(၆၁)နှစ်မြောက် အာဇာနည်နေ့တွင် မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ကြေညာချက်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ သည် မြန်မာနိုင်ငံ အား နယ်ချဲ့ကိုလိုနီလက်အောက်မှလွတ်မြောက်ရေးအတွက် ၁၉၄၇ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် အသက်စွန့် ပေးလှူ
ခဲ့ကြသဖြင့် ၁၉၄၈ခုနှစ် ဇန္နဝါရီလ(၄)ရက်နေ့ တွင် သူ့ကျွန်ဘဝမှလွတ်မြောက်ပြီးကမ္ဘာ့အလယ်တွင်လွတ်လပ်သော
အချုပ်အခြာအာဏာ ပိုင်သည့် နိုင်ငံတခုအဖြစ် ဂုဏ်ယူဝင့်ကြွားထယ်ဝါစွာဖြင့် ရပ်တည် နိုင်ခဲ့ ပေသည်။
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကျနန်းနှင့် နေထိုင်ခဲ့ကြသော မြန်မာပြည်သူအပေါင်းတို့သည်လည်း နှစ်ပေါင်း(၁၀၀) ကျော် တိုင်းတပါးတို့၏လက်အောက်မှလွတ်မြောက်၍ လွတ်လပ်ရေးအသီး အပွင့်များကို ခံစားစံစားစေရန်အလို့ငှာအသက်
စွန့်ဆောင်ရွက်ခဲ့ကြသော အာဇာနည်ခေါင်း ဆောင်ကြီးများ၏ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကိုလည်း လေးစားဂုဏ်ပြု ဦးညွှတ်အလေးပြု ထိုက်ပေသည်။
သို့သော် ၁၉၆၂ခုနှစ်မှစ၍ မြန်မာပြည်သူအပေါင်းတို့သည်တိုင်းတပါး၏ကိုလိုနီကျွန်ပြုခြင်းမှလွတ်မြောက်ခဲ့သော်လည်း
လက်တဆုပ်စာစစ်အာဏာရှင်စစ်ဘီလူးတို့၏ရက်စက်ယုတ်မာစွာစစ်ကျွန်ပြုခြင်းခံခဲ့ရသဖြင့်လွတ်လပ်သောဒီမိုကရေစီ
အခွင့်အရေးများ ပျက်သုန်းပျောက် ကွယ်ခဲ့ရပေသည်။ ငြိမ်းချမ်းသာယာသော မြန်မာပြည်သည်လည်း ပြည်တွင်းစစ်မီး တဟုန်း ဟုန်းတောက်လောင်ခဲ့ရပေသည်။သံယံဇာတပေါကြွယ်ဝသည့်မြန်မာပြည်သည်လည်းကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံး
အဖြစ်ဖြင့် ဆင်းရဲတွင်းနက်ခဲ့ရပေသည်။
ထို့ကြောင့် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်းတို့သည် ၁၉၆၂ခုနှစ် ဇူလိုင်(၇)ရက် အရေးအခင်းမှစ၍ ၁၉၇၄
အလုပ်သမားသပိတ်၊ ၁၉၇၄ဦးသန့်အရေးအခင်း၊၁၉၇၆ဆရာကြီးသခင်ကိုယ်တော်မှိုင်းရာပြည့်အရေးအခင်းအပါအဝင်
၁၉၈၈ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံ၊ ၁၉၉၆ကျောင်းသားလှုပ်ရှားမှုများဆက်လက်ဖြစ်ပွားခဲ့ပြီးဗုဒ္ဓဘာသာ
ရဟန်း သံဃာတော်များဦးဆောင်သော ၂၀၀၇ခုနှစ်၊ စက်တင်ဘာရွှေဝါရောင် တော်လှန်ရေးစသည်ဖြင့် အာဏာရှင်
စစ်ဘီလူးတို့အား ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပေသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးအတွက်နယ်ချဲ့ကိုလိုနီတို့ကိုတိုက်ထုတ်ခဲ့သည့်ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်း
ဆောင်ကြီးများကဲ့သို့ အာဏာရှင်စစ်ဘီလူးတို့၏ စစ်ဖိနပ်အောက်မှ မြန်မာပြည်သူအပေါင်း လွတ်မြောက်ရေး အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြသော ဒီမိုကရေစီ အာဇာနည်သူရဲကောင်းအပေါင်းအားလည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံရေး
အကျဉ်းသားသမဂ္ဂမှ ဦးညွှတ်ဂုဏ်ပြု အလေးပြုပါသည်။
မြန်မာပြည်သူအပေါင်းဒီမိုကရေစီနှင့်လူ့အခွင့်အရေးအပြည့်အဝရရှိခံစားစေနိုင်ရေးအတွက်လည်းကျွန်ုပ်တို့မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂသည်လည်း ရဟန်းရှင်လူ ကျောင်းသား ပြည်သူအပေါင်းတို့နှင့်အတူ ဆက်လက် တိုက်ပွဲဝင်
သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ သန္ဓိဌာန်ပြုပါသည်။
အလုပ်အမူဆောင်အဖွဲ့ 
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ
မှတ်ချက် ။။ ။။ အဖွဲ့ နဖူးစည်းမပါဝင်ခြင်းသည်မိမိအားနည်းချက်ဖြစ်သည်။။
ဘလော့တင်ရန်အခက်အခဲရှိသဖြင့် စာသားသာ ကော်ပီကူး
၍တင်ထားခြင်းဖြစ်သည်။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment