာပဲဆိုတဲ့အကြောင်းနှင့်တခြား နိုင်ငံရေးလူမှုရေး ပညာပေးများနှင့်
လူကျင့်ဝတ်နှင့်အညီကိုယ်ကျင့်သိက္ခါကို နိုင်ငံရေးသမားတွေစောင့်ထိမ်း
ကြဖို့ အကျယ်တ၀င့် သြ၀ါဒ ပေးခဲ့ပါသည်။။
ဦးမြစိန်သည် ၁၉၆၃ မှစ၍ ငြိမ်းချမ်းရေးဆန္ဒပြပွဲကိုစတင်ခဲ့ရမှာ နေ၀င်း
အစိုးရ၏ ၀န်ကြီူအဖွဲ့မှရာသက်ပန်အစိုးရ၀န်ထမ်းအဖြစ်မှထုတ်ပယ်ခြင်း
ခံခဲ့ရပြီးတောခိုခဲ့ရသည်။တောခိုပြီး ထိုးစစ်တစ်ခု တွင်အဖမ်းခံခဲ့ရပြီး
ထောင်ကျခဲ့သည့်ထောင်ကျခဲ့သည့်အကြိမ်ပေါင်းမှာ(၄)ကြိမ်ဖြစ်သည်။
ကိုကိုးကျွန်းရှိ အလံနီ နှင့် ကွန်မြူနစ်ပါတီတို့  ၏ ကျွန်းတိုက်ပွဲတွင်
၂၆ ရက် အစာငတ်ခံဆန္ဒပြခဲ့သည့်တတိယ အသုတ်တွင် ဦးမြစိန်ပါဝင်
ပြီးအစာငတ်ခံ ခဲ့သည်။။နှစ်ငါးဆယ်လုံးလုံး မတရားမှူ ကိုတော်လှန်
တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီးယခုထိမလျော့သောဇွဲနှင့် တောင်လှန်ရေးကိုအောင်
မြင်သည့်အထိဆက်လက်တိုက်ပွဲဝင်နေမည့်သူပင်ဖြစ်ပေသည်။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment