Thursday, July 17, 2008
မမေ့ရက်နိုင်လဇူလိုင်
ဇူလိုင်လမှာ ဆယ့်ကိုးရက်
မမေ့နိုင်တဲ့ ဒို့ တစ်သက်
တိုင်းပြည်အတွက် စည်းဝေးစဉ်
အတွင်းဝန်ရုံးတွင်
အတင်းဝင် တရစပ်
သေနတ်နဲ့ ပစ်ခတ်
ဒို့ များဗိုလ်ချုပ်အပေါင်းမှာ
ကျဆုံးရလေရှာ
မမေ့နိုင်တဲ့ ဒို့ တစ်သက်
ဇူလိုင်လမှာ ဆယ့်ကိုးရက်
(ကျမငယ်ငယ်ကမူလတန်းပြဌါန်း)
ဥသြစွဲသံပြီးရင်
ဒီနေ့ ကျမရဲ့သမီး (၃) နှစ်သမီးလေးကိုကျမဇူလိုင်လမှာဆယ့်ကိုးရက် မမေ့နိုင်တဲ့ ဒို
့တစ်သက်
ဆိုတဲ့ ကျမတို့ မူလတန်းတက်စဉ်က ပြဌါန်းစာအုပ်ထဲကကဗျာလေးကို ကျမရွတ်ပြ သင်ပြ ပေး
နေတယ် ။။ အဲဒီအချိန်မှာ ကျမရဲ့ ရဲဘော်ညီမငယ်တစ်ယောက်က ဒီကဗျာကိုသူလိုက်မှတ်နေ
တာနဲ့  ကျမကမေးလိုက်တာ ကြားဖူးလားဆိုတော့ ဟင့်အင်း အမခုဆိုမှကြားဖူးတာတဲ့ ကျမ
ရင်ထဲနင့် သွားပါတယ် အသက် ၁၉ နှစ်ကျော် နေတဲ့ လူငယ်တစ်ဦး သူမကြားဖူးတဲ့ကဗျာကို
ကလေးပြဌါန်းထဲက ဟုတ်တယ် လေကျမမွေးတာ ၁၉၈၉ ဆိုတော့ ဝေးခဲ့ပြီပေါ့ ------
ဘယ်သူတွေမှာတာဝန်ရှိသလဲ ကျမတို့  တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးတွေ နဲ့ပတ်သတ်တဲ့ အရာ
တွေ ခုခေတ်လူငယ်တွေ နဲ့ ဝေးနေခဲ့တာ ။။။အဲဒီတာဝန်ရှိမှုတာဝန်သိမှုဟာ စစ်အစိုးရတစ်ဦး
တည်း နဲ့ မသက်ဆိုင်ပါ ။မှီခဲ့သူသိခဲ့သူရှိခဲ့သူ ကျမအပါအ၀င်အားလုံးမှာတာဝန်ရှိတယ် ။။
ဒီတာဝန်ကိုမေ့မေ့လျောလျော့နေတာ သမိုင်းကိုဖျောက်လိုတဲ့ စစ်အုပ်စု ကြိုက်တယ် စစ်အုပ်
စုကတော့ ၁၉ ဇူလိုင်ရဲ့ ၁၀း၃၇ ရဲ့ ဥသြစွဲသံတွေ အဲဒီအသံတွေပြည်သူ့ ထံဘယ်ပေးရဲမလဲ။။။
ပြည်သူအကြားဘယ်ခံရဲမလဲ --နှလုံးသွေးတွေဆူပွက်ပြီး သူတို့ ကို ထတော်လှန်နိုင်တဲ့ တွန်း
အား အဲဒီ့ဥသြဆွဲသံတွေ ရဲ့ ရိုက်ခတ်မှုကြားမှာရှိတယ်။။။စစ်အုပ်စုကသမိုင်းဖျောက်မှာပေါ့ 
သူက ရန်သူကိုး။။။။။။။။တို့ တတွေကတော့ ဗိုလ်ချုပ် နဲ့အာဇာနည်ကြီးတွေရဲ့သမိုင်းကို အမြဲ
စောင့်ရှောက်ရမယ် နောင်လာနောင်သား မျိုးဆက်သစ်တွေ မသိ ။ သိအောင် မီးမောင်းထိုးပြ
ရမယ် ဗိုလ်ချုပ်တို့ ကျတာကျမမမှီလိုက်ပေမဲ့ဗိုလ်ချုပ် သမိုင်းတွေ အာဇာနည်ကြီးတွေရဲ့သမိုင်း
တွေကျမသိခွင့်ရခဲ့သလို အာဇာနည်ကုန်းကို လွတ်လပ်ချိန်ကရော မလွတ်လပ်ချိန်ကပါ ရဲရဲ
တောက်ချီတက်ပြီး အာဇာနည်တွေရဲ့ အုပ်ဂူကိုအလေးပြုနိုင်ခဲ့တယ် ။။ မလွတ်လပ်တဲ့ အချိန်
တွေကများဆို အာဏာပိုင်တွေနဲ့ထိပ်တိုက်ရင်ဆိုင် ပင်နီ တွေဝတ်ပြီး အာဇာနည်ကုန်းအပေါ်
မှာတောင် ကမ္ဘာမကြေဘူး ဆိုတဲ့ တော်လှန်ရေးသီချင်း ပြိုင်တူဟစ်အော်ခဲ့သေးတယ် ။။
ကျမတို့ ခေါင်းဆောင်ကြီးတွေရဲ့ ပေးဆက်မှု အနစ်နာခံမှုတွေကို စံနမူနာယူခဲ့လို့ ခေါင်းဆောင်
ကြီးတွေလောက်ကျမတို့ မပေါက်ရောက်ပေမဲ့ သူတို့ လှမ်းတဲ့ခြေလှမ်း သူတို့ ချပေးခဲ့တဲ့မျိုးစေ့
ခု ကျမတို့ မှာ လက်တွေ့ပဲလေ တော်လှန်ရေးသမားဘ၀တွေ ရကို ရခဲ့တယ် ။။ဒါပေမဲ့ ခုကျမ
ရောက်၇ှိခဲ့တဲ့နေရာမှာတော့ ကျမကြေကွဲရတာ ရှိတယ် အာဇာနည်တွေနဲ့ ပတ်သတ်လို့ ပေါ့
ဘာလို့ အောက်မေ့ဖွယ်လုပ်ဖို့  တက်ကြွမှုအားနည်းရတာလဲ ။။အင်းလေ ကျမ သိပါတယ်တစ်
ချို့ ကအကြောင်းပြကောင်းကြတယ် ။။လွမ်းပွဲမလုပ်ဘူး တိုက်ပွဲလုပ်မယ်တဲ့ ကျမကလွမ်းလို့ မ
ဟုတ်ပါဘူး ခုပဲ အသက် ၂၀ သမီး ကမသိပါဘူး မကြားဖူးပါဘူး ဆိုတဲ့ ဗိုလ်ချုပ်တို့ ကိုဂုဏ်ပြု
ခဲ့တဲ့ စာတွေ ကဗျာတွေ သီချင်းတွေ တိမ်မြုတ်လုဖြစ်နေတာ ကျမလည်းတာဝန်သိမှု ကင်းတဲ့
သူထဲမှာပါနေပြီလို့ တွေးသိတာကြောင့် -------နှစ်ဆယ်ဝန်းကျင် မောင်ငယ် ညီမငယ်တွေအ
တွက် သီချင်းတစ်ပုဒ် နဲ့ ထပ်မံ လျို့ဆော်လိုက်မယ် ကြားသူတိုင်းရင်စို့ လို့ မျက်ရည်မိုးတွေ တ
တိုင်းပြည်လုံးရွာသွန်းခဲ့တဲ့ ဗိုလ်ချုပ်နဲ့ တစ်ကွအာဇာနည်ခေါင်းဆောင်များအတွက်-------
၁၉၄၇ ဇူလိုင်လ ၁၉ ရက် နံက် ၁၀း၃၇ မှာ မသမာသူဂဠုန်ဦးစော နဲ့ အပေါင်းပါတစ်စုရဲ့သေ
နတ်နဲ့ပစ်ခတ်မှုကြောင့် တိုင်ပြည်ကိုစနစ်တကျတည်ဆောက်ပေးနိုင်တဲ့ ခေါင်းဆောင်းကောင်း
တွေကျဆုံးခဲ့တယ် ။ အဲဒီကနေစပြီးအာဇာနည်နေ့ ရောက်တိုင် ၁၀း၃၇ တနိုင်ငံလုံးဝမ်းနည်း
တဲ့အထိမ်းအမှတ်အနေနဲ့ စက်ရုံတိုင်းဥသြစွဲတယ် ကားဟွန်းဆက်တိုက်တီးတယ် ----
တစ်တိုင်းပြည်လုံးရောက်တဲ့နေရာမှရပ်ပြီးအလေးပြုကြတယ် ။။ကြီး ငယ်အလတ် ကျား မ အ
သိတရားရှိသူမှန်သမျှ မျက်ရည်တွေဖြိုင်ဖြိုင်ကျကြတယ်။။ ဥသြသံဆုံးတာ နဲ့ တနိုင်ငံလုံးက
ရေဒီယိုတွေကထွက်ပေါ်လာတဲ့ သီချင်းကတော့ မေလှမြိုင် ဆိုခဲ့တဲ့ ဒီသီချင်းလေးဖြစ်ပါတယ်
အာဇာနည်နေ့ ကိုဖြင့်မမေ့သင့်ပါပေ
နှစ်--လ--နာရီ----ခါတာရှည်ရွေ့ပေမဲ့ ----အာဇာနည်နေ့ ကိုဖြင့် မမေ့သင့်ပါပေ--ယနေ
့ဖြင့်သတိတရားထားဖို့ လေ-------အများပြည်သူတွေ---အများပြည်သူတွေ --
အာဇာနည်နေ့ 
ကိုလေ----ရှေးရှုကာပဲ ----အလေးပြုပါတယ်လေ----
(နှစ်တွေ-----ပြောင်း------ပေမဲ့ အဖြစ်ဟောင်းများက-----ဖြေမပြေနိုင်ပေ--ဆွေး--တသ
သ တွေးဆ ဖြေလည်းမပြေ -----ရွေရင်စို့ ကဲ ----ကြေကွဲဝမ်းနည်းကြပုံတွေ ----ယနေ့ ထက်
တိုင်အောင်လေ ----သြော်--------မမေ့ရက်နိုင်ပါပေ------အာဇာနည်ခေါင်းဆောင်ကြီးတွေ-
အာဇာနည်ခေါင်းဆောင်ကြီးတွေ-----ကောင်းရာသုဂတိသို့ ရောက်ရှိကြပါစေ တေးကဗျာရေး
ကာလေ-------အမြဲသာအလေးပြု--အလေးပြုပါတယ်လေ---) ၂
မေအိခင်(လယ်ဝေး)
သံစဉ်သိလိုက၀၈၇၈၅၀၁၁၀၄ ကိုဆက်ပါ။မမေ့သင့်သိထားသင့်လက်ဆင့်ကမ်းသင့်တာမို့ ပါ။
Subscribe to:
Post Comments (Atom)
1 comment:
သိချင်းလေးအတွက်ကျေးဇူးပဲ
Post a Comment