Saturday, July 24, 2010

ဝိညာဉ် များနှင့်အတူ

ကိုယ် ရှေ့မှာမတရားတာကိုမြင်တာကစ တော်လှန်သူဘ၀ရောက်ခဲ့ရတာ ခုရော မတရားတာတွေကိုမျက်ကွယ်ပြုထားမယ်ထင်သလား အသက်ပိုကြီးလာတာအသိတရားပိုကြီးဖို
နဲ့ ရင့်ကြတ်လာဖို့ ပဲ ။ ကိုယ့်အယူအဆတွေဒီထက်ပိုခိုင်မာလာသမျှ မတရားမှုဟူသမျှ ဖေါ်ထုတ်ရမယ်။ရှင်းထုတ်ရမယ်။

ရှစ်ဆယ့်ရှစ်ရဲ့ည
ကျမကလေးဘ၀ပါ--
အကျီ င်္အဖြူ စကက်အစိမ်းနဲ့ 
ကျမလည်း စွာရဲခဲ့သူပဲပေါ့
ထ(၁) အင်းစိန် စုရပ် က
ရှစ်ဆယ့်ရှစ် ညအတွက်
ထင်ရှားတဲ့မှတ်တိုင်ပေါ့
အင်းစိန် ဆူးလေထိ လမ်းလျောက်
ကျမအဲဒီည အိမ်ကပျောက်ခဲ့တယ်

ပူလောင်စပ်ဖျင်း မောပမ်းခြင်းနဲ့ အတူ
အာခေါင်ကွဲအက်အသံတွေမထွက်တော့တဲ့ညပေါ့
ဒါပေမဲ့ဘေးဝဲယာက ပြည်သူ့ အသံ
ပင်ပမ်းရဒဏ်ပြေပြီပဲလေ

ဆားသံပရာခွံ့ ကျွေးလာတဲ့ပြည်သူ
ဖြူဖြူမဲမဲ ကျမနုတ်ခမ်း ဟပေးမြဲပေါ့
ဘယ်သူဦးဆောင်ဦးဆောင်
အားလုံးဟာတစ်သံတည်းပါ
အရေးတော်ပုံအောင်ရမည်

တဖြောင်းဖြောင်းလက်ခုတ်သံတွေရဲ့ကြား
မြို့ တော်ခမ်းမရှေ့ကိုရောက်သွားကြပြီ
ကျမကိုချီမရဲဘော်တစ်ဦးက
ငါ့ညီမငယ် ဒါဟောကွယ်တဲ့
ဘယ်သူဘယ်ဝါမသိ
ကျမစာရွက်ကိုင်ပြီးအသံကုန်ဟစ်တော့
လက်ခုတ်သံတွေမဆဲ
ဟုတ်တယ်ဟုတ်တယ်သြဘာပေး
ကျမ နထင်သွေးကြွ
အဲဒါကျမရဲ့တော်လှန်ရေးအစပါ
တက်နိုင်သူကလက်ကိုင်ပ၀ပလေးတွေဝေငှ
မျက်ရည်ယိုဗုံးသတင်းပျံ့လွင့်
အားလုံးဟာကြောက်ရွံ့ခြင်းအလျဉ်းမဲ့ညပေါ့
ခွန် ခွန် (၇၇) လာတယ်ဟေ့
ပစ် ခိုင်းလို့ ပြန်သွားတယ်တဲ့
ဟော -- ခုလာတာ နှစ်နှစ် (၂၂)
ချင်းတပ် အသစ်ဆိုပဲ
ပစ် ပစ် ကွာ ဒို့ ဆန္ဒကမ္ဘာသိစေရမယ်
ကျောင်းသားတစ်ဦးရဲ့အသံ

အဲဒီ့နောက် ဒိုင်း ဒိုင်း ဒိုင်း
ကျမကိုလူတစ်ယောက်ဆွဲပြေး
ဗန္ဓုလပန်းခြံဘေးကလက်မှတ်ရုံလေးကြားမှာ
ကျမတုန်ရီစွာနဲ့

ပစ်တယ်ဟပစ်တယ်ဟအသံကြားရာလှည့်ကြည့်
ကျမမျက်စိမမှားခဲ့ပါဘူး
ဖြူစိမ်း ရင်ဖုန်းနဲ့ကျောင်းဆရာမတစ်ဦး
သူနဲ့အတူကျောင်းသားနှစ်ဦးဝမ်းလျားမှောက်ကျ
သွေးအိုင်ထဲမှာ အဲဒီ့ညပေါ့

ကျမဒူးတုန်လို့ ရှေ့ဦးတည်ရာပြေး
လသာကပြည်သူဖေးမကူလို
အသက်ရှင်သန်ခွင့် ရခဲ့သေးပေမဲ့
ရှစ်ဆယ့်ရှစ်ညရဲ့ဝိညာဉ်များဟာ
ကျမတို့ နဲ့ အတူခုချိန်ထိ
တိုက်ပွဲဝင်နေဦးမှာအသေအချာပါ---
ခုလိုလ ရဲ့ ရှစ်ရှစ်(၈၈)ညတွေဟာ
အသစ်အသစ်သောဝေဒနာကိုရစေတာမို့ 
အာဏာရှင်မကျမချင်းအံကြိတ်အားခဲရင်းနဲ့ 
အမြဲထာဝရ သင်တို့ ဝိညာဉ်များ နဲ့ အတူတကွ--

မေအိခင်(လယ်ဝေး)


မိမိသည် ရှစ်လေးလုံးည တွင်မြို့ တော်ခန်းမရှေ့အထိပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးချိန်ထိ ဆက်လက်
ဆန္ဒပြသည့်အတွက် ၁၉၈၉ မတ်လတွင်(၅)လနီးပါးထောင်သွင်းအကျဉ်းချခံခဲ့ရပြီးနောက် ၁၉၉၆ တွင်
ဒီဇင်ဘာ ကျောင်းသားလှုပ်ရှားမှု နှင့်ပတ်သတ်ပြီး (အမျိုးသားီးမိုကရေစီအဖွဲ့ ချုပ် လူငယ်တာဝန် ယူ
စဉ်) ထောင် ( ၇ ) နှစ် ကျခံခဲ့ရသည်။။ ဤ ကိုယ်တွေ့ ဖြစ်ပျက် ခဲ့သည့် ကဗျာ အား နှစ်စဉ် မိမိရောက်
ရှိသော နေရာများတွင်ဖြန့် ဝေခဲ့သည်။မျိုးဆက်သစ်များခံစားနားလည်နိုင်ရန် တော်လှန်ရေး သတိ အမြဲ ရှိနေစေဖို့ ရည်ရွယ်ပါသည်။။

Saturday, July 17, 2010

၆၃ နှစ်မြောက် အာဇာနည်နေ့  အခမ်းအနား ဖိတ်ကြားခြင်း၊


ခေါင်းဆောင်ဆိုတာ ကိုယ်ယူချင်တဲ့နေရာကို ကိုယ့်
ဖာသာသတ်မှတ်ပြီး အရယူထားတာမဟုတ်ဘူး ။
အဲလိုလူတွေ ဟာ ကုမ္မဏီတွေ ရဲ့ အကြီးအကဲ အဆင့် ပဲ
ရှိတာမို့  သူတို့ ကိုခေါင်းဆောင် လို့  မသတ်မှတ်ပါနဲ့  ။
ခေါင်းဆောင်ဆိုတာအများကြည်ညိုလေးစား ပြီး
လူအများကြားမှာ ကောင်းတဲ့ဂုဏ်သတင်းတွေ လှိုင်
နေမှ ခေါင်းဆောင် လို့ မည်တွင်တယ်။


ဥပမာပေးရရင် ဗိုလ်ချုပ် တို့ လို အာဇာနည် ကြီးများ က တိုင်းပြည်ကို တကယ့်စေတနာ စစ်စစ်နဲ့  ဦးဆောင်ခဲ့တော့ ယနေ့ တိုင်းပြည်နဲ့ ပြည်သူတွေ ကမေ့ပျောက်လို့ မရဘူးပေါ့ ။ တိုင်းပြည့်ခေါင်းဆောင်
အာဇာနည်ခေါင်းဆောင် များ ဆိုတာ ဗိုလ်ချုပ် လို ဒေါ်အောင်ဆန်းစုကြည်လို အာဇာနည် ကိုးဦး လို ပေးဆပ်ရဲသူတွေပဲပေါ့။

မေအိခင်(လယ်ဝေး)

Tuesday, July 6, 2010

ဆဲဗင်းဂျူလိုင်

ီတော်လှန်သမိုင်းတွေအတွက် သွေးသစ်လောင်းရမယ်

Tuesday, July 6, 2010

ဒီကနေ့  ကျမတို့ ငယ်ငယ် က ကြားဖူးနေတဲ့ ဇူလိုင်ဆဲဗင်း(၄၈)နှစ်ပြည့်ပြီ။အသက်သွေးတွေ ဘ၀တွေပေးဆပ်ခဲ့တဲ့အဲဒီ့တော်လှန်သမိုင်းအတွက် ၈၈ လို မမြင်ခဲ့ရပေမဲ့ သိခွင့်ကြားခွင့်ရတဲ့အတွက် မပြီးပြတ်ခဲ့တဲ့ အာဏာရှင်တော်လှန်ရေးကို ကျမတို့ ခေတ်မှာ အဆုံးသတ် စေရမယ်။(ဆဲဗင်းဇူလိုင်တွင် ကျဆုံး ခဲ့ မကျဆုံးပေမဲ့အကျဉ်းကျခံခဲ့ အကျဉ်းမကျပေမဲ့ ဘ၀တွေကို ဆုံးရှုံးမှုအမျိုးမျိုးနဲ့ ပေးဆပ်ခဲ့ရတဲ့ နောင်တော်ကျောင်းသားတွေ ကို ကျမအလေးပြုပါတယ် ။

မေအိခင်(လယ်ဝေး)

ဇူလိုင် - ရင်တွင်းမှ

၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း အချို့ရဲ့ ရင်တွင်း ခံစားမှု တချို့ ဇူလိုင် - ရင်တွင်းမှ
ခံစားမှု (၁)

ကျောင်းတော် ခရီး
လမ်းမကြီး၌
သွေးစီး ပွက်ပွက်
ခုနစ်ရက်နေ့
မေ့ပါနိုင်
ဇူလိုင်လတွင်
သဲဆိုင် အက်အက်
အသက်စတေး
ခွင့်ရေးဆန္ဒ
ပြခဲ့ကြသည်
ဘ၀ ကောင်းရာ လားစေသော်ဝ်။
ခံစားမှု (၂)


လက်သီး ဆုပ်လျက် ၊ ကြွေးကြော် တက်ရင်း
သေမင်းခေါ်သံ၊ ဆူဆူသံကြား
ကျဆုံးသွားသည့်၊ ကျောင်းသား လူရွယ် ရဲဘက်များ ...
နီရဲ ပူနွေး သတ္တိ သွေးကား
စွန်းထင်း ကွက်အိုင် ၊ လမ်းအပြည့်
နောက်တစ်နေ့တွင်
ခြောက်သွေ့ ခဲ့လို့ ၊ သွေးနီညိုကို
သူတို့ ဖျက်၍ ၊ ပျက်ပြီ တကား
သြော် ....
သမိုင်း စာရွက် မျက်နှာထက်တွင်
ထိစင်ရဲစက် တို့သွေး ကွက်မူ
အသူဖျက်၍ ရအံ့နည်း။
ခံစားမှု (၃)။

သူရူးမ တစ်ယောက်
သားပျောက် ရှာရင်း
ကံ့ကော်ခင်းသည့်
တလင်းမြေထက်
လျောင်းအိပ်စက်၍
ငိုရှိုက်မက် လှိုက်ဖို
ငိုချင်း ဆိုသည်
လူကို ခွေးသတ်လေခြင်း .... တဲ့။
ခံစားမှု (၄)

ငါ့ရင်ဝတွင် ကျည်ဆံ ၀င်၍
သွေးရှင် လတ်လတ် မပြတ်စီးဆင်း
ဖြစ်နေခြင်းကြောင့်
သေမင်း ငါ့ကို ခေါ်နေပြီ။
ငါမသေခင် မှာခဲ့ချင်သည်
လိုအင် ဆန္ဒ မရမချင်း
အားမာန် တင်း၍
လက်ငင်း တိုက်ပွဲဝင်ကြပါ။

(၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း များကနေ ခံစားရေးဖွဲ့ခဲ့ကြမှု များထဲမှ အချို့ အား ဖေါ်ပြခြင်း ဖြစ်ပါတယ်)။