
သွေးကြွေးဆပ်ရအောင်
ဆဲဗင်းဇူလိုင် ကို ဘယ်တော့မှမမေ့ကြနဲ့ 
အုပ်ချုပ်သူလက်နက်ကိုင် စစ်အုပ်စု
မ-ဆ-လ နေ၀င်း အစိုးရရဲ့
ကျောင်းသားထုကို ရက်ရက်စက်စက်
သတ်ဖြတ်ဖြိုခွင်း ခဲ့တာတွေ
အဲဒီ့လိုရက်စက်ခဲ့တာတွေရဲ့
အကျိုးဆက် ၈၈ အရေးတော်ပုံ လည်း ပေါ်ပေါက်ခဲ့ပြီးပြီ
မျိုဆက်သစ်ကျောင်းသားတွေလည်း
ဆဲဗင်းဇူလိုင် မှာ အသက်တွေပေးခဲ့ရတဲ့
နောင်တော်တွေရဲ့ ၀ိညာဉ်တွေ နိုးဆော် လို့ 
စစ်အုပ်စုကို အမြစ်ဖြတ်တော်လှန်ဖို့ 
သွေးသစ်တွေနဲ့  စစ်ခွေးတွေကို
သမိုင်းကြွေးဆပ်ဖို့  အားမာန် နိုးကြား
တော်လှန် နေတဲ့အားတွေ ပြနေကြပြီ-------
ဒီတော့ ဘယ်တော့မှမမေ့ နဲ့
နောင်တော်တွေရဲ့ ပေးဆပ်ခဲ့ရတဲ့ အသက်တွေအတွက်
သွေးကြွေးဆပ်ကြရအောင်-------လို့ 
No comments:
Post a Comment