Monday, July 7, 2008

7 JULY ANNIVERSARY


ကျောင်းသားတပ်မတော် ABSDF ၏ ဥက္ကဌ ဖြစ်သူ ကိုသံခဲ မှ
အနိုင်ယူချင်ရင်
အနိုင်ယူနိုင်တဲ့
စိတ်ဓါတ်ရှိဖို့ လိုတယ်
---------------
သမိုင်းဆိုတာ
ညာလို့ မရဘူး
ညှာလို့ မရဘူး
---------------
ခုတ်မဲ့ဒါးက
ဆေးသားတင်ရမယ်
အပူကိုလည်းခံနိုင်ရမယ်
အအေးကိုလည်းခံနိုင်ရမယ် ------ဆိုတဲ့ စတဲ့ စကားရပ်များနဲ့ 
ရဲရဲတောက်မိန့် ခွန်းတွေနဲ့ စစ်အာဏာရှင်ရဲ့ မတရားခဲ့ မှုကျောင်းသားထုရဲ့ ရဲရင့် ပြောင်မြောက်
တဲ့ ပေးဆပ် အနစ်နာခံ မှု နဲ့  ယနေ့ အထိ မျိုးဆက် မပြတ် ဆက်လက် တိုက်ပွဲဝင် နေကြ ပြီး
ကျောင်းသားခေါင်းဆောင်အသီးသီးက 7 JULY ကို အလေးအမြတ် ဂုဏ်ပြုစကားများပြော
သွားပါတယ်။။
ဒီနေ့ မှာ ကျရောက်တဲ့ 7 JULY ရဲ့ 46 နှစ် မြောက် နှစ်ပတ်လည်ကို ကျောင်းသားတပ်မတော်
မှာဒီနေ့ ကျင်းပ ခဲ့ပါတယ် 7 JULY ရဲ့ သမိုင်းကြောင်းကို ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ အ
ဆောက်အဦး ကြီးကို နေ၀င်း စစ်ခွေးတွေ ဖျက်ဆီးပြစ် လိုက်တဲ့ အချိန်မှာ ရန်ကုန်တက္ကသိုလ်
တက်နေတဲ့ KNU ဗဟိုကော်မတီဝင်စည်းရုံးရေးဌါနတာဝန်ခံ ဖရိုသမိန်ထော ကရှင်းလင်းပြော
ကြားသွားသည်။။ကျောင်းသားခေါင်းဆောင်အသီးသီးမှ၁၉၆၂ မတ်လ (၂)ရက် နေ စစ်အုပ်စုမှ
အာဏာသိမ်းချိန်မှ စပ်ရွှေသိုက် ၏သမီး စပ်မီမီသိုက် စစ်ခွေးလက်ချက်ဖြင့်သေဆုံးခဲ့
ရသည်မှ ကျောင်းသားများသည်စစ်အာဏာရှင်အား ပထမဆုံးစတင်၍ ဆွဲချက်တင်ကာ ကန့် 
ကွက် ဆန့် ကျင် ခဲ့ကြသည်ကို ပြောကြားသွားခဲ့ပါသည်။။

No comments: