Wednesday, March 19, 2014

ရင်းနှီးမြုတ်နှံလိုသူများ LRDP နှင့် တွေ့ ဆုံ


၁၂-၃-၂၀၁၄ မှာနိုင်ငံခြားရင်းနှီးမြုတ်နှံလိုသူ ကုမ္မဏီ ပိုင်ရှင် ကြီးတွေ က ကျမတို့  LRDP နဲ့Trader Hotel မှာ တွေ့ ဆုံဆွေးနွေးပါတယ် ။မြန်မာနိုင်ငံရဲ့ အလုပ်ရှင် အလုပ်သမားအခြေအနေ အလုပ်သမား သမဂ္ဂတွေရဲ့ လက်ရှိ အခြေအနေ တွေ အလုပ်ရှင် တွေရဲ့ အလုပ်သမားဥပဒေ တွေ လိုက်နာမှု အစရှိသည်ကို ၂နာရီကျော်ကြာဆွေးနွေးဖြစ်တယ်။ ဂုဏ်သိက္ခါရှိတဲ့ ကုမ္မဏီတွေ ရင်းနှီးမြုတ်နှံသူတွေ လာမယ် ဆိုရင်တော့ သေချာတယ်မြန်မာစီးပွါးရေးလုပ်ငန်းရှင်တွေ မှေးမှိန်လာမှာ --ဒီအခြေအနေတွေ ကျမတို့ လည်း သိတ်အလိုမရှိပါဘူး သို့ ပေမဲ့  အလုပ်သမားထုအတွက် အခွင့်အလမ်းနဲ့ နည်းပညာ ပေးမယ် ကိုယ်ကျိုးကြည့်မကြည့်ပဲ အမြတ်အစွန်းကို အလုပ်သမားထုနဲ့မျှဝေခံစား ကြမယ်ဆိုရင် Welcome ပါပဲ

LRDP နှင့် ပို့ ကုန်သွင်းကုန်စစ်ဆေးရေး သမဂ္ဂ အတွင်းရေးမှုး တို့ ပူးတွဲ သင်တန်းပေး


NLD ဗဟိုအလုပ်သမားရေးရာနှင့် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် အလုပ်ရုံဆွေးနွေးပွဲ





အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အနောက်ပိုင်းခရိုင် ရုံးမှာ မတ်လ (၁) ရက်နေ့ က ခရိုင်အလုပ်သမားရေးရာ အတွက် အလုပ်သမားရေးအလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ မှာ အခြေခံ အရည်အသွေးနဲ့ ယုံကြည်ချက် ရှိပြီးတာကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားစံချိန်စံညွှန်းကို တရက်တာရှင်းပြရုံနဲ့  သူတို့ ကိုယ်တိုင် အလုပ်သမားရေးကို တက်ကြွစွာ ပြန်လည်ရှင်းလင်းတင်ပြနိုင်တာတွေ တွေ့ ရတယ် ။ ကြေနပ်စရာကောင်းတဲ့ ဆင့်ပွါးသင်တန်းတခုပါပဲ ။

ဗဟို အလုပ်သမားရေးရာမှ ဆွေးနွေးတင်ပြချက်များကို တိုင်း ခရိုင် အလုပ်သမားရေးရာများမှ ပြန်လည်ဆင့်ပွါးနိုင်ပြီဖြစ်သည်။

ILO ကို တာဝန်ကျခဲ့ဖူးပြီး မြန်မာအလုပ်သမားထုကိုစေတနာကြီးခဲ့တဲ့ မစ္စတာရော(စ်)နှင့် ဇနီး အတူ IUF ဒါရိုက်တာ


ဒီနေ့  နိုင်ငံခြားသား မိတ်ဆွေစစ် နဲ့ ပြန်တွေ့ရတယ် မစ္စတာရော့(စ်) ၀ီလစင်တို့ ဇနီးမောင်နှံပေါ့---

လွန်ခဲ့တဲ့ နှစ် က ILO ကို FOA တာဝန်နဲ့ ရောက်လာပြီး မြန်မာပြည်မှာ မနေမနား FOA ကို သင်တန်းပေးလိုက်တာ အလုပ်သမားတင်မက အလုပ်ရှင် အစိုးရ အလုပ်သမားဌါနတွေကိုပါ သင်ပေးခဲ့တာ ။ သူ့တာဝန်ထက် ပိုတဲ့ စေတနာ နဲ့ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ပြဌါန်းချက် -၈၇ ကို အင်တိုက်အားတိုက် သူလေ့ကျင့်ပေးခဲ့တယ် ။ ၂၀၁၃ ဂျနီဗာကို ပို့ လွှတ်ရမဲ့ အလုပ်သမားကိုယ်စားလှယ် ရွေးကောက်ပွဲ ဖိုရမ်မှာတော့ သူ့ စေတနာ တွေ ဝေဒနာဖြစ်လို့  -- ILO ကနေ တာဝန် မစေ့ခင် အပြောင်းရွေ့ခံခဲ့ရတယ်။ရင်နာစရာကောင်းတယ် ILO မှာလည်းဒီလို ကိစ္စတွေ ရှိတယ် ။ ဒီနေ့ မြန်မာပြည်ကိုပြန်လာပြီး မြန်မာအလုပ်သမားရေးကို ကူညီနိုင်ဖို့  IUF နဲ့ ပူးပေါင်းဆောင်ရွက်မဲ့ကိစ္စမှာ ကျမ ကို အကြံပေး အဖွဲ့ဝင် တာဝန်ကိုပေးပြီး အလုပ်တွဲလုပ်ခဲ့တယ် ။ ကျမတို့  ဘာ အထောက်အပံ့အကူအညီမှ မရှိပါဘူး ကျမတို့  လိုချင်တာလည်းငွေထက် တန်ဖိုးထားမှုနဲ့  ကျမတို့ မြန်မာအလုပ်သမားထုရဲ့ အခွင့်အရေးကို စောက်ရှောက်ကူညီကြစေ့ချင်တာပါပဲ ။။ ရော့(စ်) ဟာ ကျမတို့ နဲ့ လက်တွဲဆောင်ရွက်ခဲ့တာတွေ ကို မမေ့ပဲ ကျမတို့ ကို အသိအမှတ်ပြုနေဆဲ တကယ့် သမဂ္ဂစိတ်ဓါတ်နဲ့ ရှင်သန်နေတဲ့ မိတ်ဆွေစစ်ကြီးပါ ။။

ပဲခူးတိုင်းဒေသကြီး သို့  အလုပ်သမားရေးရာ လက်ဆင့်ကမ်းစဉ်


၁၃-၃-၂၀၁၄ တွင်အဖွဲ့ချုပ် ဗဟို အလုပ်သမားရေးရာကော်မတီ မှ ပဲခူးတိုင်းဒေသကြီး အလုပ်သမားရေးရာကော်မတီ နှင့် သွားရောက်တွေ့ ဆုံ၍ အလုပ်သမားရေး ဆိုင်ရာ အခြေခံ သဘောတရား ပါတီဝင်များ လိုက်နာဆောင်ရွက်ရမည့် အလုပ်သမားရေး ကူညီဆောင်ရွက်နိုင်သည့်မူနှင့် အပြည်ပြည်ဆိုင်ရာစံချိန် စံညွှန်းများအား ဆင့်ပွါး ပေးခဲ့သည်

Sunday, March 2, 2014

LRDP & Asia World & AFFM မှ အလုပ်သမားများအား စုပေါင်းသင်တန်းပေး

အလုပ်သမားတွေ ကိုယ်တိုင် ကိုယ့် အလုပ်သမားကို နည်းလမ်းတကျ သင်ပြနိုင်ဖို့ သူတို့ ကို လည်း ဆရာ လုပ်ခွင့်ပေးရမယ် --ဒီလို လက်ဆင့်ကမ်းနိုင်မှသာ အလုပ်သမားတွေ ဘ၀ မြှင့်မားမှာ မို့  LRDP က အလုပ်သမားတွေ ကို သင်တန်းပေးတဲ့ အခါ နေရာဒေသပေါ်မူတည်ပြီး အဲဒီ့ဒေသ ရဲ့ အလုပ်သမားတွေ သမ၈္ဂခေါင်းဆောင်တွေ ကို သင်တန်း ကို့ (စ်) သတ်မှတ်ပြီးတွဲသင်ပါတယ် ။ ဒီ့အပြင်အလုပ်သမားတွေ ကို သင်ပြပြီူသမျှ အလည်းကျ ပြန်လည် သင်ကြားစေပါတယ် ဒီလို နဲ့  ၀မ်းသာတက်ကြွစွ မျက်ရည်လည်ပြီး ကျမတို့ ကို အားကိုးတကြီးနဲ့  ကျေးဇူးတင်တယ် ။ အားတက်လာပါတယ် လို့ ပြောကြတယ် --ကျမ ရင်ထဲ အတော်ကို ထိပါတယ် ။။။အလုပ်သမားရေး တဲ့ ပြောတော့ လွယ်ပါတယ် -- အစိုးရဖွဲ့ စည်းခွင့်ဘောင်လေးထဲက မသိတသိ အလုပ်သမားတွေ ကို မသိတသိ ဆောင်ရွက်သူတွေ က ကူညီလှုတ်ရှားပါတယ် (ဒေါ်စု ကကျမတို့ နဲ့ တွေ့ တော့ပြောဖူးတယ် မသိလည်းစေတနာ မှန်ရင် လုပ်သင့်တယ်တဲ့ )စေတနာ မှန်ဖို့ တော့ လို ပါတယ် ။။ ပေါ့ ။။ အလွှဲတွေ သင်ပြပြောပြ တာတွေ ခံခဲ့ရတာကို အလုပ်သမားတွေ ရင်ဖွင့်တယ် အနည်းဆုံးတော့ --မြန်မာနိုင်ငံအလုပ်သမား ရေးမှာ အပြည်ပြည်ဆိုင်ရာပြဌါန်းချက် ကိုယ့်နိုင်ငံက သဘောတူလိုက်နာတာလေးတွေတော့ သိအောင် ဆောင်ရွက်သူတွေ ကြိုးစားစေ့ချင်တယ် --စာနာတယ် ညှာတာတယ် --ထပ်တူပဲပြောပြီး -- မကြေနပ်ရင် ထချ ဆန္ဒပြ လာဟေ့ လမ်းပေါ်တက် ပြောနေတာ တွေ အလုပ်သမားထု တိုးတက်လာသလား လေ့လာသင့်ကြပြီ--- အကြီးကြီး မပြောပါနဲ့  --ပြဌါန်းချက်--၈၇ လောက်ကို အလုပ်သမားရေးဆောင်ရွက်သူတွေ နားလည် နိုင်အောင်ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ် ။။။

Sunday, February 16, 2014

လှိုင်သာယာစက်မှုဇုံ သို့  အလုပ်သမားသမဂ္ဂများ စွမ်းရည်မြှင့်တင်သည့်သင်တန်းကို LRDP မှ ဆောင်ရွက်


ကျမတို့ LRDP မှ ဦးဆောင်၍ အလုပ်သမားသမဂ္ဂများစွမ်းရည်မြှင့်သင်တန်းကို ယနေ့  လှိုင်သာယာစက်မှုဇုံတွင် ပြုလုပ်ခဲ့သည်။ ဖိနပ်စက်ရုံ ၊အထည်ချုပ် အခြေခံသမဂ္ဂ နှင့် ရုံးလုပ်ငန်း ရှိ အလုပ်သမားများတက်ရောက်ကြသည်။ သင်တန်းပို့ ချခြင်း က်ု အဖွဲ့ဝင် ၆၀၀ကျော်ရှိသည့် ဂုံနီစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှုး မှ ၄င်းကောင်း SGS အတွင်းရေးမှုးမှလည်းကောင်း LRDP အတွင်းရေးမှုး နှင့် ဥက္ကဌ တို့ မှ ၀ိုင်းဝန်းပို့ ချခဲ့သည်။