တနေ့ မှာစာရေးဆရာမတစ်ယောက် သူ့ စာအုပ်အတွက်အချက်အလက်တွေစုဆောင်းမည့်
ရည်ရွယ်ချက်နဲ့ အလွန်ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကိုခရီးထွက်လာခဲ့တယ်။ လမ်းမှာဒေသခံ
အမျိုးသမီးကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားပြီး အဲဒီ့အမျိုးသမီးကြီးကဖိတ်ခေါ်လို့ သူ့ အိမ်
မှာတစ်ညလိုက်အိပ်ဖြစ်တယ်။။
အိမ်ကတောင်ကုန်းပြောင်ပြောင်ကွင်းပြင်ထီးထီးမှာ တဲအိမ်ကလေး တစ်လုံးပါ ။ အမျိုးသမီးရဲ့
ခင်ပွန်းကတော့အပတ်စဉ်ဈေးပွဲတော်ကို ညအိပ်ခရီးသွားနေတဲ့အတွက် သူတို့ နှစ်ယောက်
အဖေါ်ရတာပေါ့ ။ အဲဒီ့အချိန်မှာ ရာသီဥတုကအရမ်းဆိုးတယ်။ မိုးသက်လေပြင်းတွေအမြဲကျ
နေတက်ပြီး ပါတ်ဝင်းကျင်တခုလုံးစိုစွတ်ထိုင်းမှိုင်းနေတာပေါ့ ။။
အဲဒီ့ညနေဖက် သူတို့ နှစ်ယောက်ရောက်သွားတော့မှောင်နေပြီ ။ အဲဒီ့အချိန်မှာလေပြင်းတွေ
တိုက်ပြီး မိုးကြီးလေကြီးကျလာပါလေရော။ လျှက်စစ်မီးကလည်းမှိတ်တုပ်မှိတ်တုပ် နဲ့နောက်
ဆုံးမီးပျက်သွားတယ်။ဖရောင်းတိုင်မီးလေးထွန်းပြီး အိမ်ရှင်အမျိုးသမီးကြီးက ထင်းမီးဖိုနဲ့
မီးမွှေးနေတုန်း အိမ်တံခါးခေါက်သံကြားလို့ အိမ်ရှင်အမျိုးသမီး တံခါးသွားဖွင့်ပေးတယ် ။။ ။
အိမ်ထဲကိုအသက် (၁၂) နှစ်လောက်အရွယ်ရှိတဲ့ကောင်လေးတစ်ယောက်ဝင်လာတော့
အမျိုးသမီးကြီးကကောင်လေးရဲ့ မိုးရေတွေစိုနေတဲ့ဦးထုပ် နဲ့ ဂျာကင်အကျီင်္လှမ်းယူပြီး တိုင်မှာ
ချိတ်ထားလိုက်တယ် ။ ကောင်လေးက ပိန်လှီတဲ့အပြင် ခြေတစ်ဖက်ကဆိုးဆိုးဝါးဝါးဆာနေတဲ့
ထော့ကျိုးလေးဖြစ်နေတယ်။။ အဖေကဒေါ်ဒေါ့်အိမ်ကိုလှမ်းဖုန်းဆက်သေးတယ်။ဖုန်းဆက်
လို့ မရလို့ တခုခုများဖြစ်နေမလားဆိုပြီး ကျနော့ ကိုလွှတ်လိုက်တာ
ကျေးဇူးတင်ပါတယ်ကွယ် ဆိုပြီး အိမ်ရှင်အမျိုးသမီးကစာရေးဆရာမ နဲ့မိတ်ဆတ်ပေးတယ်
အပြင်ဖက်မှာတော့လေကပိုပြီးပြင်းသည်ထက်ပြင်းလာလို့ ပြူတင်းပေါက်တွေတောင်တဂျိုင်း
ဂျိုင်းမြည်နေတယ် အဲဒီလိုလေပြင်းတိုက်တာကိုစာရေးဆရာမက သိတ်သဘောကျကြောင်း
ပြောတော့ ကောင်လေးကဒေါ်ဒေါ် မကြောက်ဘူးလားလို့ မေးတယ် မကြောက်ပါဘူး လို့ 
ပြန်ပြောတော့မည့်ဆဲဆဲ ဘာကိုမှ ကြောက်ပုံမရတဲ့ အိမ်ရှင်အမျိုးသမီးကြီးက
သူကြောက် တာပေါ့ ဒေါ်ဒေါ်လည်းကြောက်တာပဲ ဒါပေမဲ့အခု ဒို့ မှာ ယောင်္ကျားလေး
တစ်ယောက်ရှိနေပြီလို့ ဝင်ပြောလိုက်တယ် ။။။ ခန လောက်ငြိမ်သက်သွားပြီး ကောင်လေးက
ကျွန်တော်တံခါးတွေသေချာရဲ့လား သေချာသွားစစ်လိုက်ဦးမယ်ဆိုပြီး လက်ကလေးကားကား
ခြေထော့ကျိုးလေးနဲ့လျောက်သွားတယ် ။။။။
ကြည့်စမ်းပါ အင်မတန်ကြင်နာတက်တဲ့ယဉ်ကျေးပျူငှာတဲ့ နှလုံးသား ပိုင်ရှင်အမျိုးသမီးကြီးက
ခြေတစ်ဖက်မသန်ရှာတဲ့ကောင်ကလေးတစ်ယောက်ကိုကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု
တွေ ယောင်္ကျားကြီး တစ်ယောက်လိုရဲဝံ့စိတ်တွေ နှလုံသားထဲအရောက် တည်ဆောက်ပေး
လိုက်တာ ယဉ်ကျေးပျူငှာတဲ့နှလုံးသားက သူတစ်ပါးရဲ့ မိမိကိုယ်ကိုယ် မိမိ လေးစားတန်ဖိုး
ထားတဲ့စိတ်ကိုကာကွယ်ပေးတယ် ။ ကြီးထွားစေတယ် ။ သူ့ ရဲ့ငါဆိုတဲ့စိတ်ကလေးကိုတည်
ဆောက်ပေးတယ်။
လူတွေဟာအလုပ်တွေများလွန်းလို့  ပတ်ဝန်းကျင်ကိုဂရုမပြုပဲ ကိုယ့်ကိုယ်ကိုယ် ဂရုပိုစိုက်
လေ့ရှိကြတော့ တစ်ဖက်သားရဲ့လိုအပ်ချက်ကိုလှစ်လှူရှုမိပြီး မေတ္တာတွေ ယဉ်ကျေးပျူငှာတဲ့
နှလုံးသားတွေ တိမ်မြုတ်နေတက်တယ်။။
ယဉ်ကျေးပျူငှာတဲ့နှလုံးသားရဲ့ အဓိကအကျဆုံးလက္ခဏာကတော့ သူတစ်ပါးရဲ့ခံစားချက်ကို
အလွန်သိတက်နားလည်ခြင်းပါပဲ ။
မေအိခင်(လယ်ဝေး)
သူတပါးရဲ့အရည်အချင်းအစွမ်းအစကို အသိအမှတ်ပြုမြှင့်တင်ပေး နိုင်ဖို့  ဥရောပရောက်နေတဲ့
အကိုတစ်ယောက်က ကျမကိုအသိပညာပေးအနေနဲ့ ပို့ လိုက်တဲ့ ၀ထ္ထုတိုလေးပါ။ မျှဝေခံစားနားလည် နိုင်ဖို့  ပို့ (စ်) တင်လိုက်ခြင်းဖြစ်ပါတယ်။
Wednesday, June 11, 2008
ယဉ်ကျေးပျူငှာတဲ့နှလုံးသားပိုင်ရှင်ဖြစ်ဖို့ ရာ
Subscribe to:
Post Comments (Atom)
1 comment:
သိပ်ကောင်းတဲ့ စာတိုလေးပေါ့ ။ စာထဲကအတိုင်း မိမိရဲ့ 
စကားနဲ့ အပြုအမူတွေကြောင့် သူတဖက်သား စိတ်ချမ်း သာ သွားရအောင်ယုံကြည်မှု့ တွေ တိုးပွားလာအောင် လုပ် ပေးနိုင်တဲ့ မိန်းမကြီးကိုလဲ လေးစားတယ်။
အပြော နဲ့ အလုပ် ညီအောင်လုပ်နိုင်ကြမဲ့ ကြင်နာမှု တရားတွေပြည့် ဝ ပြီး မြေနှိမ့်ရာလှံစိုက်မဲ့ လူသား မဆန် တဲ့ လူသားတွေ နည်းနိုင်သမျှနည်းလာပြီး
လူ သား ဆန်တဲ့ လူသားတွေနေရာတရာမှာ ပေါများ လာ နိုင်ရင် ကျနော်တို့ ရဲ့ လောကကြီးဟာ သာယာလာမှာပါ။ ဘလော့ ပိုင်ရှင်ကို ကျေးဇူးတင် ပါတယ် ။
Post a Comment