သူငယ်ချင်းမ နှင့် ရဲဘော်ညီမလေး
ငယ်သူငယ်ချင်းနဲ့
ညီမလေးရေ့ 
ခုချိန်ခါ
စစ်ကိုင်းလမ်းကိုဆိုနေသလား
ရည်ရွယ်ချက် မပျက်ကြစေနဲ့ ရယ်လို့ အော်နေသလား
ဒါမှမဟုတ် သူငယ်ချင်းမင်းကတော့
အသံကြီးကြီးနဲ့ 
ကျေးဇူးပဲ အချစ်ရေ လို့ ဟစ်နေဦးမှာ အသေအချာပါ
စိတ်ညစ်ညစ် ပျော်ပျော်
သီင်္ချင်းတွေကတော့ မင်းတို့ ငါတို့ ရဲ့အဖေါ် ဖြစ်ခဲ့တယ်လေ့ 
ငါလည်း လွတ်မြောက်တယ်ဆိုတဲံ့နေရာလေးမှာ
နေသာနေရ မင်းတို့ လိုဘ၀ပါပဲကွာ
စိတ်စေရာ လူမပါရ
စိတ်စေတနာ ဝေဒနာ ခံရနဲ့ 
ငါလေ အမှန်တကယ် နောင်တရနေတယ် သိလား
ဝင်ဝင် ထွက်ထွက် ငါတို့ အတွက် ကျောမချမ်းတက်တော့တဲ့
အကျဉ်းထောင်ကိုငါပြန်သတိရ
ငါ့ လုပ်ရပ်တွေတော့ လူဆန်နေသေးတယ် သူငယ်ချင်းတို့ ရေ
အမှန်တကယ်တော့
သစ္စာဖောက်ခဲ့တဲ့ ငါ့ခြေထောက်တွေကိုပဲအပြစ်တင်
ကပ်ဆိုးဘေးဆိုးဒုက္ခဆိုးကြားကပြည်သူတွေရဲ့အနား
မရှိနေခဲ့တာ ငါမှားတာပါလားလို့ 
နောင်တတွေရ မင်းတို့ ကတော့ ငါ့ထက်
အများကြီးမြင့်မြတ်တဲ့ဘ၀ မှာ
အကျဉ်းစံနေရရှာလေတော့ 
အင်းလေ ဘယ်ရတက်အေးနိုင်ပါ့ မလဲ
တိုင်းပြည်ကိုချစ်တဲ့ ပေးဆပ်ရဲသူတွေကိုး။။ ။။ ။။
မေအိခင်(လယ်ဝေး)
1 comment:
ကဗျာလေးကောင်းတယ် ဆက်ရေးပါဦး....
Post a Comment