Saturday, November 29, 2008

မန္တလေးကို လိုက်ခဲ့မယ် ( မြန်မာအမျိုးသမီး တွေ စံပြုရမဲ့ လူထုဒေါ်အမာ နိုဝင်ဘာ ၂၉ မှာမွေးခဲ့တယ်)


အလင်းဆုံးကြယ်တွေ မကြွေစေချင်ဘူး
အမှောင်တွေ ပိုအားကောင်းမှာစိုးလို့ ။
အမေနဲ့ မြစ်ကူးခြောင်းချားမဝေးချင်ဘူး
နိုဝင်ဘာ၂၉ရက် မန္တလေးကို လွမ်းလို့ ။
်အမာသည်အပျော့မဟုတ်ဆိုတဲ့ကဗျာမဖတ်ချင်ဘူး
ကန်တော့ခံမြန်မာစာပေကျေးဇူးရှင်၂ ဦးကိုသတိရလို့ ။
ပြီးဆုံးခဲ့ပြီ.........ကို မလိုချင်ဘူး
ဒို့တွေရဲ့ ဘ၀လေဟာနယ်ထဲရောက်သွားလို့
ဆုံးရှံးခဲ့ပြီ………ကို မလိုချင်ဘူး
တိုက်ပွဲခေါ်သံ အသစ် အသစ်တွေရှိသေးလို့
ကမ္ဘာမကြေဘူး ……..ကို မလိုချင်ဘူး
လိုတာထက် ပိုနေတဲ့ ဇာတ်လမ်းတွေ ကားလိပ်ချချင်လို့
နောက်ထပ်
မြေ၀သုန်ရေ…ဂုဏ်ပြုအပ်သူကို ဆီးကြိုလှည့် တွေမလိုချင်ဘူး
ဒို့ရင်တွေ ထပ်ဆင့် ထပ်ဆင့် ရှိုက်ကြီးတငင်ငိုရှိုက်လို့
ဇာတ်နာတဲ့ အခန်းပါတဲ့ ဇာတ်ညွှန်းတွေအကုန်ပြင်လိုက်တော့
မိုးလင်းလို့ ဇာတ်ပေါင်းရင်
သေတဲ့သူလဲ ပြန်ရှင်လို့
HAPPILY EVER AFTER ရယ်လို့ ကားလိပ်ချမယ် ။
အဲဒိအခါ မန္တလာအမြန်ယာဉ် သီချင်းနဲ့လေချွန်လို့
မန္တလေးကို လိုက်ခဲ့မှာပေါ့ အမေရယ်…..။ ။

မောင်နီမော်

Friday, November 28, 2008

ဝေဒနာရှင်များမှာဂျိုမပါ

ကမ္ဘာ့အနံ့ အပြားမှာ AIDS ရောဂါကို ကာကွယ်တားဆီးတိုက်ဖျက်နေတဲ့ AIDS ရောဂါမဖြစ်ရေး
ဦးစားပေးခေတ်ကြီးမှာ ပညာပေးတွေ ရောဂါသည်အတွက် စောင့်ရှောက် မှုစွမ်းနိုင်သလောက်
ကုသနေရမှုအစုစုကိုဆေးပညာရှင်တွေရော စေတနာရှင် အမြောက်အများကပါ ကြိုးစာလုပ်
ဆောင်နေကြပင်ငြားသော်လည်း ကျမတို့ မြန်မာပြည်ရဲ့ AIDS ရောဂါသည် အမြောက်အများ
တိုးပွါးနေရတဲ့အဓိကအကြောင်းတရားကိုကျမတစိတ်တဒေသပြောပြချင်ပါတယ်။

အလှပဂေးတွေကိုခနငေးပြီးဆန္ဒအလိုဖက်ရပ်လိုက်ရုံနဲ့ အမျိုးသားတွေရဲ့ဘ၀လူဖြစ်ရှုံးရမယ်
ဆိုတာကိုသာယာဝတီထောင်ထဲမှာရောဂါသည်များနဲ့ ထင်ထင်ရှားရှားမြင်တွေ့ ခဲ့ရပုံက ဒီလိုပါ
၁၉၉၉ အတွင်းမှာမြန်မာပြည်ရဲ့ဟိုတယ်ကြီးတစ်ခုအတွင်းမှာပြည့်တန်ဆာတွေအစုလိုက် အပြုံ
လိုက်မိတဲ့သတင်းကြားဖူးကြမှာပါ မြန်မာအမျိုးသမီးလေးတွေရဲ့ဘ၀ စနစ်ဆိုးအောက်က
အမှောင်ညတွေမှာအသွေးအသားတွေလည်းကြေမွခဲ့ကြရတဲ့အပြင် ထောင်နန်း ပါစံကြရတဲ့
အဖြစ်ကရင်နင့်စရာကောင်းလှပါတယ်။

ပိုပြီးလူသိများခဲ့ရတာကတော့ အဲဒီ့ပြည့်တန်ဆာတွေရဲ့ဂေါင်း ဦးတင်နွယ် ကိစ္စ ပါပဲ။သူပိုင်ဆိုင်
တဲ့ အလုပ်ခန်းလို့ ခေါ်တဲ့ ဟော်တယ်မှာ ဗိုလ်ချုပ်ခင်ညွန့် နဲ့ သူ လက်ဆွဲနုတ်ဆက်နေတဲ့
ဓါတ်ပုံကြီးကြီးမားမားကိုချိတ်ထားပြီး ခေါင်းလုပ်စားနေလေတော့ ကောင်မလေးတွေ ဆီကို
တစ်ညတညခဏလာတဲ့ ဘဘထောက်တို့  ကိုကို ထောက်တို့ ခမျာအမျက်ထွက်ပါလေရော။

ခေတ်ကိုကအလှူငွေသိန်းရာချီပေးပြိးရင်ဘယ်သူမဆိုဗိုလ်ချုပ်နဲ့ ဓါတ်ပုံတွဲရိုက်လို့  ရတဲ့
ခေတ်ပေကိုး။ တင်နွယ်တို့ ကောင်းကောင်း အသုံးချတော့တာပေါ့ ထောက်လှန်းရေး တွေ
ကလည်း ဘာရမလဲ သူတို့ ဘိုးတော် ခင်ညွန့်  ဂုဏ်သိက္ဒါ ထိခိုက်လေတော့စနစ်တကျစီစဉ်ပြီး
ဝိုင်းဖမ်းလိုက်တာ ဂေါင်း တင်နွယ်က ထောင်ဒဏ်နှစ်အစိတ်(၂၅နှစ်)ပြည့်တန်ဆာ၁၈ယောက်
ကတော့ ထောင် ၃ နှစ်စီကျသွားပါတယ် ကောင်မလေးတစ်ယောက်အသက်မပြည့်တာကြောင့်
ခလေးတွေထားတဲ့ (ငှက်အော်စန်း)ထောင်ကိုရောက်သွားပါတယ်။ ဂေါင်းတင်နွယ်နဲ့ ကျန် ၁၇
ယောက်ကတော့ အင်းစိန်ထောင်မှတဆင့် သာယာဝတီထောင်ကိုရောက်လာကြပါတယ်။

ထိုမှသာယာဝတီထောင်မှာ ၁၇ နှစ်ယောက် အုပ်စုလို့ ထင်ရှားလှတဲ့ ပြည့်တန်ဆာ တစ်ချို့ ရဲ့
ဘ၀တစ်ပိုင်းတစ်ဝကျမသိခဲ့ရပါတယ်။ကျမတို့ ကနိုင်ငံရေးအကျဉ်းသူတွေဆိုတော့ဒီကလေးမ
တွေကကျမတို့ အပေါ်စိတ်ဝင်စားမှုရှိကြတယ်။ဝါဒါထောင်မှုးတွေ လစ်ရင်လစ်သလို ကျမတို့ 
ရဲ့တော်လှန်ရေးကိုသူတို့ သိစေချင်လို့ ပြောပြတယ် သူတို့ ရဲ့ ဘ၀အရေးကိုကျမသိချင်တာတွေ
စပ်စုရင်းကအင်တာဗျူးလုပ်ဖြစ်တယ်ပေါ့ သူတို့ ဘာ့ကြောင့် အခြားပြည့်တန်ဆာတွေ နဲ့မတူပဲ
ထောင် (၃) နှစ်ကျသလဲအခြားပြည့်တန်ဆာတွေဆိုညစ်ပတ်ပေရေပြီးအရည်တစိုစိုဝဲ တကုတ်
ကုတ်နဲ့ သူတို့ တွေကျတော့ ၀င်းမွတ်နေတဲ့အလှတွေတည်ကြည်သန့် ရှင်းတဲ့မူဟန်တွေ တည်
တည်ငြိမ်ငြိမ်နေထိုင်သွားလာမှုတွေနဲ့ ပြည့်တန်ဆာများမှာတောင် တော်တော့်ကိုကွာခြားတဲ့အ
ဆင့်တွေပါဟုတ်ပါတယ် သူတို့ လို ပြည့်တန်ဆာတွေ ရန်ကုန်မန္တလေး နဲ့စတဲ့ မြို့ ကြီး ကဟော်
တယ်တွေမှာ အပြည့်အကြပ်ပါတရားဝင်လိုင်စင်ကိုင်ထားရတဲ့ပုံစံမျိုးငွေကြေးချမ်းသာတဲ့ဂေါင်း
အကြီးစားတွေကလိုင်းကြေးများများပေးပြီး တရားဝင်အလုပ်ခန့် ထားသလိုလုပ်စားနေကြတာ
ပါထောင်ထဲရောက်လာတဲ့ပြည့်တန်ဆာအများစုကတော့(တာတီးဒီ)လို့ ခေါ်တဲ့မှောင်ရိပ်ခိုတွေပါ။

ကြေးကြီးကြီးနဲ့ လုပ်စားနေသူကျတော့နယ်မြေခံထောက်လှန်းရေးနယ်ထိမ်းတွေကိုလိုင်းကြေး
ပေးထားရင်အဖမ်းမခံရဖူးပေါ့ ခုလို အမှုမျိုးကျတော့ ဂေါင်းတင်နွယ်က ကျားမြှီးကိုမှသွား စွဲမိ
လေတော့ အမြင့်ဆုံးတစ်နှစ်သာကျတက်တဲ့ ပြည့်တန်ဆာပုဒ်မကနေ သုံးနှစ် အကျခံ ရတာပါ
ဗိုလ်ချုပ်ခင်ဘွန့် ရဲ့ ထောင်ခနဲဒေါသကတော့--ဂေါင်းတင်နွယ် နှဏ် အစိတ် ကျပါပေါ့လားအဲဒီ့
ထဲကတစ်ဦးချင်းစီရဲ့ဘ၀ကျမမှတ်မိသလောက်ပြောရရင်ဇာခြည်ဆိုတဲ့ ၁၉ နှစ်အရွယ်ကုလားမ ချောချောလေးကသူမသာကေတသူဖြစ်ကြောင်းအဖေအမေဆင်းရဲတဲ့ကြားက ဦးလေးကဆေး
သမားဖြစ်လို့ မိသားစု ဘ၀စားစရာမဲ့ရာကနေသူမ ၁၅နှစ်အရွယ်မှာ အိမ်ဘေးက မိန်းမတစ်
ယောက်ရဲ့ဆက်သွယ်ပေးမှုကြောင့် အသက်(၆၀)ကျော်အဖိုးကြီးနဲ့ (ကန်တော့ပါရဲ့) ပထမဆုံး
အပျုရည်ဘ၀အဖျက်ခံပေးရာကဒီလောကကြီးထဲရောက်လာခြင်းဖြစ်ပြီးယနေ့ ထိမိဘကိုလုပ်
ကျွေးနေရသလို မိခင်ဖြစ်သူကလည်းထောင်ဝင်စာမှန်မှန်လာတွေ့ နေတာ ကျမ ကြားနေရပါ
တယ်ကြေကွဲစရာကောင်းတာက ကလေးမလေး အကြိမ်ကြိမ် ညနေညနေ ဖျားရာ ကနေ ၀မ်း
လည်းမတရားသွားတာကြောင့်သွေးစစ်ရာ HIV (Positive)ဆိုတာသူကိုယ်တိုင်ခင်မျာလည်းသိ
သွားပါတယ်တနေ့ မှာကျမနဲ့ စကားပြောရာကသမီးဇာခြည်ပြန်လွတ်ရင်ပြည့်တန်ဆာပြန်မလုပ်
်ပါနဲ့ လားကန်ဇွန်းရွက်ပဲရောင်းရရောင်းရကောင်းရောင်းကောင်းဝယ်နဲ့ ဘ၀ကိုရပ်တည်ပါလား
ဆိုတော့ ကလေးမခမျာ ဟီး ကနဲ ငိုချလိုက်ပြီး မကြီးတို့ ရယ် မကြီးတို့ ကတိုင်းပြည်အတွက်
ဆိုပြီးထောင်ထဲရောက်လာတယ်ထောင်ဝင်စာရှိရှိမရှိမရှိ လူတွေကအရမ်းအထင်ကြီးပြီးအရမ်း
လေးစားကြတာ သမီးတို့ ဆို ဟိုလူဆဲ ဒီလူဆဲနဲ့ ဒီလို အခြေအနေရှိတဲ့ သမီးတို့ ဘ၀ကို မကြီး
အခု လိုပြောတာကျေးဇူးတင်ပါတယ်။ဒါပေမဲ့သမီးတို့ ဘ၀ကသေမဲ့ အတူတူမထူးတော့ပါဘူး။
ဒီရောဂါကြီးက လူ့ လောကမှာဘယ်လောက်နေရတော့မှာမို့ လို့ လဲမသေခင်အမေနဲ့ ညီမလေး
တွေအတွက်ပိုက်ဆံ ပုံပေးခဲ့ချင်တယ် နောက်ပြီးသမီးရဲ့ ၁၀ တန်း ပညာလောက်နဲ့ ဒီအလုပ်
ထက် ထမင်းနပ်မှန်တဲ့ အလုပ်မရှိဘူးမကြီး ။ သမီးတို့ ဘ၀ကိုနားလည်ပေးပါ တဲ့ ဒါနဲ့ ကျမက
သမီးတို့ နဲ့ ဆက်ဆံမဲ့ယောင်္ကျားတွေမှာသားမယားတွေရှိရင်သူတို့ မိသားစုတွေရဲ့ဘ၀ ကိုသမီး
ကြည့်သင့်တယ်ဆိုတော့ မကြီးရယ်သမီးHIVမရှိခင်အဲဒီ့အလုပ်ကို သမီးလုပ်စကတည်းကသမီး
ကိုခေါ်တဲ့ကောင်တွေကို သမီးက ကွန်ဒုံစွပ် ဖို့ ပြောပါတယ်အချို့ က လုံးဝမစွပ်သလို အချို့က
ဆက်ဆံရင်းချွတ်ပစ်ကြတယ်အဲဒီ့တုန်းကသမီးလာ်းသူတို့ ဆီကကူးမှစြိုးလို့ ပေါ့သူတို့ မဆင်ချင်
တာ သူတို့ ခံပါလေ့စေ မကြီး ရေ သမီးတို့ ကတော့ ပိုက်ဆံ တစ်မျက်နှာပဲကြည့်ရတော့ တာပေါ့
တဲ့------------?????????????????

အဲဒီ့မိန်ကလေးဟာကုလားကားတွေထဲက ဇာတ်လိုက် မင်းသမီးလေးတွေထက် အလှပိုပြီး
ကိုယ်လုံးလေးသေးသေး သွယ်သွယ်နဲ့ လေ ပြီးတော့ သူပိုင်ဆိုင်တဲ့ စည်းကမ်းကြီးတယ် လို့ 
့သူပြောပြတဲ့ သူ့ ဘာသာတရားကိုသူများတွေဆော်ကားမှာဆိုးလို့ အလုပ်ခန်းလို့ ခေါ်တဲ့ နေရာ
မှာ ဘယ်လိုလူမျိုး ကမေးမေး သူ့ ဘာသာ ကို မပြောပြဘူးတဲ့ လေ။ဖြူဖွေးဝင်းမွတ်နေတဲ့
မျက်လုံးရွဲကြီးတွေ နဲ့ လှပနေတဲ့ ဇာခြည်လေး ခုချိန်မှာဘယ်လိုရှိမလဲ စဉ်းစား ကြည့်နိုင်သလို

ဒုတိယတစ်ယောက်ကတော့ လမင်းတဲ့ နာမည်နဲ့လိုက်အောင် မျက်နှာ ၀ိုင်းဝိုင်းလေး ရယ်ပါ .ဗမာမိန်းကလေးရုပ်ရည်ပါသိပ်စကားမပြောပေမဲ့သူမအကြောင်းအကျဉ်းကျတွေကြားမှာရေပန်း
စားနေတာကတော့ သူတို့ ရဲ့ဂေါင်းကြီးဖြစ်တဲ့ ဦးတင်နွယ် ဆီ အပ်ထားတဲ့ ရွှေတစ်ဆယ်သား
ကျော်ရှိရက်နဲ့ ထောင်ထဲမှငြတ်နေတယ်ဆို တာပါပဲ။ကျမ စဉ်းစားမိတယ် ဒီလောက်ရွှေစု မိမှ
တော့အရင်းအနှီးကောင်းကောင်းရပြီပဲကောင်းကောင်းမွန်မွန်ဘ၀ကိုရပ်တည်သင့်ပြီပေါ့ဒါပေမဲ့
လွယ်လွယ် နဲ့ရတယ်လို့  သူမတို့ ပြောလေ့ရှိတဲ့အလုပ်ဟာ မိန်းမကောင်း တွေ အတွက်တော့
မလွယ်ရေးချမလွယ်ပါလားလို့  တွေးမိပါတယ်လမင်းရဲ့ပုံစံကတော့လောဘကြီးဟန်တူပါတယ်
သူလည်းရုပ်ဆိုးတဲ့ထဲမှာမပါဘူးဆွဲဆောင်အားတစ်ခုခုတော့သူ့ မှာရှိသလိုပဲတစ်နေ့  တော့သ
တင်းဆိုးကြီးတစ်ခုကြားလိုက်ပါတယ်(၁) ဆောင်မှနြေတဲ့ လမင်းရယ် တစ်ကိုယ်လုံး ရေရုံတွေ
ပေါက်လာပြီးအဖျားဒကြီးလို့ တဲ့လေ သူတို့  ၁၇ ယောက်အုပ်စုကပြည့်တန်ဆာတွေဖြစ်ပေမဲ့
ဘ၀တူခြင်းမို့ ဖြစ်ဟန်တူတယ် လမင်း ဆီဝိုင်းအုံပြီးမေးကြပြုစုကြနဲ့ သိပ်မကြာဘူး သွေးစစ်
အဖြေထွက်လာတာHIV (Positive)ပဲတဲ့လေလမင်းကိုယ်ပေါ်က အနာတွေပြန်ခြောက် သွားပြီး
နည်းနည်းသက်သာတေ့ထူထူထောင်ထောင်ဖြစ်လာပြီးသူ ကြို မပေါ့ ဆဖို့ နဲ့ အဟာရများများ
မှီဝဲဖို့ အားပေးကြတဲ့သူတွေကို သူမ ဘာပြန်ပြောသလဲဆိုတော့ကျမသိပ်မဆိုးရိမ်ပါဘူး အပြင်
ရောက်မှကျမရှိတဲ့ေ၇ွှတွေနဲ့ ဒီရောဂါ ကိုကုမယ်ပြီးရင်ဒီအလုပ်နဲ့ ငွေဆက်ရှာနိုင်တာပဲတဲ့လေ။

တတိယတစ်ယောက်ကစစ်တွေက မိုးမိုးတဲ့ စကားဝဲ၀ဲ နဲ့ စကားပြောရင် ယဉ်ကျေးလိုက်တာ အရပ်မြင်မြင့်ဆံပင်ဒကောက်ကွေးအထိရှည်ပြီးမဲမှောင်နေတဲ့ ဆံပင်တွေနဲ့ ဘယ်ယောင်္ကျားက
မှProstitudeလို့ ထင်မှာလဲ ထက်ထက်မိုးဦး တို့ ထက် လှတယ်လို့ ပြောလို့ ရတယ်လေ
သူကတော့မိန်းမအင်္ဂါကနေ Sing ပြပြီးHIVဆိုတာသိတာပေါ့။အရမ်းစိတ်ပျော့တော့ အားငယ်
ကြေကွဲနေတယ်။စကားဝဲ၀ဲနဲ့ ငိုရင် အမေအဖေအတွက်ပဲတဲ့လေ။ ကျမဘာလုပ်ပေးရမလဲ။
သနားပေမဲ့ နိုင်ငံရေးအကျဉ်းသူနဲ့ ရာဇ၀တ်သူကြားထဲမှာခြားနားထားတဲ့စည်းက ကျမတို့ နဲ့ခိုး
ဆက်သွယ်စကားပြောတာသိရင် ပါးအရိုက်ခံရတဲ့ဘ၀ဆိုတော့ပြုစုချင်ပေမဲ့ဝေးဝေးကပဲ မုန့် 
့လေးပေးဟင်းလေးပေးနဲ့ ဖြေသိမ့် ပေးခဲ့ရတယ်ပေါ့။။့ 

စတုထ္ထတစ်ယောက်ကတော့မနက်ဖန်လွတ်မှာကိုးဒီနေ့ ညမှာပဲအသေထွက်ထွက်သွားရတယ်
လေAIDS ကသူ့ ကိုလောကကြီး ထဲကအပြီးဆွဲထုတ်သွားတယ်လေ။နာမည်က နော်ဖေါ့ တဲ့။
ကရင်ပြည်နယ်ရွာတစ်ရွာကကျေးရွာသူလေးပါ။တက္ကသိုလ်ပထမနှစ်လည်းတက် နေဆဲ ပဲပေါ့။
စာသင်စရိတ်မရှိလို့ အဆိတ်သီးစားပြီးစာသင်တာအသက်ရှင်စရာအကြောင်းပါမဲ့ခဲ့ရတယ်လေ။
နော်ဖေါ့ အလှကတော့ရိုးသားတဲ့ကရင်မလေးရဲ့သာမာန်အလှပါပဲ။ မျက်နှာမှာဘာမှပြင်မထား
လဲ ပအို့ နီရဲလေးနဲ့လေ သူမကတော့ သာယာဝတီထောင်မှာပဲ ခေါင်းချခဲ့ရရှာတယ်။

HIV အပြင်းဖျားရာကနေ AIDS နဲ့သေဆုံးသွား၇ရှာတယ်အဲဒီလိုထင်ထင်၇ှာရှား HIVများကို
တောင်ထောင်ကသီးသန့် ခွဲထားခြင်းအဟာရပြည့်ဝအောင်ထောက်ပံ့ပေးခြင်းဘာဆိုဘာမှမ၇ှိပဲ
HIV မ၇ှိနိုင်တဲ့ရာဇ၀တ်အကျဉ်းသားတွေနဲ့ တစ်ဆောင်တည်းရောထားသလို နေမကောင်းလို့ 
များ ညဖက်တစ်ဦးဥိးက ဆေးမှုး အကြောင်းကြားရင် တံခါးမဖွင့် ပဲ ထောင်သံတိုင် တွေကြား
ကဖင်တစောင်းလှန်ပေးရပြီးဆေးထိုးသွားပါလေရော အကယ်၍ များနေမကောင်းသူ နှစ်ဦး
သုံးဦး ကဆေးမှုးခေါ်ချိန်တစ်ချိန်တည်းဆိုရင် အဲဒီ့ အပ်တစ် ချောင်းတည်းနဲ့  ဆက်တိုက် ထိုး
သွားပါလေရော---ဆိုတာ ရာဇ၀တ်အကျဉ်းသားတွေပြောပြလို့ ကျမသိခဲ့ရတာ အင်မတန်မှ
ထိပ်လန့် စရာပါ ပဲ ရှင်

HIV မ၇ှိပါဘူးလို့ ကိုယ်ကိုယ်ကိုယ်မော်နေတဲ့ ၁၇ယောက်ထဲကတစ်ချို့ ဆို တရားဝင်ယောင်္ကျား
၇ှိသူလည်း၇ှိနေတယ်။မီကိုဆိုတဲ့မိန်းကလေးဆို တရုတ်ကပြားမလေးရည်းစားနဲ့ lovetogether
နေပြီးရည်းစားကိုရွှေဘုံပေါ်ထားချင်လို့ ပြည့်တန်ဆာလုပ်စားနေတာတဲ့ ရည်းစားကိုထောက်
ပံ့ရတာ အားမရသေးဘူးဆိုပဲ ညီမလုပ်စားတာ ရည်းစားကသိလားဆိုတော့ သိတယ်ခွင့် လွတ်
တယ်တဲ့အဲဒီ့လိုယုတ်မာတဲ့ယောင်္ကျားကလည်း၇ှိသေးတယ်ဒါပေမဲ့ ဒီကောင်လည်း HIVနဲ့ ညား
သွားမှာသေချာပါတယ် ။တစ်ချို့ ကျတော့ သနားစရာပါ ။ မစန္ဒာ တဲ့ သူ့ ကိုယ်သူ နုအောင်ပြင်
ဆင်ထားပေမဲ့ အသက်ကြီးတာ နည်းနည်း သိသာတယ်သူ့ သားလေးကMC တတိယနှစ်တက်
နေတယ်မိဘတွေရောသားရောလင်ရောမသိအောင်လုပ်နေတာ။ခုထောင်ကျတော့သိသွားပြီ
တဲ့လေ ထောင်ကလွတ်ရင်မပြန်ရဲတော့ဘူးတဲ့ ဒါဟာစနစ်ဆိုးရဲ့ဒဏ်တွေဆိုတာသက်သေပါပဲ ။

သူ တို့ တွေအားလုံးမှာ ၄ ၅ ယောက်သာ HIV လို့ ဆိုပေမဲ့ ဦးတင်နွယ်ကြီးရဲ့ ဟိုတယ် ပြည့်တန်
ဆာ အလုပ်ခန်းရဲ့ အလုပ်လုပ်ပုံတစ်ပိုင်းတစ်စ ကိုပြောပြရပါဦးမယ်။လှိုင်မြို့ နယ်ကတင်တင်မော်
ဆိုတဲ့ ၁၇ ယောက်ရဲ့ခေါင်းဆောင်လို့ ပြောနိုင်တဲ့အလှဆုံးအတောင့်ဆုံး ယောင်္ကျားကြိုက် မိန်းမ
က ပထမကျမပြောခဲ့တဲ့ ငှက်အော်စမ်းပို့ ရတဲ့ကလေးမလေးကိုစည်းရုံးပြီးဦးတင်နွယ်ဆီပို့ ထား
သူ့ ပေါ့။သူကတော့ဦးဆောင်ပြီး အခန်း အခန်းတွေဆီမရောက်ခင်စက်တီဆိုဖာကြီးတွေ ပေါ်မှာ ကိုယ်စီကိုယ်စီအလှပဆုံးပြင်ပြီးမပေါ့တပေါ်ဆွဲဆောင်စရာအလှအပတွေနဲ့ ကြေညာကြရတယ်။
။အဲဒီ့မှာလာတဲ့ဂရိတ်ကြေးရေတက်အလွာသားတွေဟာ ငါးစိမ်းများဝယ်သလိုလက်လားမလက်
လားဆိုတဲ့ပုံစံနဲ့ ကိုင်ကြည့် ပြကြည့်ကြပြီးဈေးညှိကြပြီး အခန်းဝင်ကြတာလေ အကယ်၍များ
အခန်းဝင်သွားပြီးမှမပြေလည်ကြရင်နောက်တစ်ယောက် နဲ့ ထပ် ၀င်ပြန်ရောတဲ့ ဘုရားတစရာ
ကြက်သီးထစရာထိတ်လန့် စရာပါ အဲဒီ့မှာရောဂါတွေ ရောဂါတွေက ရေတွက်လို့ မရအောင်ပြန်
့နံ့နေပါပြီ ဒီထဲမှာ သာကေတကမချို မောင်းတော ကစိုးစိုး နောက်ကျမ နာမည်မမှတ်မိတော့တဲ့
မိန်းမချော ပြည့်တန်ဆာလေး ၁၇ ယောက် သူတို့ ရဲ့ သွေးသားတွေ ထဲ ကပိုးမွှားတွေ-- ဒီ ၁၇
ယောက် ကိုပဲ နမူနာထားပြီး မြန်မာပြည်ရဲ့ တနေ့ တာ HIV ပြန့် နံ့  နှုန်း တွက်ကြည့်ရင်တောင်
ရင်ဖိထားရမှာမို့  တစ်ကြိမ်တစ်ခါလည်းမမှားသင့်တဲ့ ဂျိုမပါတဲ့ ဝေဒနာရှင်မလေးတွေဆီ ကို
အလည် သွားရုံနဲ့ ကိုယ်မျိုးဆက် အနာဂတ်တွေ လွင့် ပျက် သွားမှာကို ပုရိသ သတို့ သားများ
သတိထားစေ့ချင်ပါတယတိုင်းပြည်ရဲ့အခြေအနေဆိုးကြီးအောက်မှာ ကိုယ်ပိုင်ဆင်ခြင်ထုံတရား
တွေနဲ့  ဆုံးဖြတ်နိုင်တဲ့ အသိတရားမရှိသူလေးတွေရဲ့ဘ၀ ကြေမွရသလို တိုင်းပြည် တစ်ခု လုံး
လည်း အကျင့် ဆိုးတွေ ဖုံးအုပ်နေပါပြီ ဒါ့ ကြောင့် ကျမအနေနဲ့ ထောင် ထဲ ကဂျို မပါတဲ့
ဝေဒနာရှင်လေး တွေရဲ့ ဘ၀တစ်စိတ်တဒေသကို လက်ဆင့် ကမ်း လိုက်ပါတယ် ကုထုံးတွေ
ထက် ကွာ့ယ် နိုင်မဲ့ အခြေအနေတောင် မြန်မာပြည်မှာခက်ခဲ နေပါတယ် ပြည်သူ့ ဘ၀စနစ်ဆိုး
အောက် မှာေ၇တိမ်နစ်ကြရပါပြီ။ ဒီတော့ အမျော်အမြင်ကြီးတဲ့ ကျမတို့ ဗိုလ်ချုပ် ပြောခဲ့တဲ့
စကားအတိုင်းပြောရရင် စစ်အုပ်စု လက်ထက် မှာကျမတို့ တိုင်းပြည်ကြီးဟာ
တကယ့်ကို ------နိုင်ငံကြီး ဖြစ်နေပြီ လား ရယ်လို့  ရင်နင့် စွာခံစားရင်း ပြည်သူလူထုထံ
ဂျိုမပါတဲ့ ဝေဒနာ၇ှင်လေး တွေ ဘ၀ သာဓက ပြပြီး အသိပေးတင်ပြ လိုက်ပါတယ်။။

စာရေးသူကိုယ်တိုင်ဝေဒနာရှင်များနှင့်တွေ့ ဆုံခဲ့သည့် သာယာဝတီထောင်တွင်း
အဖြစ်မှန်များဖြစ်ပါသည် တာဝန်ယူရေးသားတင်ပြပါသည်။။

၁၇-၇-၂၀၀၆
၁၁း၅ pm
မေအိခင်(လယ်ဝေး)
အလင်းအိမ်စာစောင် အတွဲ(၁) အမှတ်(၅)တွင်ဖော်ပြခဲ့ ပြီးဖြစ်သည်။

Thursday, November 27, 2008

Thai News

Thai Prime Minister Refuses to Step Down, Protests Continue
By Ron Corben
Bangkok
26 November 2008
Corben report - Download (MP3)
Corben report - Listen (MP3)

Thailand's prime minister has rejected demands by the country's top military leader for him to
dissolve parliament and call new elections. As Ron Corben reports from Bangkok reports, the
prime minister rejected the demands after returning home where he faced a wave of protests
that have shut down the country's main airport.

Thai Prime Minister Somchai Wongsawat, who returned home Wednesday following
an overseas trip to the APEC summit in Peru, said his government was democratically elected
and would continue to serve the country.

The prime minister said the country had been damaged by anti-government protests that had
swept the country.

Earlier, Army Chief General Anupong Paochinda called on the prime minister to step down
and hold a snap election.



General Anupong says the army is not looking to seize power but suggests the government
return powerto the people. He also called on the People's Alliance for Democracy or PAD to
end its protests that in recent days included seizing the main international airport, which
was still shut down late Wednesday.

General Anupong in early October called on the prime minister to resign after border patrol
police opened fire with tear gas on demonstrators. Two people were killed and more than
400 others were injured.

PAD demands that Mr. Somchai resign, accusing him of acting on behalf of former Prime
Minister Thaksin Shinawatra.

Mr. Thaksin was ousted in a coup two years ago and the PAD considers him to be corrupt
and authoritarian.

Mr. Somchai also says he will meet with his cabinet on Thursday to find ways to deal with
the PAD protesters.

To push its demands the PAD this week blockaded parliament and kept the cabinet from
meeting. Security forces have offered little resistance and seem determined to avoid
clashes.

Kraisak Choonhavan, a member of parliament from the opposition Democrat Party, says
the PAD has brought thousands of supporters in from the countryside.
"They're trying to stimulate what we call a strike that would immobilize the government,
" he said.


This PAD leader shouts to the thousands of protesters at the Suvarnabhumi International
airport that they are not the bad guys.He says they are not thieves or puppets, a reference
to protest signs calling the prime minister a corrupt puppet.

Thousands of PAD supporters took over the airport Tuesday evening and vow to keep it
shut down until the government resigns. The unrest has stranded thousands of travelers.

Dieter Ghrling and his traveling companions were frustrated with the long wait and lack
of information.


Airport sign announcing flight cancellations, 26 Nov 2008
"We're waiting about 24 hours and we are finished. We have no energy," he said. "And
we [going] back to Germany but we must stay here, as a group and wait for the bus.
And it's a bad organization. Many people and a bad organization."

He says he will not return to Thailand next year, although he might come back in a few
years.

Tourism accounts for about six percent of Thailand's economy. Even before the closure
of the airport, bookings had fallen this year because of the weak global economy and
the country's political tensions.

ဲမြန်မာ့အလုပ်သမားရေး --- ILO ဝေဖန်

မြန်မာ့ အလုပ်သမားရေး လှုပ်ရှားနေသူများ အခြေအနေ စိုးရိမ်စရာဖြစ်နေဆဲ ILO ဝေဖန်

မကြာသေးခင် ရက်တွေအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခံ
ခဲ့ရသူတွေထဲမှာ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူမစုစုနွေး တယောက်လည်းပါဝင်နေတာမို့ ဒါဟာ
မြန်မာနိုင်ငံမှာ အလုပ်သမား အရေး လှုပ်ရှားနေသူတွေ၊ အလုပ်သမား အခွင့်အရေး အခြေအနေ တွေ
ဟာ စိုးရိမ်စရာ ဖြစ်နေဆဲဆိုတာကို ပြသလိုက်တာ ပဲလို့ ကမ္ဘာ့အလုပ်သမားအဖွဲ့ ILO က ပြောဆိုလိုက်
ပါတယ်။ မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ILO အုပ်ချုပ်ရေး အဖွဲ့ရဲ့ ဆွေးနွေးမှုတွေမှာ
ဒီအကြောင်းတွေကိုလည်း အလေးထားပြောခဲ့ကြတယ်ဆို။ အကြောင်းစုံကို ကိုအောင်လွင်ဦး ကပြော
ပြပေးပါဦးရှင်။

ILO အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဒီတပတ်ထဲမှာ ဆွေးနွေးခဲ့ကြတဲ့ နေရာမှာ
အဓမ္မလုပ်အားပေး စေခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်လို့ အများပြည်သူ တိုင်ကြားနိုင်တဲ့ လုပ်ငန်းစဉ်နဲ့ ပတ်
သက်လို့ ပြောကြဆိုကြသလို အလုပ်သမား အရေး ဆောင်ရွက်ကြသူတွေကို အရေးယူ အပြစ်ပေးနေ
တဲ့ ကိစ္စတွေကိုလည်း ထည့်သွင်း ပြောဆိုခဲ့ကြတာပါ။ မကြာသေး ခင်ကပဲ နှစ်ရှည် ထောင်ဒဏ်
၁၂ နှစ်နဲ့ ၆ လ ချမှတ်ပြီးနယ်ထောင်ကို ပို့ခံလိုက်ရတဲ့အလုပ်သမားအခွင့်အရေးလှုပ်ရှားသူမစုစုနွေး၊
နောက် ဦးသက်ဝေ စတဲ့ သူတွေ အပြစ်ပေးခံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ထည့်သွင်း ဆွေး
နွေးခဲ့ကြပြီး ဒီလူတွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုတာတွေလည်း ရှိခဲ့တယ်လို့ ILO အုပ်ချုပ်
ရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ကာရီ တာပီအိုလာ
(Kari Tapiola) က ပြောပါတယ်။
Posted by Dream Angel

ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇာ သို့  မွေးနေ့  သ၀ဏ်လွှာ




ဗိုလ်မှူး ချုပ်ဟောင်း ကျော်ဇောသို့ မွေးနေ့ သ၀ဏ်လွှာ

နေ့ စွဲ။ 25-11-2008
အကြောင်းအရာ။ ။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇာ၏ (၈၉) နှစ်မြောက် မွေးနေ့ သ၀ဏ်လွှာ ပေးပို့ ခြင်း။

၃.၁၂.၂၀၀၈ နေ့ တွင် အသက်(၈၉) နှစ်ပြည့်သော မြန်မာပြည်သူတို့ ၏ အကျိုးစီးပွားကိုဆောင်
ရွက်နေသော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကို မြန်မာနိုင်ငံရေး အကျဉ်းသား သမဂ္ဂ မှ မွေးနေ့ 
့သ၀ဏ်လွှာ ပေးပို့ လိုက် ပါသည်။
ဗိုလ်ချုပ်၏ နှစ်ပေါင်း(၆၀)ကျော် ပြည်သူတို့ အကျိုးစီးပွား အတွက် နိုင်ငံရေး၊ စစ်ရေး တာဝန်တွေ
ကို ရဲစွမ်း သတ္တိ ရှိစွာဆောင်ရွက်ချက်ကို ကျွန်တော်တို့ သမဂ္ဂမှ ဂုဏ်ယူ ချီးကျူးအပ်ပါသည်။

ဗိုလ်ချုပ်ဟာ သူ့ ခေတ်၊ သူ့ အခါက သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ
ဖြစ်ပါသည်။ သူ၏ ကိုယ်ကျိုး စီးပွားကို ငဲ့ကွက်ခြင်း မရှိဘဲ တိုင်းပြု ပြည်ပြုလုပ်ဆောင်ချက်များသည်
မြန်မာ့သမိုင်းမှာ ထာဝရ ရှင်သန်နေမည် ဖြစ်ပါသည်။

ဒီနေ့ ခေတ် လူငယ် - လူလတ်အားလုံးတို့ သည် ဗိုလ်မှူးချုပ်၏ ဘ၀ဖြစ်စဉ်တွေကို လေ့လာပြီး
စံပြခေါင်းဆောင် ကြီးအဖြစ် အသိအမှတ်ပြုဖို့  လိုအပ်ပါသည်။
ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းတွင် စစ်အာဏာရှင်စနစ်ကို ဖြိုချဖျက်ဆီးပစ်ပြီး ဒီမိုကရေစီ
နိုင်ငံတော်သစ်ကို တည်ဆောက်ရမည့် အချိန်ဖြစ်ပါသည်။ သမိုင်းအစဉ်လာ ကြီးမားသော မြန်မာပြည်
သူတို့ သည် အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် အကျဉ်းသားများသမဂ္ဂ အပါအ၀င် အဖွဲ့အစည်း
မျိုးစုံတို့  လက်တွဲကြပြီး တိုက်ပွဲဝင်ကြ ဖို့  နှိုးဆော်ရင်း ဤသ၀ဏ်လွှာကို ပေးပို့ လိုက်ပါသည်။




မြန်မာနိုင်ငံရေး အကျဉ်းသား သမဂ္ဂ
ထိုင်း - မြန်မာ နယ်စပ်

Tuesday, November 25, 2008

နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မူ့ ဆန့် ကျင်ရေးနေ့ အခမ်းအနား၊


နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မူ့ 
ဆန့် ကျင်ရေးနေ့ အခမ်းအနားအားထိုင်းမြန်မာ
နယ်စပ်တွင် ပြုလုပ်ရာအဖွှဲ့ အစည်းအသီးသီးမှ
တက်ရောက်ကြပြီး လက်ရှိမြန်မာနိုင်ငံတွင် စစ်
အာဏာရှင်စနစ်ကြောင့် အမျိုးသမီးများ အား
ညှင်းပန်းနှိပ်စက်မူ့ အကြမ်းဖက်ခံရမူ အခြေ
အနေများ အားအဖွဲ့ အစည်းများမှ ရှင်းလင်း
ပြောကြားသွားခဲ့ပါသည်၊

Sunday, November 23, 2008

MPU ထံ ပြည်တွင်း မှ အိပ်ဖွင့် ပေးစာ

လေးစားအပ်ပါသော ပြည့်သူ့ အမတ်များခင်ဗျား

ပြီးခဲ့သော အချိန် ကာလ အတွင်းက အောင်မြင်မှုမရသေးခဲ့သောCreadentials Challenges ပြဿနာ
နောက်ပိုင်းမှာ ကျွန်တော်တိြု့ ပည်တွင်းအင်အားစုများက NCGUB ၏ ခေါင်းဆောင်မှုအပိုင်းအား အပြန်
အလှန်လေ့လာသုံးသပ်ခဲ့ကြပြီးနောက် ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲဆိုတာ လေ့လာ
တွေ့ရှိခဲ့ပါတယ် ။

ပြည်သူ့အမတ်များ ခင်ဗျား

လူကြီးမင်းတို့ရဲ့ အဖွဲ့အစည်းမှာ ဦးဆောင်သူ နှင့် နောက်လိုက်တွေဟာအပေးအယူ မမျှကြသေးပါဘူး
ရရှိတဲ့ အခွင့်အရေးများကိုလည်း အသုံးချမှုအပိုင်းမှာအားနည်းနေတာတွေ့ရသလို ပကတိ တွေ့ရှိရပါ
တယ် ။ဒါဟာ ဘာကိုပြနေသလဲဆိုတော့ NCGUB ရဲ့ ထိပ်ပိုင်းဦးဆောင်သူများဟာ(အကုန်လုံးကိုမဆို
လိုပါ ) Conformist ဆိုတဲ့ ဓလေ့ထုံးစံများ ၊ အစဉ်လာထိန်းသိမ်းမှုများကို အလေးထားတဲ့ ရှေးရိုးစွဲ
ဝါဒီများက ဦးဆောင်မှုများ( Leadership ) ကြောင့်ဟူလေ့လာမိပါတယ် ။

ပြည်သူ့အမတ်များ ခင်ဗျား

ရှေးရိုးစွဲဝါဒီများ ဦးဆောင်တဲ့ အဖွဲ့အစည်းဟာ စီမံကိန်းအရ ဖြစ်ပေါ်လာတဲ့ရည်မှန်းချက်ကို ပြည့်မှီ
တယ်ဆိုရင်ပဲ ကျေနပ် ရောင့်ရင့် တင်းတိမ်ကြပါတယ်( ခပ်ပြင်းပြင်းလေး ဝေဖန်ရရင်ဖြင့် သာမာန်
ခေါင်းဆောင်ငယ် တစ်ယောက်ရဲ့အရည်အသွေးမျှသာလို့ ဝေဖန်ပါရစေ )Apple Computer အဖွဲ့
အစည်းရဲ့ Vision Statement ကိုလေ့လာကြည့်ရင်ဦးဆောင်သူ ( Leader ) ရဲ့ အရည်အသွေး ကို
တွေ့ရမှာပါ ။

We don't want to make computer. We want to change the worldသူတို့ဟာကွန်ပျုတာကြီး
သက်သက် ထုတ်လုပ်နေတာ မဟုတ်ပါဘူးတဲ့ကမ္ဘာကြီးရဲ့ နေထိုင်မှုပုံစံကိုပါ ပြောင်းလဲချင်တာပါလို့
ရဲရဲဝံ့ဝံ့ပြောချလိုက်တာပါ

ဆိုလိုတာက သူတို့အဖွဲ့အစည်းကို ဦးဆောင်သူတွေ့ရဲ့ယုံကြည်မှုစွမ်းရည်ဦးဆောင်မှုစွမ်းရည် ကိုပြ
သလိုက်တာပါ ။

ပြည်သူ့ အမတ်များခင်ဗျား

ကျွန်တော်တို့ ခပ်ဝေးဝေးက နိုင်ငံတွေကို ကြည့်နေစရာမလိုပါဘူးကျွန်တော်တို့ရဲ့ အိမ်နီးနားချင်း
ဖြစ်တဲ့ ဗီယက်နမ်ကိုပဲကြည့်ပါ ၊

ဗီယက်နမ်ကို ယခင်ကပင်ယခုလူများ စီမန်ခန့်ခွဲကြပါသည်၊ကောင်းစွာမတိုးတက်ခဲ့ပါ ဦးဆောင်
သူများ အတွေးအခေါ်ပြောင်း၍ လုပ်နည်း ပြောင်းသည့်အခါ တဟုန်ထိုးတိုးတက် လာပါသည်
မဟုတ်ပါလားခင်ဗျား ( No leader changed , leadership changed ) ဆိုတဲ့ ဦးဆောင်သူ
မပြောင်းပဲ ဦးဆောင်မှုသာ ပြောင်းလိုက်ခြင်းဖြစ်ပါသည်။

လေးစားအပ်ပါသော ပြည်သူ့အမတ်များ ခင်ဗျား

ကျွန်တော်တို့ ဝေဖန် တင်ပြထားသလိုမျိုး လူကြီးမင်းတို့ NCGUB ၏ဦးဆောင်သူ အပိုင်း နှင့် ဦး
ဆောင်မှု အပိုင်းကို လိုအပ်သလို အမြန့် အမြန်ဆုံး ပြုပြင်ပြောင်းလဲ၍ နိုင်ငံတော် နှင့် ပြည်သူ
လူထုအပေါ်ကျရောက်နေသော စစ် အာဏာရှင် တို့၏ လောင်းရိပ်အား တွန်းလှန် ပြိုဖျက်နိုင်
စေရန် လေးစားစွာဖြင့် အကြံပြုတင်ပြလိုက်ပါသည် ။


--
သားထူး

Time to Unite

ပေါင်းစည်းညီညွတ်ကြဖို့ အချိန်တန်ပြီ
စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)


ကျွန်တော်လည်း သင်ယူမှုဆိုင်ရာကိစ္စတွေနဲ့ အတော်ကြီး နပန်းလုံးနေရလို့ ဘလော့ဂ်မှာတောင် စာမရေးဖြစ်
တာ တော်တော်ကြာသွားပါပြီ။ ဒါပေမဲ့ ဒီရက်ပိုင်း ဗမာပြည်တွင်းမှာ တရစပ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာ
တွေကြောင့် ဒီစာကို ကျွန်တော် ရေးဖြစ်သွားတယ်။

ခင်ဗျားတို့ သိပြီးဖြစ်တဲ့အတိုင်း ဒီရက်ပိုင်းအတွင်းမှာ စစ်အဆိုးရက ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်
တွေကို ထောင်ဒဏ် (၆၅)နှစ်စီချမှတ်လိုက်တယ်။ ဒါ့အပြင် တရားရုံးမှာ အမှု ရင်ဆိုင် နေရတဲ့ NLD ပါတီဝင်
တွေနဲ့ အစွပ်စွဲခံ နိုင်ငံရေးခေါင်းဆောင်တွေဘက်ကနေ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ
ကြီးတွေကိုပါမချန် စစ်အဆိုးရက ထောင်သွင်း အကျဉ်းချပစ်လိုက်ပြန်တယ်။

ကဲ...ဘယ်မှာလဲ တရားမျှတမှု။
စစ်အဆိုးရက သူတို့ စိတ်ထဲ ထင်ရာမြင်ရာ၊ လုပ်ချင်ရာစွတ်လုပ်နေတဲ့အခုလိုအချိန်အခါမျိုးမှာတရားမျှတမှု
ဆိုတာ ကျွန်တော်တို့ ဗမာပြည်တွင်းမှာ လုံးဝ ပျောက်ဆုံး၊ ပျက်သုဉ်းသွားပါပြီ။

ဒီအခါမှာလူမိုက်(စစ်အဆိုးရ)ကံကောင်းဖို့ဖြစ်နေစေတဲ့အချက်တစ်ချက်ကိုဘွားကနဲသွားတွေ့လိုက်ရတယ်။
အဲဒါကတော့ ပြည်ပရောက်နေတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အခုအချိန်ထိ အချင်းချင်း စည်းလုံး
ညီညွတ်မှုမရှိ၊ ပေါင်းစည်းလို့ မရနိုင်သေးတာပါပဲ။ ဥပမာ- NCGUB နဲ့ MPUအဖွဲ့တွေကြားမှာဖြစ်နေတဲ့ ငြင်း
ခုန်၊ ကွဲလွဲ၊ ရန်စောင်မှု သတင်းတွေကို အများကြီး ကျွန်တော် တို့ ကြားနေရတယ်။ ဒီနေရာမှာ ကျွန်တော်
တစ်ခု အကြံပေးလိုတာကတော့ ဒီလိုတွေ ငြင်းခုန်ကွဲလွဲရန်စောင်နေမယ့်အစား၊NCGUB အစရှိသောပြည်ပ
ရောက် အဖွဲ့အစည်းတွေမှာ နေရာတစ်နေရာရဖို့ လုပ်နေကြမယ့်အစား (ရှင်းရှင်းပြောရရင်) နေရာလု၊ ခွက်
စောင်းခုတ် နေကြမယ့်အစား ကျွန်တော်တို့ဟာ ကိုယ့်ဗမာပြည် ဒီမိုကရေစီ ရရှိဖို့အရေး၊ ကိုယ့်တိုင်းပြည်
အတွင်း ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ဖို့အရေးအတွက် ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ ရှေးရှု လုပ်ကြဖို့
အထူးအာရုံစိုက်ရမယ့် အချိန် ရောက်နေပါပြီ။

သမိုင်းကပဲ အရာရာကို ဆုံးဖြတ်သွားပါလိမ့်မယ်။
တကယ်တော့လည်း အခြားသူတွေ ဘယ်ခြေလှမ်းလှမ်းနေမှာပဲဆိုပြီး စိုးရိမ်တွေးတောပူပန် နေတာထက်
ကိုယ့်တိုင်းပြည်အတွက် ခင်ဗျားဘာလုပ်ပေးနိုင်မလဲဆိုတာကို ပိုပြီးအာရုံစိုက်သင့်ပါပြီ။

ဝမ်းနည်းဖို့ကောင်းတဲ့၊ ကျွန်တော်မြင်နေရတဲ့အချက်တစ်ချက်ကို ပြောရရင် ပြည်ပရောက် အချို့သော
အတိုက်အခံနိုင်ငံရေးသမားတွေ (အားလုံးကို မဆိုလိုပါ) ဟာ ဗမာပြည်အတွက်၊ ဗမာပြည်အတွက် ဟစ်
ကြွေးပြီးသကာလ ပြည်ပမှာ ကောင်းကောင်းစား၊ ကောင်းကောင်းနေနိုင်ဖို့အတွက် ၀င်ငွေတွေထပ်ထပ်
တိုးအောင်သာလုပ်ပြီး ကိုယ်ကျိုးရှာနေကြတာပါ။ ကဲ...ဘယ်လောက် ဆိုးတဲ့ အဖြစ်လဲ။ ဘယ်လောက်
စိတ်ပျက်စရာ ကောင်းသလဲ။
ဒါပေမဲ့ တိုင်းပြည်အတွက် အကောင်းဆုံး ဆောင်ရွက်၊ လုပ်ကိုင်နေတဲ့ ပြည်ပရောက် အတိုက်အခံနိုင်ငံ
ရေးသမားတွေလည်း မရှိမဟုတ်ပါဘူး။ ရှိပါတယ်။

ကဲ...အခု ကျွန်တော်တို့ ဗမာပြည်အတွက် နောက်ထပ် ဘာတွေ ကြိုတင်ပြင်ဆင်ထားပြီးပြီလဲ။

၂၀၁၀ ရွေးကောက်ပွဲဆိုတာကြီးကလည်း မကြာခင် တကယ် ရောက်လာတော့မှာလား။

စစ်အဆိုးရကို ကျွန်တော်တို့အချင်းချင်း စုပေါင်း၊ စုစည်းပြီး တိုက်မလား၊
အခုလိုပဲ အယူအဆအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုးခွဲပြီး ကွဲပြီး တကွဲတပြား တိုက်မလား။

ပြည်တွင်းမှာတော့ များစွာသော အတိုက်အခံ နိုင်ငံရေးသမားတွေဟာ ထောင်ထဲကို ၀င်ပြီးရင်း ၀င်နေ
ကြရတယ်။ ကျန်တဲ့ သန်းပေါင်းများစွာသော ဗမာပြည်သူပြည်သားတွေခမျာမှာတော့ ပြောင်း လဲမှုကို
မျှော်လင့်စောင့်စားရင်းနဲ့သာ ရင်မောပြီးရင်း မောနေကြရတယ်။

“ပြည်ပရောက်နေတဲ့ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ သူတို့တွေအတွက် ဘာလုပ်ပေးနိုင်သလဲ။”

ဒီနောက်ဆုံးမေးခွန်းအတွက် အဖြေဟာ တစ်ခုပဲ ရှိတယ်။

"ကျွန်တော်တို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ပေါင်းတိုက်မှ ရတော့မယ်။ ဗမာပြည်ပြင်ပ တိုင်းပြည်အ
သီးသီးမှာရောက်နေတဲ့ အတိုက်အခံတွေရော၊ ပြည်တွင်းမှာရှိတဲ့ အတိုက် အခံတွေရောနဲ့ပါ အားလုံး
ချိတ်ဆက်စုပေါင်းထားတဲ့ တစ်ခုတည်းသော အဖွဲ့ အစည်းကြီးတစ်ခုကို ကျွန်တော်တို့ ညီညွတ်စွာ
ပေါင်းဖွဲ့မှရတော့မယ်" ဆိုတာပါပဲ။

ဒါကြောင့်မို့လို့ ဒီအချိန်ဟာ အတိုက်အခံတွေအချင်းချင်း တစ်ဦးကို တစ်ဦး ရိုသေလေးစားပြီး၊ ကိုယ်
ရေးကိုယ်တာ ပုဂ္ဂလိက ခံစားချက်ပြဿနာတွေကို မေ့ဖျောက်ထားပြီး ဗမာပြည်ရဲ့ အနာဂတ်အတွက်
ရှေ့ခရီးဆက်ရမယ့် အချိန်ကို ရောက်နေပါပြီ။
အဲဒါမှသာ ကျွန်တော်တို့ဟာတိုင်းပြည်အတွက်အရေးပါအရာရောက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုပိုင်ပိုင်
နိုင်နိုင်နဲ့ အောင်မြင်ပေါက်မြောက်အောင် ဆုံးဖြတ်ချမှတ်နိုင်ပါလိမ့်မယ်။ ။

စစ်ကိုနိုင်
(မြန်မာဘာသာပြန်ဆိုသူ - ညိုကြီး)

Ref: http://saveburma.sosblog.com/Burma-political-blog-

မှတ်ချက် ။ ကျမမေအိခင် အမြင်ကိုပြောရရင် မတူတဲ့ အယူအဆရေးရာ တွေမှာ အငြင်းပွါးနေကြတာပဲ
ဖြစ်ပြီး သိတ်ကြီးကျယ်တဲ့ အကွဲအပြဲမျိုး စာရေးသူမြင်သလောက်မဟုတ်ပါဘူး ကျမတို့ လည်းရှိနေကြား
နေရတာပဲ ညီညွတ်ဖို့ တိုက်တွန်းချက်တွေ က သိတ်လိုအပ်ပါတယ် လက်ညိုးထောင် ခေါင်းငြိမ့်  တွေ
မဟုတ်ပဲ ခုလို သဘောထားကွဲလွဲမှုမျိုးရှိနေတာကို က ဒီမိုကရေစီကိုကျင့်သုံးနေနိုင်တာပါပဲတစ်ခုတော့
ရှိတာပေါ့ တော်လှန်ရေးမှာ ဘယ်သူကစုန်ချင်တယ်ဘယ်သူကဆန်ချင်တယ် ဆိုတာလေးတွေတော့ ရှိ
မှာပေါ့လေ ဒီတော့ ရန်သူက ဒီပုံစံ ဒီအရိပ် တွေပိုလန့် ပါတယ်ရန်သူ အားမရပါဘူး သတိရှိဖို့ ကတော့
ရန်သူသပ်လျိုတာမျိုး ပါမလာဖို့ ပါဘဲ ဥပမာ ကေအမ်ယူ ကနေ ဒီကေဘီအေ ခွဲထွက်သွားတဲ့ဖြစ်ရပ်မျိုး
ပေါ့။။။။။။။

Saturday, November 22, 2008

ခရီဒင်ရှယ် ချဲလင်း နှင့်လမ်းပျောက်သွားတဲ့ MPU

ပြည်သူ့ ဘက်တော်သားတစ်ဦး

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ်များပေါင်းစု ဖွဲ့ စည်း ထားတဲ့ MPU ဟာ
မဲဆောက် တော်လှန်ရေး နယ်မြေမှာ အခြေစိုက်တယ်။ NCUB ရဲ့  ဒေါက် တိုင်လည်းဖြစ်တဲ့ MPU ဟာ NCUB က
ချမှတ်တဲ့ နိုင်ငံရေးလမ်းကြောင်းအတိုင်းလျှောက်လှမ်း ပြီး NCGUB ရဲ့ ထောက်ပံ့ကြေးနဲ့ ရပ်တည်နေခဲ့ ရ တယ်။
မဲဆောက်မှာ အခြေပြု လှုပ်ရှားနိုင်ဖို့  NCGUB ရဲ့ ထောက်ပံ့မှုဟာ အရေးပါခဲ့ပါတယ်။

NCUB ရဲ့ မဟာဗျူဟာမြောက် အချို့ နိုင်ငံရေး လမ်းစဉ်တွေဟာ၊ ပြည်သူ့ ဆန္ဒ (mandate) ရ ရှိထားတဲ့ MPU က
ပူးပေါင်းဆောင်ရွက်မှ သာလျှင် အောင်မြင်မှု ရရှိမှာ ဖြစ်ပါတယ်။ ၂၀၀၇ ခု နှစ်က စလို့  ၂၀၀၈ ခုနှစ်နှစ်ဆန်းပိုင်း
မှာ NCUB က ၀ါရှင်တန်မှာ NCGUB ကို ဆွေးနွေးခဲ့ တယ်။ ဇူလိုင်လမှာဗိုလ်ချူပ်ကြီးတာမလာဘောကလက်မှတ်
ရေးထိုး တရားဝင် မေးမြန်းခဲ့တဲ့ ခရီဒင်ရှယ် ကိစ္စကို NCGUB က အချိန်ပေး မဆွေးနွေးဘူး ဆိုပါတယ်။

တိုင်းပြည် အုပ်ချူပ်နေတဲ့ အစိုးရတရပ်ဟာထစ်ကနဲဆို ဘာသိချင်လဲ ? ဘယ်လို ဖြစ်ခဲ့သလဲ?ဘယ်တိုင်းပြည်မှာ
ဒီလိုမျိုး ကြိုးစားခဲ့ကြ သလဲ? ထစ်ကနဲ သိနိုင်ရမှာပါ။ ဒေါက်တာ သောင်းထွန်း၊ ဒေါက်တာ ဇော်ဦး၊ ဦးတင်ထွဋ်
တို့ ဟာ ယခင်က အကြံပေး ပုဂ္ဂိုလ်တွေပါ။ ကုလသမဂ္ဂနဲ့  ရင်းနှီးတဲ့ ဒေါက်တာ သောင်းထွန်းဆို အားလုံးသိ နိုင်
ပါတယ်။

NCGUB ကထုတ်တဲ့ ညွန့် ပေါင်း သတင်းစဉ်ကို ဖတ်ရင်တောင်မှ ဟေတီ၊ဆီရီယာလွန်၊ စတဲ့ နိုင်ငံတွေ တင်သွင်း
ခဲ့လို့  ကုလသမဂ္ဂမှာ စစ်အစိုးရပါဝင်မှု လစ်လပ်ထားခဲ့တာကို သိရမှာပါ။ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလတွေမှာ
ဒါတွေကို အလေးအနက် NCGUB ၀န်ကြီး အချင်းချင်း၊ MPU နဲ့ ကော ဆွေးနွေးခဲ့ပါသလား။

MPU အနေနဲ့ ကတော့ NCGUB ရဲ့ ရှုံးမှာ ကြောက်တယ်၊Dialogue ထိခိုက်မှာစိုးတယ်၊ နအဖကို Isolation မလုပ်
နိုင်ဘူး၊ သံတမန် ဖြတ်မယ် ဆိုတာ တိကျပြတ်သားတဲ့ ဆင်ခြေဆင်လက်လို့ မယူဆနိုင်ဘူး။ ရှုံးရှုံးနိုင်နိုင်ကြိုးစား
ကြည့်ရမှာဘဲ။ ရှုံးရင် ဘာ့ကြောင့် - နိုင်ရင် ဘယ်လို ဆိုတာ သိရမယ်။ အချက် အလက် အထောက်အပံ့ ပေးနေ
တဲ့ ရှေ့ နေအဖွဲ့ လည်း ယုံတယ်။ NCUB က Team ဖွဲ့  လုပ်နေတာလည်း ထောက်ပံ့ပေးချင်တယ်။ သံတမန်
ဖြတ်ဖို့ ဆိုတာက ခရီဒင်ရှယ် ကော်မတီမှာ ပါတဲ့ နိုင်ငံတွေက ဘော့စ်ဝါနာ၊ ဆိုက်ပရပ်၊ မက္ကဆီိ ကို၊လူဇင်ဘတ်၊
မိုဇမ်ဘစ်၊စင်တင်နီဗစ်(ကျွန်းနိုင်ငံ)အားလုံးတို့ ဟာ မြန်မာ နိုင်ငံနဲ့  သံတမန် အဆက်အသွယ် မရှိကြ ပါဘူး။

အရေးကြီးတာက ဗွီတိုနဲ့  ပယ်ချနိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ ဗွီတို မသုံးနိုင်ဘူး။ အရှုံးမရှိ နိုင်ပါလို့  ယုံကြည်တယ်။
ဒါပေမယ့် Lobby လုပ်တဲ့ နိုင်ငံတွေ၊ Lobbyလုပ်ပေးဖို့  ချဉ်းကပ်တဲ့ နိုင်ငံတွေက “ မင်းတို့  စင်ပြိုင်အစိုးရဘာလို
့မလုပ်တာလဲ ၊ MPU ဘာလဲ?” လို့  အမေးခံရ တော့ “ မင်းတို့  စင်ပြိုင်ကတောင် မလုပ်တာ ၊ နေသာသပ
ရွှေညာက “ လို့ ပြောလိုက်တော့ ဘာလုပ်ကြမလဲ ? ။

အဲဒီတော့ ညီလာခံလုပ်မယ်၊ အခြား MP တွေကို တီး ခေါက်ကြည့်တော့ ခရီဒင်ရှယ် ကိစ္စ ဆက် လုပ်ချင်တယ်။
ထောက်ခံမယ်၊ ညီလာခံမှာ အားလုံး သဘောတူရင် ၀န်ကြီးချူပ်က လက်မှတ် ထိုးမှာလား။ ညီလာခံကို NCGUB
က ၂၀၀၉ ခုနှစ် နှစ်စ Jan လကုန် Feb ရောက် ချင်ရောက်မယ် ဆိုတော့ ခရီဒင်ရှယ် ကိစ္စကို Dec မှာ တင်ရင်
ရသေးတယ်၊ ကြိုးစား ကြည့်ချင်တယ်၊ NCGUB မလုပ်ပေးရင် ကိုယ်ဘာသာကိုယ်ငွေချေးငှား ရှာဖွေပြီး လုပ်မယ်
ဆိုတော့ “NCGUB က လုပ်ချင်လုပ်လေ၊ ကျူပ်တို့ မတက်ဘူး” တဲ့ ။

အဲဒီတော့ Dr တင့်ဆွေ ပြောသလို၊ အကြေအလည် ဆွေးနွေးသဘောတူခဲ့တယ် ဆိုတာက၊ Nov မှာ ညီလာခံ
မလုပ်ကြနဲ့ ၊ အထူးစည်းဝေးပွဲ လုပ်ကြ၊ ဘာလုပ်လုပ် ကျူပ်တို့  မတက်ဘူး၊ ဆိုတဲ့ NCGUB ရဲ့  တချက်လွှတ်
Dialogue နဲ့ အဆုံးသတ်သွားတာပါ။ဝန်ကြီးချူပ်က MP တွေ ၁၀၀% လက်မှတ်ထိုး ဆုံးဖြတ်လည်း သူကတော
့ လက်မှတ် မထိုးနိုင်ဘူး လို့ ပြောမှ တော့ MPU လမ်းပျောက်သွားရှာပြီ ပေါ့။

Dr လွဏ်းဆွေ blog က စိုင်းနောင့် (ဆောင်းပါးရှင်) ကတော့ NCGUB ကို ပညာပေးဖို့ ၊ အရှက်ခွဲဖို့ ၊ သိက္ခာချဖို့ 
အဓိကဦးတည်မယ်ဆိုရင် ပြည်သူတွေက စိတ်မ၀င်စားပါဘူးဆိုပါတယ်။ ပြည်တွင်းက လှမ်းပြီး ၊နအဖအကြိုက်
မဖြစ်ပါစေနဲ့ ၊ ညီညွတ်ကြပါ၊ဒေါက်တာစိန်ဝင်း မဖြုတ်ပါနဲ့ လို့ ပြောပါတယ်။ မဖြုတ်ချင်ပါဘူး၊ဒေါက်တာစိန်ဝင်း
ိုးသားတာ လူတိုင်း သိ၊အားလုံး ကြည်ညို ကြပါတယ်။ NCGUB ၀န်ကြီးတွေလည်းကိုယ့်သမိုင်းကိုယ်ရေးတာပါ။
သူတို့  မရှိရင် မဖြစ်ပါဘူး။ဘယ်သူက နိုင်ငံတကာသွားပြီး Lobby လုပ်ရအောင်ဘာသာစကားကျွမ်းကျင့်သလဲ၊
Pass port ရှိသလဲ၊ MPU မှာ ဒါတွေ မရှိပါဘူး။

“နအဖ မောင်းထုတ် ခံရရေးထက် ကိုယ့်တဦး တယောက်၊ တသင်း တဖွဲ့ နာမယ်ရဖို ၊့ ငွေရဖို့  ကြည့်ကြတဲ့
အတွက် ခရီဒင်ရှယ် ချဲလင်းကြီးဟာ ဖွတ်ရှူး ဖြစ်သွားပြီ “ တဲ့။ မဟုတ်ပါဘူး။ NCUB က ဒီကိစ္စ လုပ်ဖို့ တပြားမှ
ငွေမရှာပါဘူး။ ဦးမောင်မောင်ကို ငွေရသလားလို့  Review လုပ်မယ် တကဲကဲ ဖြစ် နေသူတွေလည်း ငွေမရှာ
ငွေမရမှန်းသိလို့  NCUB မှာ မဆွေးနွေးဖြစ် ပါဘူး။

တဦး တယောက်ကခိုင်းလို့  MP တွေက လုပ်ရတယ် ဆိုတဲ့ လက်ညိုးထိုးတာလဲငါမလုပ်နိုင်ရင်သူများလုပ်တာ
ကဖျက် ယဖျက်၊ မနာလိုလို့  ပြောကြတာပါ။MPUကသူများခိုင်းတိုင်းလုပ်ရအောင်ဦးနှောက်မရှိတာမဟုတ်ပါ။
MP တွေရဲ့ Mandate ဟာ ၂၀၁၀ မှာ သေဆုံးပါပြီး။အခုကို ဖုတ်လိုက် ဖုတ်လိုက် ဖြစ်နေတဲ့ အခါမှာMandate
ကို အသုံးပြုဖို့ NCUB နဲ့ MPU ကသဘောထား ရှိကြတယ်။ Dialogue ကို ဆွေးနွေးပွဲ ၊Dialogue စားပွဲပေါ်ကို
တွန်းပို့ တဲ့ ဆောင်ရွက်ချက် ဖြစ်တယ်လို့  MPU က သဘောထားပါတယ်။

ခရီဒင်ရှယ် ချဲလင်း ကိစ္စမှာ NCGUB ၀န်ကြီးချူပ်က ဆိုတဲ့ “အများ ဆန္ဒ မလိုက်လျောနိုင်ဘူး၊ ကိုယ့် ယုံကြည်
ချက်နဲ့ ကိုယ်” ဆိုတဲ့ ဒီမိုကရေစီ ဖွင့်ဆိုချက်ဟာ မှန်လား? မှားလား?

၂၀၁၀ နအဖ ရွေးကောက်ပွဲ မတိုင်ခင်မှာ နအဖ သည် တရားဝင်အစိုးရ မဟုတ်လို့ ၊ ကုလသမဂ္ဂ မှာတောင်
နေရပေး မခံရတဲ့ အစိုးရ ဖြစ်လို့  ၊ သူလုပ်တဲ့ ရွေးကောက်ပွဲဟာ လည်း တရားမ၀င် အတင်းအကြပ် မတရား
ပြုလုပ်နေတာ ဘွင်းဘွင်းကြီးပေါ်အောင် MPU က Credential Challenge နဲ့  မလုပ်နိုင်တော့ဘူးလား။
ခုတော့ MPU လမ်းပျောက်သွားခဲ့ပါပြီး။ ။

ပြည်သူ့ ဘက်တော်သား တစ်ဦး

အီးမေး(လ်) ဖြင့်ပေးပို့ သူအား ကျေးဇူးတင်ပါသည် ။(လမင်းခင်)

ရဲရဲနီတဲ့မြန်မာ့သွေးတွေနဲ့ အမျိုးသားအောင်ပွဲနေ့ကိုNLD ရုံးချုပ်တွင်ကျင်းပခဲ့ကြသည် (၂၂-၁၁-၂၀၀၈)

ဒါတွေကလက်ကမ်းစာဆောင်တွေပေါ့ ကြဲချဖြန့် ဝေတယ်တဲ့လေ





















(အမျိုးသားဒီမိုကရေစီရုံးချုပ်တွင် အမျိုးသားနေ့ ကျင်းပခြင်း)
အခန်းနား စ တင် ချိန် 12း00
နံရံ ကပ် စာစောင်များပြ သ ၊ စာပေ ဟောပြောပွဲ တွင် က ဗျာ ဆရာ နှစ် ဦးမှ ဟော ပြော ( ဦးကြည်အောင်နဲ့ ကိုလေးအင်းဝဂုဏ်ရည် )
3း00 မှာ အခန်းအနား ပြီ ဆုံး
လှုပ် ရှား မှု့  နေ လည် 11 နားရီ ခန့်  မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံး ချုပ် ရှေ့  တဖက် ဖက် ခြမ်းရှိ စောင့်  ကြည့် နေ သော အာဏာ ပိုင် များရှေ့  မှောက် တွင် ပင်
ဗိုလ်ချုပ် အောင် ဆန်း ပုံ နှင့်  မိန့် ခွန်း များ ပါ ၀င် သော စာ ရွက် များအား လိုင်းကား များ ပေါ် မှ 2 ကြိမ်တိုင် တိုင် ကြဲ ဖြန် သွား သည် ။့
လူငယ် များ မှ ဇာတိမာ န် သီ ချင်း နှင့်နဂါး နီ သီ ချင်း များ ဖြင့်  သီ ဆို ဖြော် ဖြေခဲ့ကြသည်ကြားရသည်မှာကြက်သီးထရလောက်
အောင်ပင် လေးစားအားတက်မိပါသည်။

အမျိုးသားအောင်ပွဲနေ့ ကို မမေ့ကြ နဲ့ ကျောင်းသားသပိတ်ကဖြစ်တည်လာတာ မြန်မာသွေးရဲရဲနီတဲ့ ခွပ်ဒေါင်းညီအကို တို့ ရေ

















ဆရာဦးကြည်အောင်နှင့် ကိုလေးအင်းဝဂုဏ်ရည် တို့ ရဲ့ဟောပြောပွဲ နဲ့ အတူ နံရံကပ်စာစောင်တွေ နဲ့ 


အမှတ်ရလွန်းလို့  ထပ်မံတင်ပြလိုက်တာပါ

NLD လူငယ်တွေရဲ့အမျိုးသားနေ့ ချီတက်ပွဲ

ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ NLD လူငယ်တွေတန်ဖိုး
့ရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာ
မဲ့ ၁၃၆၆ တန်ဆောင်မုန်းလဆုတ်(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့ 
ထောင်ဒဏ်တွေ နဲ့ ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။အားလုံး
ညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်မှုအားတစ်ဖန်ပြန် ကြီးထွား
လာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။

ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။
သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွားရမယ်တဲ့ လေ ဒီလို ဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာ
ရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား
အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး -- ထောင်ကထွက်ပြီး စကျမမှာ
န - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စရပါတော့တယ်

NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြားပြီးကြတဲ့ အတိုင်း အခြေ
အနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမအဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့
လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး
တက်ကြတာပါပဲ။

ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ သွေးတိုး စမ်းဖို့ ဆို
တာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ 
့နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ ။ ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာ
ဝန်ခံ (၁) (၂) ဆက်သွယ်ရေးလူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ်
အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာတစ်ချို့ က ဗဟန်းခြောက်
ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့ 
နယ်တွေကအခမ်းအနားကိုတာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့
လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က

မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလား---တဲ့
ပြော ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျြောင်းသားခေါင်းဆောင်ကြီးတွေရဲ့
နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်ကောင်းမယ် တဲ့ -။

ကျမဥနှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခင်းပဲ ကောင်းတယ်ဟေ့ အဖမ်းတော့ ခံရနိုင်
တယ်နော်--

ဖမ်းဖမ်းကွာ --- ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး ဘုရားပေါ်ကကျောက်စာတိုင်
ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။ အားရစရာပါပဲရှင် ဒီလောက်အန္တယယ်ကြီးတဲ့ သဘောထား
တစ်ခု Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြတဲ့အပြင် --

တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနားပါဘုရားပေါ်မှာ လုပ် မယ် နောက်
တစ်ယောက်
က ဘုရားရင်ပြင်ကိုသုံးပတ်လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က
မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက် စသဖြင့်အကြံပြုဆွေးနွေးကြနဲ့ 

အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ်
တက်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက ။ အမေ အမေ သားက အလေးပြု လို့ 
အော်ရမဲ့နေရာ ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက ရီလိုက်ကြသေး
တယ် ။
ရီသံတွေ ခန ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ ) ဆုံးဖြတ်ချက်တွေချပြီး
တိုင်ပင်ထားသမျှ ကတော့

(၁) သွေးဆေးကန်မှာစုရပ်လုပ်မယ်
(၂) အားလုံးပင်နီဝတ်မယ်
(၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ်
(၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ်
(၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ်
(၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်(ခြွင်းချက် ။။ ။ အာဏာပိုင်
တွေက မတရားနှောက်ယှက်ခြင်းပြုလျှင် ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။
အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာဒီပဲယင်းလုပ်ကြံမှုကြီး အပေါ်
အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့် သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆို
သည့် ခါးသီးလှသည့် နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ
ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်တွေကို ဦးဆောင်မှုပေး
စေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ ယုံကြည်မှုကြောင့်ပါ ။ NLD
လူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရအောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ --- ချိန်းထား
တဲ့ နေရာ ရဲ့ မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ် ဘာကြောင့်လဲ ဆိုတော့
ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြားကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေး
ရောက်တော့ ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ ပဲခူးကလူငယ်
တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ သုံးခွ ခရမ်း ကွမ်းခြံကုန်း စတဲ့ ရပ်ဝေး
က လူငယ်တွေကိုမြင်တော့ကျမထင်ထားတာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။

ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ တင်ပဲလား ရောက်လာသူ တွေရဲ့
ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိသွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ
တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတကွက်နောက်ကျသွားပြီ။
သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာကြတာတဲ့။ ဆက်သွယ်ရေးက
တော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ ပါတာကိုး။ တဖွဲဖဲါ နဲ့ --ချိန်းထားချိန်နီးတော့သွေးဆေးကန်
နဲ့ လွတ်ငါးအရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက် လူကြီးတွေ ထံကကြို
ငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက်
ပြင်ဆင်နေကြဆဲ Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ ထောက်လှန်းရေး
အထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီးဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။

ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ ရှေ့ ပြေးတွေကလည်းသတင်းပို့ 
နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတွေ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမ
ှ လူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို
့ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့ နှလုံးလှတဲ့လူငယ်တွေ
နဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။

ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား
ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက် အတိုင်း အမျိုးသားအောင်ပွဲနေ့ 
့ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေးဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီး
တက်သွားပါတယ် ။

ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ အားပေး နေကြပါတယ်
တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့် ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့ 
အစစ သတိထားနေရပါတယ်။ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မကဗွီဒီ
ီရိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက ကြို တင် ဖြန့် ကျက်ထားပြီးကျမ
တို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို ပျာရိပျာယာနဲ့ နောက် က လိုက် နေပါတယ် ဘုရားဖူးပြည်သူတွေ
ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်Foreigner နိုင်ငံခြားသား တစ်ချို့ 
ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်ရိုက်လိုက်ကြသေးတယ်။

ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်ကြီးများကဗျဉ်း ထိုးထား
တဲ့ ကျော်က စာတိုင် ကြီးများရှိရာ ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ
ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့ ခန္တာကိုယ်တွေ ထိထားရင်းအားလုံ လေး
ထောင့်ပတ်လည်ဝန်းရံလိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက်
လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ ဖြန့် ဝင် လာကြပါတယ်။ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတို
့ကိုဝိုင်းထားကြပါတယ်။

မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေအရပ်ရပ်ကို နားလည်ဟန်တူ
တဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြနေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ်
ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူခေါင်းဆောင်လဲ ဟုမေးရာ

(ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ
၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူ
ညာသံ များပါလာပါတယ်။ လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု မဆင်းဘူး
ဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင် ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွား
မဆင်းရင် ခု ဖမ်း မယ် သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ် နေလဲ
ဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြောနေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များ
နှင့် ၀ိုင်းလာတယ် ထောက်လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း
တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှပြန်လှည့် ထွက်ရန်စဉ်းစားနေပုံ
ရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ်
သွားရာ အကယ်၍ အဖမ်းခံ ခဲံကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့ပါ ။အဘယ့်ကြောင့်ဆို
သော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အများစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာ
ရှိတာကို လုပ်မည့်အခြေအနေ အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ
မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်းအနားလုပ်ခွင့် မရရင်မလုပ်ဘူး
ဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့
လူငယ်တွေကိုပါ လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှုးလှသက်မောင်ကျမဆီ တိုက်ရိုက်
ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် အပေးဘူး အခုဆင်း မဆင်းရင် ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ်
ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်းစိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှုး
လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ
ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး
ရန်တွေ ပါတော့တယ်။

ဟုတ်ပြီမောင်မထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ လှသက်မောင် လေသံ နည်းနည်း
လျော့ သွားပါတယ်။ အဲဒီ လှသက်မောင် နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း
ယူနိုင်ခဲ့ပါတယ်။

တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူးကိုဂရုမစိုက်တော့ ပဲအလေးပြု
ဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။
အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍ အင်အားပြကာ အခမ်းအနား လုပ်
ခွင့်မရသော စိတ် မတရားလာရောက်နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက်
ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမှိကမှာလွတ်လာသော CEC ၅ဦး (ဦးအောင်ေ၇ွှနှင့်
ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေးနေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည်
ကျောင်းတိုက် ရှိ အမျိုးသားအောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့
ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲ
ချီတက်ပွဲဖြစ်ပါတယ်။

ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလားခတ်၍ အရူးများနှယ်သွေးလန့် နေကြရာဝယ် ကျမတ
ို့ မြတ်နိုးသောတော်လှန်ရေး ရဲ့ အရိပ် တော်လှန်ရေး ရဲ့ နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့
အမျိုးသားနေ့ အောင်ပါကြီးကို အမျိုးသားဝတ်ဆုံအပြည့် နဲ့  ကြီးမာတဲ့ အန္တယယ်ဒါးသွားကြားမှာ ပါးပါး
ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်တွေရဲ့ကျောင်းသားခေါင်းဆောင်
တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြား
ကအကင်းပါးပါး နဲ့ အန္တယယ်ကိုေ၇ှာင်ခွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီအမျိုး
သားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မဲ့အမျိုးသားနေ့ ကြီးကိုရောပြည်
တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီးသတ္တိပြသွားကြလေမလဲလို့  ရင်ခုန်စွာ မှန်းဆရင်းပြည်
တွင်းမှအနစ်နာခဲ့လူငယ်များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။

( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင် ရေးသားခဲ့ခြင်းဖြစ်သည်
ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။)

မေအိခင်(လယ်ဝေး)

(မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်၇ှားမှု ဖြစ်သည်
ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)
Posted by laminkhin at 11:44 PM 0 comments

Thursday, November 20, 2008

ကိုမင်းကိုနိုင်အပါအ၀င် နှစ်ကြီးအကျဉ်းချပြီး နယ်ထောင် ပြောင်း ခြင်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် သဘောထားကြေညာချက်

ရုတ်တရက်တော်လှန်ရေးကို နုတ်ဆတ်သွားခဲ့ ဂုရု (ကိုနေလ) ကောင်းရာသုဂတိရောက်ပါစေ


အကြွေစေတဲ့ပွင့်သစ်သို့ 

ပန်းကြွေတိုင်း
မုန်တိုင်းကြောင့်ချည်း မဟုတ်ပေမဲ့ -
မုန်တိုင်းအောက်မှာ
ပန်းကြွေတာ
မုန်တိုင်းကိုပါ မြင်ရမယ် …
ပွင့်ဦးတွေ …
ကြွေသွားကြ
ရင်နာခဲ့ရသလို -
ပွင့်သစ်ရေ …
မင်းကြွေ ရ
နှမျော တသ မိပါတယ် ။ ။

( ၀င်းတင့်ထွန်း )
၂၀-၁၁-၂၀၀၈
( ၁၉-၁၁-၀၈ နေ့က ဆုံးပါးသွားရရှာတဲ့- ပွင့်သစ်(ကရိန်ကန်) သို့ … )

Read More...

Summary only...

Wednesday, November 19, 2008

အငိုဒုက္ခ တိုင်းပြည်

လိုသလို ပုဒ်မ ချလို့ ရတဲ့
အငို ဒုက္ခ တိုင်းပြည်မှာ
မိစ္ဆာတွေ ဘုရင်လုပ် နေသည်။
လိပ်ပြာတွေကို နှင်ထုတ်နေသည်။
သွေးညှီနံ့တွေနဲ့  ချဉ်စုတ် နေပြီ။
လူတွေအားလုံး ရင်ရှုပ် နေသည်။

တက္ကသိုလ်များ လယ်ကွင်းထဲသို့ ပြောင်းသွားလေပြီ။
ဘွဲ့ ရတစ်ယောက် အလုပ်မရ၍ ခေါင်းစားနေသည်။
သူတောင်းစားတို့ ကျ ကောင်းစားနေသည်။
အိတ်ကပ်ကြီးတွေ ဖောင်းကားနေသည်။
တိုင်းပြည်ကြီးကို တညီတညွတ်ထဲ ရောင်းစားနေပြီ။

ယတြာတွေချေပြီး မန်းမှုတ်နေပြီ။
သံဃာတွေကိုတောင် ဝရမ်းထုတ် နေပြီ။
အလှူရှင်တွေ မရှောင် ဖမ်းချုပ်နေပြီ။
လူမဆန်စွာ ကြမ်းကြုတ်နေပြီ။
ဖြုတ်ဦးနှောက်တွေနဲ့ ..အရမ်း..လုပ်နေပြီ။

သူတို့ ခေါင်းထဲ..သွားမကြည့်နဲ့ ..ဘာမှမရှိဘူး..အဟောင်းသား။
လူတွေလည်း..တွေးလာကြတယ်..တစ်ရွာပြောင်းရင်..ကောင်းမလား။
ဒီလိုနဲ့ ပဲ..မိသားစုတွေ..မဆုံဆည်းနိုင်လောက်အောင်..ချောင်းခြား။
ဘဝနဲ့ ရင်းပြီး..ကြိုးစားတာတောင်.. မရေရာတဲ့ ...လောင်းကစား။
ဒါတွေဟာ.. အမေတစ်ကွဲသားတစ်ကွဲ.. ဖြစ်နေရတဲ့.. အကြောင်းများ။
ရင်ထဲကို.. သောကငှက်တွေ.. ကျူးကျော်လာတာတောင်.. မမောင်းအား။

သူငယ်ချင်းတစ်ချို့  အလုပ်ရှာဖို့ ..စင်ကာပူကို ထွက်နေကြတယ်။
အလုပ်မရရင် သိန်းနှစ်ဆယ်လောက်.. ရှုံးပြီဆိုတော့ မျက်ရည်ကျမယ်။
ကြိုးစားကြည့်လိုက်မှ ပိုဆိုးသွားတတ်တာ.. ဒီခေတ်ဆိုးရဲ့ သက်သေတစ်စပဲ။
ကမ္ဘာက သာမန်လူတွေနဲ့ ငါတို့ ကာရန်တူရုံလေးတောင်.. ဘာလို့ ဒီလောက်အထိ ခက်နေရသလဲ။
မြေညီထပ်လေး ရောက်ဖို့ တောင်.. ကိုယ့်စိတ်ဓာတ်ကိုယ်.. လှေကားလိုနင်းပြီး.. တက်နေရဆဲ။

ဆန္ဒခံယူပွဲ အတုကြီးနဲ့ လည်း ကမ္ဘာကိုတောင် နားလှည့်ပါးရိုက်။
မသူတော် အချင်းချင်းကျတော့ အိမ်နီးချင်းကောင်း ဆိုတဲ့ စကားနဲ့ ဖားလိုက်။
သူငယ်ချင်းတို့ ......သူတို့ မျှားလာတဲ့ ငါးစာတွေကို မစားနဲ့ ...ထားလိုက်။

အသိဥာဏ် မရှိတဲ့ ခွေးသူခိုးတွေဟာ
ခြောက်ဆယ့်နှစ်တုန်းကထက်လည်း သွေးဆိုး နိုင်တယ်။
နောင်တစ်ချိန်မှာ ဘုန်းကြီးကျောင်းတွေကို ဒိုင်းနမိုက်နဲ့မဖောက်ဘူးလို့ ဘယ်သူပြောရဲသလဲ။
ကမ္ဘာ့မြေပုံကြီးထဲက သွေးကွက်လေး တစ်ကွက်ရဲ့ ကံကြမ္မာကို ဘယ်သူဟောရဲသလဲ။

သူငယ်ချင်း...
မင်း..အေးအေးဆေးဆေးနေလို့ လည်း ဒီဂယက်က လွတ်မယ်မထင်နဲ့ ။
မိစ္ဆာတွေ မဆင်းမချင်း ဒီဝဋ်က ကျွတ်မယ် မထင်နဲ့ ။
ဝန်နဲ့ အားမမျှတဲ့ မင်းစီးလာတဲ့ဒိုင်နာဟာ အချိန်မရွေး လမ်းချော်မှောက်သွားနိုင်တယ်။
ကပ်တစ်ခုစိုက်လိုက်တာနဲ့ မင်းဘဝက အချိန်မရွေး လမ်းပေါ်ရောက်သွားနိုင်တယ်။

တိုင်းပြည်ကို ခြယ်လှယ်နေတဲ့ ဘုရင်တစ်အုပ်ဟာ
အစိုးရနာမည်ခံထားတဲ့ မစင်တစ်ထုပ်ပါ
ပြည်သူတွေကလည်း သူတို့ ထင်သလို အချဉ်မဟုတ်ပါ။

ဒီလိုနဲ့ မခံချင်စိတ်တွေ ငလျင်ခဏခဏလှုပ်
သူတို့ တွေရဲ့  ပလ္လင်ခဏခဏလှုပ်လည်း
အခုထိမပြုတ်သေးတော့
တစ်ယောက်တည်းတွေးရင်း ရင်ရှုပ်
ပေါက်ကွဲမှုတွေကို ကဗျာအဖြစ် အပြင်ထုတ်လိုက်တယ်။

ဒုက္ခတွေနဲ့  ရှုပ်ပွနေတဲ့ စိတ်ဓာတ်ခြွေ ပြောင်းပြန်ကမ္ဘာထဲ
လဲကျတိုင်းသာ ပုလဲခနေရင် မျက်ရည်တွေသာ ချောင်းလျှံလာမယ်။
အကျိတ်အခဲတွေ စိတ်ထဲမှာ သိပ်သည်းကာ ဗြောင်းဆန်လာတယ်။
စကားလုံးတွေ ကြမ်းသွားမိခဲ့ရင် ကဗျာဖတ်သူကို တောင်းပန်ပါတယ်။

ကောင်းကင်ကို

ရေးသားတင်ပြသူ zawlay at

Monday, November 17, 2008

ီDAB ဖွဲ့ စည်းခြင်းနှစ်(၂၀)ပြည့်နှစ်ပတ်လည်အခမ်းအနား(18-11-2008)



















ဦးခိုင်စိုးနိုင်အောင်နှင့် မန်းငြိမ်းမောင်တို့ မှာ ဒီအေဘီ ခရီးစဉ်အား ရှင်းလင်းပြစဉ်

အခမ်းးအနားတွင် ဒီအေဘီ ဒုတိယ ဥက္ကဌ ဦးကျော်လှမှဒီအေဘီစတင်ဖွဲ့ စည်း ခဲ့ရသည့် ရည်ရွယ်ချက်
နှင့် ယင်းရည်ရွယ်ချက်ထဲတွင် ဖက်စစ်အာဏာရှင်စနစ်နှင့် ယှဉ်ပြိုင်အစိုးရတရပ်မည်ဆောက် ဖို့  ကိုပါ
ရည်ရွယ်ခဲ့ကြောင်း နှင့် ညီညွတ်ရေးကိုတည်ဆောက်ဖို့ ပြောကြားသွားသည်။ ထို့ နောက် ဦးခိုင်စိုးနိုင်မှ
တော်လှန်ရေးအဖွဲ့အစည်းတိုင်းသည် မူမှားလို့ ဖျက်ဆီးပစ်လိုက်ရတယ်ဆိုတာမရှိသေးကြောင်းတက်သိ
ပညာပိုင်းမှာသာ အားနည်းချက်တွေ၇ှိကြောင်းနှင့် ဒီအေဘီမူသည် ယနေ့ ထိမှန်ကန်နေ သေးကြောင်း
ကို နှင့် ဒီအေဘီ ကျော်ထောက်နောက်ခံ အမ်ဒီဖက် အကြောင်းပါပြောကြားသွားသည်။ မန်းငြိမ်းမောင်
်မှလည်း မြတ်စွာဘုရားယောသည့်တရားတော်နှင့် အညီ ကတေညုတကတဝေဒီကျေးဇူးရှိခဲ့တဲ့တော်လှန်
ရေးခေါင်းဆောင်များကိုကျေးဇူးသိတက်စေရန် ရှေ့ကဦးဆောင်ခဲ့သည့်ခေါင်းဆောင်များ အားနာမည်နှင့်
သမိုင်ကျဉ်းများပြောပြီး ရှင်းလင်းတင်ပြသွားခဲ့သည်။
အဖွဲ့ အစည်းအသီးသီးမှ ဒီအေဘီ ကိုလေးစားပြီးဒီအေဘီ မူများကိုဆက်လက်ပူးပေါင်းဆောင်ရွက်သွား
ကြမည်
ဖြစ်ကြောင်းတင်ပြသွားပါသည်။

DAB ဖွဲ့ စည်းခြင်း နှစ် နှစ်ဆယ်ပြည့် အခမ်း အနား သို့ 

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်၏ (၂၀)နှစ်မြောက် အခမ်းအနားသို့ 

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ ပေးပို့ သောသ၀ဏ်လွှာ၊


ယနေ့ ကျရောက်သော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်၏ ၂၀ နှစ်မြောက်အခမ်းအနားသို့ 
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂမှသ၀ဏ်လွှာပေးပို့ ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့်
အခမ်းအနားသို့ တက်ရောက်လာသော မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ် ခေါင်းဆောင်များနှင့်
အဖွဲ့ ဝင်များအား မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်မေတ္တာပေးပို့ အပ်ပါသည်၊

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်သည် ၁၉၈၈ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ၏
လိုအပ်ချက်အရပေါ်ပေါက်လာခဲ့သော နိုင်ငံရေးနှင့်စစ်ရေးမဟာမိတ်များပေါင်းစည်းခဲ့သော အဖွဲ့ အစည်းဖြစ်
သလိုအမျိုးသားလွတ်မြောက်ရေး၊စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊နှင့်တိုင်းရင်းသားလူမျိုးစု အခွင့်အရေး
များအတွက် နိုင်ငံရေးမူဝါဒ လမ်းစဉ်များကိုခိုင်မာပြတ်သားစွာရပ်တည်ခဲ့သောအဖွဲ့ အစည်းလည်း ဖြစ်သည်၊
ထို့ ကြောင့် မြန်မာပြည်ဒီမိုကရက်တစ်တပ်ပေါင်းစု၏ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးအား မြန်မာ
နိုင်ငံရေးအကျဉ်းသားသမဂ္ဂမှ အထူးလေးစားပါကြောင်း ဂုဏ်ပြုအပ်ပါသည်၊

ယနေ့ အချိန်တွင် နအဖစစ်အုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအား သပ်သျှိုဖြိုခွဲခြင်း၊
တိုင်းရင်းသားလူမျိုးစုနယ်မြေများအားလူမျိုးတုန်းစစ်ဆင်ရေးများပြုလုပ်နေခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၊
ကိုမင်းကိုနိုင်အပါအ၀င်၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများအား အပြင်း
အထန်ဆုံးဖိနှိပ်မူ့ များပြုလုပ်နေခြင်းနှင့်ပြည်သူလူထုတရပ်လုံးအား ညှင်းဆဲသတ်ဖြတ်မူများကိုဆက်တိုက်
ကျူးလွန်နေသောအချိန်ဖြစ်သည်၊ထို့ ကြောင့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ ပေါ်ထွန်းခဲ့
သော မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်၏ ခိုင်မာသော စစ်ရေး၊ နိုင်ငံရေးတိုက်ပွဲ လမ်းစဉ် များ
နှင့်အတူပြည်တွင်းပြည်ပရှိဒီမိုကရေစီအင်အားစုများမှပူးပေါင်းတိုက်ပွဲဝင်သွားရန်အလေးအနက်တိုက်တွန်း
အပ်သည်၊

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ဒီမိုကရေစီရေး၊အမျိုးသားလွတ်
မြောက်ရေး နှင့် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ အတွက် မြန်မာ ပြည်
ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ချုပ်အပါအ၀င်ပြည်တွင်းပြည်ပရှိဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်း
တိုက်ပွဲဝင်သွားမည်ဟု ၂၀နှစ်ပြည့်အခမ်းအနားသို့ ဤသ၀ဏ်လွှာအားပေးပို့ အပ်ပါသည်။


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရမည်၊

ဒီမိုကရေစီတော်လှန်ရေးအောင်ရမည်၊



အလုပ်အမူဆောင်ကော်မတီ

မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ

၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊

Sunday, November 16, 2008

This Happens in Denmark






နိုင်ငံခြားသတင်းတွေ ကျမ တင်ခဲ ပါတယ် ဒါပေမဲ့
ဒီကိစ္စ ကတော့ ရင်ထဲ အတော်ကို မကောင်း တာ
ဒီလင်းပိုင်မျိုးနွယ်တွေကလူနဲ့ အတော်နီးစပ် တယ်
လေ။ သာမာန်စားသောက်ရုံသတ်ဖြတ်တာမျိုးထက်
ပို နေတယ် သူတို့ တွေသွေးဆာနေကြသလား လို့ 

Saturday, November 15, 2008

NLD လူငယ်တွေရဲ့အမျိုးသားနေ့ ချီတက်ပွဲ

ကျောင်းသားသပိတ်ကနေအခြေခံတဲ့အမျိုးသားအောင်ပွဲနေ့ ။အဲဒီနေ့ ကိုကျမတို့ NLD လူငယ်တွေတန်ဖိုး
့ရှိရှိကျော်ဖြတ်သွားကြမယ်။ကျောင်းသားခေါင်းဆောင်ကြီးတွေရဲ့သွေးနဲ့ ချွေးနဲ့ ပေးဆပ်ခဲ့ရသလို အခုလာ
မဲ့ ၁၃၆၆ တန်ဆောင်မုန်းလဆုတ်(၁၀) ရက်နေ့ ဟာ လည်းကျမတို့  NLD လူငယ်တွေ ချွေးနဲ့ သွေးနဲ့ 
ထောင်ဒဏ်တွေ နဲ့ ပေးဆပ် သင့်ရင်ပေးဆပ်ကြရမယ်လို့ ကျမတို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ် ။အားလုံး
ညီတယ် တစ်ခဲ နက် ပဲ သဘောတူညီခဲ့ကြတယ် ။NLD လူငယ်တွေ ညီညွတ်မှုအားတစ်ဖန်ပြန် ကြီးထွား
လာတဲ့ အရှိန်ဟာ ဒီပဲယင်း အရှိန် ကြောင့်ပါ ပဲ။

ဒိုင်မရှိ အားမမျှပဲကြိုးဝိုင်းထဲ အထည့်ခံလိုက်ရတယ်။ဥာဏ်အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာကိုယ့်လူငယ်တွေကိုဘယ်တော့မှလက်တုံ့ ပြန်ခိုင်းလေ့ မရှိဘူး။
သားတို့ ပြန်မလုပ် နဲ့  ပြန်မလုပ်ရဘူးနော် အဲဒီ့နေရာမှာသေသွားရင်တောင်ခံသွားရမယ်တဲ့ လေ ဒီလို ဗြဟ္မာစိုရ်တရားကြီးမားတဲ့မိန်းမသားတစ်ယောက်ကိုမညှာမတာရက်ရက်စက်စက်လုပ်ကြံရက်တဲ့အာဏာ
ရူးစစ်ဘီလူးတွေ သူတို့ ကိုဆန့် ကျင်ရဲတဲ့သတ္တိငါတို့ ထောင်ထွက်တွေမှာတောင်မရှိရင်အကြောက်တရား
အလွှမ်းမိုးခံကြရတဲ့ပြည်သူတွေ ဘယ်လို ရပ်တည်လေမလဲ--ဆိုပြီး -- ထောင်ကထွက်ပြီး စကျမမှာ
န - အ-ဖ ကိုနှလုံးရည်နဲ့ ရင်ဆိုင်တိုက်ပွဲ ပြန်စရပါတော့တယ်

NLD လူငယ် တွေ ရဲ့ လှုပ်ရှားမှုတော်တော်များများဟာ မီဒီယာ တွေ မှာကြားပြီးကြတဲ့ အတိုင်း အခြေ
အနေအရ တပ်ဦးကျွံအောင်ထွက်ခဲ့ကြရပါတယ်။ကျမအဲဒီ့အချိန်မှာRFA နဲ့  အင်တာဗျူး လုပ်ခဲ့သလိုပေါ့
လူငယ်တွေဟာမိုင်းနင်းရမဲ့ေ၇ှ့တန်းကစစ်သားကလေးတွေလိုပါ။ ရဲရဲနီ တဲ့သွေးတွေ နဲ့ လမ်းခင်း ပေး
တက်ကြတာပါပဲ။

ဒီပဲယင်းလုပ်ကြံမှုဟာလည်းပြင်းထန်ကြမ်းတမ်းလွန်းလို့ ဆန့် ကျင်ဖို့ လုပ်ငန်းတွေ သွေးတိုး စမ်းဖို့ ဆို
တာကလည်း လူငယ်ပဲမဟုတ်လား။ ဒီလို လှုပ်ရှားမှုအ၇ှိန်အဟုန်တွေကြားမှာ အမျိုးသား အောင် ပွဲနေ့ 
့နှစ်ပတ်လည်ကြီးကိုရောက်လာတော့တာပါပဲ ။ ရန်ကုန်တိုင်းအတွင်းမြို့ နယ်ပေါင်း ၂၃ မြို့  နယ်က တာ
ဝန်ခံ (၁) (၂) ဆက်သွယ်ရေးလူငယ်တွေက အာလိန်ငါးဆင့် ဘုရား (အင်းစိန်) မှာချိန်းလိုက်ကြတယ်
အမျိုးသားနေ့ ကို ဘယ်လိုပုံစံကျင်းပမလဲဟေ့ လို့ သဘောထားယူလိုက်တာတစ်ချို့ က ဗဟန်းခြောက်
ထပ်ကြီးဘုန်းကြီးကျောင်းမှာလုပ်တဲ့ဆွမ်းကျွေးပွဲကို အင်အားဖြည့်မယ်တဲ့တစ်ချို့ က သက်ဆိုင်ရာမြို့ 
နယ်တွေကအခမ်းအနားကိုတာဝန်ယူမယ် တစ်ချို့ ကစာဝေမယ်စသည်ဖြင့် နိုင်ငံရေး အသွင်ဆောင်တဲ့
လှုပ်ရှားမှုပုံစံတွေကိုရွေးချယ်ကြတယ် ဒီအချိန်မှာ လူငယ်တစ်ယောက်က

မကြီးရေ သားတို့ ဒီလိုလုပ်ရင်မကောင်းဘူးလား---တဲ့
ပြော ဆိုတော့ ရွေတိဂုံဘုရားရဲ့စနေဒေါင့် မှကျြောင်းသားခေါင်းဆောင်ကြီးတွေရဲ့
နာမည်နဲ့ ကျောက်စာတိုင်တစ်ခုရှိတယ် အဲဒီကို အလေးတက်ပြုကြရင်ကောင်းမယ် တဲ့ -။

ကျမဥနှောက်ထဲ တော်တော်သဘောတွေ့ သွားတယ် ။ချက်ခင်းပဲ ကောင်းတယ်ဟေ့ အဖမ်းတော့ ခံရနိုင်
တယ်နော်--

ဖမ်းဖမ်းကွာ --- ဒီကောင်တွေလုပ်ကြစမ်းပါစေ စတဲ့အသံစုံထွက်လာပြီး ဘုရားပေါ်ကကျောက်စာတိုင်
ကိုအလေးပြုဖို့ သဘောတူလိုက်ကြတယ် ။ အားရစရာပါပဲရှင် ဒီလောက်အန္တယယ်ကြီးတဲ့ သဘောထား
တစ်ခု Movement တစ်ခုကပိုကန့် ကွက်မဲ့သူမရှိပဲ (၃၃) ဦးလုံးကထောက်ခံကြတဲ့အပြင် --

တစ်ယောက်ကဒီလောက်နဲ့ ကျနော်တို့ အားမရဘူး အခမ်းအနားပါဘုရားပေါ်မှာ လုပ် မယ် နောက်
တစ်ယောက်
က ဘုရားရင်ပြင်ကိုသုံးပတ်လောက်ပတ်ပြီးမှ ကျောက်စာတိုင်ကို အလေးပြုမယ် နောက်တစ်ယောက်က
မိန့် ခွန်းပြောပြီးအလေးပြုမယ်။ နောက်တစ်ယောက်နောက်တစ်ယောက် စသဖြင့်အကြံပြုဆွေးနွေးကြနဲ့ 

အရွှန်းဖောက်သိတ်ပြောတက်ပေမဲ့ အလုပ်လုပ်ရင်စေတနာတအားကြီးတဲ့ကျမကို အမေ အမေလို့ ခေါ်
တက်တဲ့ Chemistry နောက်ဆုံးနှစ်တက်နေတဲ့လူငယ်လေးက ။ အမေ အမေ သားက အလေးပြု လို့ 
အော်ရမဲ့နေရာ ကတာဝန်ယူမယ်နော်ဆိုလို့  လေးလေးနက်နက်ဆွေးနွေးနေတဲ့ကြားက ရီလိုက်ကြသေး
တယ် ။
ရီသံတွေ ခန ထိမ်းဆဲ (ဘုရားလူကြီးတွေကလည်း ကွက်ကြည့် ကွက်ကြည့် နဲ့ ) ဆုံးဖြတ်ချက်တွေချပြီး
တိုင်ပင်ထားသမျှ ကတော့

(၁) သွေးဆေးကန်မှာစုရပ်လုပ်မယ်
(၂) အားလုံးပင်နီဝတ်မယ်
(၃) နှစ်ယောက်တစ်တွဲဆီ ဘုရားကိုသုံးပတ်ပတ်မယ်
(၄) သုံးပတ်ပတ်ပြီးကျောက်တိုင်မှာမိန့် ခွန်းပြောမယ်
(၅) မိန့် ခွန်းပြောပြီးအလေးပြုကာစနစ်တကျပြန်ဆင်းမယ်
(၆) ဘုရားပေါ်မှတြင်လူစုခွဲပြီးဘုန်းကြီးကျောင်းသွားမယ်(ခြွင်းချက် ။။ ။ အာဏာပိုင်
တွေက မတရားနှောက်ယှက်ခြင်းပြုလျှင် ရွေးချယ်ထားသော Volunteer(၆)ယောက်မှ ဖြေရှင်းမည်။
အနိမ့် ဆုံးအဆင့် အလေးပြုပြီးမှပြန်ဆင်းရန်ဖြစ်သည်။လူငယ်များဟာဒီပဲယင်းလုပ်ကြံမှုကြီး အပေါ်
အခဲ ကြေနိုင်စရာအကြောင်းမရှိတာကြောင့် သေသေကြေကြေ ရင်ဆိုင်ရန် ၇ှိသော်လည်း ထောင် ဆို
သည့် ခါးသီးလှသည့် နေရာသို့ သူတို့ လေးတွေ မရောက်စေလို သဖြင့်အတွေ့ အကြုံ များသော်ကျမမှ
ချော့မော့ရ နားချရ သည်မှာအကြိမ်ကြိမ်ပါ ။ ဒီပွဲဟာ ပထမဦးဆုံး လူငယ်သစ်တွေကို ဦးဆောင်မှုပေး
စေ တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ကျမကိုယ်တိုင် တန်းစီ လှည့်လည်တဲ့ အထဲ မှာပါဝင်လှုပ်ရှားခဲ့ပါတယ်။

ဒါဟာ မျိုးဆက်သစ်တွေ ကို လက်ဆင့် ကမ်းရမဲ့ ကျမတို့ ရဲ့ တာဝန်လို့ ယုံကြည်မှုကြောင့်ပါ ။ NLD
လူငယ်တွေရဲ့ သတ္တိဆက်လက်ကြည့် ကြရအောင်ပါ ။အမျိုးသားအောင်ပွဲနေ့  ရောက်ပြီ --- ချိန်းထား
တဲ့ နေရာ ရဲ့ မလှမ်းမကမ်းကိုကျမအရောက် ကျမတောင် လန် သွားပါတယ် ဘာကြောင့်လဲ ဆိုတော့
ရွှေတိဂုံအလယ်ပစ္စယံ မွန်ပရိယတ္တိလမ်းကြားကနေ ကျမ လမ်းလျောက်လာတာ သွေးဆေးကန်ဘေး
ရောက်တော့ ရဲရဲ တောက် ပင်နီတွေ နဲ့  လူငယ်၁၀၀ ကျော်က ကြို ရောက်နှင့် နေကြပြီ ပဲခူးကလူငယ်
တွေ ဧရာဝတီကလူငယ်တွေ ရန်ကုန် မြို့ စွန် တိုက်ကြီးမှော်ဘီ သုံးခွ ခရမ်း ကွမ်းခြံကုန်း စတဲ့ ရပ်ဝေး
က လူငယ်တွေကိုမြင်တော့ကျမထင်ထားတာထက်စည်းရုံးရေးစွမ်းအားပိုကောင်းနေတယ်။

ဦးဆောင်သူခြောက်ယောက်ကအရည်အချင်းပြလိုက်တာလေ သူတို့ တင်ပဲလား ရောက်လာသူ တွေရဲ့
ဗဟိဒ ပုံစံ အမျိုးသားနေ့ ဆိုတဲ့ ဇာတိသွေးကြောင့်ထင်ရဲ့ ပိုတက်ကြွပိုသတ္တိပြနေကြပါလား နယ်ကလူ
တွေကိုမေးကြည့်တယ် ။ နင်တို့ --- ပဲ ရှိသေးတယ် မမေးနဲ့ မကြီး ဒီတကွက်နောက်ကျသွားပြီ။
သားတို့  က ည အိမ် တာဗျ တဲ့ တစ်ချို့ က နံနက် ၄း၀၀ လောက်ထလာကြတာတဲ့။ ဆက်သွယ်ရေးက
တော့ မြန်ပါတယ် လူငယ်တွေ ရဲ့ စေတနာ ပါတာကိုး။ တဖွဲဖဲါ နဲ့ --ချိန်းထားချိန်နီးတော့သွေးဆေးကန်
နဲ့ လွတ်ငါးအရောင်းဆိုင်လေးတွေ ရှေ့ မှာ ရုံးစုရုံးစု နဲ့ ပင်နီမ၇ှိသူတွေ အတွက် လူကြီးတွေ ထံကကြို
ငှါးထားတဲ့ ပင်နီတွေ ၀တ်ကြ အချင်းချင်း အဆင်ပြေအောင်စီစဉ်ပေးကြနဲ့  လှုပ်၇ှားမှု တစ်ခု အတွက်
ပြင်ဆင်နေကြဆဲ Timingယူထားတဲ့ အချိန်ကကပ်လာပြီလေထောက်လှန်းရေးတွေ ထောက်လှန်းရေး
အထောက်အကူပြု ကြံ့ဖွံ့ တွေ မျက်စိမျက်နှာပျက်ပြီးဘုရားပေါ်ဆင်းလိုက်တက်လိုက်နဲ့ ခြေတိုနေပြီ ။

ထောက်လှန်းရေးဗိုလ်မှုးတွေအဆင့်အထိရောက်လာပြီဆိုတာကျမတို့ ရှေ့ ပြေးတွေကလည်းသတင်းပို့ 
နေပါပြီ။ ဒါတင်ဘယ်ကမလဲ ဘုရားရဲတွေ ကလည်း နှံပါတ်ဒုတ်ကိုယ်စီနဲ့ အပြည့်ဆိုပဲ ။ဒီသတင်းကြားမ
ှ လူငယ်တွေ ပို တက် ကြွလာတယ်။အောက်ခြေကထောက်လှမ်းရေးတွေ နဲ့ ရင်ဆိုင်ရတာရိုးနေပြီ သူတို
့ပြာလေ သူတို့ နာလေ ပဲ ။ လက်နက် ဆိုလို့ သွားကြားထိုးတံ တောင် မကိုင်တဲ့ နှလုံးလှတဲ့လူငယ်တွေ
နဲ့ ရင်ဆိုင်ရမှာ သူတို့ အလန့် ဆုံးပဲ မဟုတ်လား ။

ထောက်လှန်းရေးအင်အားစု နဲ့  ဘုရားရဲ အင်အားစု ဘယ်လောက်အင်အား
ပြပါစေ NLD လူငယ် ၄၅၂ ယောက်ကတော့ ရည်ရွယ်ချက်ဆုံးဖျက်ချက် အတိုင်း အမျိုးသားအောင်ပွဲနေ့ 
့ကို ရွှေတိဂုံဘုရား အနောက် ဖက် မုခ်သွေးဆေးကန်က နေနှစ်ယောက်တစ်တွဲ ညီညီညာညာ တန်းစီပြီး
တက်သွားပါတယ် ။

ဒီလို ဘုရားပေါ်တက်လာတဲ့ လူတန်းကြီးကို ဘုရားဖူးပြည်သူတွေ တအံ့တသြ အားပေး နေကြပါတယ်
တစ်ချို့ ဆို ၀င်ပြီး တန်းစီ လိုက်ပါလာတာကြောင့် ကျမတို့ မှာ ထောက်လှန်းရေး ပရောဂ ပါလာမှာစိုးလို့ 
အစစ သတိထားနေရပါတယ်။ပြင်ဆင်မှုရှိဟန်တူတဲ့ ထောက်လှန်းရေးကင်မရာပေါင်း ငါးဆယ.်မကဗွီဒီ
ီရိုကင်မရာဆယ်လုံးမက ထောက်လှန်းရေး နဲ့ ဘုရားရဲပေါင်း ၁၀၀မက ကြို တင် ဖြန့် ကျက်ထားပြီးကျမ
တို့ ဘုရားကို သုံးပတ်ပတ်နေတာ ကို ပျာရိပျာယာနဲ့ နောက် က လိုက် နေပါတယ် ဘုရားဖူးပြည်သူတွေ
ကလည်း ကျမတို့ ဖက် က ရပ်တည်နေသလို အားပေးနေကြပါတယ်Foreigner နိုင်ငံခြားသား တစ်ချို့ 
ကလည်း ဟိုမေးသည်မေး နဲ့ ဓါတ်ပုံဝင်ရိုက်လိုက်ကြသေးတယ်။

ဘုရားကိုလက်ယာရစ်သုံးပတ်ကြည်ညိုလို့ ပြီးတာနဲ့ ကျောင်းသားခေါင်းဆောင်ကြီးများကဗျဉ်း ထိုးထား
တဲ့ ကျော်က စာတိုင် ကြီးများရှိရာ ချီတက်လာကြပြီး ထောက် လှန်းရေးကာရံ ထားတဲ့ ( ဒီမနက်မှကာ
ထားဟန်ရှိ) ၀ါးရာဇမတ် လေးထောင့်ကွက်ဘေးမှာရာဇမတ်နဲ့ ခန္တာကိုယ်တွေ ထိထားရင်းအားလုံ လေး
ထောင့်ပတ်လည်ဝန်းရံလိုက်ကြတယ်တစ်ပြိုင်နက် ထဲမှာကျမတို့ လူငယ်ထုရပ်နေတဲ့ အကြားထောက်
လှန်းရေးတွေ စကားပြောစက် ကိုယ်စီ နဲ့ ဖြန့် ဝင် လာကြပါတယ်။ဘုရားရဲ တွေ ကဒုတ်တွေ နဲ့ ကျမတို
့ကိုဝိုင်းထားကြပါတယ်။

မလှမ်းမကမ်းမှာတော့ Forenger အယောက် ၂၀ လောက်ကို အခြေအနေအရပ်ရပ်ကို နားလည်ဟန်တူ
တဲ့ အခြား Forenger တစ်ယောက် ကိုရှင်းပြနေပြီး ကျမတို့ အင်အားစုကိုစောင့်ကြည့်ပေးနေကြပါတယ်
ဖြစ်စဉ်က တစ်ပြိုင်နက်ပါ။ထောက်လှန်းရေးတစ်ဦး က ဒီမှာဘယ်သူခေါင်းဆောင်လဲ ဟုမေးရာ

(ကျမတို့ ကြိုတင်စီစဉ်ထားတဲ့ အတိုင်း အားလုံးခေါင်းဆောင်ပဲဟုပြန်ဖြေလိုက်ကြပါတယ်။ ထိုအခါအရာ
၇ှိဟုထင်ရသူတစ်ယောက်က ဒီမှာ အခမ်း အနားလုပ်ခွင့် မပြုဘူး ခု ပြန်ဆင်းပါ ။ဆိုတဲ့ အမိန့်  နဲ့ အတူ
ညာသံ များပါလာပါတယ်။ လူငယ်များထံ မှလည်း ကျနော်တို့ အလေးပြုပြီးမှ ပြန်ဆင်းမယ် ခု မဆင်းဘူး
ဟု ဖြေလိုက်ရာထောက်လှန်းရေး (၇) မှ လှသက်မောင် ကိုယ်တိုင် ဒေါသသံနှင့် မင်းတို့ ခု ဆင်းသွား
မဆင်းရင် ခု ဖမ်း မယ် သူ့ တပည့် တွေ ကိုလည်းငေါက်ငမ်း၍ ဟေ့ကောင်တွေ မင်းတို့ ဘာလုပ် နေလဲ
ဲ ၀ိုင်းထား ။ဖမ်းတော့ ငါ အမိန့် ပေးနေတယ် ခု ဖမ်း ပြောနေပေမဲ့ ဘုရားရဲ များကသာ နံပါတ် ဒုတ် များ
နှင့် ၀ိုင်းလာတယ် ထောက်လှန်းရေးများ ကိုယ်ထိလက်ရောက် မဆွဲ သေးပါ။ဆူဆူညံညံ ကြမ်းကြမ်း
တမ်းတမ်း ဖြစ် လာချိန် တွင် အတွေ့ အကြုံ နည်းသောလူငယ်တစ်ချို့ မှပြန်လှည့် ထွက်ရန်စဉ်းစားနေပုံ
ရသည်။ ခြေလှမ်းက ကျွံနေပြီ တာဝန်ယူခဲ့သောခြောက်ဦးမှာလည်း မထင်မှတ်ပဲ ထိပ်တိုက်အကျဆုံးဖြစ်
သွားရာ အကယ်၍ အဖမ်းခံ ခဲံကြရပါက ကျမ ခေါင်းထားစရာ နေရာမရှိနိုင်တော့ပါ ။အဘယ့်ကြောင့်ဆို
သော်တပ်ဦးကျွံခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ်အာဏာပိုင်တွေ ကိုလည်းအလျော့မပေးချင်ပါ လူငယ်အများစု မှာဖမ်းချင်ဖမ်းပါစေ လုပ်စရာ
ရှိတာကို လုပ်မည့်အခြေအနေ အနေအထားကိုကျမ၀င်ထိမ်း မှရတော့မည် ဆိုးဒဏ်ကောင်းဒဏ်ကိုယ်ခံ
မည်ဟုဆုံးဖြတ်၍ ကျမတို့ တစ်တွေအားလုံးအလေးပြုပြီးမှပြန်မယ် အခမ်းအနားလုပ်ခွင့် မရရင်မလုပ်ဘူး
ဟု အလျော့ အတင်း သံ နဲ့ ကျမ အော်လိုက်ပါတယ် တစ်ပြိုင် နက် ပြန်ဆုတ်ရန် ခြေလှမ်း ထွက်နေ တဲ့
လူငယ်တွေကိုပါ လှမ်းတားလိုက်ပါတယ်။ဒီအခါ မှာစောစောကတပ် မှုးလှသက်မောင်ကျမဆီ တိုက်ရိုက်
ရောက်လာပါတယ် ။ ဘာမှလုပ်ခွင့် အပေးဘူး အခုဆင်း မဆင်းရင် ဖမ်းမယ် လို့ ဒေါသတကြီးပြောတယ်
ရှင်တို့ ကျမတို့ လူငယ်တွေ ကို ရိုင်းရိုင်းစိုင်းစိုင်းမောင်မထုတ်ပါနဲ့  လို့ ကျမကပြန်ပြောလိုက်ရာ တပ်မှုး
လှသက်မောင် က ကျမရဲ့ နာမည်ရင်းကိုခေါ်ပြီး ဒီမှာ----------နင့်ကိုလက်ရှိအခြေအနေအရသီးခံနေတာ
ငါတို့ ဘယ်မှာရိုင်းရိုင်းစိုင်းစိုင်းပြောလို့ လဲ ဟု အသားတွေ တဆတ်ဆတ်တုန်ပြီး ကျမကို လက်ညိုးထိုးပြီး
ရန်တွေ ပါတော့တယ်။

ဟုတ်ပြီမောင်မထုတ်ရင် ကျမ တို့ အလေးပြုပြီးပြန်ဆင်းမယ် လို့ ပြောမှ လှသက်မောင် လေသံ နည်းနည်း
လျော့ သွားပါတယ်။ အဲဒီ လှသက်မောင် နဲ့ ကျမတို့  အပြန်အလှန် ပြသနာကို ကျမတို့ ဖက်မှာ အသံ ဖမ်း
ယူနိုင်ခဲ့ပါတယ်။

တပြိုင်နက် လူငယ်တစ်ဦးမှသိတ်စကားများနေတဲ့ထောက်လှန်းရေးတပ်မှူးကိုဂရုမစိုက်တော့ ပဲအလေးပြု
ဟု ဦးဆောင်လိုက်ရာ ထောက်လှမ်းရေး ဘုရားရဲ အင်အားစု ဘာလုပ်ရမှန်းမသိပျားပန်းခပ်သွားကြသည်။
အလေးပြုပြီးသည် နှင့် တစ်ပြိုင်နက်ဘုရားရင်ပြင်တွင် သုံးပတ် ပတ်၍ အင်အားပြကာ အခမ်းအနား လုပ်
ခွင့်မရသော စိတ် မတရားလာရောက်နှိမ်နှင်းသဖြင့် မခံ ချင်သောစိတ်နှင့် ကျမတို့ နဂို အစီအစဉ် ထက်
ပိုကာ ဒီပဲ ယင်းဖြစ်ဖြစ် ခြင်းဖမ်းဆီးခံရပြီး မကြာမှိကမှာလွတ်လာသော CEC ၅ဦး (ဦးအောင်ေ၇ွှနှင့်
ဦးလွင် မလွတ်သေးပါ ) မှဦးဆောင်ကာ ဆွမ်းကျွေးနေသော ခြောက်ထပ်ကြီးဘုရား သာသနာ့ဂုဏ်ရည်
ကျောင်းတိုက် ရှိ အမျိုးသားအောင်ပွဲနေ့  သို့  ရှေ့ ဆက်ချီတက် သွာဖြစ်ခဲ့ကြသည်.။ လူငယ်တွေကတော့
ညီညွတ်မှု အပြည့်ပါ ခုလိုပင်နီဝတ်စုံတွေနဲ့  တန်းစီချီတက် ခြင်းဟာ NLD ရဲ့ မှတ်တိုင် မှာ ကြုံတောင့်ကြုံခဲ
ချီတက်ပွဲဖြစ်ပါတယ်။

ထောက်လှန်းရေးကားများသည်ရှေ့နောက်မှလူးလားခတ်၍ အရူးများနှယ်သွေးလန့် နေကြရာဝယ် ကျမတ
ို့ မြတ်နိုးသောတော်လှန်ရေး ရဲ့ အရိပ် တော်လှန်ရေး ရဲ့ နိမိတ် အစဉ်အလာတွေလက်ဆင့် ကမ်းနိုင်ခဲ့တဲ့
အမျိုးသားနေ့ အောင်ပါကြီးကို အမျိုးသားဝတ်ဆုံအပြည့် နဲ့  ကြီးမာတဲ့ အန္တယယ်ဒါးသွားကြားမှာ ပါးပါး
ကလေးလှစ်လှစ်ကလေးချီတက်သွားခဲ့ကြတာတော်လှန်ရေးခေါင်းဆောင်တွေရဲ့ကျောင်းသားခေါင်းဆောင်
တွေရဲ့ကျောက်တိုင်ဆီကိုတူညီဝတ်စုံတွေနဲ့ အလေးပြုနိုင်ခဲ့ကြတာစားတော့ဝါးတော့ မဲ့ခွေးဘီလူးတွေကြား
ကအကင်းပါးပါး နဲ့ အန္တယယ်ကိုေ၇ှာင်ခွင်းနိုင်ခဲ့ကြတာယနေ့ ဆိုလျှင်တစ်နှစ်ပြည့်မြောက်သွားခဲ့ပါပြီအမျိုး
သားအောင်ပွဲနေ့ ကြီးလည်း(၈၄) ကြိမ်မြောက်ခဲ့ပါပြီအခုကျရောက်တော့မဲ့အမျိုးသားနေ့ ကြီးကိုရောပြည်
တွင်းမှအနစ်နာခံ လူငယ်များ ဘယ်လိုချီတက်ပြီးသတ္တိပြသွားကြလေမလဲလို့  ရင်ခုန်စွာ မှန်းဆရင်းပြည်
တွင်းမှအနစ်နာခဲ့လူငယ်များအားဤဆောင်းပါးဖြင့်ဂုဏ်ပြုလိုက်ပါသည်။

( ဤဆောင်ပါးသည် ၂၀၀၃ လှုပ်ရှားမှု ပြီး ၂၀၀၄ အမျိုးသားနေ့  တွင် ရေးသားခဲ့ခြင်းဖြစ်သည်
ရန်ပုံခွင်း စာပေ တွင် ၂၀၀၄ က ဖေါ်ပြပြီးဖြစ်သည်။)

မေအိခင်(လယ်ဝေး)

(မှတ်ချက် ။ ။။ ကာယကံရှင်စာရေးသူကိုယ်တိုင် ရင်ဆိုင်ပါဝင်ခဲ့သော လှုပ်၇ှားမှု ဖြစ်သည်
ဖြစ်စဉ် အားလုံးကိုတာဝန်ယူရေးသားပါသည်။)

Friday, November 14, 2008

ဒီနေ့  ထောင်ချခံခဲ့ရသူတွေကတော့

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်မှအန်အယ်လ်ဒီလူငယ်များဖြစ်ကြသည့် ကိုကျော်ကျော်လင်း ကိုကျော်ဇင်ဝင်း၊
ကိုအောင်ကျော်ဦး၊ မကြည်ကြည်ဝါ နှင့် ကိုနေဇာမျိုးဝင်းတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက
ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်သည်။

၎င်းအပြင် မကြည်ကြည်ဝါအားမတရားအသင်းအက်ဥပဒေနှင့် ဗီဒီယိုအက်ဥပဒေတို့ဖြင့်နောက်ထပ်၆နှစ်၊
ကိုကျော်ဇင်ဝင်းအား မတရားအသင်းအက်ဥပဒေ၊ ဗီဒီယိုအက်ဥပဒေနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှု
တို့ဖြင့် နောက်ထပ် ၁၁ နှစ်၊ ကိုကျော်ကျော်လင်းအား နယ်စပ်ဖြတ်ကျော်မှုဖြင့်နောက်ထက် ၅ နှစ် ချမှတ်
လိုက်သည်။

တောင်ဒဂုံမြို့သစ်မြို့နယ်မှ အန်အယ်လ်ဒီအဖွဲ့ဝင် ကိုညီညီမင်းနှင့် ကိုတင်ဝင်းတို့ကို ထောင်ဒဏ် ၂ နှစ်
နှင့် သာကေတ မြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်မြင့်ကို ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက် သည်။

ယမန်နေ့က ထောင်ဒဏ် ၇ နှစ်ခွဲစီချမှတ်ခဲ့ပြီးဖြစ်သည့် လှိုင်သာယာ မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင်များ
ဖြစ်ကြသော ကိုသန့်ဇင်မျိုး၊ ကိုဆန်းဝင်းနှင့် ကိုကျော်စိုးဝင်းတို့ကို နှစ်ရှည်ထောင်ဒဏ်များ ထပ်မံ ချမှတ်
လိုက်သည်။

ကိုသန့်ဇင်မျိုးနှင့်ကိုဆန်းဝင်းတို့အပါအဝင်လှိုင်သာယာမှအန်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သည့်ကိုသန့်ဇော်မြင့်
အား ထောင်ဒဏ် ၉ နှစ်ခွဲစီ ယနေ့ချမှတ်လိုက်ပြီး အင်းစိန်ထောင်တွင်း၌ ယာယီရုံးထိုင်ထားသည့် ကမာရွတ်
တရားရုံးက ကိုကျော်စိုးဝင်းအပါအဝင် ကမာရွတ်အန်အယ်လ်ဒီ ပါတီဝင် ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ
အန်အယ်လ်ဒီအဖွဲ့ဝင် ဒေါ်မငယ်တို့အား ထောင်ဒဏ် ၇ နှစ်ခွဲစီ ချမှတ်လိုက်သည်။

မန္တလေးမှ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင် နှင့် ကိုဇော်ဝင်း တို့ လည်း
ထောင်ဒဏ် ၄ နှစ်ခွဲစီ ယနေ့ချမှတ်ခံလိုက်ရသည်။

သတင်းထောက်မလေး အိမ့် ခိုင်ဦးအားလည်း ထောင်ဒဏ် နှစ်နှစ် ချမှတ် လိုက် သည်။ စစ်အုပ်စုသည် ဤ
အင်အားမှပြည့် သူ့ အင်အားအစစ်အမှန် တွေ ပြည်သူဖက် ကမားမားမတ်မတ် ရပ်တည်သွားမည်သူတွေဟု
အသေအချာနားလည်သဘောပေါက်သဖြင့် ၈၈ မျိုးဆက် များအပါအ၀င် NLD အင်အား အား စနစ်တကျဖြို
ခွင်းနေခြင်းဖြစ်သည် ။ အမိန်ချခဲ့ခဲ့ရသည် ။ရဲဘော်အများစုသည် မိမိနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်များဖြစ်သ
ဖြင့် အင်မတန်မှပင် ၀မ်းနည်း ကြေကွဲမိပါသည် ဂုဏ်လည်းယူမိပါသည် မိမိ ပေးဆက်မှုထက်မကသောပေး
ဆပ်အနစ်နာခံနေရမှုများအတွက်လည်း အထင်ကြီးလေးစားမိပါသည်.။

ရှေ့ကပေးဆပ်သွားသောသူများအား အတုယူ၍ မဆုတ်မရွံ အားမာန်သစ်လောင်းက ဆက်လက်တိုက်ပွဲဝင်ဦး
မည် ခွပ်ဒေါင်းစိတ်ဓါတ် ပြည့် နှပ် နေတဲ့ မျိုးဆက်သစ်တွေ ပေါ်ထွက်လာဦးမည်ကတော့ ဧကန်မလွဲ ဖြစ်ပေ
တော့သည်။

မေအိခင်

Thursday, November 13, 2008

NCGUB ဘယ်လဲ ဘာလဲ ( MAHARMY ဘလော့ မှကူးယူတင်ပြသည်)

ပြည်သူ့ ဘက်တော်သားတဦး

၁၉၉၀ခုနှစ် ဇူလိုင်လက ကျင်းပခဲ့တဲ့ ဂန္ဓီ ခန်းမ ဗိုလ်အောင်ကျော်လမ်း မှာ ရွေးချယ်ခံ ပြည်သူ့ လွှတ်တော်
ကိုယ်စားလှယ်များနဲ့ NLD ပါတီ အလုပ်အမှုဆောင်ကော်မတီများ၊ခေါင်းဆောင်များအားလုံးစုံညီ ဂန္ဓီခန်းမ
အစည်းအဝေးကြီး ကျင်းပပြုလုပ်ပြီးနောက် အချို့ ဟာ ယှဉ်ပြိုင်အစိုး ရဖွဲ့ ဖို့  မန္တလေးမှာ အစည်းအဝေး
လုပ်ခဲ့ကြတယ်။

ဒီအစည်းအဝေးမှာ ၀န်ကြီးချူပ်ရွေးဖို့ စဉ်းစားကြတာဟာ ဒေါက်တာ စိန်ဝင်း မဟုတ်ပါဘူး။ အခြားCEC
အဖွဲ့ ဝင် တယောက်ပါ။ ပေါက်ခေါင်း အမတ် ၀န်ကြီးချူပ်ဖြစ်ရမယ် ဆိုတဲ့ ဒေသစွဲ၊ ဦးဘ၀င်းသား ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကိုဝမ်းကွဲဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် သချာင်္ ဒေါက်တာ ဦးစိန်ဝင်းကို ရွေးတဲ့
လူက ရွေးခဲ့ကြတာပါ။



ဦးစိန်ဝင်းဟာသူနဲ့ အတူ ရာသက်ပန်ဝန်ကြီး ဖြစ်နေတဲ့ ဦးဘိုလှတင့်၊ဦးစန်းအောင်စသည်တို့ နှင့်KNUရဲ့ 
မေတ္တာရိပ်ကို ခိုလှုံပြီးနိုင်ရွှေကျင၊် ဦးခိုင်စိုးနိုင်အောင်၊ဦးကျော်လှ တို့ တတွေက ပြည်ပရောက် အစိုးရဖွဲ့ 
ဖို့ အဆင်သင့် လုပ်ကိုင်ထားတဲ့ အစိုးရတံဆိပ်တော်တွေ အသုံးပြုပီး ရွေးကောက်ပွဲ အနိုင်ရ Mandate
ကိုအသုံးပြုပြီး အမျိုးသားညွန့် ပေါင်း ဆိုတဲ့ အစိုးရဆိုတဲ့ နာမယ်ခံခဲ့တယ်။ ညွန့် ပေါင်း ဆိုတဲ့ အတိုင်း
တိုင်း ရင်းသားခေါင်းဆောင်တွေပါ ပါဝင်ဖွဲ့ စည်းဖို့ သဘောတူခဲ့ကြတယ်ဆိုပေမယ့်နောင်မှာရွေးချယ်ခံ
တွေဘဲ ပါ ပါရစေဆိုတဲ့ငြင်းဆိုချက် ရှိတယ်လို့  ပြောစမှတ် ပြုခဲ့ကြပါတယ်။

အစိုးရဖွဲ့ စမှာတော့ MPU တွေ မရှိုပါဘူး။ ရောက်လာသမျှ (၈)ဦး၊ (၁၁)ဦး စသည့် ၀န်ကြီး တွေပါဘဲ။
နာမယ်တွေတောင်မှည့်ခဲ့ပါသေး တယ်။ကျန်းမာရေးဝန်ကြီး၊အလုပ်သမားဝန်ကြီး စသည်ပေါ့။ ရာသက်
ပန် ၀န်ကြီးချူပ် ဦးစိန်ဝင်းကတော့ နိုင်ငံခြားရေး တာဝန်ယူပီး ရာသက်ပန် ဘဏ္ဍာရေး ၀န်ကြီးက
ဦးဘိုလှတင့်ပါ။

ဝန်ကြီးများ(၁၁)ဦးရှိရာက ၂၀၀၄-၂၀၀၅ မှာ (၅)ဦးဘဲ ရှိပါတော့တယ်။ ၂၀၀၃ခုနှစ်အကုန်အထိ (၇)ဦး
ရှိရာကနေ ၂၀၀၄ ခုနှစ် မတ်လ ညီလာခံ မှာ တရားရေးဝန်ကြီး ဦးသိန်းဦးနဲ့ ပြန်ကြားရေး ၀န်ကြီး
ဦးမောင်မောင်အေးကို ဖြုတ်ပြစ်ပါတယ်။

ပိုက်ဆံမရှိလို့ ဆိုတဲ့ အကြောင်းပြချက်ပါ။ အဖြုတ်ခံရမှာ မသိတဲ့ ဦးသိန်းဦးက ပိုက်ဆံဆို တာ သူတို့ 
ပဲရှာကြ၊ ရနေကြတာပါလို့ ပြောတယ်။သူတို့ ဆိုတာက (၅)ဦးကော်မတီဝန်ကြီး၊( အရှေ့ / အနောက်/
ဘော်ဒါဝန်ကြီး ၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ ဝန်ကြီးချူပ်ပါ။ )

ဝန်ကြီးချူပ်နဲ့ ဝန်ကြီးတွေက တသွေး၊တသံ၊တသားတည်းပါ။ ၀န်ကြီး ချူပ်က Credential Challenge
မှာညီလာခံခေါ်ပြီး အမတ်အများဆုံး အကုန်လုံးကလက်မှတ်ထိုးပြီး အရေးဆိုသည်ဖြစ်စေ၊ ဟိုလူ ဒီလူ
လာပြောပြော၊ ဗိုလ်ချူပ်တာမလာဘော ဘဲပြောပြော၊ လက်မှတ်ထိုးဖို့  မပြောကြနဲ့ ၊ ပြောရင်သာမော
ကြမယ် ကျနော်ကတော့ မထိုးရေးချ မထိုးလို့ … …. ။

ဒီမိုကရေစီ ဆိုတာဘာလဲ၊

"ဦးစိန်ဝင်းရဲ့ ဒီမိုကရေစီ"လို့ ဝိတ္တာရပြုရမယ့် ဒီမိုကရေစီအရတသွေး၊တသံ၊တမိန့် လို့ ပြောရမယ့်အစိုးရ
ပါဘဲ။
အစိုးရဖွဲ့ စည်းစဉ်က" မြန်မာနိုင်ငံစစ်အာဏာရှင်စနစ်အမြန်ဆုံး ချူပ် ငြိမ်းရေး ၊အားလုံးပါဝင်တဲ့ညီလာခံ
ပေါ်ထွန်းရေး၊ ပြည်ထောင်စု အစိုးရ တရပ် ပေါ်ထွန်းရေး" ဆိုတဲ့ ကြွေးကျော်သံနဲ့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာ
၁၈ ရက်မှာ ဖွဲ့ စည်းခဲ့တယ်။

၁၉၉၄ခုနှစ် UNGA မှစပြီး သုံးပွင့်ဆိုင်၊သုံးပွင့်ဆိုင်လို့ တကျော်ကျော် ဟစ်အော်ပြီး၊ UNGA မှာ ဆုံးဖြတ်
ချက်
သုံးပွင့်ဆိုင်ဆွေးနွေးဖို့ စစ်အာ ဏာရှင် အစိုးရအား တိုက်တွန်းလိုက်သည်ဆိုတဲ့ ယခုထိ ရာသက်ပန် ရှင်
သန်နေဆဲဖြစ်တဲ့ (ဆုံးဖြတ်ချက်)(တိုက်တွန်းချက်)အရ " သုံးပွင့် ဆိုင်" ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားခဲ့
တယ်။

သုံးပွင့်ဆိုင် ပါတနာ၊ Dialogue Partner ဖြစ်တဲ့ချစ်လှစွာသော နအဖ ငြိုငြင်မှာ ကို မလုပ်ခဲ့။ ဒီပဲယင်း
တရားခံလည်းမလုပ်ခဲ့။ ရွှေဝါရောင်စစ်ဆင်ရေးမှာလည်း R 2 P မလုပ်ခဲ့။ အမျိုးမျိုး အနစ်နာခံ၊ မျက်စ
ပစ်ခဲ့သော်လည်း မောင်မင်းကြီးသား နအဖ တုတ်တုတ်မှ မလှုပ်။ "သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မမျှော်လင့်နဲ့ 
" လို့ ဗိုလ်ကျော်ဆန်း တိုင်းသိပြည်သိ ပြောခဲ့သော်လည်း ရွှေပြည်တော်မျှော်တိုင်းမဝေးလေ ဘူး ဆိုပြီး
မသိကျိုးကျွန်။ ဒါလေးနဲ့ ပဲ အနောက်တိုင်း ၊အရှေ့ တိုင်း ၊ EU တခွင်ပြဲပြဲစင် (တရုတ်ပြည်ကလွဲလို့ )
Lobby လုပ်လို့ Donor ငွေ တွေဖြုန်းခဲ့တယ်။

Good Governance ဆိုသည်မှာ ပွင့်လင်းရိုးသားမှု၊ ပြည်သူ့ ဆန္ဒလိုက် လျောမှု၊ ဝေဖန်ခံနိုင်မှု၊
Transparency – Accountability – People desire -လိုက်လျောမှု စသည်တို့ နဲ့  သတ်မှတ်စံထိုးရ
မှာပါ။ ဒီစံတွေ ရှိသလားဆိုတော့ ဘယ်ညီလာခံပဲလုပ်လုပ်၊ ဘဏ္ဍာရေးမှာ ရငွေဆိုပြီး စာရွက်တစ်ရွက်
ပြတယ်။ ဘယ်ကဘယ်လောက်ပဲ ရတယ်ပေါ့။ သုံးစွဲငွေဆိုတာ ပြရိုးထုံးစံမရှိ ။ ရငွေစာရွက်တောင် ပြ
ပီးတာနဲ့  လက်မှတ်ထိုး သိမ်းဆည်းသွားတယ်။ ဘယ်လောက်သုံးလို့ ဘာတွေ ရလာဒ်တွေ ရှိလဲမသိ။
Strategic meeting -ဘဏ္ဍာရေး အစည်းအဝေး ၀ါရှင်တန်မှာ လုပ်တယ် ပြောသံကြားတယ်။ MPU
ကို ဖိတ်ကြားခြင်းမရှိ။ ဘဏ္ဍာရေးကော်မတီ ဘယ်သူတွေူပါမှန်း မသိ။ မသိ။

ဘက်ဂျက် ကိုလွှတ်တော်တင်ပြ၊လွှတ်တော်က အတည်ပြု ဆိုတာတွေ မလိုက်နာ၊ ပြောမယ့်သူမရှိ၊
ရှိပြန်ရင်လည်း ပေါက်ပန်းဈေး လာမပြောနဲ့  လို့ ဘဏ္ဍာရေးဝန်ကြီးက ဟောက်လိုက်သေးတယ်။

၂၀၀၄- ၂၀၀၅ မှာတစ်နှစ်ကိုဒေါ်လာတသန်းရတယ်။ NCGUB ကWLB ကို ဒေါ်လာ၆သောင်း စွန့် ကြဲ
တယ်။ နိုင်ငံတကာ အစည်းအဝေး မှာ Lobby လုပ်ဖို့ ဘောင်ဘီတို နံ့ နဲ့ တီရှပ်ဝတ် အမျိုးသမီး ခေါင်း
ဆောင်ငယ်ငယ်လေးတွေ တွေ့  ရင် NCGUB က ထောက်ပံ့ငွေနဲ့  WLB အမျိုးသမီးခေါင်းဆောင်တွေ
လို့  မှတ်ကရောပဲ။ NLD(LA)အမျိုး သမီးအဖွဲ့ ကို ရှိလား၊ဘာလုပ်ပေးရမလဲမေးဖော်တောင်မရပါဘူး။

MPU ငွေရေး ကြေးရေး မိမိဖာသာ မရှာနဲ့ ၊ NCGUB က MPU ပြပြီး ငွေရှာထားတာ ၊ MPU ကိုတော့
တစ်နှစ်ဒေါ်လာ ၃သောင်း အကုန်ခံ တော်ရောပေါ့။ MPU မှာ ရုံးတရုံး ဓါးတစင်းမရှိ။ ၾသစေၾတးလ်
နိုင်ငံ ၊နယ်သာလင် နိုင်ငံတွေမှာ နေခွင့်ရလည်း၊ တော်လှန်ရေး နယ်မြေ ရှိရာ မဲဆောက် MPU မှာ
တာဝန်ထမ်းဆောင်နေပေမယ့်လည်း ၊Movement အတွက်မပါ၊ မဲဆောက် NCGUB ဘော်ဒါရုံးမှာ
စားပွဲမရှိ၊ Staff မရှိ ၊ဧည့် ခန်းစားပွဲရှေ့ ပေါ်မှာရှိတဲ့သတင်းစာဖတ်ပြီး ပြန်ကြရ တယ်။

၂၀၀၆ ခုနှစ် တူရင်း စည်းဝေးပွဲအပြီးမှာ ရုံဖွင့်ခွင့်နဲ့  Staff နှစ်ဦး ထား ခွင့်ရတယ်။ ကွန်ပျူတာ စားပွဲ
ကုလားထိုင်နဲ့ စတိုင်လ် ကျနေတယ်။ ဘန်ကောက် ၊မယ်ဟောင်ဆောင် စသည့်တော်လှန်ရေး တိုင်း
ရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ ချင်ပေမယ့် ၊ မဟာမိတ် ဆက်ဆံရေးလုပ်ချင် ပေမယ့် ၊ ဘယ်မှာ
လည်းငွေ လမ်းစရိတ် စားစရိတ်၊ ဟိုမှာပေးချင်တဲ့ ဆေးလိပ် ကွမ်းယာဖိုးတောင် မပေးနိုင်။

MPU ဘာတွေလုပ်နေသလဲဆိုရင် NCUB ဒေါက်တိုင်ဖြစ်တဲ့ အတွက် ဘုံလုပ်ငန်း၊ ဘုံလမ်းစဉ်တွေမှာ
ပါဝင်တယ်။ မဲဆောက် ရွှေ့ ပြောင်း အလုပ်သမားတွေ လူထုတွေကို ပြည်ထောင်စုစနစ် ၊အလုပ်သမား
ရေး ရာ စသည် ဟောပြောကြရတယ်။ မဲဆောက်ကိုလာတဲ့ NGO သံတမန် တွေ လက်ခံတွေဆုံတယ်။
NCUB နဲ့ ညီညွတ်ရေး၊သံဃာဦးသျှောင် အဖွဲ့ တွေနဲ့ ညီညွတ်ရေး ကြိုးပမ်းတယ်။ မြန်မာနိုင်ငံက NLD
Statement တွေ လူထုဆန္ဒတွေ လေ့လာ ကူညီပေးတယ်။ မဲဆောက် မှာရှိတဲ့ အခြား နိုင်ငံရေး အဖွဲ့ 
အစည်းတွေနဲ့  မျက်မှောက်နိုင်ငံရေး ဆွေးနွေး၊ MPU အကြောင်းသိရအောင်ဟောပြော စသည် လုပ်
ကြရ ပါတယ်။ ကိုယ်ပိုင်Strategy က NCGUB ရဲ့ Strategy ပါပဲ။ ဒါပေမယ့် NCGUB+MPU ပူးတွဲ
အစည်းအဝေးက လေးနှစ်တခါ ၀န်ကြီးချူပ်သက် တမ်းပြည့်မှ ပြုလုပ်တဲ့ညီလာခံမှာမှ တွေ့ ရတာပါ။
ဒီ ညီလာခံကို ၀န်ကြီးချူပ်ကိုယ်တိုင် တက်ရောက်မှ ဖူးမျှော်ခွင့်ကြုံရတာ ပါ။

၂၀၀၈ခုနှစ်သက်တမ်းပြည့်တဲ့အခါ ထိုင်း- မြန်မာနယ်စပ်မှာကျင်းပပေမယ့် ၀န်ကြီးချူပ် ထိုင်းလာလို့ 
မရလို့ စတုတ္ထ အကြိမ်မြောက် ညီလာခံမှာ ၀န်ကြီးချူပ်ကို MPU က ရွေးချယ်ခြင်း မပြုနိုင်ပါဘူး။
စတုတ္ထအကြိမ် နောက်ဆက်တွဲ ညီလာခံကလည်း လတွေရွေ့  လာ လိုက်တာ ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီ
မှာမှ ကျင်းပတော့မှာဖြစ်လို့  ၀န်ကြီး ချူပ်ရဲ့ (၅)ဦးဝန်ကြီး အဖွဲ့ ဟာ (၅)နှစ် စိုးစံသွားတယ် ဆိုရာမှာပါ။

NCGUB ကညီလာခံတွေမှာထုတ်ပြန်ကြေညာချက်Declarationထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးအစီရင်ခံ
စာ၊ရှေ့ လုပ်ငန်းစဉ် အစီရင်ခံစာ ပြီးခဲ့တဲ့နှစ်တွေက ဘာ ရလာဒ်ကောင်းတွေ ရခဲ့တယ်ဆိုတာ အစီရင်
ခံစာတွေ မတွေ့ မိပါဘူး။ MPUဆိုတာ တို့ အစီရင်ခံရမဲ့သူ တွေ မဟုတ်ဘူးလို့  သတ်မှတ်ပုံရပါတယ်။
တော်လှန်ရေး နယ်ပယ်မှာ အဖွဲ့ အစည်း တခုခုကို ဝေဖန်ရင် နအဖ အကြိုက်ပြောတယ်မြင်လို့  အပြစ်
အပြောခံရပါတယ်။

ဒီလိုနဲ့ ပဲအနှစ်(၂၀)ရှိခဲ့ပါပြီ ။ နအဖ စစ်အာဏာပိုင်းတွေကိုဖြုတ်ချင်ရင် သူတို့ ပြုတ်ပီး ဘယ်သူ့ ဘယ်
အစိုးရကို အားကိုးပြုရမှာလဲ။ ဖြုတ်ချပီးအစားထိုးမယ့် ရွေးချယ်ခံအမတ်မင်းတို့ အစိုးရကို တိုးချဲ့ ပြုပြင်
ပြောင်းလဲဖို့ မလိုဘူးလား။ အားကောင်းမောင်းသန် တိုင်းရင်းသား ခေါင်းဆောငိများရော၊ စီးပွားရေး
ပညာရှင်တွေရော၊ သတင်းစာ ဆရာ ကြီးများရော ပါဝင်မယ် ဆိုရင်ဖြင့်

" ဒါ ငါတို့ အားထားရာ အစိုးရ
ငါတို့ မှီခို လဲလျောင်းရာ အစိုးရ
ငါတို့ ဂုဏ်ယူရမယ့် အစိုးရ "လို့ 
တနေ့ ၃ကြိမ် ဦးထိပ်ပန်ဆင်မှာပါ။ ။


Posted by mahamay at 1:47 PM

ထိုင်းရိုးရာ ဓလေ့ကြားကမြန်မာများရဲ့ တန်ဆောင်တိုင်

















ပျော်မွေ့ တယ်လို့ တော့မဆိုသာ---သြော်ဓလေ့ရယ်မို့ မနေသာတာကြောင့် ကျမတို့  လွယ်ကထုံ လို့ ခေါ်တဲ့
သောင်ရင်းမြစ် ဒီဖက်ကမ်းက (ယိုးဒယားဖက်) ပွဲကို သွားဖြစ်ခဲ့တယ် ။ နှစ်စဉ်နှစ်တိုင်း ကျမ သွားပါတယ် ။။။
ကျမပျော်ချင်တာထက် မွမ်းကျပ်တဲ့တိုင်းတပါးကမြို့ လေးမှာ လုံခြုံရေး သတိထားရတာတွေကြောင့် ရုံးနဲ့ အိမ်
အပြင် ပျော်စရာ နထ္ထိဖြစ်နေတဲ့ ရဲဘော် တွေ မောင်ငယ်နှမငယ်တွေကို ဒီဓလေ့လေး မြင်တွေ့ စေ့ချင်လို့ ပါ ။
ကျမတို့ ကို အင်္ဂလိပ်စာသင်ပေးနေတဲ့ဆရာမဆို ပျော်လိုက်တာမှ ခုန်ပေါက် နေရော့ ပဲ အနောက်တိုင်းဓလေ့
တွေနဲ့ ခြားနားတာကိုး ။
ဒီလိုနေ့ မျိုးဟာ မြ၀တီမြို့ ကိုကျမတို့ ရဲ့ မြန်မာနိုင်ငံကိုအနီးကပ်ဆုံးမြင်ခွင့် ရတဲ့ တစ်နှစ် မှတစ်ရက်တည်းသော
နေ့ ပါ အမြဲလိုလို မျက်ရည်စို့ ခဲ့ရပါတယ် ကလေးတွေနဲ့ ရောပြီး ပြုံးပျော် နေတယ် ထင်ရပေမဲ့ ကိုယ်နိုင်ငံ ရဲ့
တန်ဆောင်တိုင်ကိုသာ တမ်းတမ်းတတ နဲ့ ပါ ။
အဲထူးခြားတာတော့ ကမ်းနှဖူးလို့ ခေါ်တဲ့ ယိုးဒယားဖက်ကမ်းကနေ မယ်ပြိုင်ပွဲ ရွေးပွဲ အမြဲ နှစ်စဉ် ကျင်းပလေ့
ရှိပါတယ် အမြဲလိုလို မြန်မာ အမျိုးသမီးလေးတွေက ပထမရလေ့ရှိပါတယ်။မြ၀တီမြို့ ကနေ လာပြိုင်လေ့ရှတာပါ။
ညကတော့ ဘယ်သူ တွေဆု ဆွတ်ခူးလဲ ကျမ အပြင်မထွက်ဖြစ်သေးလို့ မသိရသေးပါ ။သိရတာနဲ့ တင်ပြပါ့မယ်။

Wednesday, November 12, 2008

ဂုဏ်ပြု ဟစ်ကြွေးလိုက်သည်

********************
အရေးကြီးပြီ ညီနောင် အပေါင်းတို *****့ သွေးစည်းကာညီစေညီကြစို့ ****
ငါတို့ ရဲ့သမိုင်းတခေတ်ကို * ငါတို့ သွေး နဲ့ ရေးခဲ့ ပြီ *သွေး သစ္စာလည်းပြုခဲ့ပြီ
နိုင်ငံတော်အတွက်ဆို *****အသက်ကိုလည်းဘာမထီ ****** သေပစေ
ခွပ်ဒေါင်းသွေးတွေ ရဲရဲရှေ့ ကိုချီ ***** လွတ်လပ်ခွင့် နဲ့ ငြိမ်းချမ်းရေးအတွက်
*****ရည် အဆုံးသတ်တိုက်ပွဲ ငါတို့ နွဲ ကြမည်*****

*****************************************************

ချီတက်ခဲ့ပြီကျောင်းသားစစ်သည်တော် ****** အမှောင် ကိုခွင်းမဲ့စိတ်ဓါတ်များ
ရဲရင့်တက်ကြွမာန်တင်းနေ ******* ယုံကြည်ချက်နဲ့ သမဂ္ဂဖွဲ့ စည်းကာ တိုက်ပွဲ
ရှိရာ ငါတို့ ဦးတည်လာ****** လူ့ ဘ၀မှာ နှစ်ခါသေရိုးလည်းမရှိပြီ ********
ကျောင်းသားတွေ ရင်ဆိုင်တိုက်ရင်း****အသက်စွန့် မည် ****ဒေါင်းအလံတွေ
လေမှာတလွင့်လွင့်ချီနေပြီ *****ဒီမိုကရေစီပေးဟေ့ ပေးဟေ့ ***********
ဒီတောင်တန်းကြီးတွေဓါးသွားထက်ပါစေ *******ပင်လယ်မီးတွေဝန်းရံထား *
******************အပိုင်းပိုင်းပြတ်လို့ လောင်ကျွမ်းပစေ *****ရာဇ၀င်
သမိုင်းတခေတ် ကဗည်းထိုးကျန်ရစ်ပစေ ဒို့ ကျောင်းသားတို့ အာရုံဦးပဲဟေ့ **

*******************************************************
88 မျိုးဆက်များအတွက်ဂုဏ်ပြုဟစ်ကြွေးလိုက်သည်

မေအိခင်

မြန်မာပြည်သူ တစ်ချို့ ထံမှ MPU ဥက္ကဌ ထံ

Tuesday, November 11, 2008

MPU သို့ အိတ်ဖွင့်ပေးစာ



ကလစ်လေးထောက်ပြီးဖတ်ဖြစ်အောင်ဖက်ပါ ။
ရဲရဲဝံ့ဝံ့ မိမိနာမည်သုံးပြီးဝေဖန်အကြံပေးရဲတဲ့
အင်အားမို့ လေးစားစွာတင်ပြတာပါ ။

ထောင်ဒဏ် (၆၅) နှစ် တဲ့ ( မင်းဆိုးမင်းညစ်အုပ်ချုပ်တဲ့တိုင်းပြည်မှာ ထောင်ဆိုတာ သူတော်ကောင်းတွေရဲ့ )

ယနေ့  တွင် ၈၈ ကျောင်းသားများဖြစ် ကြသော ကိုမင်းဇေယျ ၊ ကိုဂျင်မီ ( ခ ) ကိုကျော်မင်းယု ၊ ကိုတင်ဆန်း ၊
ကိုဇေယျ ( ခ ) ကုလားမ ၊ ကိုအံ့ဘွယ်ကျော် ၊ ကိုမားကီး ၊ ကိုပဏ္ဍိတ်ထွန်း ၊ ကိုဇော်မင်း ၊ ကိုသက်ဇော် ၊
မနီလာသိန်း ၊ ရွှီး ( ခ ) မခင်စန္ဒာ ၊ မမီးမီး ( ခ ) မသင်းသင်းအေး ၊မသက်သက်အောင် ၊ မမာမာဦး တို့  အား
အင်းစိန်ထောင်အတွင်းရုံး မှ ထောင်ဒါဏ် ( ၆၅ ) နှစ်စီ အသီးသီးကျခံစေရန်အမိန့်  ချ မှတ်လိုက် သည် ။

ဆက် လက် ပြီးယနေ့  တွင် မစုစုနွေး အပါအ၀င် ( ၇ ) ဦးနှင့်  ကိုစည်သူမောင် ၊ ကိုဒီငြိမ်းလင်းတို့  အားလဲ
ယနေ့  တွင် အမိန့် ချမှတ်မည်ဟု သိရပါသည် ။ မနေ့  က လဲ ဘလော့ ဂါ တဦးဖြစ်သည့်  ကိုနေဘုန်းလတ်
အားထောင်ဒါဏ် နှစ် ( ၂၀ ) နှင့် ခြောက်လ နှင့်  ကဗျာဆရာ ကိုစောဝေ အားထောင် ဒါဏ် ( ၂ ) နှစ် အသီး
သီး ချမှတ်ခဲ့ သည် ။

ယုခုကဲ့ သို့  နှစ်ရှည် ထောင်ဒါဏ် များချမှတ် လိုက်ခြင်း သည် နိုင်ငံရေး လှုပ်ရှားသူများအား စစ်အစိုးရ မှ
မတရားသဖြင့်  တဖက်သက် ချမှတ်လိုက် ခြင်းဖြစ်သည် ဟု ရန်ကုန်မြို့  ရှိ နိုင်ငံရေး အသိုင်း အ၀ိုင်းများ မှ
စစ်အစိုးရအားပြစ်တင်ဝေဖန်လျှက် ရှိသည် ။

သူတို့ ဟာထောင် ကိုမကြောက်ပါဘူး သူတို့  ကိုနှစ်အကြီးကြီးချလိုက်လို့ လည်းသူတို့  စို့ နင့်ကြေကွဲပြီး ခံယူ
ချက်တွေပျက်ပြားသွားမဲ့သူတွေ မဟုတ်ပါဘူးပိုလို့ တောင်၇ဲရင့်ခိုင်မာလာ ဦး မှာပါ ။ မိန်းကလေး ထဲမှာ မီးမီး
နီလာ မမာမာဦး တို့ ဟာ ထောင် ထဲ ကို ၃ ကြိမ်မက ၀င်ခဲ့ရသူချည့်ပါ ။ လူခန္တာ ရဲ့ကျမ်းမာရေးတွေ ထိခိုက်
နေကြပေမဲ့ စိတ်ဓါတ်ခိုင်မာနေသူတွေမို့  ၆၅ နှစ် လည်း ဟားဟား ပါးပါးလေပါ --သေချာတာက သူတို့ ယုံ
ကြည်နေတဲ့ ဒီမိုကရေစီနဲ့လူ့းအခွင့်အရေ နောက်ထက် ၆၅ နှစ် မပြောနဲ့ ၆ နှစ်ကြာ မလိုတော့ပါဘူး ။။။။။။။။။။
ကျမအရမ်းနဲ့ နှမျောတာတော့သူတို့ အပြင်မှာ၇ှိရင်ပြည်သုလူထုရှေ့မားမားမတ်မတ်ရပ်ပြီးတိုက်ရဲတဲ့ရဲဘော်
တွေပါ ။ ကျမတော့ မဲ့ပြီးပြုံးလိုက်တယ် ရင်ထဲမှာနည်းနည်းတော့ နာတယ်ပေါ့ တွေ့ ကြသေးတာပေါ့ နအဖ
ရယ်လို့  အံကြိတ်ပြီး ထပ်မံထောင်နှစ်ကြီးအချခံလိုက်ရတဲ့ သူငယ်ချင်းရဲဘော်များအတွက် ဒီထက်ပိုပြီး စစ်
အုပ်စုကို ဖယ်ရှားနိုင်ဖို့ အားကုန်ကြိုး စားပါမယ် လို့ ဂတိပေးတယ် သူငယ်ချင်းတို့ ရေ

မီးမီး နီလာ မမာမာဦးတို့ နဲ့ ထောင်ထဲ အတူနေခဲ့ဖူးတဲ့

Monday, November 10, 2008

NCUB အကြံပေး PHD ပညာရှင်များ မှမြန်မာနိုင်ငံရေးအကျဉ်းသားများသမဂ္ဂ အား ပညာရှင်တို့  သဘောထားအမြင်နှင့် အလုပ်များအား ၇ှင်းလင်း ပြောကြားခြင်း


ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၏
အကြံပေး ဂျပန်နိုင်ငံ မှ ဒေါက်တာ မင်းညို နှင့်
ပိုလန်နိုင်ငံမှ အကြံပေးဒေါက်တာသန်းထိုက် တို့ 
့၏ ဥရောပခရီးစဉ် (စာတန်းတင်သည့်အစီအစဉ်)
အတွေ့ အကြုံ ရှင်းလင်းပွဲ အား မြန်မာနိုင်ငံရေး
အကျဉ်းသားသမဂ္ဂရုံးတွင် ပြုလုပ်ခဲ့ရာ နိုင်ငံရေး
အကျဉ်းသား များ၊အဖွဲ့ အစည်း အသီးသီး မှ
ခေါင်းဆောင်များတက်ရောက်ခဲ့ပါသည်၊

ဘလော့ကာနေဘုန်းလတ်အား ယနေ့ ထောင် ဒဏ် နှစ် နှစ်ဆယ် နှင့် ခြောက်လ ချ လိုက်သည် ။


စာရေး ဆရာ တဦး လည်း ဖြစ် ၊ သင်္ကန်းကျွန်း
မြို့  နယ် LND လူငယ် ပါတီဝင် တဦး လည်း
ဖြစ် ၊ မြန်မာ ပြည် တွင် ပထမ ဦးဆုံး အဖမ်းခံ
ရသောဘလော့  ဂါ တဦးဖြစ်သူနေဘုန်းလတ်
( ခ ) နေမျိုးကျော် အား ယနေ့  တွင် အင်းစိန်
မြို့ နယ် တရား ရုံး မှ ထောင် ဒါဏ် အနှစ် နှစ်
ဆယ် နှင့်  ခြောက် လ ကျခံ စေ ရ အပြစ် ပေး
လိုက် သည် ။


တရား စွဲ ဆို ထားသော ပုဒ်မ၅၀၅
( ခ ) နှင့်  ထောင် ဒါဏ် ( ၂ ) နှစ် ၊ ပုဒ်မ ၃၂ ( ခ ) / ၃၆ နှင့်  ထောင် ဒါဏ် ( ၃ ) နှစ် ခြောက် လ နှင့်  အီလတ်ထရောနစ်
ပုဒ်မ နှင့်  ထောင်ဒါဏ် ( ၁၅ ) နှစ် စုစုပေါင်းထောင် ဒါဏ် အနှစ် ( ၂၀ ) နှင့်  ခြောက် လ ကျခံစေရန်အင်းစိန်မြို့ နယ်တရား
ရုံး မှ ယနေ့  မတရားသဖြင့်  ထောင် ဒါဏ် နှစ် ရှည် အမိန့်  ချ မှတ် လိုက် သည် ဟု သတင်းရ ရှိပါသည် ။

Sunday, November 9, 2008

ပြည်သူ ဖက် က ပြတ်သားစွာရပ်တည်ခဲ့တဲ့ လေတပ် က ဒေါ်နုနုအေး ကွယ်လွန်ခြင်း

ဆရာမကြီးဒေါ်နုနုအေး လို့  အများခေါ်ကြတဲ့ လေတပ် မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အဖွါး ဒေါ်နုနုအေး
ဒီကနေ့  ညနေ ၅း၅၀ တွင် မယ်တော် ဆေးခန်း မှာ ကွယ်လွန်သွားပါတယ် ။ ဆရာမကြီး ဟာ ၈၈၈၈
လူထုလှုပ်ရှားမှုမှာ တပ်မတော် ထဲက နေပြည်သူလူထုဖက် ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာရပ်တည်
ခဲ့တဲ့ စစ်သည်ကောင်းတစ်ယောက်ပါ။ ဆရာမကြီးရဲ့ ရုပ်အလောင်း ကို တောရကျောင်းမှာ ထားမှာဖြစ်
ပြီး ဈာပန ချမဲ့ ၇က်ကို ထပ်မံတင်ပြမှာဖြစ်ပါတယ် ။ ဆရာမကြီး ကိုကျမ လေးစားဂါရ၀ ပြု လိုက်ပါ
တယ်။ ဆရာမကြီးကသူဝေဒနာခံစားနေရ၇ှာတာ ဘယ်သူ့ ကိုမှဒုက္ခမပေးချင်ရှာဖူးထင်ပါတယ် ။ သူ
နေထိုင်မကောင်းတာတောင်အတင်းမေးမှာပြောတာတဲ့ ကဲဗျာပြည်သူတွေကို များများ ပေးသွားသူဆို
တာသူလိုလူမျိုးတွေပဲပေါ့ ။။ ဆရာမကြီးကောင်းရာသုဂတိလားပါစေ ။။
ကြေကွဲဝမ်းနည်းစွာဖြင့်
မေအိခင်



ABSDF မှရဲဘော်များနှင့် အတူ (ဒေါ်နုနုအေး)











ဆရာမကြီးကို ကိုဖိုးတရုတ်ရဲ့မေးဖြေ အင်တာဗျူးနဲ့ ဂုဏ်ပြု လိုက်ပါတယ်

တပ်မတော် (လေ) မှ အမေ ဒေါ်နုနုအေး၏ ရှစ်လေးလုံး နှစ် (၂၀) ပြည့် ရင်တွင်း ခံစားချက်

စာဖတ်သူများခင်ဗျား

၁၉၈၈ အရေးအခင်းကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်း တဲ့အခါမှာလည်း အရှုံး
မပေး အညံ့ မခံဘဲ နယ်စပ် ရှေ့တန်း စခန်းက ကျောင်းသားတပ်မတော်ABSDFနဲ့ပူးပေါင်းပြီးလှုပ်ရှားခဲ့တဲ့
ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တပ်ကြပ်ကြီး ဒေါ်နုနုအေး နဲ့ ကျွန်တော် ကိုဖိုးတရုတ် တို့ ဆွေးနွေး
မေးမြန်းခန်း ကိုတင်ဆက်လိုက်ပါတယ်။ အမေ ဒေါ်နုနုအေးဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ
ကုလသမဂ္ဂရုံးရှေ့ မှာ အစာငတ်ခံ ဆန္ဒပြတဲ့အထိ မြန်မာ့ ဒီမိုကရေစီ အရေးကို တောင်းဆိုခဲ့တဲ့ အပြင်
အသက် အရွယ်ကြီးရင့်နေတာတောင် ခရီးရှည် လမ်းလျှောက် ချီတက်ဆန္ဒပြပွဲမှာလည်း ပါဝင်ဆင်နွှဲခဲ့တဲ့
အာဂ အမျိုးသမီးကြီး တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကိုဖိုးတရုတ်ရဲ့  မေးမြန်းချက်တွေကို ကျန်းမာရေး
မကောင်းတဲ့ ကြားက အီးမေးလ်နဲ့ စိတ်ရှည် လက်ရှည် ပြန်လည်ဖြေကြားပေးခဲ့သော အမေ ဒေါ်နုနုအေး
အား အထူးကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့ အင်အား ဘာလော့ဂ်တွင် မှတ်တမ်း တင်ဂုဏ်ပြု
အပ်ပါတယ်။

ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ အမေတို့ တပ်မှာနေခဲ့စဉ်က အုပ်ချုပ်သူအရာရှိနဲ့ အရာခံအကြပ်
တပ်သားအချင်းချင်းတို့ရဲ့  ဆက်ဆံရေးကို ပြောပြပေးပါခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ တပ်မတော် (လေ) အနေနဲ့ ကတော့ အထက်အောက်
ဆက်ဆံရေးက ပြေလည်ပါတယ်။ အမေတို့ လူထုနဲ့ ပူးပေါင်းသွားပြီး နောက်ပိုင်းတော့ ဖမ်းမယ်၊ ဆီး
မယ် ဆိုတာ မျိုးတော့ ဖြစ်လာတာပေါ့။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ ၁၉၈၇ ငွေစက္ကူ သိမ်းတဲ့ ကိစ္စမှာ ကြည်းတပ်အတွင်းမှာတော့
လဲလှယ်မှု အခွင့်အရေး မရခဲ့ဖူးလို့ သိရပါတယ်။ အမေတို့ တပ်မတော် (လေ) အနေနဲ့ရော လဲလှယ်ဖို့
အခွင့်အရေး ရခဲ့ပါသလားခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ ရခဲ့ပါတယ်။ အမေကိုယ်တိုင်လည်း ငွေလဲတဲ့ ဌာနမှာ တာဝန်ကျ
ခဲ့ပါတယ်။ ဒါပေမဲ့ တပ်တွင်း စစ်သည်တွေဆိုတာက ကိုယ်ပိုင်ငွေ များများစားစား မရှိဘူး။ တချို့လည်း
နီးစပ်ရာ ပြည်သူတွေထံက ငွေတွေကို ယူပြီး လဲပေးခဲ့ကြပါတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ တပ်တွင်းသက်သာချောင်ချိရေးကို ဘယ်လို ဆောင်ရွက် ပေး
သလဲ ခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ ခေတ်တုန်းကတော့ တပ်တွင်း သက်သာ ချောင်ချိရေး
ဆိုတာ အပြည့်ရခဲ့တယ်လို့ ပြောရမယ်။ အခုထက်စာရင်တော့ပေါ့။ တပ်က ထုတ်ပေးတဲ့ နို့ဆီကို ရောင်း
ပြီး ချက်နို့ဆီနဲ့ အစားထိုး သောက်ခဲ့ရတာတော့ ရှိတာပေါ့။အခုခေတ်မှာတော့တပ်တွင်းသက်သာချောင်
ချိရေးကို လုံးဝ ဖျက်လိုက်ပြီလို့ သိရတယ်။


ကိုဖိုးတရုတ်ရဲ့ ဆွေးနွေးမေးမြန်းချက်။ ။၁၉၈၈ အရေးအခင်းကြီး စတင်နေစဉ်ကအမေတို့ တပ်မတော်
သားတွေရဲ့ စိတ်ပါဝင်စားမှု အနေအထား အတိုင်းအတာကို ပြောပြပေးပါလားခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ ၁၉၈၈ အရေး အခင်း ကြီး စတင်တော့  အမေတို့ တပ်မတော်
(လေ) အနေနဲ့က စိတ်ပါဝင်စားမှုအပြည့်အ၀ ရှိခဲ့တယ်။ တပ်မ(၂၂) တို့၊ ကပစ၊ လုံထိန်း၊ တပ်မတော်
(ရေ) တို့ကလည်း တော်တော်များများ စိတ်ပါဝင်စားကြပြီး လူထု လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်ခဲ့ကြပါ
တယ်။ ဒါပေမဲ့ စစ်တပ်ဆိုတော့အခြေအနေ ကြည့်ပြီးထွက်ကြရတာပေါ့။အဓိကကတော့ ခေါင်းဆောင်
မှု တစ်ရပ် အမှန် တကယ် လိုအပ် ခဲ့ပါတယ်။ လပထ၊ ကက(လေ) အမေတို့ တတွေ ပေါ့လေ အပြီး
ထွက်ပြီးအမာခံအဖြစ်ရပ်ခဲ့ ကြပါတယ်။လူထုကျောင်းသားတွေနဲ့ လုံးဝပူးပေါင်းလိုက်တာဖြစ်ပါတယ်။
တပ်မတော်သားတွေ အနေနဲ့ လူထု ကျောင်းသား ရဟန်းရှင်တွေဘက်က ရပ်ပြီး လက်နက်မဲ့ တိုက်ပွဲ
ဝင်ခဲ့ကြတာပါ။ ဒါ တာဝန်ထမ်းဆောင် ဆဲနဲ့ လုပ်ခဲ့တာပါ။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ စစ်အာဏာရှင်တွေက အမေတို့ကို ပြင်ပနဲ့ ဆက်သွယ်လို့
မရအောင် ဘယ်လို ဖိနှိပ်ချုပ်ချယ်ထားသလဲခင်ဗျား။

အမေ နုရဲ့  ဆွေးနွေးဖြေကြားချက်။ ။အဲဒီအချိန်ကအခြေအနေဟာစစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တယားဟာ
လည်း ပျက်နေတယ်လို့ ပြောလို့ရပါတယ်။ဖယ်ရီတွေဆိုတာကလပထတစီးဘဲ ရှိပါတယ်။အဲဒီတော့
အပြင်ထွက်ချင်ထွက်၊ ရုံးမတက်ချင် မတက်၊ အိမ်မပြန်တဲ့သူ မပြန် ဖြစ်နေကြပါတယ်။ ဘယ်သူမှ
စစ်ဆေးမဲ့သူ၊ တားဆီးမဲ့သူ မရှိခဲ့ပါဘူး။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုရင်ခွင်သို့ မခိုလှုံခင် အမေတို့ အနေနဲ့ ဘယ်လို အစီ
အစဉ် တွေ ဖြစ်စဉ်တွေ ရှိခဲ့ပါသလဲခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ကတော့ အရေးအခင်း စစချင်းဘဲ လူထုထံ ခိုလှုံဖို့
အမြဲကြိုးစားနေခဲ့တယ်။ ဒါကြောင့် အပြင်နဲ့ အမြဲအဆက်အသွယ်ရအောင် ယူတယ်။ ကိုယ့်အချင်း
ချင်းလဲ တိုးတိုးတိတ်တိတ်ဆက်သွယ်ခဲ့တယ်။ဘာလုပ်ကြမယ်ဆိုတာတွေလည်းအစီအစဉ်ရှိတယ်။
အပြင်ရောက်ပြီး တော့လဲ ကျောင်းသားတွေနဲ့အတူ ကျောင်းသားအလံကိုကိုင်ဆောင်ပြီး ခရီးရှည်
ချီတက်လမ်းလျှောက်ခဲ့ကြ တာဖြစ်တယ်။ ပြည်သူလူထုရဲ့ အားပေးမှုတွေ၊ နွေးထွေးစွာ ကြိုဆိုမှု
တွေလည်း ရရှိခဲ့လို့ ပိုမိုအားတက် ခဲ့ပါတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုရင်ခွင်ထဲကို ရောက်ရှိခဲ့ရင် စစ်အာဏာရှင်တွေက
သေဒဏ် ပေးမှာကို မကြောက်ဖူးလား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ စစ်ဖက်ဥပဒေအရ သေဒဏ်ပေးနိုင်တယ်ဆိုတာ အမေ့ရဲ့ 
စစ်သက် (၂၉) နှစ် အတွေ့အကြုံနဲ့ သိခဲ့ပါတယ်။ ဒါပေမဲ့ လုံးဝမကြောက်ခဲ့ဖူး။ တပ်မတော်အရေး
နဲ့ ပြည်သူ့အရေး ယှဉ်လာရင် ပြည်သူ့အရေးကို ဦးစားပေးရမယ်ဆိုတဲ့ ရေး (၃)ပါးနဲ့ လူထုဘက်
က ရပ်ခဲ့တာပါ။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုကို သွားပေါင်းရင် လူထုက အမေတို့ကို ထောက်
လှမ်းရေး လို့ မထင်ကြဘူးလား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ မထင်ခဲ့ကြပါဘူး။ အားရ၀မ်းသာနဲ့ လှိုက်လှိုက် လှဲလှဲကို
ကြိုဆိုခဲ့ကြ တာပါ။ သိန်းနဲ့ချီတဲ့ လူထုတွေဟာ အမေတို့ တပ်မတော်သားတွေကို ပန်းကုံးစွပ်တဲ့
သူ၊ သပြေပန်း ကမ်းတဲ့သူ၊ ၀မ်းသာလို့ မျက်ရည်ကျတဲ့သူတွေနဲ့ ကြိုဆိုမှု အပြည့်ပါဘဲ။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ လူထုနဲ့ ပူးပေါင်းပြီးတော့ ဒီမိုကရေစီ အရေး အတွက်
ဘယ်လို လှုပ်ရှားခဲ့ပါသလဲခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အာဏာသိမ်းပြီးတဲ့ နောက်မှာ အမေတို့ တပ်မတော်သား
တချို့ဟာကျောင်းသားများနဲ့အတူ၁၉၈၈ စက်တင်ဘာလ၂၉ ရက်နေ့မှာမပြီးသေးတဲ့ ဒီမိုကရေစီ
တိုက်ပွဲကို ဆက်လက်ဆင်နွှဲဖို့ မာနယ်ပလောကို ခက်ခက်ခဲခဲ ထွက်ခဲ့ပါတယ်။ လက်ရှိ အချိန်
အထိလည်း မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ကျရာ အခန်းကဏ္ဍက ပါဝင် နေပါတယ်။
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင် စနစ်ကို တိုက်ပွဲဝင် သွားမယ်လို့သန္ဓိဌာန်ချထားပါတယ်။
အမေတို့ မျက်စိရှေ့မှာ၊ အမေတို့ လက်ထဲမှာ ကျဆုံးသွားခဲ့ရတဲ့ နုနယ် ဖြူစင်တဲ့ ကျောင်းသူ
ကျောင်းသားတွေ၊ ရဲဘော်ရဲဘက်တွေရဲ့  ၀ိညာဉ် တွေဟာ အမေတို့နားမှာ ဝေ့၀ဲ နေတယ်လို့
ခုတိုင် ခံစားနေရပါတယ်။


ကိုဖိုးတရုတ်ရဲ့  ဆွေးနွေးမေးမြန်းချက်။ ။ နယ်စပ်ကို ရောက်တာနဲ့ တပ်မတော်သားများရဲ့  ခံယူ
ချက်နဲ့ လှုပ်ရှားမှုတွေကို ပြောပြပေးပါဦးခင်ဗျား။

အမေ နု ရဲ့  ဆွေးနွေးဖြေကြားချက်။ ။ အမေတို့ တပ်မတော်သားတွေဟာ ကိုယ်နဲ့ ပတ်သက်တဲ့
တာဝန်တွေကို အပြည့်အ၀ လုပ်ဆောင်ပေးပါတယ်။ ကျောင်းသားတပ်မတော်ကို စစ် သင်တန်း
ပေးတာတွေ လည်း လုပ်ပေးခဲ့ပါတယ်။ ခံယူချက်အနေနဲ့ကလည်း ဒီမိုကရေစီ ရရှိရေးဘဲ ဖြစ်ပါ
တယ်။ ဒါကြောင့်လည်း ကျောင်းသားတွေကို မိမိတို့ တတ်ကျွမ်းခဲ့တာတွေနဲ့ သင်တန်းပေးခဲ့ကြ
တာပါ။ နယ်စပ်ကို ရောက်လာတဲ့တပ်မတော်သားများအနေနဲ့ စစ်အာဏာရှင်တွေကို တိုက်ဖျက်
ရာမှာ ထိရောက်မဲ့၊အကျိုးရှိမဲ့ အလုပ်မှန်သမျှကို ကျရာတာဝန်၊တတ်နိုင်တဲ့ဘက်က လုပ်ဆောင်
နေကြပါတယ်ဆိုတာ ပြောပြချင်ပါတယ်။
Posted by ကိုဖိုးတရုတ် at 12:53 AM