Wednesday, June 25, 2008

သုခလေးပါးမြတ်တရား

မဲဆောက်မြို့ တော၇ကျောင်းတွင် သဲကုန်း-သပိတ်အိုင်-သီတဂူ ဆရာ
တော်၇ှင်ဥာဏိဿရ မှ နာဂစ်ဒုက္ခသည်များအတွက် ရည်စူး၍ တရားပွဲ
ကို နှစ်ရက် တိုင်တိုင် ကျင်းပခဲ့သည့်တရားပွဲမှ တစိတ်တဒေသ အား
တင်ပြလိုက်သည် အားလုံးသောရဟန်းရှင်လူ သာဓုခေါ်နိုင်ရန်
၂၄-၆-၂၀၀၈ ------- ၂၅-၆-၂၀၀၈
သီတဂူဆရာတော်ဘုရားကြီးရှင်ဥာဏိဿရ ရဲ့တရားပွဲ ဒုတိယနေ့ 
တွင်ဆရာတော် မှ သုခ လေးပါးတရားတော် တနည်းအားဖြင့်ချမ်း
သာ (၄) ပါးတရားကိုဟောကြားသွားပါတယ်။မြတ်စွာဘုရားရှင်
ပေါ်ပေါက်ခြင်းသည်သုခချမ်းသာကိုဖြစ်စေခြင်း။မြတ်စွာဘုရားရှင်
၏တရားတော်များပေါ်ပေါက်လာရခြင်းသည် လည်းသုခချမ်းသာ
ကိုဖြစ်စေခြင်း။ရှင်အပေါင်းလူအပေါင်းတို့ ကိုယ်ရောစိတ်ပါညီညွတ်
ခြင်းသည်လည်း သုခချမ်းသာကိုဖြစ်စေခြင်းနှင့်ညီညွတ်တဲ့သူများ
စုပေါင်းကြိုစားအားထုပ်ကြသည့် အလုပ် သည်လည်း သုခချမ်းသာ
ဖြစ်ကြောင်း သုခ လေးမျိုးကိုအကျယ်တ၀င့် ဟောကြားသွားခဲ့ပြီး
သုံးပါးမြောက်ဖြစ်သည့်မညီညွတ်၍ပျက်ဆီးရခြင်း၏အကြောင်းတ
ရားအား မင်းတုန်းမင်းကြီး နတ်ရွာစံ ချိန်ဆင်ဖြူမရှင်မှလိုသလိုကြီး
စိုးပြီး တိုင်းပြည်၏အနာဂတ်ကိုမကြည့်ပဲ သားသမီး ချယ်လှယ်
ကောင်းစားနိုင်ရေးကိုသာကြည့်ခဲ့သဖြင့် မူကြီးမတ်ရာ အပေါင်းတို့ 
ညီညွတ်မှု ပျက်ပြားပြီးတိုင်းပြည်သူ့ ကျွန်ဘ၀ရောက်ခဲ့ရပုံကို သာ
ဓကများနှင့်ဟောကြားသွားခဲ့သည်။။

No comments: