Saturday, May 17, 2008

ပြည်တင်းသော်လည်း "မင်း" ခံနိုင်သေးသလို ကယ်ဆယ်ရေးထက် အာဏာမြဲရေးသာ အရေးပေးနေသော န အ ဖ

စစ်အုပ်စုကတော့ လုပ်ချလိုက်ပြန်ပြီ တော်တော်ကို အရှက်သိက္ခာ ကင်းမဲ့ကြတာပဲ။ ဒီလောက် တိုင်းသူပြည်သားတွေ အတိ ဒုက္ခရောက်နေချိန်မှာလူဆန်ဖို့  သူတို့  မစဉ်းစားကြတာမြန်မာပြည်သူဖြစ်တဲ့ကျမ အင်မတန်ကို ရင်နာမိပါသည်။ နိုင်ငံတကာရောက် မြန်မာတွေလည်းမျက်ရည်တွေဝေလို့ ။ ကျမတို့ တိုင်းပြည်ကို ကျမတို့ ဘယ်လိုပြန်ထူထောင်ရမလဲ။ပြည်သူတွေဘ၀ကိုကျမတို့ ဘယ်လိုကယ်တင်ရမလဲ။ သေချာတာကတော့ စစ်အုပ်စုကို အရင်အမြစ်ဖြတ်နိုင်မှ တိုင်းပြည်နလန် ထူမှာပါ။စဉ်းစားကြည့်ကြပါ။ လူပေါင်းသိန်းချီပြီး သေဆုံးနေ သလို ထမင်းငတ်လို့  ရေငတ်လို့ နေစရာမရှိလို့  ကယ်ပါကယ်ပါ တဆာဆာ အော်နေတဲ့သန်းချီတဲ့ ပြည်သူ တွေ ကို မငဲ့တဲ့အပြင် ဒုက္ခသည်တွေရဲ့  ဒုက္ခသည်စားစရာ အသုံးအဆောင်တောင် ပြန်ဓါးပြတိုက် ရက်စက် လိုက် တဲ့ စစ် ခွေး တစ်သိုက်ရဲ့  အဓမ္မလုပ်တဲ့ ရက်ဖန်ဒန်ကို ပြည်သူ ၉၂ ဒဿမ ၄ရာခိုင်နှုန်းက ထောက်ခံ သတဲ့။ ကျမ ကြားကြားချင်း မြန်မာပြည်ထဲက မိတ်ဆွေတွေကို မေးကြည့်တယ်။ တစ်ချို့  ပြည်သူတွေက ရယ်ကြတယ်( ဟာသဖြစ်နေတယ်ပေါ့) တချို့ ပြည်သူက ငါနဲ့ တောင် ကိုင်တုတ်နေလေရဲ့ ။ အင်း ဒီလိုနဲ့ တော့ မပြီးဘူးပေါ့လို့  ကျမ ပြန်ပြောလိုက်ပါသည်။ ဒီကိစ္စတွေမှာ စစ်အုပ်စုရဲ့ လက်ကိုင်ဒုတ် တရားသူကြီး ဦးအောင်တိုးတို့ မှာလည်း တာဝန်အပြည့်ရှိပါသည်။ ပြည်သူ့ ဆန္ဒမပါဘူး ပါတယ်ဆိုတာ သိပ်ထင်ရှားနေတာ ဘယ်လိုမှ တရားမ၀င်တဲ့ ကိစ္စမို့  ဒါဟာ ဥပဓေအရ ပြည်သူ့ ဆန္ဒကို လုံးလုံးကြီး ချိုးဖောက်လိုက်တာပါပဲ။ စစ်အုပ်စုဟာ ကြီးလေးတဲ့ ရာဇ၀တ်မှုတွေ ထပ်ခါ တစ်လဲလဲ လွန်ကျူးနေပေမဲ့ သူတို့ ကို ကျမတို့  ဘာလို့ 
အမြစ်ပြတ်မခြေမှုန်းနိုင်သေးသလဲဆိုရင် ကျမတို့ တတွေ အမြင်မပြတ်ကြသေးလို့ ပဲလို့  ကျမ သုံးသပ် ချင်ပါ သည်။

စစ်အုပ်စုက ပေးနိုးပေးနိုး လျော့နိုးလျော့နိုးနဲ့ စောင့်လိုက် အလျော့ပေးလို ဆွေးနွေးလိုက် ညှိနှိုင်းလိုက်နဲ့  လုပ်လာခဲ့တာ ဆယ်စုနှစ် နှစ်ခု ကုန်ဆုံးသွားခဲ့ပါပြီ။ ခုရလာဒ်က သဘာဝ သယံဇာတ အရင်းအမြစ်တွေ ကုန်လို့  သဘာဝဘေးဆိုးကြီးကို ခံစားလိုက်ကြရတဲ့ အဆိုးဆုံး သော ရလာဒ်ကို ခံစားနေကြရပါပြီ။ ဗဟုသုတ နည်းခဲ့ရတဲ့ ကျမတို့ ပြည်သူအများစုက မသိနိုင်ပေမဲ့ ဗုဒ္ဓဘာသာ အများစုတွေဆိုတော့ ကပ်သုံးပါး ကို သိမှာပါ။ ဒီကပ်တွေ အဆင့်ဆင့် ဆိုက်ကပ်လာတာ တိုင်းပြည်အုပ်ချူပ်တဲ့ အစိုးရ မင်းကျင့်တရားနဲ့ မညီလို့  ဆိုတာတော့ ဗုဒ္ဓက ဟောခဲ့သလို ပြည်သူအများ သိနေကြပါပြီ။ ဒီလိုသိလို့ လည်း ပြည်သူတွေက မဲရုံကို သွားဖို့  ၀န်လေး ခဲ့ ကြလို မဖြစ်မနေ သွားရတဲ့သူတွေတောင် ကန့် ကွက်မဲပဲ ထည့်ခဲ့ ကြတာပါ။ မဲရုံမှုးလုပ်တဲ့ စစ်အုပ်စု လက်ကိုင် ဒုတ်တွေ ကျောင်းဆရာ ဆရာမတွေ အတင်းအဓမ္မ မဲစာရွက်တွေမှာ သူတို့ လက်နဲ့ အမှန်ခြစ်ပြီး သူတို့ ကိုယ်တိုင် ထည့်တဲ့ မဲရုံတွေ၊ တစ်ချို့ စစ် အုပ်စုထဲကပဲ တာဝန်ပေးတဲ့ ယောင်္ကျားဆန်တဲ့ လူသားစိတ်ရှိတဲ့ မဲရုံစီစစ်ရေးတာဝန်ရှိသူ တစ်ယောက်ဆို သူတာဝန်ကျတဲ့ မဲရုံရဲ့  မဲရုံမှူး ကိုယ်တိုင် ထောက်ခံမဲတွေ အတင်းဝင်တည့် အတင်းရေးလိုင်းတာကို မြင်ရတဲ့အတွက် ရှက်ပြီး တာဝန်က နာရီပိုင်းအတွင် နှုတ်ထွက်ခဲ့တာ
တွေ သက်သေနဲ့ တကွ ရှိခဲ့တာပဲ။ ဒါ့အပြင် ပြည်သူရဲ့ မဲဆန္ဒဆိုတာ မိသားစု အကုန် ဆန္ဒတူ ရမယ်လို့  ဥပဒေမှာ မရှိပါဘူး။ ဒါကို အိမ်ထောင်ဦးစီး (သို့ ) တစ်ဦးတစ်ယောက်က ကျန်တဲ့ မိသားစုဝင်တွေ ကိုယ်စားပြုပြီး မဲထည့်ခွင့်ရှိတယ်(လုပ်ခိုင်းခဲ့တယ်) ဆိုတာကိုက စစ်မှန်တဲ့ ပြည်သူ့ ဆန္ဒ ဘယ်နည်းနဲ့ မှ မဖြစ်ခဲ့တာ သေချာပါတယ်။ ဒီ့ထက် ပိုဆိုးတာက ကြိုတင်မဲဆို ပြီး လက်လွတ်စပါယ်ကောက်တဲ့နေရာမှာ တာချီလိတ်လို မြို့ မျိုးမှာ တည်းခိုခန်း တည်းတဲ့ စီးပွားရေးသမားတွေက များလေတော့ တည်းခိုခန်းဝင်တာနဲ့  မှတ်ပုံတင်ပြ တစ်ခါတည်း ထောက်ခံမဲပေးခဲ့ရတာတွေကို ပြည်သူက ကျေနပ်လို့ ပေးခဲ့တာမှ မဟုတ်ပဲ။ ကျူံပျော်တို့  ပုပ္ပါး တို့ နယ်မှာဆို ကန့် ကွက်မဲထည့်ရင် ထောင်ဒဏ်သုံးနှစ် ဒဏ်ငွေ တစ်သိန်းပေး ဆောင်ရမယ်
ဆိုတာ တရားဝင် လော်စပီကာနဲ့  လိုက်အော်ခဲ့တာပါ။ ဒီတော့ စစ်အုပ်စုရဲ့  ရက်ဖန်ဒန် နဂိုထဲက မစစ်မှန် ဘူးဆိုတာ သိထားကြပေမဲ့ ဒီလောက်ထိ ပြောင်ပြောင်တင်းတင်းကြီး အရှက်မဲ့စွာ ပြည်သူလူထုတွေရဲ့  ဆန္ဒကို ဓါးပြတိုက်သွားတာတော့ စစ်အုပ်စုရဲ့  အရင်ကလည်း မရှိခဲ့တဲ့ ဂုဏ်သိက္ခာဟာ အာဏာရှင် ပြုတ်ကျသွား မဲ့တစ်နေ့  အဖတ်ဆယ်ပေး မယ်ဆိုရင်တောင် ဆယ်စရာ အဖတ် တကယ်ကို မရှိနိုင်တော့ပါဘူး။ စစ်အုပ်စု လုပ်သွားတဲ့ အခြေခံဥပဒေ မူကြမ်း ပြည်သူ့ ဆန္ဒခံယူပွဲဆိုတာကို ကျမတင်ပြနိုင်တာ အစိတ်အပိုင်း သေးသေး လေးပဲ ရှိပါသေးတယ်။ ခြိမ်းခြောက်မှုမျိုးစုံနဲ့  ကမ်းကုန်အောင် လူထုကို အနိုင်ကျင့် ပြီး ယူခဲ့တဲ့ ထောက်ခံ မဲ တွေပါပဲ။ ဒါ့ကြောင့် ယခု စစ်အုပ်စုလုပ်တဲ့ မဲစနစ်ဟာ ပြည်သူ့ ဆန္ဒနဲ့  လုံးဝ မသက်ဆိုင်တဲ့ မဲစနစ်ပါ။ နောက် ထပ် မုန်တိုင်းဘေးအပြင်းအထန် ခံနေကြရတဲ့ ၄၇ မြို့  နယ်က ပြည်သူတွေအားလုံးက ကန့် ကွက်မဲထည့်စေဦး တော့ သူတို့ လုပ်ကြံ ကြေညာလိုက် တဲ့ ရာခိုင်နှုန်းအရဆို သူတို့ အခြေခံဥပဒေကြီးက အတည်ဖြစ်ပါပြီလို့  တရားသူကြီး ဦးအောင်တိုးရဲ့  ကြေညာသံ ကြားရဦးမှာပါပဲ။ ကျမကတော့ ယုံကြည်တယ်။ ကျမတို့  မြန်မာ ပြည်သူတွေ ဟာ အေးအေးချမ်းချမ်းနေတတ်ကြညတာ မှန်ပေမဲ့ မတရား လွန်းတာ ကိုတော့ ကြာရှည် ဒီ့ထက်ပိုပြီး သည်းခံတော့မှာ မဟုတ်ပါဘူး။ ခုလို ကပ်ဘေးသင့်တဲ့ အချိန်တောင် ပြည်သူလူထုအပေါ် လူ ကျင့်ဝတ်နဲ့  ဘာသာရေး အသိစိတ်မဲ့ပြီးလူသားချင်း စာနာတဲ့ ပြည်ပက အဖွဲ့ အစည်းတွေကို သူတို့  ကြောက် နေ တာ ရဲရဲတင်းတင်း လက်မခံနိုင်ဖြစ်နေတာကို ကြည့်ချင်းအားဖြင့် စစ်အုပ်စုဟာ သူတို့ ရဲ့  လူ့ အခွင့် အရေး ချိုးဖောက်ထားမှု ပြည်သူအပေါ် မတရား နိုင့်ထက်စီးနင်း ပြုကျင့်ခဲ့တာတွေ လက်ပူးလက်ကြပ်မိမှာ ကြောက် နေလို့  ဆိုတာ သေချာပါတယ်။ စစ်အုပ်စုဟာ ပြည်ပ အကူအညီ အလိုချင်ဆုံး အမက်မောဆုံးသော အာဏာ ရှင်အစိုးရပါ။ ပြည်သူကို ပေးဖို့  ကျွေးဖို့ တော့ မဟုတ်ပါဘူး။ သူတို့ အိပ်ထဲထည့်ဖို့  ဒါ့ကြောင့် စစ်အုပ်စုက ၁၀-၅-၂၀၀၈ က ပြုလုပ်သွားတဲ့ မဲယူပွဲကို မြန်မာပြည်သူများ အနေနဲ့ ပြည်သူ့ ဆန္ဒခံယူပွဲဆိုတဲ့ အမည်ကို တောင် သုံးနှုန်းဖို့  မသင့်ပါဘူး။ ပြည်သူဆန္ဒဟာ လက်ရှိ အာဏာရူးတွေနဲ့  ဘယ်လိုမှ မအပ်စပ်တဲ့ ကိစ္စပါ။ သေဆုံးမှုအများဆုံးဖြစ်တဲ့ အပြစ်မဲ့တဲ့ အနာဂတ်ရဲ့  မျိုးဆက်သစ်ကလေးငယ်တွေအတုံးအရုံးသေဆုံးနေတဲ့ ဓါတ်ပုံတွေ ကျမတို့ တိုင်းပြည်ရဲ့  လူနေမှုဘ၀ လူ့ အဆင့်အတန်း ဒီစစ်အုပ်စု လက်ထဲမှာ ဘယ်လောက် နိမ့်ကျနေပြီလဲ ဆိုတာ မြင်တွေ့ နေရတဲ့ သာဓကတွေ ဒါတွေဒါတွေ ကျမတို့  လေ့လာသုံးသပ်ခြင်းအားဖြင့် ဒီစစ်
အုပ်စုကို ကျမတို့ က ဘာဆိုဘာမှ ယုံကြည်စရာ လက်ခံစရာ ညှိနှိုင်းစရာမလိုဘဲ တိုင်းပြည်ရဲ့ အုပ်ချူပ်ရေး အာဏာကို နှစ်ဆယ့်ငါး ရာနှုန်းမပြောနဲ့  တစ်ရာခိုင်နှုန်းမျှ မမျှေဘဲ စစ်တပ်စစ်တန်းလျား မုချ ပြန်သွားရအောင် နည်းပေါင်းစုံနဲ့  အားကုန်သုံးပြီး ဆန့် ကျင်သင့်ပါပြီ။ နာဂစ် မုန်တိုင်းဒဏ်ကြောင့် သိန်းချီပြီး သေဆုံးခဲ့ရတဲ့ ဒီအသက်တွေဟာ စစ်အုပ်ရဲ့  မလိမ္မာမှုတွေကြောင့်ပါ။ အကြောင်းင်က ရှင်းနေပါတယ်။ စစ်အုပ်စုရဲ့  တိုင်းပြည် သယံဇာတကို လက်ညှိုးပြီး ရောင်းချခဲ့တဲ့ စနက်တွေကြောင့် သဘာဝဘေးဒဏ် ခံခဲ့ကြရတာပါ။ စစ်အုပ်စု ဒါထက်မက သက်တန်းရှည်ခဲ့ရင် တိုင်းပြည်တစ်ခုလုံး ဂတုံးဖြစ်ပြီး ဒီ့ထက်မကတဲ့ ဆိုးကြိုးတွေ ရင်ဆိုင်ကြရ
ဦးမှာ ဧကန်မလွဲပါပဲ။

ကျမထင်ပါတယ်။ လာမဲ့ ၂၀၁၀ ကိုလည်း ဒီလိုပဲ လိမ်လည်လှည့်ဖြားပြီး ဒီအာဏာကို ဆက်လက်ဆုပ်ကိုင်သွား ဦးမှာပဲ။ အမှန်တကယ် ပြည်သူတွေ လွတ်မြောက်ရာ တိုးတတ်ရာလမ်းက စစ်အာဏာရှင် ပြုတ်ကျရေးသာ ဖြစ်ပါတယ်။ စာဆိုတွေထဲမှာ ကျမ ကြားဖူးသိဖူးတာတော့ ပြည်တင်းလျှင် မင်းမခံနိုင်ပဲ ကြားဖူးပါတယ်။ ခုကျမ တို့  နိုင်ငံမှာတော့ ပြည်သူတွေ ဒုက္ခရောက်လေ စစ်အစိုးရ အကြံပိုင်လေဖြစ်ပါတယ်။

ခုအကောင်းဆုံးသော နိုင်ငံခြားဖြစ် အစားအသောက်အသုံးအဆောင်ပစ္စည်းမှန်သမျှ မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူ့ လက်ထဲ မရောက်တဲ့သတင်း အနည်းငယ်သာရောက်တဲ့ သတင်း ပြည်တွင်းဖြစ်တွေနဲ့  လဲလှယ်နေတဲ့ သတင်း ဈေးကွက်တွေမှာ ရောင်းချနေပြီ ဆိုတဲ့ သတင်း၊ တပ်တန်းလျားတွေသာ ဦးစားပေးဆောက် နေတယ် ဆိုတဲ့ သတင်းအားလုံး ကြားပြီး မှပါ။ ကျမတို့ ပြည်သူမှာတော့ နူရာဝဲစွဲ လှဲရာ သူခိုးထောင်းဆိုသလို ပြည်သူ တွေအတွက် ယိုးဒယားက လှူတန်းတဲ့ သွပ်ပြားတွေကိုတောင် ထောက်ခံမဲထည့်မှ ဈေးသက်သက်သာ သာနဲ့  ရောင်းချနေတဲ့ အခြေအနေဖြစ်နေတာ မြန်မာနိုင်ငံသားအားလုံးအတွက် ဘယ်လောက် ရှက်စရာကောင်းသလဲ ဒုက္ခရောက်ရတဲ့ ကြားက မင်းမိန့် နဲ့  အဓမ္မမဲ ထည့်ခိုင်းတဲ့ မဲရုံတွေကို သွားကြရ သူတို့ ခြိမ်းခြောက်ခိုင်းစေ သမျှလုပ်ကြရနဲ့  အင်မတန်မှ ရင်နင့်စရာ ဆိုးဝါးလှတဲ့ ဘ၀တွေ ပြည်သူတိုင်း သူ့ အဆင့်နဲ့ သူ မျက် မှောက် ခံစားနေကြရပါသည်။ ဒါ့အပြင် ဘာသာရေး အသိ လူမှုရေးအသိ ကြင်နာသနားတတ်တဲ့ ပြည်သူတွေအပေါ် ထားရှိရမဲ့ အသိတရားတွေနဲ့  ကူညီနေပံ့ပိုးနေတဲ့ အနုပညာသမားတွေကို စစ်အုပ်စုရဲ့  ဒေါက်တွေဖြစ်တဲ့ ကြံ့ဖွံ့  တွေ လုယက်တိုက်ခိုက်ာများဆို စက်ဆုတ်စရာ အင်မတန်ကောင်းတဲ့ ဖြစ်အင်တွေပါ။ ခုဆို ဘိုကလေး လပွတ္တာစတဲ့ မုန်တိုင်းဒဏ်အပြင်းအထန်ခံစားရတဲ့ ဧရာဝတီတစ်တိုင်းလုံးမှာ တည်းခိုခန်းတွေ ကြပ်မတ် လူအ၀င်အထွက် စစ်ဆေးနဲ့  အပြင်က လာကူညီပေးနေတဲ့ သူတွေကို နည်းပေါင်းစုံနဲ့  ခြိမ်းခြောက်နေတာ စစ်အစိုးရဟာ ကိုယ်ပြည်သူတွေကို လူလို့ တောင် သတ်မှတ်ထားရဲ့ လားလို့  မေးစရာ ဖြစ်နေပါပြီ။ ပြည်သူတွေ နာတတ်မြင်တတ်ဖို့  သိပ်လိုပါတယ်။ ကျမတို့ တွေ ခံနေရတာ ကံအကြောင်းတရားကြောင့် မဟုတ်ပါဘူး။ မတရားလုပ်တဲ့ သူတွေရှိလို့  မတရားခံရတာပါ။ ဗုဒ္ဓဟောတဲ့ ကံဆိုတာ အလုပ်ဖြစ်လို့  စစ်အုပ်စုကို ရဲရဲဝံ့ဝံ့ စုပေါင်းတော်လှန်သင့်တဲ့ အလုပ်ကို ကျမတို့ လုပ်ရမည်။ သို့ ပါမှ ကျမတို့  ကံကောင်းခြင်းတွေကို ရရှိမှာပါ။
ပြည်သူတွေအားလုံး ကျမတို့ အခွင့်အရေးကို ကျမတို့ တိုက်ယူမှ ရမည်။ စုပေါင်းအားနဲ့  တိုက်မှ ပြောမှ ဆိုမှ ဆန့် ကျင်မှ ကျမတို့ တိုင်းပြည်မင်းဆိုး၊ ကပ်ဆိုးတွေက လွတ်မယ်ဆိုတာခုချိန်မှာ ပိုမြင်လာ သိလာပြီလို့  ကျမယုံကြည်ပါသည်။ သို့ ကြောင့် ဒုက္ခသည်တွေရဲ့  ဘ၀ကို လူသားချင်းစာနာတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့  ထိရောက်တဲ့ ကူညီထောက်ပံမှုတွေအရယူပြီး မုန်တိုင်း သင့် ပြည်သူတွေရဲ့ ဘ၀ကို ၀ိုင်းဝန်းကူညီ စောင့် ရှောက်ရင်းနဲ့  စစ်အုပ်စုကို အမြင်ပြတ်ပြတ်နဲ့ ပြည်သူတွေနဲ့  ပူးပေါင်းပြီး ကျမတို့  ဆန့် ကျင်ကန့် ကွက်ကြမည်။ ကျမတို့  ရဲ့  ခေါင်းဆောင်ပြောသည့် မတရားသည့် အမိန့် အာဏာဟူသမျှ တာဝန်အရ ဆက်လက် ဖီဆန် သွားကြမည်။ ကျမတို့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာ ကျမတို့ လက်ထဲပြန်ရဖို့  အတွက် ကျမတို့ တတွေ ညီညွတ်စွာနဲ့ ဆက်လက် တိုက်ပွဲဝင်ကြမှ စစ်အာဏာရှင်စနစ်ဆိုး ကျမတို့  မျိုးဆက်မှာပဲ အဆုံးသတ်နိုင်မှာ ဖြစ်ပါသည်။

မေအိခင် (လယ်ဝေး)

No comments: