Monday, May 31, 2010
Saturday, May 29, 2010
ဒီပဲယင်း လူသတ်မှု ကိစ္စ အရိုက်ခံခဲ့ရတဲ့ ကာယကံရှင် ဘာပြော လဲ ?
ဒေါ်အောင်ဆန်းစုကြည်ကား အဲဒီတော့တပည့်တော်တို ဒေါ်အောင်ဆန်းစုကြည် ကားကိုရိုက်ရင် ဘာဖြစ်သွား
မလဲ? မြန်မာနိုင်ငံမှာကော ဘာဖြစ်မလဲ? ၊ နိုင်ငံတကာမှာကော ဘာဖြစ်မလဲ ? မင်းတို့ ရော ဘာဖြစ်မလဲဆိုတာ
သိရဲ့လား ဆိုပြီးစွတ်အော်တယ် -ကုန်းအော်တော့ ကျနော်လည်းသတိရတာနဲ့  ဟေ့ကောင်တွေ မရိုက် နဲ့ ဆိုပြီး
ဒီမနက် မှ ကျမ ဒီဗွီဘီ သတင်း ကိုဖတ်မိတာပါ။ဘဘဦးတင်ဦးရဲ့
ဒီပဲယင်း လူသတ်
ကွင်းက ဖြစ်စဉ် တကွက်လေးကို ပြန် ပြောပြတဲ့စာသားကိုဖတ်လိုက်တဲ့အခါ ကျမရင်စို့ ပြီ မျက်ရည် ကျ လာပါတယ် ။ "နောက်ကား ဒုတိယကားကို စရိုက်တယ်။အဲဒီ့ကားပေါ်လုံခြုံရေးယူနေတဲ့ကလေးတွေ ခုန်ဆင်းလိုက်ပြီးတော့ ကားကို ရံထားလိုက်တယ်။။
ကျနော်တို့  ဒေါ်အောင်ဆန်းစုကြည်ကိုလုံခြုံရေးယူနေတဲ့ ကိုတိုးလွင် ။ ကိုတိုးလွင်ညာဖက်မှာကျွန်တော်။ကျနော့်
ဘေးမှာဦးတင်အောင်အောင် -- အဲလို ဖြစ်နေတုန်းမှာသင်္ကန်းဝတ်တွေ ဗြုန်း ဆိုရောက်လာတယ်--ပြောရင်း
ဆိုရင်း ရောက်လာတာပေါ့နော်- ရောက်လာတဲ့အခါကျတော့ ကိုတိုးလွင်က အားကုန် အော်လိုက်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကား အဲဒီတော့တပည့်တော်တို ဒေါ်အောင်ဆန်းစုကြည် ကားကိုရိုက်ရင် ဘာဖြစ်သွား
မလဲ? မြန်မာနိုင်ငံမှာကော ဘာဖြစ်မလဲ? ၊ နိုင်ငံတကာမှာကော ဘာဖြစ်မလဲ ? မင်းတို့ ရော ဘာဖြစ်မလဲဆိုတာ
သိရဲ့လား ဆိုပြီးစွတ်အော်တယ် -ကုန်းအော်တော့ ကျနော်လည်းသတိရတာနဲ့  ဟေ့ကောင်တွေ မရိုက် နဲ့ ဆိုပြီး
တွန်းအော်တယ်-- တဲ့  ဒီနေရာအထိပဲကျမ ဖတ် နိုင်ပြီး -နံက်အစောကြီး မှာ ဘုန်းကြီးဆွမ်း ထချက် နေတုန်း
ကွန်ပျူတာ ခန ဖွင့် လိုက်တာ မျက်ရည်တွေ နဲ့  ဆွမ်းဟင်းချက် ဖြစ်နေပါတယ် - ဖြစ်စဉ်မှာလက်တွေ့ ပါခဲ့တဲ့
ကိုတိုးလွင် ကို အချုပ်ကလွှတ်လိုက်တော့ သူ့ ခေါင်းမှာ ချုပ်ရိုးတွေ အပြည့် နဲ့  ကျမတွေ စဉ် က လည်း အံတွေ
ကြိတ်ပြီး ဒီ သွေးကြွေး အတွက် လုံးဝကို အကြေနပ် နိုင်ပါဘူး။ ဒါကို ကျော် ဖြစ်ပြီး သန်းရွှေကို စကားပြောကြ
ရအောင် လို့  ကမ်းလှမ်းနေဆဲ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျမတို့ အဖွဲ့  ချုပ်ကြီး နဲ့  ပြည်သူအတွက်အနစ်
နာခံနေမှုကို လည်း ကျ မ တကယ်ကိုရင်နင့် ရပါတယ် -ကျမတို့  ကတော့ အမှန်တရားအတွက် နည်းလမ်းပေါင်း
စုံနဲ့  ဆိုတဲ့  တိုက်ပွဲလမ်းစဉ် ကလွဲ လို့  အခြားရွေးချယ်စရာမရှိပါဘူး။
( ဘဘ ဦးတင်ဦးပြောတဲ့ သတင်း အပြည့်အစုံ ကို DVB မှာ ဖတ် ပါရန်)
Friday, May 21, 2010
နေထီးဆောင်း တဲု့ဖြစ်စဉ် ဟာဒီနှစ် ပိုထူးခြား နေတယ်
၂၂-၅-၂၀၁၀ နေ့ ခင်း ၁၂နာရီမထိုးခင်ကနေ ခု ၁နာရီအထိ မဲဆောက် မိုးကောင်းကင်ကြီးရဲ့ထူးခြားမှု



Thursday, May 20, 2010
အဖွဲ့ ချုပ်နှင့်ထပ်တူဝမ်းနည်းကြောင်းသ၀ဏ်လွှာ
မသေဆုံးခင် တစ်ရက်အလို ဗုဒ္ဓဟူး နေ့  အထိ ပါတီရုံးဆီအရောက်လာပြီး ပါတီ တာဝန်များကို သူ ထမ်းဆောင်သွား ခဲ့တယ် ။

ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ပါတီနှစ်ပါတ်လည်နေ့ တွင် မိန့်ခွန်းပြောကြားစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် စီအာရ်ပီပီ အဖွဲ့ ဝင် တောင်သူလယ်သမားရေးရာ
ကော်မတီ တာဝန်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရန်ကုန်တိုင်းဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေသော သခင်စိုးမြင့်
ဘဘ ဦးစိုးမြင့် သည် ၂၀-၅-၂၀၁၀ နေ့ ခင်း တစ်နာရီတွင် ဘ၀တစ်ပါးသို့ ပြောင်းသွားသည်ဟုကြားသိရသည့်
အတွက် အဖွဲ့ ချုပ် အဖွဲ့ ဝင်များနှင့် ထပ်တူ မိသားစုနှင့် ထပ်တူကြေကွဲဝမ်းနည်းရပါကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်
ဦးစိုးမြင့် (ခ) သခင်စိုးမြင့် ၏ ကိုယ်ရေးအကျဉ်း
တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။
၁၉၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် မွေးဖွားသည်။ အဖ ဦးရှိန်ဖြစ်သည်။ မြောင်းမြမြို့၌ အင်္ဂလိပ်-မြန်မာ ၆ တန်းအထိ ပညာသင်ကြားခဲ့သည်။ မြောင်းမြမြို့နယ် ဒို့ဗမာအစည်းအရုံး အတွင်းရေးမှူး၊ နယ်ချဲ့နှင့် ဖက်ဆစ်တော်လှန်ရေး မြေအောက်ခေါင်းဆောင်၊ ဗမာ့ကာကွယ်ရေးတပ်မတော် - BDA တပ်ရင်းမှူး၊ ပုသိမ်ခရိုင် မြစ်ဝကျွန်းပေါ် တိုင်းစစ်ကော်မတီဝင်၊ ပြည်သူ့အရေးတော်ပုံပါတီ တည်ထောင်ရာ၌ ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ပါတီ၌ မြောင်းမြခရိုင် ဥက္ကဋ္ဌနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ခဲ့သည်။ ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင်၊ ဗတလစ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဆိုရှယ်နီ ဗဟိုကော်မတီဝင်၊ ပြည်သူ့လူငယ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ၊ ၁၉၅၃ ခုနှစ် ဗီယင်နာ ကမ္ဘာ့လူငယ်ညီလာခံ ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့် ရခဲ့သည်။
အယ်ဒီတာ၊ စာပြု၊ ၁၇ လိုင်း အုပ်ချုပ်ရေးမှူး စသဖြင့် ဘဝများစွာ ကျင်လည်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုလယ်သမားများအဖွဲ့ ခေါင်းဆောင်၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဂန္ဓီခန်းမ ဆုံးဖြတ်ချက်အတိုင်း နဝတ က လွှတ်တော်ခေါ်ယူခွင့်မပေးလျှင် လုပ်ဆောင်သင့်သည့် နည်းလမ်းသုံးသွယ် စာတမ်းကို ရေးသားပြုစုရာတွင် ပါဝင်ခဲ့သဖြင့် ခေတ္တ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းသည့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့၌ အဖွဲ့ဝင်အဖြစ် တိုးမြှင့်တာဝန်ပေးအပ်ခံခဲ့ရသည်။ ၁၉၉၈ ခုနှစ် စက်တင်္ဘာ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၌ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် ဖြစ်ပွားသော ဒီပဲယင်း သွေးချောင်းစီး လုပ်ကြံမှုကြီးဖြစ်ပွါးစဉ် နေအိမ်အကျယ်ချုပ်ဖြင့်ထိမ်းသိမ်းခံခဲ့
ရာမှ ၂၀၀၃ခုနှစ် နိုဝင်ဘာ ၂၃ တွင်ပြန်လည်လွှတ်လာသည် ။
ဇနီးမှာ ဒေါ်အေးကြွယ်ဖြစ်ပြီး သားသမီးများမှာ ဒေါ်ဆွေဆွေမြင့်၊ ဦးမောင်မောင်မြင့်၊ ဒေါ်သစ်သစ်မြင့်၊ ဒေါ်ချိုချိုမြင့်နှင့် ဒေါ်သင်းသင်းမြင့်တို့ ဖြစ်ကြသည်။
Wednesday, May 19, 2010
Tuesday, May 18, 2010
မိုးပုလဲပန်းတွေသာရွာစေ့ချင်ပါသည်။
ဆိုတော့ မိုးစက်မိုးပေါက်ကြီးကြီးတွေကနေ မိုးရေကကောင်းကင်က မကျပဲ ဘေးတိုက်နီးပါးသဲလာတာမြင်တာမို့  မုန်တိုင်းလာပြီ
ဆိုတာတန်းပြီသတိရှိခဲ့ပါတယ်။ တစ်ခါမှမကြုံဘူးတဲ့လေပြင်းတခုပါပဲ ။လယ်ဝေးမှာရှိစဉ် က မိုးသီး တွေလက်သီးလုံးလောက်ကျ
တာကို ဆိုင်ကယ်အုပ်ထုတ်ဆောင်းပြီးထွက်ကောက် ရတာပျော်စရာပေမဲ့  ခုအသက်ကြီးလာတဲ့အခါ လေပြင်းကျရင် နာဂစ် ကို
ပြန်မြင်ယောင် တာမို့  သိတ်ကြောက်သလို သိတ် မုန်းပါတယ်။
-ခု ကျမ သူများနိုင်ငံ မှာ လုံလုံခြုံခြုံတိုက်ခန်းလေးနဲ့ နေ နေ ပေမဲ့  တိုက်နေတဲ့လေပြင်းမုန်တိုင်းဟာ မြန်မာပြည်ဖက်မှာရော
ဝင်နေသလား ဆိုတာပဲ တွေးနေမိပါတယ် ။ ကျမ်းမာရေးမကောင်းတဲ့ ဖခင် ကိုတွေးပူပါတယ် အဖွါးကိုလည်းစိတ်
ထဲ စိုးရိမ်နေပေမဲ့  အစိုးရိမ်အကြီးရဆုံးကတော့ တဲအိမ်သာသာလေးတွေ နဲ့ နေနေရတဲ့ အခြေခံပြည်သူလူထုအတွက်ပါပဲ။
ထိုင်းနိုင်ငံရဲ့အရိပ် ကိုခိုနေရပေမဲ့ ၁၇ ရက်အတွက် နာဆာ ရဲ့ ခန့် မှန်းမုန်တိုင်း မြန်မာပြည်နဲ့ လွဲပြီဆိုပြီ ထိုင်းကိုဝင်လာတဲ့မုန်
တိုင်းကို ကျမ မတားချင်မိပါဘူး ။စိတ်ထဲကပေါ့ --တော်သေးရဲ့ ငါတို့ မြန်မာပြည် မှာ မတိုက်တာ လို့ 
ဒါပေမဲ့  ဒီမိုးမှာ စိုးရိမ်မိနေသေးတယ် ။ပြည်သူတွေ အတွက် ရေသယံဇာတ ယုတ်လျော့နေချိန် မိုးလိုနေတာ မှန်ပေမဲ့ 
မိုးပုလဲပန်း တွေကိုသာရွာစေ့ချင်ပါတယ်လို့  တိမ်တမံတေးသွားအတိုင်း ငြီးတွားမိပါတယ် ။
ဒီနေ့  မြန်မာပြည်က ဘဘ တစ်ယယောက်က ထားဝယ် စိုးရိမ်ရတယ် လို့ ပြောပြန်ပါတယ် ။ မြန်မာသတင်းကလည်း ချင်းမိုင်
မြို့ နဲ့ မိုင် ၂၀၀ အကွာကိုဗဟိုပြုနေတယ် တဲ့  ။ ဆုတောင်းမိပါတယ် ။
နာဂစ် လို အဖြစ် မျိုး ကျမတို့ တိုင်းပြည် နောက်နောင်ဘယ်သောအခါမှမကြုံကြရပါစေနဲ့  ကမ္ဘာသူကမ္ဘာသားအားလုံးလည်း
သဘာဝကပ်ဆိုးကြီးတွေ ရဲ့အန္တယယ်မှကင်းဝေးကြပါစေ ။



မုန်တိုင်းအပြီး မြင်ကွင်းဖြစ်ပါတယ်။ ဒီလဲကျသွားတဲ့
ဓါတ်တိုင်တွေ နဲ့ လူ့ အသက်
လည်းဆုံးပါးသွားခဲ့ပါတယ်
Saturday, May 15, 2010
မကောင်တဲ့ ခြေမ လက်မ ရှိရင်အဲလို ဖြတ်
NLD မှ အဖွဲ့ ဝင် ၁၃ ဦး အားတာဝန်မှအနားပေးလိုက်ခြင်း
၁။ ဦးခင်မောင်ဆွေ၂။ DR သန်းငြိမ်း
၃။ ဦးသိန်းညွန့် ( ကော့ကရိတ်)
၎။ DR ၀င်းနိုင် (သံလျှင်)
၅။ ဒေါက်တာ သန်းဝင်း ( မြောက် ဥကလာ)
၆။ ဦးသာဆိုင် (တွံတေး)
၇။ ဦးစိန်လှဦး (အင်းစိန်)
၈။ ဦးကြီးမြင့် ( လာသာ ) (ရွှေဥရွှေဆိုင်ပိုင်ရှင်)
၉။ ဦးတိုးဖို ( တနင်္သာရီ )
၁၀။ ဦးစိုးဝင်း ( ဆိတ်ဖြူ)
၁၁။ဦးတင်အောင်အောင် (မန်းတလေး)
၁၂။ ကိုမြင့်ငွေ (ရေနံချောင်း ) ( လူငယ်လုပ်ငန်းများဖော်ဆောင်ရေး)
၁၃။ မျိုးဇော်အောင်
Friday, May 14, 2010
ကျေးဇူးကန်း တတ်သည့် သစ္စာဖောက် လူငယ်များ ရန် ကုန်တိုင်းတွင် လုံးဝ မရှိပါကြောင်း
NDF ပါတီ မှ ဦးခင်မောင်ဆွေ ၏ လူငယ်များကြား ထင်ယောင် ထင်မှား ဖြစ်စေ မှု များကို ရှင်းလင်းခြေပခြင်း13 ရက် မေလ 2010 http://burmese.dvb.no/news.php?id=10844
DVB သတင်းဌာန ထုတ်လွှင့် သော သတင်းတခု
တွင်ပါရှိလာသော NDF ပါတီ မှ ဦးခင်မောင်ဆွေ ၏ ပြန်လည် ခြေပပြောဆိုမှု့  များသည် လွဲ မှားလျှက် ရှိပါသည် ။
၎င်း ၏ပြန်လည်ခြေပချက် ပါ မျိုးဇော်အောင် ရန်ကုန်တိုင်းဆို သည် မှာ ရန်ကုန်တိုင်း လူငယ် မှ လုံးဝ မဟုတ်ပါ ။
အဆိုပါမျိုးဇော်အောင် သည် မန္တလေးတိုင်း အရှေ့  တောင် မြို့  နယ် မှ ဖြစ် ပြီး ယခုတိုင် NLD ၏ အထောက်အပံ့ ဖြင့် ရန်ကုန်မြို့ ရှိ အမေရိကန် စန်တာ တွင် ပညာသင်ကြားနေ ဆဲ ကျောင်းသားတယောက် ဖြစ်ပါသည် ။
ထို့  သို့ သော ကျေးဇူးကန်း တတ်သည့် သစ္စာဖောက် လူငယ်များ ရန် ကုန်တိုင်းတွင် လုံးဝ မရှိပါကြောင်း အားလုံးသိ စေရန် အတွက် အသိပေးလိုက် ပါသည် ။
ဦးခင်မောင်ဆွေ ၊ ဦးသန်းငြိမ်း တို့ ပါဝင် သော NDF ပါတီသည် ယခုအခါတွင် NLD ၏ ကိုယ်ပွား ပါတီ ယောင်ယောင် ၊ ညီအကို ပါတီ ယောင်ယောင် စသည့်  ပြည်သူများေ၀၀ါးစေသည့် စကားအသုံးအနှုန်းများဖြင့်
မီဒီယာ များတွင် တွင်တွင်ကြီး အသုံးချ ပြောဆိုလျှက် ရှိနေ ပါသည် ။
NDF ပါတီ သည် NLD ပါတီ နှင့် လုံးဝ သက် ဆိုင်ခြင်း မရှိကြောင်းကို RFA သတင်းဌာန နှင့် အင်တာဗြူး တခု တွင် အဘဦးဝင်းတင် မှ ပြောဆိုခဲ့ ပြီး ဖြစ်သည် ကို ဤနေရာhttp://www.rfa.org/burmese/news/interview_with_U-Win-Tin_on_U_Khin_Maung_Swe-05112010125229.html
တွင် နားဆင်နိုင် ပါသည် ။
" ဦးခင်မောင်ဆွေ ပြောကြားချက် ပါ ကျနော် တို့ က လဲပဲ NLD ကို သွားပြီး တော့  ဖဲ့ စည်းရုံးတာမျိုး အိမ်ရှေ့  သွားပြီးတော့  ငါ့အထုတ်ထဲဝင်ပါလို့  ပြောတာမျိုး အန်ကယ် တို့  မလုပ် ပါဘူး "
ဆိုသည်မှာ လဲ လိမ် လည် ပြော ဆို ခြင်း သာဖြစ်ပါသည် ။ ဦးခင်မောင်ဆွေ တို့ ကိုယ် တိုင် ထိုသို့  မလုပ် သော် လည်း ကို မြင့်ငွေ မကွေးတိုင်း ဆို သူ မှာ ပါတီ ရုံးတွင်း သို့  လာရောက်ပြီး လူငယ် အချို့  နှင့်
လူငယ်ခေါင်းဆောင် အချို့  အားစည်းရုံးမှု့  များရှိခဲ့ပါသည် ။ ကိုမြင့်ငွေ ၏ စည်းရုံးချက်ကို လူငယ် အားလုံးမှ လက်မခံ ခဲ့ သောကြောင့် ယခုနောက်ပိုင်း တွင် မလာဝံ့ ပဲ စည်းရုံးရေး လာရောက် လုပ်ဆောင်ခြင်း မရှိတော့ ပါ
အဓိက ပြောလို သည် မှာ NLD လူငယ်ထု မှာ 26 ရက် နေ့  က ပြုလုပ် ခဲ့ သည် တိုင်း နှင့် ပြည် နယ် လူငယ်ထုတရပ်လုံး၏ သဘော ထား အတိုင်းဆက်လက်ရပ် တည် လျှက် ရှိပါကြောင်း ပြည်သူများ သို့ 
အသိပေးအကြောင်းကြားအပ်ပါသည် ။
................. ရန်ကုန်တိုင်း လူငယ်များ ကိုယ်စား... လူငယ်တဦး ........
ဆက်သွယ်မေးမြန်းလိုပါက lathawdar@gmail.com မှတဆင့် မေးမြန်းနိုင်သည်။
Monday, May 10, 2010
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ်းဘဲလ် သတင်းစာရှင်းလင်းပွဲ ( အမေရိကန်စင်တာတွင်ပြုလုပ်)
အတိုက်အခံခေါင်းဆောင် ဦးဝင်းတင်နှင့် မေးခွန်းများ
မိုးမခ
မေ ၁၀၊ ၂၀၁၀
လူထုကို သစ္စာမဖောက်တဲ့ ပါတီသည် ရုပ်ဖျက်လှည့်ဖြားပြီးလည်း ရွေးကောက်ပွဲဝင်မည် မဟုတ်
ယမန်နေ့က ဆရာဦးဝင်တင်နဲ့ တွေ့ဆုံစဉ်မှာ ပထမဦးဆုံးမေးသည့် မေးခွန်းက မေ ၇ ရက်နေ့မှာ ဘာတွေ ဖြစ်သလဲ ဆိုတာဖြစ်ပါတယ်။ မေ ၆ ရက်မှာ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကြောင့် တရားဝင်ပါတီ မဖြစ်တော့ဘူးလို့ ဆိုနိုင်တာကြောင့် ပါတီဝင်များက ပါတီဌာနချုပ်မှာ စုဝေးခဲ့ကြပြီး ဖြစ်ပါတယ်။ နောက်တရက်မှာ ဘာဖြစ်သေးသလဲ၊ စစ်အုပ်စုက ပါတီကို မည်သို့ အနှောက်အယှက်ပေးရန် ကြိုးစားသေးသလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“အခုအချိန်ထိကတော့ ပုံမှန်ပါပဲ။ ၄ ရက်နေ့မှာ ပါတီနဲ့ မဟာမိတ် စီအာရ်ပီပီတို့ နောက်ဆုံး အစည်းအဝေးသဘောမျိုး လုပ်ကြတယ်။ ၆ ရက်နေ့မှာ နောက်ဆုံးနေ့တခုအဖြစ် ပါတီမှာ ပါတီဝင်တွေ စုဝေးကြတယ်။ ၇ ရက်နေ့မှာ နယ်မြေလုံခြုံရေးတွေက ပါတီရုံးတ၀ိုက်က ဆိုင်တွေ၊ လဘက်ရည်ဆိုင်တွေ၊ လမ်းဘေးဆိုင်တွေကို မဖွင့်ရဘူးလို့ တားမြစ်ထားတယ်။ သောကြာနေ့မှာ ပါတီရုံးခန်းက ပုံမှန်ပဲ ရှိနေပါတယ်။ နောက် အမေရိကန်သံတမန်တွေ ဘာတွေက လာမယ် တွေ့မယ် စသည်ဖြင့် ပြောနေသံတွေ ကြားနေတော့ လောလောဆယ် ဘာမှ မဖြစ်သေးဘူးလို့ ပြောရမှာပေါ့”
ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ရွေးကောက်ပွဲကို အဆုံးစွန် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီး ဖြစ်တဲ့အတွက် ယခုနောက်ဆုံးရွေးကောက်ပွဲ မှတ်ပုံတင်ခြေလှမ်းအနေနဲ့ လက်ရှိ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လိုက်ပြီ ဖြစ်ပါတယ်။ အဲသည် ရွေးကောက်ပွဲ ဖြစ်မြောက်စေဖို့အတွက် အတိုက်အခံများကို နည်းလမ်းမျိုးစုံနဲ့ ပယ်ရှား ဖြေရှင်းပစ်မယ်ဆိုတာက သူတို့စစ်အုပ်စုသမိုင်းတလျောက်မှာ ထင်ရှားတဲ့ သာဓကတွေ ရှိခဲ့ပြီး ဖြစ်တယ်လို့ ဆွေးနွေးဖြစ်ပါတယ်။
“ ငါတို့ကတော့ အားလုံးကို ရင်ဆိုင်လို့ ပြင်ဆင်ထားပြီးသားပဲ။ ဒီအတွက်လည်း အားလုံးက တညီတညွတ်တည်း ပါတီရဲ့ ရပ်တည်ချက်အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေကြတာပဲ။ ငါကတော့ ဒီလိုပဲ ပြောချင်တယ်။”
အဲသည်မှာ ဆရာ့ကို မေးတဲ့ အချက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ရန် နောက်ဆုံးရက်နဲ့ အမီမှာ အင်န်အယ်ဒီပါတီက ခေါင်းဆောင်ဟု ဆိုသူ ၄ ဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဦးစိန်လှဦးနဲ့ ဦးသန်းငြိမ်းတို့က အမျိုးသားဒီမိုကရေစီ အင်အားစု အမည်နဲ့ ပါတီ မှတ်ပုံတင်လိုက်ကြတဲ့ ကိစ္စဖြစ်ပါတယ်။ မိခင်ပါတီရဲ့ အားလုံး တစုတဝေးတည်း ဆုံးဖြတ်ချက်ဖြစ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေမှာ ထပ်မံမှတ်ပုံမတင် - ဆိုတဲ့ ဆုံးဖြတ်ချက်ကို ၎င်းတို့ကိုယ်တိုင် လက်ခံထားခဲ့ပြီးမှာမှ မိခင်ပါတီမှ စွန့်ခွာတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ဒီကိစ္စကို ဘယ်လို သဘောထားသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
“ကျနော့်အနေနဲ့ကတော့ ဒါဟာ ပါတီတွင်း ကိစ္စပဲလို့ သဘောထားပြီး၊ ဘာမှ ပြောမနေဘူးလို့ အစက သဘောထားတယ်။ နောက်ပိုင်းမှာ အခုလို သူတို့က အဖွဲ့ချုပ်ကို စွန့်ခွာပြီး ပါတီထောင်တယ်။ ပြီးတော့ သူတို့တွေ ပါတီတွင်းမှာကော၊ ပါတီပြင်ပမှာကော ပြောဆိုမှုတွေ၊ လှုပ်ရှားမှုတွေ လုပ်လာတယ်။ အဲသည်တော့ ကျနော့်အနေနဲ့ ခုလိုမျိုး စောစောစီးစီး ရှင်းထားနိုင်မှ တော်မယ်လို့ ထင်ပါတယ်။
ပထမသဘောထားကတော့ ဦးခင်မောင်ဆွေတို့အုပ်စုက ကျနော်တို့နဲ့အတူ ဒီမိုကရေစီရေးအတွက် လုပ်ခဲ့ကြသူတွေကပဲ။ အကျဉ်းထောင်ဒဏ်တွေ ကျခဲ့တယ်။ အဲသည်လိုမျိုးနဲ့ တွေးပြီးတော့ အခုချိန်မှာ သူတို့ ယုံကြည်ချက်၊ ဆုံးဖြတ်ချက်တွေနဲ့ ပါတီကနေ စွန့်ခွာသွားတာကို ဘာမှ ပြောမနေတော့ပါဘူးလို့ သဘောထားပါတယ်။ သူတို့နဲ့ သဘောချင်းတူတဲ့သူတွေလည်း သွားချင်သွားကြပါစေ၊ ပါတီရဲ့ ရပ်တည်ချက်ကို လက်မခံနိုင်လို့ သူတို့ဖာသာ ရပ်တည်ချင်လို့ သွားကြတာပဲလို့ တွေးပေးထားသေးတယ်။
သို့သော် သူတို့လုပ်ခဲ့တာတွေကို ပြန်ကြည့်တဲ့အခါကျတော့ သူတို့က ပါတီတွင်းမှာလည်း ဟိုးတုံးကတည်းက ပါတီကို သူတို့ရဲ့လူနည်းစုသဘောထားနဲ့ စည်းရုံးလှုံဆော်ဖို့ ကြိုးစားခဲ့တယ်။ ပြီးတော့ အများစုရဲ့ တညီတညွတ်တည်း သဘောထားနဲ့ သူတို့သဘောထား မကိုက်ညီပြန်တော့လည်း ပါတီရဲ့ အားလုံးဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ ပြောဆိုပြီးကာမှ တဖက်မှာ ဒါကို ဆန့်ကျင်တဲ့ အယုံအကြည် မရှိတာမျိုး ပြောတယ်။ နောက်ဆုံးတော့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်ခံပြီး ပါတီ သွားထောင်တယ်။ ဒါမျိုးကိုတော့ ကျနော်တို့က မြင်တဲ့အတိုင်း၊ တွေ့တဲ့အတိုင်း ပြောရတော့မယ်”
အဲသည်မှာ ဦးခင်မောင်ဆွေတို့ အုပ်စုရဲ့ ပါတီတွင်း ပါတီပြင်ပက လှုပ်ရှားမှုတွေ၊ ပြောဆို စည်းရုံးမှုတွေက ဘယ်လိုမျိုး အကြောင်းအရာတွေ ဖြစ်နေသလဲ။ ဘယ်လိုမျိုး လှုပ်ရှားလာတာမျိုးတွေ မြင်လာရသလဲ ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
“ဥပမာအားဖြင့် ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ရွှေကို ကြည့်ကြမယ်။ အခုအချိန်မှာ ဦးအောင်ရွှေက အများရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ ရပ်တည်တယ် လို့ ပြောလို့ရတယ်။ မတ်လ အစည်းအဝေးတွေမှာ နောက်ဆုံးအချိန်အထိ ဦးအောင်ရွှေဖက်က ရွေးကောက်ပွဲဝင်ကြဖို့ အဆိုတင်သွင်းခဲ့သူ တဦး ဖြစ်တယ်။ အဆိုပြုတယ်၊ ရှုံးတယ် ဒါပေမယ့် ဦင်္းအောင်ရွှေက ပါတီရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတယ်။ အခုအချိန်ထိ ပါတီထဲမှာ ရှိနေတယ်။
သို့သော်လည်း ဦးခင်မောင်ဆွေတို့ အုပ်စုကတော့ နောက်ဆုံးအချိန်အထိ ပါတီတွင်းမှာ နေပြီးတော့ ပါတီဝင်တွေကို ခွဲထုတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီကို သစ္စာရှိပါတယ်။ ပါတီ ပျက်စီးသွားတာကို မလိုလားပါဘူး ဆိုပြီး စကားလုံးတွေ သုံးစွဲပြီးတော့ တဖက်ကလည်း သူတို့က ဥပဒေတွင်းက လုပ်ကြမှာလို့ ပြောတော့ ပါတီရဲ့ ရပ်တည်ချက်ဟာ ဥပဒေပြင်ပရောက်အောင် တွန်းပို့လိုက်သလို ဖြစ်သွားတယ်။ ဥပဒေမလိုက်နာဘူးဆိုတဲ့စကားနဲ့အတူ အကြမ်းဖက်သမားတွေ လိုလို၊ ယူဂျီတွေလိုလို ပါတီကို ထိခိုက်နစ်နာအောင် လုပ်နေသလို ဖြစ်နေတယ်။
နောက်ပြီးတော့ ဦင်္းဉာဏ်ဝင်း ထောက်ပြခဲ့သလိုမျိုး - ပါတီရဲ့ ဆုံးဖြတ်ချက်၊ အားလုံးဆုံးဖြတ်ချက်နဲ့ ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို ကန့်ကွက်တယ်။ ဒါကို လိုက်နာမယ်လို့ ပြောထားပြီးသားကနေ သူတို့က ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဆိုတော့ သူတို့က ပါတီကို သစ္စာရှိတာ မဟုတ်ဘူး ဆိုတာ ထင်ရှားတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာစောင့်သိတယ်လို့ ဆိုရအောင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သူ့သဘောထား ပြောခဲ့ပြီးပြီ။ ပါတီကို ထပ်ပြီး မှတ်ပုံမတင်ဘူး။ ဒါကို အားလုံးက ကြားသိပြီး ဖြစ်တယ်။ ဒါပေမယ့် သူတို့က တဖက်က အင်တာဗျုးတွေမှာ ဒေါ်စု ဆုံးဖြတ်ချက်တွေ သဘောထားတွေနဲ့ ပတ်သက်ပြီး ထိခိုက်တဲ့ သဘောထားတွေ ပြောလာပြန်တယ်။ ပြောကြတဲ့အထဲမှာ ဒေါ်စုကို ခေါင်းဆောင်နေရာက နေရာပေးထားမယ်တို့၊ ခေါင်းဆောင်အဖြစ်ကို ကြိုဆိုပါတယ်တို့ ပြောလာပြန်တော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပါတီရဲ့ ရပ်တည်ချက်ကို ဘယ်လိုမျိုး ဆက်လက်သယ်ဆောင်မှာမို့လို့ သူတို့တွေက ၂၀၁၀ ရွေးကောက်ပွဲဥပဒေအောက်မှာ သွားပြီး မှတ်ပုံတင်ကြရတာလဲ။ ဘယ်လိုမျိုး ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲ မှတ်ပုံတင်ထားတဲ့ ပါတီနဲ့ သက်ဆိုင်မှာလဲ - လို့ အငြင်းပွားစရာ ဖြစ်လာတယ်။”
အဲသည်မှာ မိုးမခက ဆွေးနွေးတာကတော့ - ဦးခင်မောင်ဆွေတို့ အုပ်စုက တဖက်က အင်န်အယ်ဒီပါတီနဲ့ ဒေါ်စုကို သစ္စာမဖောက်ဘူးလို့ လည်း ပြောတယ်။ ပြီးတော့လည်း ပါတီနဲ့ ဒေါ်စုအပါအ၀င် အားလုံးရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်လို့ သူတို့ စွန့်ခွာ လာကြတယ် ပြောပြန်တယ်။ ဒါ့အပြင် အင်န်အယ်ဒီရဲ့ လမ်းစဉ်ကို မစွန့်ချင်လို့၊ ပါတီရဲ့ မပြီးဆုံသေးတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်ဖို့ ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင်ကြတယ်လို့ ဆိုပြန်ပါတယ်။ သည်လိုမျိုး ရှေ့နောက်မညီတဲ့ စကားတွေ ထုတ်ပြန်ချက်တွေက လူထုကို မျက်စိလည်သွားအောင်၊ သူုတို့ကို အင်န်အယ်ဒီပါတီကိုယ်စားပြုသူတွေလို့ လူထုက ထင်ယောင်ထင်မှားဖြစ်သွားအောင် လှည့်စားသလိုမျိုး ဖြစ်နေသလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
“၁၉၉၀ ရွေးကောက်ပွဲကာလမှာတုံးက အင်န်အယ်ဒီကို ၀န်းရံဖို့ ကိုယ်ပွားပါတီတွေ ရှိဖူးတယ်။ အခုကိစ္စက ဒါမျိုးလုံးဝ မဟုတ်ဘူး ဆိုတာ ပြောချင်တယ်။ သူတို့ ထူထောင်လိုက်တဲ့ပါတီဟာ မူလအင်န်အယ်ဒီနဲ့ လုံးဝ သက်ဆိုင်ခြင်း မရှိဘူး။ အင်န်အယ်ဒီပါတီရဲ့ လမ်းစဉ်တွေ၊ သဘောထားတွေကို ဆက်လုပ်ဖို့ဆိုပြီး ထူထောင်တဲ့ ပါတီလည်း မဟုတ်ဘူး။ အင်န်အယ်ဒီအရေခြုံ တာမျိုးကို လက်မခံနိုင်ပါဘူး။
တလောက ကျနော့်အင်တာဗျူးမှာ အင်န်အယ်ဒီက ခေါင်းပြတ်မခံနိုင်ဘူး၊ ခြေပြတ် လက်ပြတ် ဖြစ်သွားရင်တောင် ခြေတု လက်တုနဲ့ ဆက်လုပ်မယ်လို့ ပြောလိုက်တော့ - အရှေ့ဖက်က နိုင်ငံကြီးတနိုင်ငံက (တရုတ်နိုင်ငံဟု မိမိတို့ ယူဆ - မိုးမခ) တဆင့်စကားနဲ့ မေးတယ် ဆိုတယ်။ အင်န်အယ်ဒီက ၂၀၁၀ ရွေးကောက်ပွဲကို ကိုယ်ပွားပါတီထောင်ပြီး ၀င်မှာလားဆိုပြီးတော့။ ဒီလိုမျိုး တချို့လူတွေက အထင်အမြင်တွေ ကောက်ချက်ဆွဲတာတွေ မှားကုန်တယ်။ ဒါကို ခုထဲက ရှင်းကာမှ တော်ရုံကြမယ်။
ပြီးတော့လည်း ဆန်းဒေးစကားဝိုင်းတခုမှာ ပြည်ပက ဒေါက်တာဆိုသူ တဦးက အခုလိုမျိုး အင်န်အယ်ဒီပါတီခွဲထောင်တာကို ထောက်ခံသလိုမျိုး သူတို့က ဘာညာ ပြောသွားတယ်။ ကြားရတဲ့သူတွေကို တွေဝေသွားအောင်၊ နားလည်မှုတွေ လွဲကုန်အောင် လုပ်သမျိုး ဖြစ်နေတယ်။
အင်န်အယ်ဒီက ပါတီခွဲထောင်တာလည်း မရှိဘူး။ ပါတီက ဆုံးဖြတ်ထားတဲ့အတိုင်း ရွေးကောက်ပွဲလည်း မ၀င်ဘူး၊ မှတ်ပုံလည်း ထပ်မတင်ဘူး။ ဒါမျိုး ရပ်တည်ထားပြီး ဖြစ်တယ်။
အခုဟာက ဒီလိုမျိုး ရှင်း ရှင်း ရပ်တည်နေတာကို အပြင်ကနေပြီး ရှုပ်လာတယ်။ ကျနော်က အခုလို ပြောနေတာက တဖက်သားကို ဝေဖန်တိုက်ခိုက်နေတာ မဟုတ်ဘူး။ ပါတီရပ်တည်ချက်နဲ့ သဘောထားကို ထိခိုက်လာတာတွေ၊ ရှုပ်ထွေးအောင် လုပ်လာတာတွေကို လက်မခံနိုင်လို့၊ ပြီးတော့ ပြည်သူလူထုကို နားလည်မှုလွဲမှားကုန်အောင် ပြောဆိုမှုတွေ ပေါ်မလာအောင်လို့ ကျနော်က ကာကွယ် ပြောဆိုနေရတာ ဖြစ်ပါတယ်။”
အဲသည်မှာ မိုးမခက ဆွေးနွေးတဲ့အချက်က လွန်ခဲ့တဲ့ နှစ်ဆန်းဝန်းကျင်မှာ ထိုင်းနိုင်ငံ ပြည်ပရောက်စာနယ်ဇင်းသမားတွေ ဦးစီးကျင်းပတဲ့ စာနယ်ဇင်းညီလာခံတခုမှာ ယခင်အကျဉ်းသားဟောင်းတဦးဖြစ်ခဲ့သူ ဒေါက်တာခင်ဇော်ဝင်းက ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားတွေ ပြောလာတယ်။ ဧပြီ ၆ ရက်နေ့မှာ အင်္ဂလိပ်ဘာသာ စာတန်းတခုကို ပြည်ပမှာ ထုတ်ဝေခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေါင်းဆောင်ဟောင်းများ (ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း) များက ပါတီကို နအဖ စစ်အုပ်စု စိတ်တိုင်းကျ ဖျက်ဆီးပစ်နေကြတယ်။ ဦးဝင်းတင်ဆီမှာ များပြားလှတဲ့ နိုင်ငံခြားအလှူငွေတွေ ရှိနေတယ်။ ပါတီကို အပ်နှံခြင်း မရှိဘူး။ အဲသည်မှာ ဦးခင်မောင်ဆွေတို့အဖွဲ့ရဲ့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလွန်” နိုင်ငံရေးပါတီသစ်တခု ကို အားလုံးက ကြိုဆိုကြရမယ် ဆိုတဲ့သဘောမျိုး ရေးသားထားတာ၊ သူကိုယ်တိုင်ကပဲ မြန်မာပြည်နိုင်ငံရေးကို ၀င်ရောက် ရှင်းလင်းပေးနေရသူ ဆိုတဲ့ အတိုင်းအတာအထိ ပြောဆိုလာတာ ဖြစ်ပါတယ်။ ဒါတွေက ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံရေးစိတ်ဝင်စားသူများ၊ လှုပ်ရှားနေသူများ အသိုင်းအ၀ိုင်းကြားမှာ အင်န်အယ်ဒီအမည်ကို ခုတုံးလုပ်ပြီး သူတို့ရဲ့ အာဘောတွေကို ဖြန့်ချိလာတဲ့ သဘောလို့ ရှုမြင်ကြောင်း၊ အဲသည်အတွက်ကော စောစောစီးစီး သဘောထားပြောထားချင်ပါသလား ဆိုတာ ဖြစ်ပါတယ်။
“ကျနော် တဆင့်စကား ကြားနေရတာတွေ ရှိတယ်။ ခင်ဇော်ဝင်းက စာတန်းတွေ လျောက်ဖြန့်တယ်။ စသည်ဖြင့်။ ကျနော့်ကိုလည်း ပိုက်ဆံတွေ ပါတီကို မအပ်ဘူး ဘာညာပြောထားတယ်လို့ ဆိုတယ်။ ဒါတွေကို ကျနော် ဖြေရှင်းနိုင်ပါတယ်။ ကျနော့်ကိစ္စက အရေးမကြီးပါဘူး။ အဓိကကတော့ ပါတီရဲ့ ရပ်တည်ချက်နဲ့ မူဝါဒတွေ၊ ခေါင်းဆောင်မှုတွေကို သေးသိမ်အောင် ပြောဆိုလုပ်ကြံတာတွေကို ပြောမှ ဖြစ်မယ်လို့ ထင်ပါတယ်။
ပါတီက တခဲနက်ဆုံးဖြတ်ထားတာကို မတ်လ ၂၉ အစည်းအဝေးမှာ လက်ခံပြီးတော့မှ မေလ ၆ ရက်နေ့အထိ ပါတီတွင်းမှာ ရပ်တည်နေခဲ့ရာကနေ အနည်းစုဆန္ဒကို ပြန်လည် ဖော်ဆောင်ပြီး ပါတီတခု သွားထောင်တယ် ဆိုတာက ပါတီကို ပစ်ပယ်တာ ဖြစ်ပါတယ်။
ဟိုးရှေ့မှကတည်းက ကျနော်တို့ ပါတီဗဟိုခေါင်းဆောင် လက်ရှိ လှုပ်ရှားနေသူ ၁၆ ဦးမှာ အဲသည် ၄ ဦးက “အနည်းစုသဘောထား” ကို အမြဲတင်ပြ ဆွေးနွေးတယ်။ ကျနော်တို့ကလည်း အများသဘောနဲ့ ဖယ်ချတာမျိုး မဟုတ်ဘဲ အစည်းအဝေးမှာ လက်ခံ ဆွေးနွေးခဲ့ကြတာပဲ ဖြစ်တယ်။ မတ်လ ၂၉ ကြေညာချက်မှာတောင် ကျနော်တို့ “တညီတညွတ်တည်း ဆုံးဖြတ်တယ်” ဆိုတာကို ကန့်ကွက်ခဲ့ကြတယ်။ “အများသဘောတူ” ဆိုတဲ့ စကားလုံး သုံးပါလို့ ပြောလို့ ကျနော်တို့က ပြောင်းပေးခဲ့တယ်။ အဲသည်တော့ ကျနော်တို့က အဆိုတခုထပ်တင်ရတယ်၊ “အများသဘောတူ” ဆုံးဖြတ်တယ်။ “ကန့်ကွက်မည့်သူ မရှိ” လို့ ထည့်သွင်းချင်တယ်၊ သဘောတူသလားဆိုတော့ သူတို့က လက်ခံခဲ့ကြတယ်။
အခုလိုမျိုး ပါတီသဘောထားတွေကို ဆုံးဖြတ်ချက်ချစဉ်က သဘောတူခဲ့ပြီးတော့ နောက်ပိုင်းမှာ ပါတီတွင်း ပါတီပြင်ပ သွေဖီပြီး ပြောဆိုတာဟာ ပါတီပေါ်မှာ သစ္စာစောင့်သိတဲ့ သဘောမဟုတ်ဘူးလို့ ပြောချင်တယ်။ ပါတီရဲ့ မူဝါဒကို ပါတီဝင်တွေက ရပ်တည်ပေးကြတာဟာ လူပုဂ္ဂိုလ် တဦးတယောက်နောက် ကိုးကွယ်တာလဲ မဟုတ်ဘူး။ နောက်ပြီးတော့ လက်ရှိခေါင်းဆောင်မှုနောက်ကို မျက်စိပိတ် နားပိတ် လိုက်နေကြရတာလဲ မဟုတ်ဘူး။
ဒါပေမယ့် အခုကိစ္စမှာက ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာရှိတာတို့၊ ပါတီအပေါ် သစ္စာရှိတာတို့ထက် အရေးကြီးတဲ့ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက် မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်ပြည်သူတွေပေးအပ်ခဲ့တဲ့ Mandate အပေါ်မှာ သစ္စာစောင့်သိခြင်း မရှိတာက အဓိက ဖြစ်သွားပြီ။
အင်န်အယ်ဒီပါတီကိုယ်တိုင်က ၉၀ ရွေးကောက်ပွဲမှ ပြည်သူလူထုရဲ့ အပ်နှံမှု၊လွှဲအပ်မှု (Mandate) နဲ့ တိုင်းပြည်ဒီမိုကရေစီရေးကို အကောင်အထည် မဖော်နိုင်ခဲ့တာကို အနှစ် ၂၀ လုံးလုံး အတွက် လူသိရှင်ကြား တောင်းပန်ခဲ့တယ်။ အနှစ် ၂၀ လုံးလုံးတောင် ပြည်သူ့ရဲ့ မဲင်းဒိတ်နဲ့ မဆောင်ရွက်နိုင်ခဲ့တာကို အမှန်အတိုင်း မ၀န်ခံလိုဘဲ၊ လက်မခံဘဲနဲ့ နောက်ရွေးကောက်ပွဲကို ဆက်သွားတာ၊ ပြည်သူတွေအပေါ်မှာ သစ္စာမရှိတာပဲလို့ ပြောချင်တယ်။
အင်န်အယ်ဒီပါတီက တောင်းပန်တယ်။ ၉၀ ရွေးကောက်ပွဲရဲ့ Mandate နဲ့ အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ သို့သော် ပါတီက ၂၀၁၀ ရွေးကောက်ပွဲဥပဒေကို လက်မခံဘူး၊ ကန့်ကွက်တယ်။ အင်န်အယ်ဒီဟာ ပြည်သူနဲ့ လက်တွဲပြီး ဆက်လက် ရပ်တည်သွားမယ်။ ဆက်လက် လှုပ်ရှားသွားမယ်ဆိုတာကို ပြောခဲ့ပြီး ဖြစ်ပါတယ်။
နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုတာကို သက်သေမထင်ရှားဘဲနဲ့ ဦးဉာဏ်ဝင်းစကားနဲ့ပဲ လက်ခံနေရတယ် ဘာညာစသည်ဖြင့် ပြောနေတာကလည်း ပါတီတွင်း ပါတီပြင်ပမှာ လူတွေကို နားလည်မှုလွဲအောင်၊ အထင်မှား အမြင်မှားအောင် ပြောတဲ့သဘောပဲလို့ ပြောချင်ပါတယ်။ ဒေါ်စုကို သစ္စာရှိမယ်လို့လဲ ပြောခဲ့တယ်။ ပြီးတော့ ဒေါ်စုစကားကို လက်မခံနိုင်ဘူး၊ သံသယရှိတယ်။ ဦးဉာဏ်ဝင်းတို့ ကျနော်တို့ကပဲ လုပ်ကြံနေသလိုပြောတယ် ဆိုတာက - ဒေါ်စုကိုကော၊ ပါတီကိုပါ ပျက်စီးအောင် လုပ်သလို ဖြစ်နေတယ်။ ဘယ်လိုလုပ်ပြီးတော့ အကျယ်ချုပ်ကျနေသူဆီက သက်သေတွေ တောင်းချင်ရတာတုံး။ ပြီးတော့ ဦးဉာဏ်ဝင်း ရှိတယ်၊ ဒေါက်တာတင်မျိုးဝင်း ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်သဘောထားတွေကို ကျနော်တို့က အလွဲသုံးတယ်ဆိုရင် ဒါမျိုးကို ဒီလောက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး တုန့်ပြန်မှာပဲ ဆိုတာ သိထားသင့်တယ်။
ဒီတော့ ဒီလိုမျိုးအသံတွေဆိုတာ - ပါတီက အပဲ့အစင်တွေရဲ့ သဘောထားတွေဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း သိကြစေချင်တယ်။ အင်္ဂလိပ်လိုဆိုရင်တော့ - Splinter Group လို့ပဲ သုံးရမယ်။ အပဲ့အစင်ကလေးတွေ ပေါ့ဗျာ။ Split Group ဟုတ်လား - ပါတီအကွဲအပြဲ မဟုတ်ဘူး။ ပါတီက အပဲ့အစင်တွေရဲ့ သဘောထားတွေ ဖြစ်တယ်။ အဲသည်လိုမျိုး ပြောချင်ပါတယ်။”
အဲသည်မှာ မေးတဲ့ မေးခွန်းကတော့ အနှစ် ၂၀ လုံးလုံး အင်န်အယ်ဒီပါတီက ပြည်သူလူထုရဲ့ Mandate နဲ့ အတူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးဆိုတာက ဘာမှ မလုပ်ဘဲနဲ့ ဒီအတိုင်း ထိုင်နေလို့လား။ စစ်အစိုးရကို ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ရောက်လာအောင် အင်န်အယ်ဒီက အခက်အခဲမျိုးစုံကြားက ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့တယ် မဟုတ်ဘူးလား။ ယခု ၂၀၁၀ ရွေးကောက်ပွဲလမ်းကြောင်းက မြန်မာပြည်ဒီမိုကရေစီရေးကို မဦးတည်နိုင်ဘူးလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။
“ခုချိန်မှာ အဓိကကတော့ အခြေခံဥပဒေအပေါ်မှာ အခြေပြုတဲ့ လှုပ်ရှားမှုတွေကို ပြန်ပြီး ကောက်နုတ်ပြပါ့မယ်။ ၁၉၈၈၊ ၁၉၈၉ စစ်အစိုးရ ကြေညာချက်များအရ အင်န်အယ်ဒီက ၁၉၉၀ ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့တာ ဖြစ်တယ်။ ၁/၉၀ စစ်အစိုးရကြေညာချက်အရ ၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီ အင်န်အယ်ဒိဦးဆောင်ပြီးတော့ အခြေခံဥပဒေရေးဆွဲဖို့ ကျြိးစားခဲ့တယ်။ အဲသည်မှာ စစ်အစိုးရက ၅/၉၀ နဲ့ သူတို့ဦးဆောင်ပြီး အမျိုးသားညီလာခံနဲ့ အခြေခံဥပဒေဆွဲမယ်လို့ ပြောင်းပြီး ပြောပြန်တယ်။
နောက် ၉၀ နောက်ပိုင်း အမျိုးသားညီလာခံမှာ အင်န်အယ်ဒီ တက်ရောက်လာတော့လည်း နည်းမျိုးစုံနဲ့ ကန့်သတ်ခြင်း၊ ပိတ်ဆို့ခြင်းခံရတယ်။ ဒါကြောင့် ၁၉၉၅ နောက်ပိုင်းမှာ ပါတီက အမျိုးသားညီလာခံက သပိတ်မှောက်ခဲ့ရတယ်။
အဲသည်မှာ အဓိကအချက်ကတော့ တပ်မတော်က နိုင်ငံရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ မဆင်းနိုင်ဘူးဆိုတဲ့ အချက်ကြောင့် အင်န်အယ်ဒီပါတီက လက်မခံနိုင်တဲ့အကြောင်း ပြောကြားခဲ့ပြီးဖြစ်တယ်။
ဒီနောက်မှာ သူတို့ရဲ့သဘောထားနဲ့ သူတို့ Road Map တွေ ချမှတ်တယ်။ ၂၀၀၈ မှာ သူတို့ စိတ်တိုင်းကျ အခြေခံဥပဒေကို ထုတ်ပြန်တယ်။ ဒီမိုကရေစီလမ်းကြောင်းကို ဦးတည်တဲ့ အခြေခံဥပဒေမဟုတ်တဲ့အတွက် အင်န်အယ်ဒီက ကန့်ကွက်ခဲ့တယ်။
အခု အဲသည် အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဥပဒေတို့၊ ရွေးကောက်ပွဲတို့ လုပ်လာပြန်တဲ့အတွက် အင်န်အယ်ဒီပါတီက ကန့်ကွက်တဲ့ အနေနဲ့ မိမိတို့ ရပ်တည်ချက်ကို ဆောင်ရွက်ရတာ ဖြစ်တယ်။ ဒီလိုမျိုး အင်န်ယ်ဒီက တလျောက်လုံးမှာ တိုင်းပြည်ရဲ့ အခြေခံဥပဒေနဲ့ ပတ်သက်ရင် ပြည်သူလူထုနဲ့ ဒီမိုကရေစီရေးအတွက် ရပ်တည်ခဲ့တယ်။
ပြည်သူလူထုတွေကော၊ ကျောင်းသားလူငယ်တွေ အားလုံးက သိကြပါတယ်။ အခုလာမယ့် ရွေးကောက်ပွဲဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သူတို့ သိကြပါတယ်။ ဒါပေမယ့် အင်န်အယ်ဒီနဲ့ ပတ်သက်ပြီးတော့ အားလုံးက ရှင်းရှင်းလင်းလင်း သိထားကြစေချင်ပါတယ်။ အင်န်အယ်ဒီဟာ လူထုကို လှည့်ဖြားပြီးတော့ ဘာမှ မလုပ်ဘူး။ အင်န်အယ်ဒီနံမယ်နဲ့လည်း ရွေးကောက်ပွဲ မ၀င်ဘူး။ အင်န်အယ်ဒီက ကိုယ်ပွားတွေ ကိုယ်ခွဲတွေနဲ့လည်း ရွေးကောက်ပွဲမ၀င်ဘူး။ ပါတီပြိုကွဲအောင် ပျက်စီးအောင်လည်း မလုပ်ဘူး။ ပြည်သူတွေကိုလည်း သစ္စာမဖောက်ဘူး။ ဒါမျိုး ပြောလိုက်ချင်ပါတယ်။”
မိုးမခနဲ့ ဆရာဦးဝင်းတင် မေလ ၉ ရက် နေ့ နံနက်ခင်းပိုင်းက ပြောဆိုခဲ့သမျှထဲက ကောက်နုတ်ဖော်ပြတာ ဖြစ်ပါတယ်။
Saturday, May 8, 2010
Thursday, May 6, 2010
ခွဲ့ထွက်အစဉ်အလာဆိုးကိုသယ်ဆောင်သူ(သို့ ) ငါးဦးဂိုဏ်း
ပြည်သူ့ မန်းဒိတ်ဖြစ်တာကြောင့် ဦးစိန်လှဥင်္ီးဆိုတဲ့ပုဂိုလ်မပိုင်ပါဘူး။ ဒါကြောင့်ကျမက ၈၈
မျိုးဆက်ကျောင်းသူဟောင်းတစ်ဦးအနေနဲ့ ရော အင်းစိန်မြို့ နယ် လူငယ်တာဝန်ခံဟောင်း
တစ်ဦးအနေနဲ့ ပါ ဦးစိန်လှဦး ဟာအင်းစိန် မြို့ နယ် ကိုကိုယ်စားပြုသူအဖြစ် လုံးဝငြင်းဆန်
ပါတယ်။
နောက်တစ်ဦး ကတော့ ဒေါက်တာဝင်းနိုင်ပါ ။သူက ကျမတို့ နဲ့  တိုက်ရိုက်ပတ်သတ်ခဲ့ရတဲ့
ရန်ကုန်တိုင်း တာဝန်ရှိသူပါ ။ ဒေါက်တာဝင်းနိုင်ရဲ့ ပါတီအပေါ်ရပ်တည်ချက် ပါတီမှာစွဲစွဲ
မြဲမြဲတည်ရှိနေတာဟာ စစ်အုပ်စုက အချိန်ကာလများစွာထဲက သပ်လျိုထားတဲ့ ပုဂိုလ်တစ်ဦး
လို့ ကျမတို့  သံသယအမြဲရှိခဲ့ပါတယ်။ ပါတီ မှာလူငယ်လှုပ်ရှားမှု အမျိုးသမီးလှုပ်ရှားမှုဖြစ်
တိုင်း ဒေါက်တာဝင်းနိုင်ရဲ့ ကန့်သတ်တားဆီးမှု အရေးယူမှု နအဖထံ သတင်းပေးမှုတွေ
ကို ပါတီတွင်းက တက်ကြွသူတိုင်း ခံရတာမို့  ပါတီမှာတကယ် ရဲရင့်တဲ့လူငယ်တွေ သူကြောင့်
ပါတီအပြင်ရောက်သွားခဲ့ရတာ ဒုနဲ့ဒေးပါ ။ကျမအပါအ၀င် လို့ ပြောနိုင်တာ (၂၀၀၄ စက်တင်
ဘာမှာ ကျမကို ဒေါက်တာဝင်းနိုင်ဦးဆောင်ပြီးပါတီ က အရေးယူတာခံရပါတယ် (၁)အချက်
က စီအီးစီထဲ က စပီကာ ဦးလွင် ကို စပီကာ ဖြုတ်ဖို့ ကျမ က လူငယ်တွေ ကိုစည်းရုံးတယ်
ဆိုတဲ့စွပ်ဆွဲချက်(၂) က ကျောင်းသားခေါင်းဆောင်တွေ နဲ့ ကျမက ဆက်သွယ်ဆောင်ရွက်
(ပါတီအခေါ် အားသား လိုင်း နဲ့ ပတ်သတ်)တယ်ဆို ပြီး ကျမအပါအ၀င် မြို့ နယ်လူငယ်ခေါင်း
ဆောင် ၆ဦး ကို အရေးယူပါတယ်) ။ကျမက ဦးဆောင်သူအနေနဲ့ အရေးးယူခံခဲ့ရတာပါ၊
ဒါတွေ ကို အခု ကျမက ဘာ့ကြောင့် ပြန်ပြောလဲ စာဖတ်သူတွေ ကို ဘာ့ကြောင့် ရှင်းပြနေ
တာလဲ ဆို ရင်ထဲ မှာ မချိမဆန့် ဖြစ်ရလွန်းလို့ ပါ။ ဒီဒေါက်တာဝင်းနိုင်ဟာ ဦးအောင်ရွှေ
ကိုအမြဲမြှောက်ထိုးပင့်ကော်လုပ်ပြီး ပါတီရဲ့ နိုင်ငံရေး တိုက်နိုင်ရည်စွမ်းအားကို နင်းခြေထား
သူမို့  အခု သစ္စာဖောက် လောက်ကောင်တစ်ကောင် ထင်းထင်းပေါ်ပေမဲ့ သူတို့ ကြောင့်
ကိုယ့်ပါတီထဲ မှာ သဘောထားတွေကွဲ အဖွဲ့ တွေ ကွဲသယောင် ပြည်သူတွေ ထင်မြင် မှာ
စိုးရိမ်မိလို့ ပါ။ ပြီးခဲ့တဲ့လက လည်းကျမသူနဲ့ ပတ်သတ်တာ သတိပေးရေးသားခဲ့ဖူးပါတယ်။
အာရှာတော်ဝင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲစိတ်နေတုန်း အန်တီ့ကျန်းမာရေးအတွက်
ပန်းစည်းလေးတွေ ကိုင်ပြီး စုပေါင်း ထိုင်သပိတ် လုပ်နေတဲ့ လူငယ်တွေကိုတားမြစ်ပြီးကျမ
ကို ပါတီ လုပ်ပိုင်ခွင့်ဘောင်ကျော်ပြီး လူငယ်တွေ ကိုဆန္ဒပြတာဦးဆောင်လို့ ဆိုပြီး အာရှ
တော်ဝင်အထိလိုက်လာပြီး ပါတီက ထုတ်ပစ်မယ် ကြိမ်းမောင်ဖူးသူပါ ။
ဒီလောက်ဆို အမျိုးသားဒီမိုကရေစီအင်အားစုထဲမှာဘာပါနေပြီဆိုတာစာဖတ်သူသိလောက်
ပါပြီ။
အတွေးအခေါ်အယူအဆအမျိုးမျိုးကွဲလွဲခွင့်ရှိတယ်လို့  တချို့ သုံးသပ်ပါလိမ့်မယ် နှစ်နှစ်ဆယ်
ကြာနေလို့ ပါလို့ လည်း ခြေပပါလိမ့်မယ်။ ညီလာခံလည်းသွားတက်ပြီးကြပါပြီ တွေ့ ဆုံဆွေး
နွေးဖို့ လည်းရွှေတံတားတွေအကြိမ်ကြိမ် ခင်းပေးမ့  စစ်အုပ်စု ရဲ့ ဟင့်အင်း ကို ကျမတို့ မကျော်
ဖြတ်နိုင်ခြံပပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒီပဲယင်းမှာအသေအရိုက်ခံခဲ့ရတာကို
တရားမစွဲပဲ အဆင့်တွေ အများကြီါ်လျော့ပြီး လူ့ တိရိစ္ဆန် သန်းရွေဆီ စာပို့ ပြီးပါပြီ စစ်အုပ်စု
ရဲ့ တုန့် ပြန်မှု ကရှင်းပါတယ် ။ ဆွေးနွေးစရာအကြောင်းမရှိလို့  ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ
နဲ့  လူထုခေါင်းဆောင်ကိုရောလူထု ပါတီကိုပါ ကျောခိုင်းထားတာပါ ။ရှင်ကြီးဝမ်းရောရှင်ငယ်
ဝမ်းရော ချီးဆော်နံ လို့ ပြန်ထွက်ခဲ့ရတာတောင် မမှတ်ရင် ဒီတစ်ခါ စစ်အုပ်စုနဲ့ သွားပတ်သတ်
သူဟာ ချီးတွင်းထဲ ကျမှာပါပဲ ။ ရဲဘော်တော်တော်များများကပြောတယ် အဖြူအမဲ ကွဲသွားတာ
ပေါ့ဟ ကောင်းတာပေါ့ လို့ ပြောတယ် ။ ဒါဟာ ဟုတ်နေ မှန်နေပေမဲ့ နအဖ ကို အင်အားဖြစ်
သွားစေတာတော့မမှားပါဘူး ။ ဒီလို မကောင်းတဲ့ အစဉ်အလာ ကို ဦးခင်မောင်ဆွေ (စိန်လှဦး
တပည့်) ဒေါက်တာသန်းငြိမ်း( ဗိုလ်ချုပ်ခင်ညွန့် မယားညီအကို) တို့ ဟာ NLD နှစ်ခြမ်းကွဲတာ
ပါလို့  စတင် သယ်ဆောင်တဲ့အတွက် ဒီငါးယောက်ဟာ သမိုင်းတရားခံ တွေ ပါပဲလို့  တင်ပြ
လိုက်ရပါတယ် ။
မှတ်ချက် ။။ ။။ မီဒီယာများ မှ မိမိ လိုသလို NLD ၏ နောက်ဆုံးအခမ်းအနားဟု တင်
ပြ ထုတ်လွှင့်နေခြင်းသည်လည်း စစ်အုပ်စု လေသံ ကိုနောက်ယောင်
ခံ၍ စစ်အုပ်စု ၏ မတရားဥပဒေများ ကို အသိအမှတ်ပြုမိနေသည်ကို
သတိချပ်သင့်သည်။အထူးသဖြင့် ဒီမိုကရေစီ တော်လှန်ရေးကြောင့်
ဖြစ်တည်လာသောသတင်းဌါနများ သတိထားသုံးနှုန်းကြပါ)
မေအိခင် (လယ်ဝေး)
ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်တာ စာပေနှင့်အနုပညာရှင်များက လက်မခံ
ကိုယ်စားပြုထားသည့်အတွက် နိုင်ငံရေးပါတီတခုအနေဖြင့် အသုံးပြုမသင့်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ကျောင်းသားလှုပ်ရှားမှုမျာ
ကန့်ကွက် စာတွင်ပါရှိသည်။
Monday, May 3, 2010
ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံရပ်တည်ချက်
ဘာသာပြန်- ဂါမဏိ၊ ထိုက်သူနိုင်...
Friday, April 02, 2010
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိမိရဲ့ အခြေ ခံ နိုင်ငံရေးရပ်တည်ချက်နဲ့ ဝါဒသဘောထားကို ၂၀၀၉ ခုနှစ် အောက် တိုဘာလအတွင်းမှာ ပြင်ပသို့ အမှာစကားပါးလိုက်ရာမှာ အောက်ဖော်ပြ ပါ မိန့်ခွန်းသုံးခုအတိုင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။အဲဒီ မိန့်ခွန်း ဆောင်းပါးတွေကတော့…
၁။ "လွတ်လပ်မှုကိုဘဲ ကျမတို့လိုချင်တယ်" Parade မဂ္ဂဇင်း၊ မတ်လ ၉ ရက် ၂၀၀၃
၂။ "ကျမတို့ လွတ်လပ်မှုကိုမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကို အသုံးချကြပါ" NewYorkTimes သတင်းစာ၊ ဖေဖော်ဝါရီ ၄ ရက် ၁၉၉၇ (ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံမိန့်ခွန်း)
၃။ နေရူးဆု လက်ခံမိန့်ခွန်း၊ နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃
(၁)
လွတ်လပ်မှုကိုပဲ ကျမတို့လိုချင်တယ်
မြန်မာနိုင်ငံတဝန်း ခရီးသွားလာရင်း ကျမက လူတွေကို ဘာလို့ဒီမိုကရေစီ လိုချင်တာလဲ လို့ မေးကြည့်မိပါတယ်။ မကြာခဏဆိုသလို အကြားရဆုံးအဖြေကတော့ ကျနော်တို့ ကျမတို့ လွတ်မြောက်ချင်လို့ဆိုတာ ပါပဲ။ သူတို့ အကျယ် ချဲ့ပြီးမပြောရဘဲ သူတို့ဘာပြော တယ်ဆိုတာ ကျမ နားလည်ပါတယ်။ သူတို့ရဲ့ကံကြမ္မာကို သူတို့ကိုယ်တိုင် ပုံဖော်ဆုံး ဖြတ်ခွင့်မရှိဘဲ ဖိနှိပ်ခံနေရတာကနေ လွတ်မြောက်ချင်ကြပါတယ်။ လက်နက်အင်အားပေါ် အခြေပြုတဲ့ အမိန့်တွေနဲ့ ထင်ရာစိုင်းမှုတွေအောက် ရောက်နေရတဲ့၊ သူတို့ရဲ့ နိစ္စဓူဝကြုံ တွေ့နေရတဲ့ အဖြစ်တွေကို မလိုချင်ကြတော့ပါဘူး။လူငယ်တွေကို ကျမက လွတ်လပ်ခြင်းဆိုတာဘာလဲလို့ မေးကြည့်တဲ့အခါ သူတို့က သူတို့ စိတ်ထဲရှိတာတွေကို ရှိတဲ့အတိုင်း ရင်ဖွင့် ပြောပြချင်တာလို့ ဆိုပါတယ်။ သူတို့ အသိ ဉာဏ်ပညာစိန်ခေါ်မှုကို ဖြည့်ဆည်းမပေးနိုင်တဲ့ ပညာရေးစနစ်အပေါ် မကျေနပ်ချက်တွေ ကို သူတို့ ထုတ်ဖော်ပြောလိုကြပါတယ်။ ဝေဖန်၊ ဆွေးနွေး၊ ငြင်းခုံနိုင်သူတွေဖြစ်ပြီး စုရုံး၊ သီဆို၊ အော်ဟစ်၊ သြဘာပေးနိုင်ဖို့ ထောင်သောင်းသိန်းမက စုဝေးနိုင်သူတွေ ဖြစ်လို ကြပါတယ်။ မြန်မာနိုင်ငံက လူငယ်တွေဟာ ကျယ်ပြန့်လွန်းတဲ့ မျှော်လင့်ချက်တွေနဲ့ အံမ ခန်းမှုတွေပြည့်နေတဲ့ လူငယ်ဘဝရဲ့ နိုးကြားတက်ကြွတဲ့အရွယ်တွေကို အပြည့်အဝပိုင် ဆိုင်ချင်တယ်။ မရေရာမှုတွေ၊ ကြီးကျယ်မှုတွေနဲ့ စိတ်ကူးယဉ်မှုတွေ၊ တောက်ပခမ်းနား မှုနဲ့ ဖီလာဆန့်ကျင်မှုတွေ ကြမ်းတမ်းခက်ထန်မှုနဲ့ သိမ်မွေ့မှုတွေ တန်းစီပြည့်နေတဲ့ လူငယ် ဘာဝကို အပြည့်အဝရယူလို ကြပါတယ်။
မြန်မာ အမျိုးသမီးတွေအနေနဲ့ရော ဘာတွေအလိုရှိပါသလဲ။ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဖိစီးမှုဒဏ်ကြောင့် အားဆုတ်ငြီးငွေ့လောက် အောင် အိမ်မှုထိန်းသိမ်းနေရတဲ့ဘဝက လွတ်မြောက်ချင်ကြပါတယ်။ လွတ်လပ်စွာတွေးတော ကြံဆမိလို့ ခင်ပွန်းဖြစ်သူ အပြစ်ပေးအ ရေးယူခံရမလား ဒါမှမဟုတ် ကလေးတွေများ ဘဝရဲ့အခွင့်အလမ်းတွေ ဆုံးပါးသွားမလားဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေက ကင်းလွတ် ချင်ကြပါတယ်။ မိသားစုကို ထောက်ပံ့နိုင်အောင် ခန္ဓာကိုယ် ရင်းနေရတဲ့ဘဝက လွတ်မြောက်ဖို့ တောင့်တနေကြတဲ့ အမျိုးသမီးတွေ လည်း တော်တော်များများ (အများကြီးကို) ရှိပါတယ်။
ကျမ တွေ့ဆုံခဲ့တဲ့ လယ်သမားယာသမားတွေဆိုရင် သူတို့ဆန္ဒအတိုင်း စိုက်ပျိုးထွန်ယက်ချင်ကြတယ်။ မတော်မတရားဈေးနှိမ်ခံရပြီး အစိုးရကို မရောင်းမနေရ ခြိမ်းခြောက်ခံရတာမျိုးတွေက ကင်းလွတ်ပြီး သူတို့ထွက်ကုန်တွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဈေးကွက်တင်ရောင်း ချလိုကြပါတယ်။ သူတို့ဟာ နိစ္စဓူဝ မြေနဲ့ဖက်ပြီး ဘဝကို ရုန်းကန်ရပ်တည်သူ တွေပါ။ ဒီလိုကြမ်းတမ်းတဲ့ ဘဝတွေအပေါ်မှာ ကျိုး ကြောင်းမဆီလျော်တဲ့အမိန့်တွေနဲ့ နားလည်ရခက်တဲ့ အာဏာပိုင်တွေကြောင့် နောက်ထပ်ဝန်ထုပ်ဝန်ပိုး မလိုချင်ကြတော့ပါဘူး။
ဒါနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ကျမတို့ရောလို့မေးစရာရှိပါတယ်။ ဘာလို့ ကျမတို့တတွေ တိုင်းပြည်လွတ်မြောက်ဖို့ ခက် ခက်ခဲခဲလုပ်ကိုင်နေပါသလဲ။ ဒီလိုလုပ်ကိုင်နေတာဟာ ဒီမိုကရေစီအပေါ် မရေမရာနဲ့ အကောင်းမြင်မျှော်လင့်ပြီး ထင်ရာလုပ်ကိုင်နေ တာ မဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ သူရဲ့တောက်ပမှုကို ကြာရှည်ထိန်းနိုင်အောင် အမြဲတစေအရောင်တင်ပေးရတဲ့ ရတနာတပါး ဖြစ်တယ်ဆိုတာ ကျမတို့သိပါတယ်။ ပျက်စီးဆုံးရှုံးတာ၊ အခိုးခံရတာတွေမဖြစ်အောင်ကာကွယ်ဖို့ ဒီမိုကရေစီကို မျက်ခြည်မပြတ် စောင့် ကြပ်ကြည့်ရှုနေရပါလိမ့်မယ်။
လွတ်လပ်တဲ့ မြန်မာပြည်ကသာ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားလေးစားတဲ့နိုင်ငံ တည်ထောင်နိုင်မှာမို့ လွတ်မြောက်ရေးအတွက်ကို ကျမတို့တတွေ ပင်ပင်ပန်းပန်ကြိုးစားနေကြတာ ဖြစ်ပါတယ်။
တိုင်းပြည်တဝှန်း လှည့်လည်သွားတဲ့အခါ လူတွေက ကျမ နေအိမ်အကျယ်ချုပ်နဲ့ နေရတဲ့အချိန်တွေ၊ ပထမအကြိမ် ခြောက်နှစ်နဲ့ ဒုတိ ယအကြိမ် ဆယ့်ကိုးလနေရတာမှာ ဘယ်လိုခံစားရသလဲလို့ မေးကြပါတယ်။ မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ခွဲခွာပြီး ကျမ ဘယ်လိုနေခဲ့သလဲပေါ့။ ဒီအာဏာရှင်နိုင်ငံမှာ ယုံကြည်ချက်အတွက် အကျဉ်းချခံရသူကသာ အမှန်တကယ်လွတ်လပ်သူဖြစ်နေတာ ဂွကျလှတယ်လို့ ကျမပြာချင်ပါတယ်။ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ရဲ့သာမန်ဘဝလွတ်လပ်ခွင့်တွေကို ပေးဆပ်ထားရတယ်။ ဒါပေ မဲ့ လူသားဘဝရဲ့ တန်ဖိုးအရှိဆုံး ဖြစ်တဲ့ ယုံကြည်ချက်အမှန်တရားအပေါ် ကျမတို့ ကြံ့ကြံ့ခံရပ်နေခဲ့ကြပါတယ်။
ဒီမှာ ပြည်သူလူထုအတွက် ကျမ အလိုချင်ဆုံးကတော့ စစ်မှန်တဲ့ လွတ်လပ်ခွင့်အောက်မှာ လုံလုံခြုံခြုံနေရဖို့နဲ့ စစ်မှန်တဲ့လုံခြုံမှု အောက်မှာ လွတ်လွတ်လပ်လပ်နေနိုင်ဖို့ပါပဲ။ ကြောက်ရွံ့မှုရဲ့ နုံးချည့်သေးသိမ်စေတဲ့ အနှောင်အဖွဲ့တွေ ကိုဖယ်ရှားပြီး မြန်မာပြည် သူတွေဟာ လွတ်လပ်တဲ့လူသားတွေအဖြစ် ခေါင်းမော့ဂုဏ်ယူနိုင်သူတွေ ဖြစ်လာမှာကို ကျမတွေ့မြင် လိုပါတယ်။ ကျမတို့အားလုံး အ တွက် ပိုပြီးပျော်ဖို့ကောင်းတဲ့၊ လုံခြုံမှုလည်းပိုရှိတဲ့ လူ့ဘောင်ဘဝ တည်ဆောက်ဖို့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ကြိုးပမ်းကြတာ ကို ကျမတွေ့မြင်လိုပါတယ်။
အထူးသဖြင့် လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ အနာဂတ်ကိုတက်လှမ်းပြီး တန်ဖိုးရှိတဲ့ စိတ်ဓာတ်တွေ မြင့်မြင့်မား မားနဲ့ စိန်ခေါ်မှုအားလုံးကိုရင်ဆိုင်တာ ကျမတွေ့မြင်လိုပါတယ်။ "ဒီတိုင်းပြည်ဟာ ဒီမြေကို ချစ်သူ၊ ဒီမြေမှာနေ၊ ဒီမြေမှာသေခဲ့သူအား လုံးအတွက် ထိုက်တန်တဲ့တိုင်းပြည်အဖြစ် ဘိုးဘွားအမွေအနှစ်အတွက် ဂုဏ်ယူရပြီ" လို့လည်း ကျမပြောပြချင်ပါတယ်။ ဒါတွေဟာ စိတ်ကူးယဉ်အိပ်မက်တွေ မဟုတ်ပါဘူး။ ဒါတွေဟာ ပြည်သူလူထုရဲ့ဆန္ဒသာ နောက်ဆုံးမှာ အောင်ပွဲမုချရရမယ်ဆိုတဲ့ ခိုင်မာတဲ့ယုံ ကြည်မှုနဲ့ ကျမတို့အားလုံး နှစ်နဲ့ချီကြိုးပမ်း လုပ်ဆောင်နေတာတွေရဲ့ ပကတိဦးတည်ရာပဲဖြစ်ပါတယ်။
(ဝါရှင်တန်ပို့စ် သတင်းစာနှင့်တွဲထွက်သည့် ၂၀၀၃ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Parade သတင်းစုံမဂ္ဂဇင်းတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် All We Want is Our Freedom ဆောင်းပါးကို ထိုက်သူနိုင် ဘာသာပြန်ဆို တင်ပြထားသည်။)
(၂)
ကျမတို့လွတ်လပ်မှုကို မြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုကိုအသုံးချကြပါ
ကျမတို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်နေသူတွေဟာ ဖိနှိပ်ချုပ် ချယ်မှုများလွန်းတဲ့ လူ့အဖွဲ့ အစည်းမှာ သူ့ကျွန်အဖြစ် အေးအေးဆေးဆေးနေမယ့်အစား အခြေခံလူ့အခွင့်အရေးအတွက် ရပ်တည်တိုက်ပွဲဝင်ဖို့ ကိုယ့်ဘဝကိုယ် ရွေးချယ်ကြပါ တယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ တရားမျှတမှုနဲ့ စာနာနားလည်မှုအပေါ် အရင်းခံတဲ့ ယုံကြည်မှုရှိမှသာလျှင်ဖြစ်မယ့် အကြမ်းမဖက်လှုပ် ရှားမှုတရပ်သာ ဖြစ်ပါတယ်။လူဆိုတာ မိမိကောင်းစားရေးကိုသာ အဓိကထားတဲ့ စီးပွားရေးအကျိုးအမြတ်ကိုသာ ရှေး ရှုတတ်သူ သတ္တဝါသာ ဖြစ်တယ်လို့ တချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် မိမိ ယုံကြည်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို စွဲကိုင်ပြီး ပြင်းထန်လှတဲ့ အပြစ်ပေးအရေး ယူမှုတွေ ကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖို့ ပြင်ဆင်ထားတဲ့ အမျိုးသား၊ အမျိုးသမီးတွေလည်း ဒုနဲ့ဒေး ရှိသေးတယ်ဆိုတာကိုကြည့်ယင် အဲဒီအဆိုဟာ သေးသိမ်ကျဉ်းမြောင်းလှတယ်ဆိုတာ သိ ပါလိမ့်မယ်။ ဒီလိုအမျိုးကောင်းသမီး၊ အမျိုးကောင်းသားတွေ ကျမတို့နိုင်ငံမှာ မြောက် များစွာရှိနေသေးတာကြောင့် ကျမ လွန်စွာအားတက်မိပါတယ်။
မြန်မာနိုင်ငံမှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တက်တက်ကြွကြွပါဝင်လှုပ်ရှားမှုတွေကြောင့် တော်လှန်ပြောင်းလဲမှုတွေ ပေါ်ပေါက် လာတတ်တဲ့ နိုင်ငံရေးယဉ်ကျေးမှုတရပ်ရှိတယ်လို့ အများကလက်ခံထားကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ သူတို့ရဲ့ နိုင်ငံရေးဘဝ ကို အစပြုခဲ့တဲ့ ကျမအဖေ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ငယ်ရွယ်နုနယ်တဲ့ ခေါင်းဆောင်များကြောင့် ကျမတို့နိုင်ငံရဲ့ လွတ်လပ် ရေးကြိုးပမ်းလှုပ်ရှားမှုဟာ အောင်ပွဲခံခဲ့ရပါတယ်။
ဒီလို ထူးထူးခြားခြား ရဲရင့်တက်ကြွတဲ့ ဆန့်ကျင်အာခံလိုစိတ်တွေနဲ့ သြဇာတိက္ကမကြီးမားလှတဲ့ အတိုက်အခံ အဖွဲ့အစည်းမျိုးကို ဘယ် လိုအာဏာရှင်အစိုးရမဆို ပစ်မှတ်ထားချေမှုန်းမှာ အသေအချာပါဘဲ။ ၁၉၆၂ ခုနှစ်ကတည်းက အာဏာရလာတဲ့ မြန်မာစစ်အစိုးရက တော့ အာဏာရပြီးသိပ်မကြာခင် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသားတွေ အ သင်းအပင်းဖွဲ့စည်းခွင့်ကိုပါ တရားမ၀င်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာတော့ အရပ်သားအရေခြုံထားတဲ့ စစ်အစိုးရတပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အုပ်ချုပ်မှု ကို မြန်မာပြည်သူတွေ ဆန့်ကျင်အာခံခဲ့ပါတော့တယ်။ တတိုင်းတပြည်လုံးမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့သူတွေကတော့ ကျောင်းသား ကျောင်းသူတွေဖြစ်ပြီး သူတို့ရဲ့ အဓိကတောင်းဆိုချက် တွေထဲက တခုကတော့ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ပဲ ဖြစ်ပါ တယ်။
ဒီအတွက် စစ်အာဏာရှင်တွေတုံ့ပြန်လိုက်တဲ့အဖြေကတော့ သူတို့ကို ပစ်သတ်လိုက်ကြတာပါပဲ။ ရှစ်နှစ်ကျော် ကြာလာတဲ့အထိ မြန် မာပြည်ကကျောင်းသား ကျောင်းသူတွေဟာ မိမိတို့အကျိုးဖြည့်ဆီးပေးပြီး မိမိတို့ အမှန်တကယ်လိုချင်တောင့်တလှတဲ့ ကျောင်းသား အဖွဲ့အစည်းမျိုးကို မတည်ထောင်နိုင်သေးပါဘူး။
အခု သိပ်မကြာလှသေးတဲ့ ဒီဇင်ဘာလကတောင်မှ ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကိုတောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြပွဲတရပ် ပေါ် ပေါက်ခဲ့ပြီး အဲဒီ ဆန္ဒပြပွဲတောင်းဆိုချက်တွေ လျစ်လျုရှုခံခဲ့ရပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေကို အင်အားသုံးဖြိုခွဲခဲ့ပြီး ကျမရဲ့ ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူငယ်ပါတီဝင်တွေကို အဆိုပါဆန္ဒပြပွဲ စီစဉ်ရာမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းခဲ့ပါ တယ်။ ကျမကိုလည်း ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။
နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတွေ တွေဆုံဆွေးနွေးတာဟာ အစိုးရကို ပုန်ကန်ခြားနားတယ်လို့ အမှန်တကယ်သာ ယူဆနေမယ် ဆိုယင် ကျမတို့နိုင်ငံမှာ ဝမ်းနည်းစိတ်မကောင်းစရာတွေ ထပ်ပြီးပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ကျမပါတီဟာ ကျောင်းသားတွေ ရဲ့မျှော်မှန်းချက်တွေကို စာနာထောက်ခံကြောင်း ဘယ်တုံးကမှာ လျှို့ဝှက် မထားခဲ့ပါဘူး။ ကျမတို့ဟာ မတူညီတဲ့မျိုးဆက်တွေအကြား နီးစပ်အောင် ကြိုးပမ်းနေပြီး ဒီလိုကြိုးပမ်းခြင်းအားဖြင့် ကျမတို့ရဲ့ရည်ရွယ်ချက်တွေနဲ့ အားထုတ်မှုတွေ ဆက်လက်ရှင်သန်တည်တန့်ပြီး ကျမတို့တိုင်းပြည်ရဲ့ အသွေးအသားထဲ ပေါင်းစည်းယှက်နွယ်သွားအောင် ဖြစ်ပါတယ်။
ကျမတို့ဟာ ကိုယ့်ထက်အဆမတန် သာလွန်တဲ့အင်အားတွေကို အံတုယင်း၊ စစ်အာဏာနဲ့ အစိုးရဗျူရိုကရက်ယန္တရား ပေါင်းစည်းထား တဲ့အားကို ဆန့်ကျင်အာခံယင်း တခါတလေမှာ သံသယတွေ ဝင်လာတတ်ပါတယ်။ ဘယ်လို သံသယမျိုးလဲဆိုတော့ လက်ရှိအမိန့် အာဏာတွေဟာ အမြဲတမ်းမပျက်မသုဉ်း တည်ရှိမယ့်အရာတွေဘဲလို့ ယုံကြည်နေသူတွေရဲ့ သံသယတွေပါပဲ။ လက်ရှိအခြေအနေကို ပဲ လက်ခံလိုက်တာဟာ အသင့်လျှော်ဆုံးဖြစ်မယ်လို့ နားလည်ယုံကြည်ထားသူတွေ အများကြီးရှိနေတာ အံ့သြစရာပါပဲ။
ကျမတို့ဟာ ပြောင်းလဲဖို့လိုတဲ့ကိစ္စတွေကို ပြောင်းလဲဖို့စွမ်းအားအပေါ် ယုံကြည်မှုရှိပေမဲ့ အာဏာရှင်စနစ်ကနေ လစ်ဘရယ်ဒီမိုကရေစီ ကို ကူးပြောင်းဖို့သွားတဲ့ ခရီးလမ်းဟာ လွယ်လိမ့်မယ်၊ ဒါမှမဟုတ် ဒီမိုကရေစီအစိုးရလက်ထက်မှာ ကျမတို့ရဲ့ပြဿနာတွေအားလုံး ပြေပျောက်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်ယောင်မှားခဲ့တာမျိုး မရှိပါဘူး။ ရှေ့မှာ ကျမတို့အတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတွေ စောင့်နေတယ်ဆိုတာ ကျမတို့သိသလို တည်ငြိမ်တဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် တည်ထောင်ဖို့အတွက် ကျမတို့ရဲ့ လှုပ်ရှားရုန်း ကန်မှုဟာ ကျမတို့ရဲ့ ဘဝသက်တမ်းမက ကြာမြင့်ကောင်း ကြာမြင့်လိမ့်မယ်ဆိုတာ ကြိုတင်မှန်းဆထားပါတယ်။
ဒါပေမဲ့ ဒီလို လှုပ်ရှားရုန်းကန်ရာမှာ ကျမတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာ နားလည်ပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှု ရှာဖွေရာ မှာ ကျမတို့ကိုဂရုဏာသက်သူတွေ ကမ္ဘာနဲ့အဝှန်း ရှိနေပါတယ်။ လူမျိုး၊ ဘာသာ၊ အသားအရောင်မရွေး နေရာတိုင်းက ခံစားတွေး တောတတ်တဲ့ လူသားတွေအနေနဲ့ အဓိပ္ပာယ်ရှိတဲ့ ဖြစ်တည်မှုကို လိုလားတောင့်တတာဟာ ရုပ်ဝတ္ထုပစ္စည်းတပ်မက်မှု သက်သက် ထက် အဆပေါင်းများစွာသာလွန်ပါတယ်။ နိုင်ငံရေးအခွင့်အရေးတွေ အပြည့်အဝရှိတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်ရနေတဲ့ ကံ ကောင်းလှသူတွေအနေနဲ့ ဆင်းရဲဒုက္ခတွေ ပြည့်နှက်နေတဲ့ ကျမတို့ကမ္ဘာကြီးရဲ့ အခြားနေရာတွေက ကံမကောင်းအကြောင်းမလှသူ တွေကို ကူညီဖို့ အင်မတန်လိုအပ်လှပါတယ်။
ကျမတို့လှုပ်ရှားရုန်းကန်မှုရဲ့ တစိတ်တပိုင်းကတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ကျမတို့ ဆင်းရဲမွဲတေနေရတာဟာ လုံလောက် တဲ့ ရင်းမြစ်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှားပါးလွန်းလို့မဟုတ်ဘဲ အုပ်ချုပ်မှုကောင်းကောင်း ပေါ်ထွန်းစေတဲ့ အခြေခံအဆောက်အအုံတွေနဲ့ အလေ့အကျင့်တွေ နည်းပါးလွန်းလို့သာဖြစ်တယ် ဆိုတာကို သိမြင်နားလည်စေခြင်း ပါပဲ။
ဖိနှိပ်လွန်းတဲ့ အစိုးရတွေနဲ့ဆက်ဆံဖို့ နောက်တွန့်စိုးရွံ့ခြင်းမရှိတဲ့ နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးတွေ အများအပြား ရှိနေပါတယ်။ သူတို့ အနေနဲ့ မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်ဖို့ လာရောက်ရတာဟာ ဒီမိုကရေစီလုပ်ငန်းစဉ်ကို အကူအညီဖြစ်စေဖို့သာ ဖြစ်တယ်လို့ အ ကြောင်းပြလေ့ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအာဏာနဲ့စီးပွားရေးကို လက်ဝါးကြီးအုပ်၊ ချမ်းသာပြီးသားလူတစုကိုသာ ပိုမိုချမ်းသာစေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဒီမို ကရေစီစနစ်အတွက် အခြေခံအုတ်မြစ်တွေဖြစ်တဲ့ လွတ်လပ်မှုနဲ့တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် အတွေးအခေါ်လွတ်လပ်မှုနဲ့ လူသားဆန်တဲ့စိတ်ကူးစံတွေကို မြှင့်တင်ပေးနိုင်မယ့် စွမ်းအားဖြန့်ကျက်ဖို့ စိတ်ဝင်စားသူ ဘယ် သူမဆို မြန်မာစစ်အစိုးရနဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ ကုမ္ပဏီတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရပ်တည်သွားပါလို့ တိုက်တွန်း ချင်ပါတယ်။ ကျေးဇူးပြု၍ ကျမတို့ရဲ့လွတ်လပ်မှုကို မြှင့်တင်ဖို့ ရှင်တို့ရဲ့လွတ်လပ်မှုကို အသုံးချပေးပါလို့ တောင်းပန်ပါရစေ။
(ဝါရှင်တန်မြို့တော် အမေရိကန်တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့လက်ခံမိန့်ခွန်းကို အခြေခံသည့် New York Times နှင့်
International Herald
(၃)
ဂျာဝါဟာလားလ်နေရူး ဆုချီးမြှင့်ပွဲသို့ ပေးပို့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုလက်ခံမိန့်ခွန်း နယူးဒေလီ၊ အိန္ဒိယနိုင်ငံ၊ ၁၉၉၃
သမတကြီး၊ ဒုသမတကြီး၊ ဝန်ကြီးချုပ်၊ နေရူးဆုကော်မတီဝင်များ၊ သံတမန်များ၊ဂုဏ်သရေရှိဧည့်သည်တော်များနှင့် မိတ်ဆွေမျာရှင့် ...
ဒီဆုပေးပွဲ အခါသမယဟာ ခံစားချက်အမျိုးမျိုးကို ပေါ်ပေါက်စေပါတယ်။ ကျမကို အိန္ဒိယနိုင်ငံက လူပေါင်းများစွာနဲ့ သံယောဇဉ်တွယ်မိစေတဲ့၊ အားကောင်းတဲ့ ချစ်ကြည် ရင်းနှီးမှုနှောင်ကြိုးတွေ ဘုံနိုင်ငံရေးစိတ်ကူးစံတွေ ရှိပါတယ်။ ကျမဘဝမှာ အိန္ဒိယနိုင်ငံ အကြောင်း၊ "ပန်ဒစ်ကြီး" လို့ ကျမတို့မိသားစုကအမြဲခေါ်တဲ့ ပန်ဒစ်နေရူးအကြောင်း ရင်းနှီးကျွမ်းဝင်မဖြစ်ခဲ့တဲ့ အချိန်ကာလဆိုတာ မရှိခဲ့ပါဘူး။ သူ့ကိုအမှတ်တရနဲ့ ထူ ထောင်ထားတဲ့ နိုင်ငံတကာနားလည်မှု ဆုတံဆိပ်ချီးမြှင့်ခံရတာဟာ ကျမအတွက် ဂုဏ် ယူဝမ်းသာစရာ ဖြစ်ပါတယ်။
တဖက်ကကြည့်ရင် ဒီဆုကို ကျမ လူတဦးချင်းအနေနဲ့ ရတာမဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ကိုယ်စားလှယ်တယောက် အဖြစ်ရတာကို ကောင်းကောင်း သ ဘောပေါက်ပါတယ်။ အဲဒါကြောင့် ကျမမှာ လူသားပီသတဲ့ မေတ္တာကရုဏာစိတ်နဲ့ ကျေးဇူးတင်ဝမ်း မြောက်စိတ် ပြည့်လျှံသွားမိပါတယ်။ ကမ္ဘာတလွှားမှာ လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် ထူးထူးချွန်ချွန် အကျိုးဆောင်ခဲ့သူတွေကို ချီးမြှင့်တဲ့ ဘွဲ့ ထူးဂုဏ်ထူးတွေလက်ခံဖို့ ကျမ အရွေးချယ်ခံရတိုင်း အဲသလိုစိတ်မျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကျမရဲ့ တိုင်းပြည်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု စောင့်ရှောက်မခံရဘဲ ကျမတို့ပြည်သူလူထုကို လုံခြုံပြီးသိက္ခာရှိတဲ့ ဘဝရပ်တည်မှု အာမခံချက်ပေးမယ့် အခြေခံမူတွေ ရပိုင်ခွင့်တွေရဖို့အတွက် မိမိတို့ရဲ့ဘဝနဲ့ မိမိတို့ရဲ့လွတ်လပ်မှုသာမက မိမိတို့အသက်တွေတောင် စွန့်လွှတ်စွန့်စားနေသူ အမျိုးသား အမျိုးသမီးတွေ အများကြီးရှိနေပါတယ်။ ဒီသတ္တိပြောင်တဲ့ အမျိုးသား အမျိုးသမီးတွေရဲ့တိုက်ပွဲကို မီးမောင်းထိုးပြဖို့ အခွင့်အလမ်း ရတဲ့အတွက် ကျမကျေးဇူးတင်ပါတယ်။ လူသားနွယ်တရပ်လုံးအတွင်းမှာ သူတို့တတွေကိုယ်စား နိုင်ငံတကာနား လည်မှုဆိုင်ရာ နေရူး အမှတ်တရဆု လက်ခံခွင့်ရတဲ့အတွက်လည်း ကျမကျေးဇူးတင်ပါတယ်။
ကျမဟာ လွတ်လပ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် အင်မတန့်ကို စွန့်လွှတ်စတေးခဲ့သူတွေကို ဦးညွတ်ဂုဏ်ပြုချင်တဲ့ ဆန္ဒ ပြင်းပြနေသလို အိန္ဒိယနိုင်ငံနဲ့ ကျမရဲ့နှောင်ကြိုးတွေကို တဖန်ပြန်ထူထောင် အချောကိုင်ဖို့လည်း ဆန္ဒပြင်းပြနေတဲ့အတွက် ဒီက နေ့ လူကိုယ်တိုင်လာရောက်ပြီး ဆုလက်ခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ အခြေအနေမပေးလို့ မဖြစ်နိုင်တဲ့အတွက် ကျမရဲ့ကိုယ်စားအဖြစ် အင် မတန်ချစ်ခင်တဲ့ မိသားစုမိတ်ဆွေလည်းဖြစ်၊ "ဂုဏ်ထူးဆောင်" ဒေါ်လေးလည်းဖြစ်သူကို ထိုက်ထိုက်တန်တန် ရွေးချယ်ခဲ့ပါတယ်။ သူ မဟာ ကုလသမဂ္ဂအတွင်းရေးမှူးရုံးရဲ့ ပထမဆုံးမြန်မာလူမျိုး ရုံးအဖွဲ့ဝင်ဖြစ်ပြီး နိုင်ငံတကာနားလည်ရေးအတွက် ထက်ထက်သန်သန် ဆော်သြခဲ့ လက်တွေ့ကျင့်သုံးခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ကျမကိုယ်စား ဆုချီးမြှင့်ပွဲနဲ့ထိုက်သင့်တဲ့ ဂုဏ်ကြက်သရေအပြည့်နဲ့ ဆု လက်ခံမယ် ဆိုတာ ကျမ ယုံကြည်ပါတယ်။
နိုင်ငံတကာနားလည်မှုရှိရေးအတွက် ပန်ဒစ်နေရူးရဲ့ အကျိုးပြုချက်တွေက သူ့ဘဝတသက်တာအတွင်း ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူပါဝင် ကပြခဲ့တဲ့ အခန်းထက် ကျော်လွန်ပြီး ထွေပြားတဲ့ယဉ်ကျေးမှုဓလေ့တွေကြား၊ အမျိုးမျိုးအဖုံဖုံ သော သဘောတရားဝါဒရေးရာတွေကြား ကွာဟချက်ကို ကျဉ်းမြောင်းလျော့ကျစေခဲ့ပါတယ်။ ရုပ်ဝတ္ထုစွမ်းပကား ပိုလို့ ပိုလို့တွင်ကျယ်လာတဲ့ကမ္ဘာကြီးမှာ တလောကလုံးဆိုင်ရာ လူသားတန်ဖိုးစံတွေ ထူထောင်နိုင်ဖို့ တိုက်ပွဲဝင်ရုန်းကန်နေကြတဲ့ ပြည်သူလူအများကို နေရူးဝိညာဉ်က အားပေးအကျိုးပြုနေပါတယ်။
ကျမအချုပ်အနှောင်ခံနေရတဲ့ နှစ်ကာလတွေအတွင်းမှာ မဟတ္တမဂန်ဒီနဲ့ ပန်ဒစ်နေရူးတို့ရဲ့ စကားတွေ စာတွေဟာ အစဉ်တစိုက် စိတ် ဓာတ်မြှင့်တင် အားပေးနေခဲ့ပါတယ်။ ဒီကြီးကျယ်မြင့်မြတ်လှတဲ့ အိန္ဒိယအမျိုးသားနှစ်ယောက်ကို ကျမအလေးစားအကြည်ညိုဆုံး ရှေ့ဆောင်လမ်းပြတွေ၊ ဆရာသမားတွေ၊ မိတ်ဆွေတွေစာရင်းထဲ ထည့်ထားပါတယ်။ ကျမ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံခဲ့ရတဲ့ ခြောက် နှစ်တာကာလတလျှောက်လုံး ကျမအိမ်ရှေ့ခန်းမမှာ ပန်ဒစ်ကြီးကိုယ်တိုင်ရေး အထုပ္ပတ္တိထဲက ထာဝရရှင်သန်နေမယ့်စကားတွေကို ကောက်နှုတ်ပြီး ပိတ်ကားချပ်ပေါ် ရေးကူးချိတ်ဆွဲထားပါတယ်။ ဒီစကားတွေဟာ ကျမအပေါ် နက်နက်ရှိုင်းရှိုင်း စွဲထင်နေတဲ့အတွက် အဲဒီထဲကတပိုဒ်ကို ကိုးကားပါရစေ။
တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးတို့သည် အိန္ဒိယနိုင်ငံကို ဗြိတိသျှအုပ်စိုးမှု၏ ဂုဏ်ယူဖွယ်အောင်မြင်ချက်များထဲ ပါဝင်သည် ဟု ကျနော်တို့ကို သင်ကြားခဲ့သည်။ ကျနော်၏ကိုယ်ပိုင်အသိစိတ်အရ ယင်းတရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို လုံးဝလို လားထောက်ခံပါသည်။ ကျနော်သည် စည်းကမ်းရှိရှိနေထိုင်ခြင်းကို နှစ်သက်ပြီး မင်းမဲ့ဝါဒ၊ စည်းကမ်းမဲ့ ဗရုတ်သုက္ခဖြစ်မှုနှင့် စွမ်း ဆောင်ရည်မဲ့မှုကို မနှစ်ခြိုက်ပါ။ သို့ရာတွင် ခါးသီးသောအတွေ့အကြုံကြောင့် ပြည်သူလူထုအပေါ် နိုင်ငံတော်အစိုးရများက ချမှတ် သည့် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး၏ တန်ဖိုးကို ကျနော်သံသယဖြစ်မိပါသည်။ တခါတရံတွင် ယင်းတန်ဖိုးအတွက် ပေး ဆောင်ရသည့် စရိတ်မှာလွန်ကျူးလှပြီး တရားဥပဒေစိုးမိုးရေးဟူသည်မှာ ကြီးစိုးလွှမ်းမိုးနေသည့် ဂိုဏ်းတရပ်၏ ဆန္ဒသဘောထားသာ ဖြစ်ပြီး ငြိမ်ဝပ်ပိပြားရေးဟူသည်မှာလည်း အသွေးအသားထဲအထိ စိမ့်ဝင်နေသည့် ကြောက်ရွံ့မှု၏လွန့်တုန့်ချက် reflex သာ ဖြစ် သည်။ တခါတရံတွင် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးဟု ခေါ်ဆိုကြသည့်အရာမှာ လက်တွေ့တွင် တရားဥပဒေနှင့်ငြိမ်ဝပ် ပိပြားခြင်း ကင်းမဲ့မှုဟု ပို၍သင့်တော်စွာခေါ်ဝေါ်နိုင်ပေသည်။ အပြန့်အနှံ့ဖြစ်နေသည့် ကြောက်ရွံ့မှုအပေါ် အခြေခံထားသော မည် သည့်အောင်မြင်မှုမဆို နှစ်လိုဖွယ်ရာဖြစ်နိုင်ရန်ခဲယဉ်းလှပြီး နိုင်ငံတော်အစိုးရ၏ အကြပ်ကိုင်ခြိမ်းခြောက်မှုယန္တရားပေါ် အခြေခံထား ကာ ယင်းယန္တရားနှင့် ခွဲခြားမတည်ရှိနိုင်သော 'ငြိမ်ဝပ်ပိပြားရေး' ဆိုသည်မှာလည်း အရပ်ဖက်အုပ်စိုးမှုထက် စစ်ဖက်သိမ်းပိုက်စိုးမိုးမှု နှင့် ပိုတူနေပါသည်။ ကဗျာဆရာကြီး ကဠဏ၏ သက်တမ်းထောင်ချီရှိပြီဖြစ်သည့် ရာဇတရံဂဏိ အမည်ရှိ ကက်ရှ်မီးယား ရာဇဝင် ဇာတ်တော်ကြီးထဲတွင် မင်းနှင့်နိုင်ငံတော်အစိုးရတို့က စောင့်ထိန်းရန်တာဝန်ရှိသော ဓမ္မ (မှန်သောတရား) နှင့် အဘယ (အကြောက် အရွံ့မဲ့မှု) တို့ကို တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး အဓိပ္ပာယ်ဖြင့် ထပ်တလဲလဲသုံးနှုန်းထားသည်ကို တွေ့ရှိရသည်။ တရား ဥပဒေ စိုးမိုးရေးဆိုသည်မှာ တရားဥပဒေ မည်ကာမတ္တထက်သာလွန်သလို ငြိမ်ဝပ်ပိပြားရေး ဆိုသည်မှာလည်း ပြည်သူပြည်သားများ အနေဖြင့် အကြောက်အရွံ့မဲ့ခြင်းကို ဆိုလိုခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ပြည်သူလူထုအပေါ် 'ငြိမ်ဝပ်ပိပြားမှု' သက်ရောက် စေခြင်းထက် အကြောက်အရွံ့မဲ့မှုကို ပျိုးထောင်စိမ့်ဝင်စေသည့်စိတ်ကူးက အများကြီးပို၍ နှစ်လိုဖွယ်ပါ တကား။
အဲဒီအပိုဒ်မှာ ပန်ဒစ်နေရူး ဖော်ပြထားတဲ့ ခံစားချက်တွေဟာ ကျမရဲ့ခံစားချက်တွေနဲ့ လုံးဝတထပ်တည်း ဖြစ်ပါတယ်။ သူနဲ့ကျမ တူ ညီတာတွေ အများကြီးရှိတယ်လို့ မကြာခဏဆိုသလို ကျမခံစားမိပြီး အမေနဲ့အတူ အိန္ဒိယမှာ ကျမနေတဲ့ကာလတွေတုံးက ပန် ဒစ်ကြီးနဲ့ ပိုရင်းနှီးအောင်လုပ်နိုင်တဲ့အခွင့်အလမ်း မယူမိခဲ့တာကို နောင်တရမိပါတယ်။ အဲဒီတုံးကတော့ သူ့ကို ကျမမိဖတွေရဲ့ မိတ် ဆွေတယောက်အဖြစ်လောက်ပဲ သဘောထားမိခဲ့ပြီး တနေ့ကျရင် ကျမကိုယ်တိုင်ရဲ့မိတ်ဆွေအဖြစ် သဘောထားမိမှာကို တခါမှ မစဉ်း စားမိခဲ့ပါဘူး။
ပန်ဒစ်နေရူးဟာ လူမျိုးရေးနဲ့ အသားအရောင်တံတိုင်းတွေ မျိုးဆက်တံတိုင်းတွေကို သူ့ရဲ့ နွေးထွေးတဲ့ လူသားဆန်မှု မေတ္တာကရုဏာ ဓာတ်နဲ့ မကြာခဏဖြတ်ကျော်ခဲ့ပါတယ်။ ကျမအဖေဟာ မြန်မာပြည်လွတ်လပ်ရေးအတွက် လန်ဒန်ကိုသွားဆွေးနွေးတဲ့အခါ ဒေလီမှာ ခဏနားပြီး ပန်ဒစ်နေရူးနဲ့ တခြားအိန္ဒိယခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပန်ဒစ်ကြီးဟာ သူ့ထက် (၂၆) နှစ်ငယ်တဲ့ ကျမအဖေ အပေါ် ဖခင်စိတ် ချက်ချင်းပြခဲ့ပါတယ်။ အဖေ့ရဲ့ နွမ်းဖတ်ဖတ် ပါးလှပ်လှပ် ချည်ယူနီဖောင်းကို ကြင်နာတဲ့မျက်လုံးနဲ့ ဝေဖန်ပိုင်းခြားပြီး အဲဒီ အဝတ်အစားနဲ့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပန်ဒစ်ကြီးက အပ်ချုပ်ဆရာတွေကို ပုံစံကျကျ ထူထူထဲထဲ သိုး မွှေးယူနီဖောင်း လေး-ငါးထည် အမြန်ချုပ်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံဟာ အဲဒီတုံးက တသက်မှာမကြုံဖူးအောင်အေးတဲ့ ဆောင်းရာသီကိုတွေ့နေရတာ ကြားရတဲ့အတွက် ပန်ဒစ်ကြီးက အပေါ်ဝတ်ရုံအနွေးထည်ကြီး (ဂရိတ်ကုတ်) တထည်ကိုလည်း တနေ ရာကဆွဲပေးခဲ့ပါတယ်။ ကျမအဖေရဲ့ လူသိများတဲ့ဓာတ်ပုံတပုံမှာ သူ့အတွက်အတော်လေးကြီးနေတဲ့ အဲဒီ ဂရိတ်ကုတ်ကြီးထဲ မြုပ်ဝင် နေတာကို ပြထားပါတယ်။
၁၉၆၀ မှာ ကျမအမေ အိန္ဒိယနိုင်ငံဆိုင်ရာသံအမတ် ခန့်အပ်ခံရတဲ့အခါ ပန်ဒစ်နေရူးက ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး စောင့်ရှောက် ခဲ့ပါတယ်။ အများပြည်သူပွဲလမ်းသဘင်တွေမှာဆိုရင်လည်း အမေ့ကိုတမင်ရွေးပြီး နေကောင်း ကျန်းမာလား မေးလေ့ရှိခဲ့ပါတယ်။ ဒီလို လူသားဆန်တဲ့ နွေးထွေးမှုအမူအရာမျိုးတွေနဲ့ ပန်ဒစ်နေရူးဟာ လူမျိုးမရွေး ဘာသာမရွေး ပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို ရယူ နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ဒီမိုကရေစီ ယုံကြည်ချက် နိုင်ငံတကာ့ဝါဒယုံကြည်ချက်တွေကို လက်မခံသူတွေကတောင် သူ့ ဉာဏ်ပညာနဲ့ ရိုးဖြောင့်မှုကြောင့် လေးစားသွားကြ ပါတယ်။
ဒီမိုကရေစီနိုင်ငံရေးစနစ်ဟာ ကျမတို့ရဲ့ ခြောက်ပစ်မကင်းကမ္ဘာကြီးကို ဖိစီးနှိပ်စက်နေတဲ့ ပြဿနာတပုံတခေါင်းအတွက် အကောင်း ဆုံးဖြေရှင်းချက်တွေ ပေးစွမ်းနိုင်တယ်လို့ ယုံကြည်ကြတဲ့ ကျမတို့အဖို့ ပန်ဒစ်နေရူးနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ အောင်မြင်မှုတွေက အင်မတန့် ကို အားဖြစ်စေပါတယ်။ ဒီအိန္ဒိယတိုက်ငယ်ဟာ လူမျိုးတွေ၊ ဘာသာစကားတွေနဲ့ အယူဝါဒတွေ အများကြီးရှိနေတဲ့တိုက်ငယ် ဖြစ် တယ်၊ ဒီနိုင်ငံဟာ တုန်လှုပ်ခြောက်ခြားစရာကောင်းလှတဲ့ လူမျိုးရေး-ဘာသာရေးအဓိကရုဏ်း၊ အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်မှုတွေ ကြောင့် အနေအထားတွေ ဖရိုဖရဲဖြစ်သွားပြီး လပိုင်းအတွင်းမှာ ကံကြမ္မာနဲ့ချိန်းဆိုချက်အတိုင်း ရင်ကော့ခေါင်းမော့ပြီး ရှေ့တက်လှမ်း သွားခဲ့တဲ့ နိုင်ငံဖြစ်တယ်၊ လူသားရဲ့ ဝမ်းတွင်းပါဂုဏ်သိက္ခာကို လေးစားပြီး လွတ်လပ်ဖို့နဲ့ ကိုယ့်ဖာသာကိုယ်အုပ်ချုပ်ဖို့ ထိုက်တန်တဲ့ သတ္တဝါအဖြစ် တန်ဖိုးထားတဲ့စနစ်က မထိန်းချုပ်နိုင်တဲ့ပြဿနာမရှိဘူးဆိုတာကို ဒီကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးက အကောင်း ဆုံး သက်သေပြနေ ပါတယ်။ ကျမတို့ နိုင်ငံလည်း မဝေးတော့တဲ့တနေ့မှာ ပြည်သူလူထုရဲ့ဆန္ဒသဘောထားက ရှေ့ဆောင်လမ်းပြပြီး ဓမ္မနဲ့ အဘယတို့စိုးမိုးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မြန်မာပြည်သူအများတကာ့ အများစုကြီးက နှစ်နှစ်ကာကာမျှော်လင့်နေ ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ နယ်မြေချင်းစပ်နေရုံမကပါဘူး။ မြန်မာ့ယဉ်ကျေးမှုရဲ့ ကျောရိုးဖြစ်တဲ့ ဗုဒ္ဓဘာသာဟာ အိန္ဒိယမြေပေါ် က ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကျမတို့ခေတ်ကာလရဲ့ ဧရာမနည်းပညာတိုးတက်မှုတွေကြောင့် ကမ္ဘာကြီးဟာ ပိုပြီးသေးငယ်လာ ပေမဲ့ ပိုရှုပ်ထွေးပြီး အင်မတန်အန္တရာယ်ကြီးနိုင်စရာ ဖြစ်လာပါတယ်။ ဒီလိုကမ္ဘာကြီးမှာ ဗုဒ္ဓဝါဒကသင်ကြားပေးတဲ့ မေတ္တာ၊ ကရုဏာ၊ သည်းခံခွင့်လွှတ်မှုနဲ့ မိမိကိုယ်မိမိထိန်းချုပ်မှုတို့ဟာ တန်ဖိုးရှိလှတဲ့ အရည်အသွေးတွေ ဖြစ်ပါတယ်။ လူမျိုးအားလုံး လူအားလုံးကို ဘုံ လူသားနွယ်ဖြစ်မှုက စည်းနှောင်ထားတာကို အသိအမှတ်ပြုဖို့၊ တယောက်ကိုတယောက် ပိုနားလည်စေတဲ့ အရည်အသွေးတွေကို မြေ တောင်မြှောက်ပေးဖို့ တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။ သူတို့ရဲ့အမြော်အမြင်ကျယ်ပြောမှုနဲ့ တစိမ်းတရံစာနှလုံးသားတွေကို သိမ်းကျုံးယူနိုင်ခဲ့တဲ့ မဟတ္တမဂန္ဒီနဲ့ ပန်ဒစ်နေရူးတို့လို ကြီးကျယ်မြင့်မားမှု တခါမှမကြုံဖူးအောင်ကို လိုအပ်နေပါပြီ။
ဒီကနေ့ အိန္ဒိယနိုင်ငံဟာ သူ့ရဲ့ကြီးမြတ်တဲ့ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ဆက်လက်လျှောက်လှမ်းနေပါတယ်။ ကျမရဲ့ နှလုံးသားနဲ့ အင်မတန့်ကိုရင်းနှီးလှတဲ့ ဒီနိုင်ငံကနေ နိုင်ငံတကာ့နားလည်မှုဆိုင်ရာဆု လက်ခံယူဖို့ ရွေးချယ်ခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်ပါတယ်။ သမတကြီးနဲ့ နေရူးဆုကော်မတီဝင်များရှင့်၊ ကျမရဲ့တိုင်းပြည်၊ ကျမရဲ့ပြည်သူတွေနဲ့ ကျမကိုယ်တိုင်ကို ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင် ပါတယ်။
(ဒေါ်သန်းအေးက သမတကြီး ဒေါက်တာရှန်ကာဒါယားရှားမ ထံမှ ဒေါ်စုကိုယ်စား ဆုလက်ခံယူခဲ့သည်။)
ဘာသာပြန်... ဂါမဏိ၊ ထိုက်သူနိုင် နှင့် အမည်မသိသေးသူ တဦးဖြစ်ပါသည်။
ငြိမ်းချမ်းရေး စတစ်ကာကပ်သူ အမေရိကန်နိုင်ငံသားခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ
သံဃာ့တပ်ပေါင်းစုမှ အရှင်သောပါကနဲ့ Garrett Kostin
အမေရိကန်နိုင်ငံသားခရီးသည်တစ်ဦး မြန်မာနိုင်ငံမှ နှင်ထုတ်ခံရ
အမေရိကန်နိုင်ငံသား Garrett Kostin ဆိုသူသည် ယနေ့ မေလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရ သည်ဟု သိရသည်။ သူ၏ မြန်မာနိုင်ငံအတွင်း လှည့်လည်သွားလာနိုင်သော ဗီဇာသက်တမ်းမှာ မေလ ၁၀ ရက်နေ့မှ ပြည့်မည်ဖြစ်သည်။
သတင်းအရ ယနေ့နံနက်ပိုင်းတွင် သူ့ကို သူတည်းခိုရာ ဟိုတယ်မှ ထောက်လှမ်းရေးရဲနှင့်လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများ မန္တလေးလေဆိပ်သို့ခေါ်ဆောင်သွားခဲ့ပြီး ထိုမှနေပြည်တော်(ကြပ်ပြေး)၊ ထိုမှ ရန်ကုန်လေဆိပ်၊ ထိုမှ ဘန်ကောက်မြို့သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။
Garrett Kostin ကပ်ခဲ့တဲ့ ငြိမ်းချမ်းရေး စတစ်ကာ
သူ့မိတ်ဆွေတစ်ဦး၏ ပြောပြချက်အရ သူသည် ငြိမ်းချမ်းရေးချိုးငှက်အမှတ်တံဆိပ်(Peace in Burma Now) စတစ်ကာများကို သူလှည့်ပတ်ခဲ့ရာ နေရာများ(ဘားအံ၊ သီပေါ၊ မန္တလေး၊ ပြင်ဦးလွင် ….. စသည့်) နေရာအနှံ့ တွင် လိုက်လံကပ်ခဲ့ကြောင်း သိရသည်။ မန္တလေးလေဆိပ်တွင်ပင် နေရာ ၃ နေရာထက်မနည်းကပ်ခဲ့သေး ကြောင်းသိရှိရသည်။
သူ့ကို မြန်မာအာဏာပိုင်များအနေဖြင့် နိုင်ငံသားများကို နှိပ်စက်သလို ညှင်းပန်းနှိပ်စက် မေးမြန်းခဲ့ခြင်းမရှိကြောင်း သိရသည်။ သူသည် ဧပြီလကတည်းက မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာဖြင့် ၀င်ရောက် လည်ပတ်ခဲ့သူဖြစ် သည်။
သူ့အနေဖြင့် မေ ၁၁ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ဆောင်ရွက်နေသူ အရှင် သောပါက နှင့်တွဲဘက်၍ “ Burma VJ ” မှတ်တမ်းရုပ်ရှင်ကို ရှင်းလင်းပြသမည်ဟုလည်း သိရသည်။
လာမယ့် ဇွန် ၁၉ ရက်တွငလည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သူတည်ထောင်ထားသော ချင်းမိုင်မြို့ရှိ The Best Friend Library (မိတ်ဆွေကောင်းစာကြည့်တိုက်) တွင် သူနှင့် Andrea ဆိုသူတို့ ပူးတွဲပြီး “ Responsible Tourism in Burma ” အကြောင်းနှင့်ပတ်သတ်၍ နှီးနှော ဖလှယ်ပွဲကျင်းပသွားမည်ဟုလည်း သိရှိရပါသည်။
မဲဆောက် ရောက်စဉ်တုန်းက ခေတ္တတွေ့ခွင့်ရတဲ့ မစ္စတာGarrettပါ။ ဖော်ရွေပြီး အစဉ်အမြဲပြုံးရွှင်နေသူပါ... ချင်းမိုင်မှာ မြန်မာလူမျိုးတွေအတွက် The Best Friend Library စာကြည့်တိုက် ဖွင့်ဖို့ကြိုးစားနေခဲ့သူ တစ်ယောက်အနေနဲ့ လေးစားခဲ့ရပါတယ်။ ငြိမ်းချမ်းရေး စတစ်ကာကပ်တာကို ဖမ်းဆီး အရေးယူတယ် ဆိုတော့ ငြိမ်းချမ်းရေးမလိုလားသူ၊ ငြိမ်းချမ်းရေးနဲ့ မတန်သူတွေလို့ ကောက်ချက်ချလို့ ရတာပေါ့ Garrett ရေ။ မြန်မာပြည် လွတ်မြောက်ရေးအတွက် အခုလိုတစ်တပ်တအား ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ အမေရိကန်နိုင်ငံသား Garrett Kostin ကိုချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။
ဒီမိုဝေယံ---မှ




.jpg)

