Friday, October 31, 2008

ABSDF နှစ် နှစ်ဆယ်ပြည့် တော်လှန်ရေးအင်အားတွေ ပိုမို ဖြည့်ကြ(နိုဝင်ဘာလ ၁ ရက်)













ကိုမိုးသီးဇွန် နှင့် မ က ဒ တ ခေါင်းဆောင် ရဲဘော်များ

လူငယ်များ ပြန်လည် ၀င်ရောက်လာကြပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှလက်မှတ်ရေးထိုးပြီး နုတ်ထွက်စာ တင်ခဲ့သောလူငယ်များသည်ယုခု အချိန် တွင်
ပါတီဦးဆောင်သူများ၏ လူငယ်များအနာဂါတ်အရေး အတွက်ဆောင်ရွက်နေမှု့  များကို နားလည်သဘော ပေါက်
လာကြပြီး ပါတီတွင်းသို့  တဖြည်းဖြည်း ပြန်လည်ဆက်သွယ်ဝင်ရောက်လာနေပြီဖြစ်ပါသည် ။

အချို့ မြို့ နယ်များမှ လုငယ်များသည် အမျိုးသားဒီမိုကရေစီ ရုံးချုပ်သို့ စာဖြင့် သော်လည်းကောင်း ၊အချို့ လူငယ်
များသည် လူကိုယ်တိုင် တဦးချင်းသော် လည်းကောင်း ၊ နီးစပ် ရာလူငယ်အချင်းချင်း နှင့် သော် လည်း ကောင်း
ပြန်လည် ဆက်သွယ်ဝင်ရောက် လာနေကြပြီဖြစ်ပါသည် ။လက်ရှိလူငယ်ရေးရာ တာဝန်ရှိသူများ မှလည်းလူငယ်
များ အပေါ်နားလည်ခွင့် လွှတ်ထားပြီးဖြစ်သည့် အတွက် ၎င်းတို့ အားနွေးထွေးစွာဖြင့်ပြန် လည်ပြီး ယခင်ရှိရင်းစွဲ
တာဝန်များအတိုင်း ပြန်လည်ထမ်း ဆောင် နေကြပြီဖြစ်ပါသည် ။ ဆက်လက် ပြီး ပြန်လည်ဝင်ရောက်လာကြမည့် 
လူငယ်များအားလည်း လက်ရှိလူငယ်တာဝန်ခံ များမှ ကြိုဆိုလျှက် ရှိနေ ကြောင်းလည်းသိရှိရပါသည် ။

ယခုကဲ့သို့ လူငယ်များ ပြန်လည်ဝင် ရောက်လာသည်မှာ မကြာမှီကာလ အတွင်း ရပ်တည် ချက် မှန်ကန်သော လူငယ်များအားလုံးနီးပါးပြန်လည် ၀င်ရောက်လာမည်ဟုခန့် မှန်းရပါသည် ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် နှင့်
မြန်မာပြည်သူတို့  ၏ အနာဂါတ်အရေ့း တွင်ဦးစီးဦးဆောင် ပြုရမည့်  လူငယ်များ ပြန်လည် အင်အား တောင့်တင်း
လာခြင်းသည် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့်  မြန်မာပြည်သူတို့  အတွက်မင်္ဂလာသတင်းကောင်း အဖြစ်တင်ပြလိုက်ရပါသည်

Thursday, October 30, 2008

မ က ဒ တ (၂၀) နှစ်ပြည့် နှစ်ပတ်လည်


နိုဝင်ဘာ (၁) ရက် နေ့  တွင် နှစ် နှစ်ဆယ်ပြည့်
ပြီဖြစ်တဲ့ ABSDF ရဲ့နှစ်ပတ်လည် ကို ကျမလေး
စားစွာဂုဏ်ပြုလိုက်ပါ တယ် မြန်မာ့သမိုင်းမှာ
ဗိုလ်ချုပ်အောင်ဆန်း စတင် တည်ထောင်ခဲ့တဲ့
ဲမြန်မာ့တပ်မတော် ပြီးရင် ပထမ ဦး ဆုံးသော
ကျောင်းသားတပ်မတော်ဖြစ်ပါတယ။်






စစ်အုပ်စုရဲ့ရက်စက်ယုတ်မာ၍မတရားအာဏာကိုရယူထားခြင်းအိမ်နီးချင်းနိုင်ငံကမ္ဘာ့နိုင်ငံ အသီးသီ
းကို လိမ်လည် လှည့်ဖြားခြင်း တို့  နဲ့ အတူ ပြည်သူ့ အာဏာ ကို မတရားရယူထားတဲ့ အတွက်
ဒီမိုကရေစီပန်းတိုင် ကိုအပြီးတိုင် မရောက် နိုင်သေး သော်လည်း ကျောင်းသား တပ်မတော် ထဲမှာ
အမှန်တကယ် အသက်သွေးချွေး တွေ ဘ၀တွေပေးဆပ်ခဲ့ ဒုက္ခိတတွေ ဖြစ်ခဲ့ရတဲ့ ရဲဘော် အပေါင်း
ကို ကျမ အလေးပြု ဂုဏ်ပြုလိုက်ပါတယ် ။

မေအိခင်


ABSDF မင်းသမီးစခန်းမှကျဆုံးသွားသောရဲဘော်များ အား အလေးအနက်ဂုဏ်ပြုအပ်ပါသည်။

၁။ဇော်သန်း
၂။မင်းဇော်သူ
၃။ဇော်မင်း
၎။ဖေသင်
၅။မျိုးအောင်
၆။သိန်းမြင့်ကျော်
၇။အေးချို
၈။အောင်နိုင်
၉။ဝင်းမြင့်လေး
၁၀။စောအပိုလို
၁၁။မောင်ကို(ကိုလေး)
၁၂။လွန်းတင်
၁၃။ဇော်နိုင်အောင်
၁၄။တင်နိုင်ဝင်း
၁၅။တင်ဝင်းမောင် (ခ) နောင်မုတ်
၁၆။သန်းကြည်
၁၇။သန်းဖေ
၁၈။ဟန်ဝင်း
၁၉။ကံဦး(ကိုကိုဦး)
၂၀။ညွန့် ဝင်း
၂၁။မောင်မြင့် 
၂၂။တိုင်းကျော်
၂၃။ဌေးဝင်း
၂၄။မောင်မြင့်
၂၅။သိန်းရွှေ
၂၆။အေးဝင်း(အရှေကြီး)
၂၇။အေးကို(ပြားကြီး)
၂၈။ထွန်းသိန်း(ဘငှီုး)
၂၉။မင်းဆွေ
၃၀။အေးဝင်း(ဆေးမှူး)
၃၁။စံသိန်း
၃၂။သက်နောင်
၃၃။နေမျိုး
၃၄။သန်းဇော်
၃၅။ဝင်းမြင့်
၃၆။နေမျိုး(ဖိုးနေမျိုး)
၃၇။မြင့်စိုး(ဖွားရှင်မ)
၃၈။ကျော်မိုးနိုင်(မောင်ကျဲ)
၃၉။မောင်ချို
၄၀။မောင်တိတ်

၄၁။မင်းစိုး(ခ)မဲခင်
၄၂။ဇော်လင်း
၄၃။ရဲဝင်း
၄၄။သန်းထွန်း
၄၅။ဝင်းမောင်
၄၆။စန်းမြင့်(ခ)တာတီး
၄၇။ဘမြင့်(ခ)ဦးရင်
၄၈။အိုသောင်း
၄၉။လှဝင်း
၅၀။ဟန်မင်းစိုး
၅၁။ဆန်းလွင်
၅၂။ေ၇ခါး
၅၃။အောင်လွင်
၅၄။ဆန်းကျော်
၅၅။အေင်စွမ်
၅၆။ပေါ်ဦး
၅၇။ေ၇ွှတင်
၅၈။စိုးစိုး
၅၉။သီဟ
၆ဝ။တင်လေး
၆၁။မြင့်သိန်း
၆၂။အောင်မိုးမြတ်
၆၃။ကျော်အောင်
၆၄။ဝင်းဇော်(မဲတုံး)
၆၅။စိုးစိုး
၆၆။စိုးအောင်ခင်
၆၇။ထွန်းထွန်းအောင်
၆၈။ဥာဏ်စိုး
၆၉။စောလားဒို
၇၀။ဝင်းမောင်
၇၁။မြင့်ဇော်
၇၂။အောင်ကျော်ထူး
၇၃။ပြုံးချို
၇၄။အောင်ဆန်း
၇၅။ရဲထွဋ္ဋ်
၇၆။ကိုသက်
၇၇။ဝင်းတင်
၇၈။ညီညီနိုင်
၇၉။အောင်စိုး
၈၀။အောင်ဇင်
၈၁။ကြူကြူလွင်
အညတြ သူရဲကောင်းရဲဘော် များဖြစ်လင့်ကစား သင်တို့ ရဲ့အသက်တွေ ဘ၀တွေပေးဆပ်ခဲ့ရမှု
ကို အမြဲဂုဏ်ယူ အလေးပြုပါတယ် ။

(MINTHAMEE 8888 မှကူးယူတင်ပြသည်။)

နှလုံးသားခေါင်းဆောင်

နှလုံးသားခေါင်းဆောင်ကို ကျမ အဆုံးသတ်တင်ပြပါမယ်။ သဘောတရားရေးတွေ ဖြစ်ပေမဲ့ ခေါင်းဆောင်မှု
တစ်နေရာရာမှာလုပ်ဖူးသူတိုင်းတော့ ဒီအချက်တွေဟာလက်တွေ့ သုံးနိုင်လေ အဖွဲ့အစည်းလုပ်ငန်းတိုးတက်
လာမယ်ဆိုတာမြင်သာပါလိမ့် မယ် ။ ခုမှဦးဆောင်မှု စလုပ်မဲ့ ခေါင်းဆောင်သစ်တွေ အတွက်သဘောတရား
ကိုလက်တွေ့ နဲ့  ပေါင်းဆပ်ပြီး အသုံးချလိုက်ကြရအောင်လား

စီးပွါးရေးလုပ်သူတွေက အကျိုးအမြတ် ကိန်းဂဏန်း အချိုး စတာတွေ နဲ့တွက်ကြပါတယ် နိုင်ငံရေး လုပ်သူ
တွေကတော့ စည်းရုံးရေး။လုပ်အား။တည်ဆောက်မှုတွေနဲ့ တွက်ကြပါတယ်။ဒါပေမဲ့အားလုံး က နှလုံးသား
ကပေါ်လာတာတွေကို အရေးမကြီးဘူးလို့ ထင်ထား တက်တယ်။ တကယ်တော့ ဥနှောက် တစ်ခုတည်းနဲ့ 
ဆုံးဖြတ်ဆောင်ရွက်တာတွေဟာမပြီးပြည့်စုံတော့ပါဘူး။ခေါင်းဆောင် တဲ့သူတွေဟာဥနှောက်နဲ့ ပဲ ဆုံးဖြတ်
်ဆောင်ရွက်ဖို့ မသင့်တော့ဘူး ။နှလုံးသားနဲ့ပါဆောင်ရွက်ဆုံးဖြတ်တက်ကြဖို့ ပညာရှင်တွေက ထောက်ပြနေ
ပါပြီ။

ဘ၀ကိုခရီးရှည်လို့သတ်မှတ်ရင်ကိုယ်သွားရမည့်နေရာအဆုံးဟာအဓိကမဟုတ် သွားပုံသွားနည်းသာအဓိက
ဖြစ်သည်။ရူပဗေဒ သဘော နဲ့ကြည့်ရင်တော့ပြောင်းလဲမှုအပေါ်မှာလိုက်ပါရွေ့ လျားနေပါတယ်။ ဒါမှဆင့်ကဲ
ဲဖြစ်စဉ်နဲ့ လိုက်လျောညီထွေဖြစ်မှာပါ။လူ့ သဘောသဘာဝမှာတော့စိတ်အရင်ပြောင်းမှလူပြောင်းလိမ့် မယ် ။

ကျမ အဆုံး သတ်တင်ပြမှုအနေနဲ့  လက်တွေ့ အခြေအနေနဲ့ ကိုက်ညီတဲ့ အသင်း အပင်း အဖွဲ့ အစည်းက
ိုဦးဆောင် မဲ့သူရဲ့ ကျင့်သုံး လုပ်ဆောင် သင့်တာ လေးတင်ပြ ကြည့်မယ် မည်သည့် အဖွဲ့ အစည်း မျိုး
ဖြစ်ပါစေ ပဋ္ဋိပက္ခ ကြုံရစမြဲ ဖြစ်ပါတယ်။

စီမံခန့် ခွဲတဲ့သူတွေ ခေါင်းဆောင် တဲ့သူ တွေ ဟာ စောစောပိုင်း ကကျမတင်ပြခဲ့တဲ့သဘောတရားရေးတွေ
ကို ပိုက် နိုင်ပြီ လက်တွေ့ လိုက်နာကျင့်သုံးနိုင်ပြီ (အကုန်မဟုတ်တောင် အများအပြားပေါ့) ဆိုရင် ပြဿနာ
ဆိုတာခံစားချက်တွေ နှလုံးသား တွေကပေါ်ပေါက် လာတယ် ဆို တာ လက် ခံ လာနိုင်လိမ့် မယ် အဓိက
ကတော့ ကိုယ်အဖွဲ့အစည်း မှာ ဘာများ အကောင်းဆုံးလုပ်ကြမလဲ ကိုယ်ဟာ အဖွဲ့ အစည်း မှာ အမြဲတမ်း
မမေ့ နိုင်တဲ့ကိုယ့် ရဲ့ ကောင်းတဲ့ လုပ်ရပ် လုပ်ကွက် ရှိကိုရှိခဲ့ရဖို့  လိုအပ်တယ် ဒါ မလွဲမသွေ လိုအပ် နေတဲ့
အရာပါပဲ။ ဆိုလိုချင်တာက ကိုယ်ကိုယ်တိုင် အဖွဲ့အစည်းမှာ၇ှိနေစဉ် ဘယ်လောက် ဂုဏ်ယူဖို့ ကောင်းခဲ့လဲ
ဆိုတာ ထဲ့သွင်း စဉ်းစားရမယ်။

ဒီတော့အားလုံး၇ဲ့ ခံစားချက် ကိုသိတဲ့သူ အဲဒီ့ခံစားချက်တွေကို နားလည် သဘောပေါက်ပြီး အရေးတယူ
ရှိတဲ့သူကို အားလုံးက အမြဲသတိတရ၇ှိနေမှာပါ။

ကိုယ်တစ်ဦးတစ်ယောက်ထဲရဲ့အားနဲ့ ထက် အားလုံး၇ဲ့အင်အား ကို စနစ်တကျ နေရာတကျ စု ပေါင်းပြီး
အလုပ်လုပ် တက်ရင် အဲဒီ ကရခဲ့တဲ့ အတွေ့ အကြုံနဲ့ ခံစားချက် တွေကမေ့ပျောက်ဖို့  မလွယ်သလို
ခေါင်းဆောင် ကောင်းဆိုတဲ့ အုဋ္ဋ်မြစ် ကိုချနိုင်ပြီဆိုရင် နောက်လိုက်ကောင်းတွေ အများကြီးပေါ်ထွက်
လာမှာဧကန်မလွဲပါပဲ ။

လူတွေကိုယ်ဖက်ပါအောင်လုပ်ဖို့ ကအဲဒီ့လူတွေရဲ့နှလုံသားကိုယ်ဖက်ပါမှဖြစ်မယ်။ပွင့်ပွင့်လင်းလင်းပြောရ
ရင်ဥနှောက်ချည်းသက်သက်ကိုယ့်ဖက်ပါလာရုံ နဲ့တော့ အစုအဖွဲ့ ရပ်ကြေး မြို့ နယ် တိုင်းဗဟို စတဲ့နေရာ
တွေ မှာ ဦးဆောင်မှုစွမ်းရည် နောက်လိုက်ကောင်းတွေရဲ့ ၀န်ရံထောက်ခံမှု အားသာလာမှာ မဟုတ်ဘူး

ဒီတော့ ဘာဖြစ်မလဲ ခေါင်းဆောင်ကောင်း နှလုံးသားခေါင်းဆောင်တော့မဖြစ်ဘူး ။ နောက်လိုက် တွေ
အဖွဲ့ ဝင်တွေ အဖို့ ကမဖြစ်မနေလက်ခံနေရဲ့ အကြီးအကဲ သာဖြစ်မှာပါ ။

အကြီးအကဲဆိုရင်တော့ နောက်လိုက် တွေ အဖွဲ့ ဝင်တွေရဲ့ နှလုံးသားထဲက ခေါင်းဆောင် ဖြစ်များဖြစ်နိုင်
်ပါဦးမလား -- ဒီတော့ နှလုံးသား ခေါင်းဆောင်များဖြစ်ဖို့  ---- သီအိုရီတွေ ပညာရှင်တွေရဲ့ လမ်းညွန်မှု
တွေ လက်တွေ့  မိမိသက်ဆိုင်ရာနယ်ပယ်တွေမှာ တာဝန်ယူနေတဲ့သူ တွေ လိုက်နာကျင့်သုံးကြပါစို့ 

တည်ကြည်သောစေတနာဖြင့်

မေအိခင်

Wednesday, October 29, 2008

တရားရုံးနဲ့ ပူပေါင်းဆောင်၇ွက်စရာလား

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်(၉) ဦးအား မထီမဲ့မြင်ပြုလုပ်မူဖြင့် ထောင်ဒဏ်(၆) လစီချမှတ်လိုက်သည်၊
အမူစစ်ဆေးဆဲ ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ကိုကိုကြီး၊ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊
ကိုမြအေး၊ ကိုပြုံးချို၊ ကိုညဏ်လင်း၊ ကိုအောင်သူ၊ ကိုမျိုးအောင်နိုင်(ခေါ်) ကိုအောင်နိုင်တို့ သည် အင်စိန်ထောင်တွင်းရှိ ရန်ကုန်တိုင်းအထူးတရားရုံးနှင့် မပူးပေါင်းမဆောင်ရွက်ခဲ့သောကြောင့် ပုဒ်မ၂၂၈ အရ
ရန်ကုန်တိုင်းတရားသူကြီးမှ ထောင်ဒဏ် ၆လ ချမှတ်ခြင်းခံရသည်။

Tuesday, October 28, 2008

စာဖတ်ခြင်း ဘ၀ဖတ်ခြင်းနှင့် ပျားရည် ပင်လယ်ကြီးမှောက်ကျခြင်း

(စကြာဝဠာ ကြီးသည် စာအုပ်ကြီး တအုပ် ဘ၀သည်ကျောင်းကြီး တကျောင်း )ဟု တရုတ် အမျိုးသား
စာရေးဆရာ လင်ယုတန် ကဆိုပါသည်။ စာအုပ်ကိုဖတ်သလို ဘ၀ကို ဖတ်ရန်လည်းသူကတိုက်တွန်း
ပါသည်။ စာဖတ်ခြင်းကို ခုန်မင် မြတ်နိုးသော ကျနော်သည် ထို အဆိုကို ထောက်ခံရန် ၀န်မလေးပါ။

စာအုပ်ကောင်းတအုပ်သည် ရွှေရောင်ကောက်နှံများ မှည့်ဝင်း ရွန်းငိုက်နေသော စပါးခင်းကြီးနှင့်တုပါ
သည်။ စာရေးဆရာသည်သူ၏နှလုံးသည်းပွတ်မှ သွေးများကို မြေဆီသြဇာ အဖြစ် ညှစ်ထုတ်အံချကာ
ကောက်ပင်တို့ ကိုသီးပွင့်အောင်မြင်စေခဲ့ခြင်းဖြစ်ပါသည်။(အလိုရှိသူအပေါင်းရိတ်သိမ်းကြကုန်လော့)
ဟူ၍ ပံသကူ ဒါနပြုခြင်းဖြစ်ပါသည်။ သူ၏ ဒါနသည် ဘ၀ထဲက ပျားရည်တစက်သာ ဖြစ်ပါသည်။

သို့ သော် အလိုရှိသူအပေါင်းအလိုရှိသလောက် စား သုံးနိုင်သောပျားရည်တစက်လည်း ဖြစ်ပါသည်။
စာအုပ်ကောင်း တအုပ် သည် ပျားတစက်ဖြစ်လျှင် ဘ၀ ထဲတွင် ပျားရည် ပင်လယ်ကြီး ရှိကြောင်း
ကျနော်တို့ သိနိုင်ပါ သည်။

စာဖတ်သူသည် ကောက်ရိတ်သိမ်းသူနှင့်တူပါသည်။ ရိတ်သိမ်း နိုင်သလောက်သာ ရပါသည်။ သိမ်း ၊
နှယ်၊ လှေ့ ၊ ထောင်း၊ပြာတည်းခြင်း ဖြစ်သာအသက်ဓါတ်ဝတ်ဆံကိုရပါသည်။စပါးခင်းကိုမြင်းတပြေး
ကြည့်သူအဖို့ ကောက် ရိုးတမျှင် ဖွဲကြမ်းတဆုပ်ပင် ရနိုင်မည်မဟုတ်ပါ။

ဘ၀မှာ မူ စာတအုပ်ထက် ပို၍ ကျယ်ဝန်းနက်ရှိုင်းပါသည်။ ဘ၀သည် စာတအုပ်လို ဘာသာစကား
အက္ခရာ ဝေါဟာ ရများဖြင့် တန်ဆာဆင်ထားခြင်းမဟုတ်ပါ။ လူသားတို့ ၏ ရှုတ်ထွေးပွေလီလှသော
လှုပ်ရှား ရုန်းကန်မှု ပုံရိပ်များဖြင့် ခင်းကျင်း ထားခြင်းဖြစ်ပါသည်။ ဘ၀ကို ဖတ် ရန်မှာ အတော်ပင်
ခက်ခဲပင်ပန်းသော အလုပ် တခုဖြစ်ပါသည်။ ဘ၀ ထဲမှ ပျားရည် တစက်ကို ယူပေးနိုင်သော စာရေး
ဆရာများ ရှားပါးရခြင်းမှာ ထိုအကြောင့်ကြောင့်ဖြစ်ပါသည်။

သားအိမ်တွင်းမှ သန္ဓေသားငယ်သည် မိခင်၏ မျက်နှာနှင့် အပြုံးကို မတွေမြင်နိုင်သကဲ့သို့ အတ္တ ဥခွံ
တွင်း ပိတ်မိနေ သော မည်သူမဆို ဘ၀၏ အနက်အရှိုင်း အကျယ် အပြော အလှ အပ ရသကို ခံစား
နိုင်ရန် ခက်ပါသည်။ အတ္တဥခွံထဲ မှ နာကြင်စွာ ဖောက် ထွက်၍ အတိတ်၏ အကူအညီဖြင့် ပစ္စုပ္ပန်၏
ပုခုံးပေါ် တက်ရပ် နိုင်သူများသာ ဝေးဝေးမြင်၍ နက်နက် ကြည့်နိုင်ကြပါသည်။

စာဖတ်ခြင်းသည် ပြခန်းထဲ၌ခန့် ညားစွာခင်းကျင်းထားသော ပုလဲနက်ကိုယ်ဝန်ဆောင် မုတ်ကောင်
ကို ကြည့်ရ သည်နှင့်တူပါသည်။ ဘ၀ကို ဖက် ရခြင်းကမူ ပင်လယ်ရေအောက် ကြမ်းပြင် အထိ
ကိုယ်တိုင်ငုတ်၍ မုတ်ကောင် ကိုယ်ဝန်သည်ကို ရှာရခြင်းမျိုး်ဖြစ်ပါသည်။ ဘ၀ကိုပါးလျပ်လျပ် ပင့်ကူ
မြှင်းလိုသဘောထားသူတို့ ကမူ လောက၏ အပေါ်ယံ ရေမျက်နှာပြင်အထက်တွင် ကူးခတ်ကျက်စား
ရခြင်းကို ပျော်ပါးနှစ်သက်ပါသည်။အသင့်ပြင်ပြီးထမင်း ၀ိုင်းတွင် ၀င်ထိုင်ခိုင်းခြင်း၊သင်ကြားထားပြီး
သားစကားလုံးဟောင်းများကို ဖန်တရာတေအောင် ရွတ်ဆိုပြောပြနိုင် ခြင်းတို့ အတွက် ဂုဏ်ယူဝင့်
ကြွားတတ်ကြပါသည်။ သင်ပေးပါ က ကြက်တူးနှင့် သာလိကာလည်း ပြစ်ပြစ်နှစ်နှစ် ဆဲရေးတတ်ပါ
သည်။ အစစ် အမှန်နှင့် အတုယောင် ခွဲခြားတတ်ရန် သင်ကြားပေးရိုံမျှနှင့် မရပါ။ ဓူဝံကြယ်ကိုကြည့်
၍ မြောက်အရပ်သို့ ကိုယ်တိုင်ခရီး နှင်ခြင်းမျိုးဖြင့်သာ တတ်မြောက်နိုင်ပါသည်။

ဘ၀အတွင်း၌ အစစ်အမှန်နှင့် အတုအယောင်တို့ အပြိုင် တည်ရှိပါသည်။ အတုအယောင်၏ တည်ရှိမှု
ကို ဦးစွာအသိအမှတ် ပြုခြင်းဖြင့်သာ အစစ်အမှန်သည် သူ၏ စစ်မှန်မှုကို ပြသနိုင်ပါသည်။ကမ္ဘာဂြိုလ်
နှင့် နေလ ကြယ်တာ ရာတို့ ကို နေရာပေးခြင်းဖြင့် ဟင်းလင်းပြင်သည် သူ၏ ဟင်းလင်းပြင်ဖြစ်မှုကို
ပြသနိုင်သလိုမျိုးဖြစ်ပါသည်။

ဘ၀ ဆိုသည်မှာ လူသားချင်း အကြား ၊လူသား နှင့် မိခင် သဘာဝ ကြီးအကြား ပေးခြင်းနှင့် ယူခြင်း
အချိုး ညီမှုဖြင့် ဆင်ယင်ထားခြင်း ဖြစ်ပါသည်။ အချိုးညီမှု ပျက်ပြားခြင်း ကြီးမားလာပါက သဘာဝ
ကပ်ဘေး လူမှုကပ်ဘေးများ ပေါ်ပါသည်။ စစ်မက် ထူပြောပါသည်။ တော်လှန်ရေးများ မုန်တိုင်းထန်
ပါသည်။ယနေ့ ခေတ်တွင် လူအချို့ သည် (လူ့ အချို့ လက်တွင်နိုင်ငံရေးအာဏာ အရင်းစစ် အင်အား
ခေတ်မှီ နည်းပညာများရှိသည် ) ရယူခြင်းကိုသာ တပ်မက်ပြီး ပေးကမ်းခြင်းကိုမူ တွန့် တို တတ်ကြပါ
သည်။ အများဆုံး ယူ၍ အနည်းဆုံးကိုသာ ပေးတတ်ကြပါသည်။ ထိုအနည်းဆုံးပေး ကမ်းမှု သည်ပင်
သူတို့ ၏ မဟာစွန့် လွှတ်မှုကြီးဖြစ်ပါသည်။

ခေတ်သစ်ကမ္ဘာကြီးတွင် အများဆုံးယူ၍အနည်းဆုံးပေးကမ်းခြင်း ယဉ်ကျေးမှု( တကယ်က မိုက်မဲမှု)
ခေတ်စား လျှက်ရှိပါသည်။

ကျနော်တို့ လူသားများသည် မိမိကိုယ်ကို ရှိသည်ထက်ပို၍ အထင်ကြီးနေကြပါသည်။ မိခင်သဘာဝကြီး
နှင့် အပြီး အပိုင် ချက်ကြိုးဖြတ်ကာအကြွင်းမဲ့လွတ်လပ်သူများအဖြစ် ယူဆနေကြဟန် ရှိပါသည်။စင်စစ်
လူသည် တစိတ် တပိုင်းအားဖြင့် သဘာဝဖြစ်ပြီး အခြားတစိတ်တပိုင်းမှာ သဘာဝနှင့်သူ့ ကိုယ်သူ တစုံ
တရာ သိနိုင်စွမ်း ရှိ ပါသည်။ သဘာဝနှင့် သူ့ ကိုယ်သူ သိနိုင်ခြင်း သည် သဘာဝထံမှ အများဆုံး ယူ၍
သဘာဝထံ အနည်းဆုံးပြန်ပေးရန် မဟုတ် ပါ ။ လူ့ အဖွဲ့ အစည်းထံမှ အများဆုံးယူ၍ လူ့ အဖွဲ့  အစည်း
ထံ အနည်းဆုံးပြန်ပေးရန် မဟုတ်ပါ။ လူသားခြင်းအကြား လူသားနှင့်သဘာဝကြီးအကြား ပေးခြင်းနှင့်
ယူခြင်းကို အချိုးညီအောင်ဆောင်ရွက်ရန်သာဖြစ် ပါသည်။ အသံသာသော ကဗျာ ကာရန်ဖြင့် ဆင်ယင်
ထုံးဖွဲ့ ရန်ဖြစ်ပါသည်။ သဘာဝ တရားကို အိမ်ပေါ်မှ မောင်းချ ဖို့ ကြိုးစား လျှင် ကိုယ် ကိုယ် တိုင်
အိမ်နောက်ဖေး ပေါက်က ဆင်းပြေးမည့်အဖြစ်ကို မေ့လျော့နေတတ်ကြပါသည်။

ဤကမ္ဘာမြေပြင်၌ ပေးခြ င်းနှင့်ယူခြင်း အချိုးညီမှု ကို ကျနော်တို့ လူသားလောက် မည်သည့်အရာကမှ
ဖျက်ဆီးပစ် ခြင်းမရှိဟု ကျနော်ထင်ပါသည်။

(အများဆုံးယူ အနည်းဆုံးပေး)၀ါဒအရ ကျနော်တို့ သည် ကမ္ဘာစစ်ကြီး နှစ်ပွဲကို ခင်းကျင်းခဲ့ကြပါသည်။
အနုမြူ လူ သတ်ဗုံးများကို ဖောက်ခွဲခဲ့ကြပါသည်။ဒေသစစ် ပွဲ မျိုးစေ့များကို ကမ္ဘာမြေအနှံ ပက်ကြဲခဲ့ကြ
ပါသည်။ရေမြေအနှံ စစ်ကစားရန် နေရာယူထားကြပါသည်။အာကာသ စိုးမိုရေး စစ်ဗျူဟာကို ခင်းကျင်း
လျှက် ရှိပါသည်။ လူမျိုးရေး အသားအရောင် ခွဲခြားမှုများအစုလိုက်အပြုံလိုက် မျိုးတုန်းသတ်ဖြတ်မှုများ
ဘာသာရေး နိုင်ငံရေး စစ်ပွဲများဖြင့် သွေးချောင်းစီးစေခဲ့ပါသည်။

(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒ အရ ကျနော်တို့ သည် ကမ္ဘာ အနှံ သစ်တောများကို ကျောက်ခမန်း
လိလိ ခုတ်လှဲပစ်နေကြပါသည်။ ပင်လယ်ကြမ်းပြင်ကို ပိုက်စိပ်တိုက်ကာ အသေးမွားဆုံး ပင်လယ်ငါးနုပ်
မှသည် အကြီးမား ဆုံးဝေလ ငါးကြီးများအထိ မျိုးတုံးလုနီးပါး ဖမ်းဆီးစားသောက်ပစ်ခဲ့ကြပါသည်။

သဘာဝ တောရိုင်း တိရစ္ဆာန်များကို အပြင်းပြေ အပျော်တမ်း လက်တည့်စမ်း အမဲလိုက်ခဲကြပါသည်။
မြေမိခင်၏ ရင်ကို သံမဏိတံကျင် လျှို၍ ကိုယ်ငွေ့ နှင့်သွေးဖြစ်သော ရေနံ ဓါတ်ငွေ့ များကို စုပ်ထုတ်
သုံးဖြုံန်းပစ်ကြ ပါသည်။ မြေ၀မ်းဗိုက် ယမ်းဘီလူးဖြင့် အသားအနီလှန်အောင် ဖောက်ခွဲ ကာ ၀မ်းတွင်း
သား သယံဇာတမှန်သမျှကို ထုတ်ယူခဲ့ကြပါသည်။သားသတ်သမားကသားကောင်ကို တစစီ အမဲဖျက်
သလို ကမ္ဘာကြီးကို အမဲဖျက်နေကြပါ သည်။ မိခင် ကို သတ် ၍ ပြာချကာ မသေဆေး ဖော် လိုသော
မှော်ဆရာရှုးတသိုက်နှင့် တူလှပါသည်။

(အများဆုံး ယူ အနည်းဆုံးပေး)၀ါဒ အရစာသင်ခန်းများတွင် ရုပ်ပိုင်းနည်းပညာများကိုသာ ဦးစားပေး
သင်ကြားပြီးတွေးခေါ်မှုဆိုင်ရာဝိဇ္ဖာပညာကို အိပ်မွေ့ ချထားကြပါသည်။(အများဆုံးယူအနည်းဆုံးပေး)
အတွေးအခေါ်ကိုသာ လောကတန်ဖိုးအဖြစ် ရိုက်သွင်းပေးကြပါသည်။

(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒ အရ စားသုံးသူ လူ့ အဖွဲ့ အစည်း ဟူ၍လည်းကောင်း ဈေးကွက်
ဒီမိုကရေစီကို ဆောင်ကြဉ်းပေးသည် ဟူ၍လည်းကောင်း ၀ါဒဖြန့် ကြော်ညာနေကြပါသည်။ဈေးကွက်
သည် ငွေကြေးကြွယ်ဝသူ ဇောတိက များကိုသာ ကောဇောနီခင်းပြီး ယဉ်ကျေးပျူငှာ ကြိုဆိုပါသည်။

ငွေကြေး ချို့ တဲ့သူများကိုမူ ခွေးလေ ခွေးလွင့်လို မောင်းထုတ်တတ်ပါသည်။ ဈေးကွက် က ပေးသော
ဒီမိုကရေစီဆိုသည်မှာ ဆင်းရဲသားများအတွက် အော်တို ကရေစီ(AUTOCRACY)သာဖြစ်ပါသည်။

(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒအရ ထုတ်လုပ်ရေ နောက်ခံနှင့် ငွေဈေး ခင်းကြီးများကို ကမ္ဘာအနှံ
ခင်းကျင်းထား ကြပါသည်။ ငွေကို ငွေနှင့် ၀ယ်၍ငွေကို ငွေနှင့်ရောင်းချနေကြပါသည်။ငွေသည် ဖလှယ်
ရေးကရိ ယာသာ မကတော့ဘဲ ဈေးကွက်ဝင် ရောင်းကုန် ပစ္စည်းဖြစ်လာ သော အခါ လူ့ အဖွဲ့ အစည်း
သည် အသပြာဘီလူး ကြီးများ၏ လက်တွင်းမှ သားကောင်သဖွယ် ဖြစ်လာပါတော့သည်။

(အများဆုံးယူ အနည်းဆုံးပေး)၀ါဒသည် လူသားချင်းအကြားလူသားနှင့်သဘာဝမိခင်အကြားပေးခြင်း
နှင့်ယူခြင်း အချိုးညီမျှ မှုကို ဖျက်ဆီးပစ်သော ရာဇ၀တ်ကောင် တရားခံဟု ကျနော်ထင်ပါသည်။ ထိုသို့ 
အချိုး ညီမျှိမှုကို ဖျက်ဆီး ခံရခြင်းကြောင့် ကမ္ဘာ့ အိုဇုံး လွှာပေါက်ပြဲခြင်း ကမ္ဘာကြီးပိုမို ပူနွေး လာခြင်း
ပင်လယ်ရေမျက်နှာပြင် တစတစ် မြင့်တက် လာခြင်း မိုးခေါင်ရေကြီးခြင်းမြေပြိုခြင်းအပူလှိုင်းအအေး
လှိုင်းကျခြင်းသဘာဝပတ်ဝန်းကျင်ညစ်ညမ်း အဆိပ်သင့်ခြင်းဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်း
အလုပ်လက်မဲ လူဦးရေးတိုးလာခြင်း လူ့ အဖွဲ့ အစည်း၏ ဥစ္စာ ဓနများ လက်တဆုပ်စာ လူစုလက်တွင်း
သို့ စုပုံသွားခြင်း နိုင်ငံမဲ့လူသား (ကမ္ဘာမဲ့လူသား)ဟုလည်းခေါ်နိုင်ပါ သည် များတိုးများလာခြင်း အစာ
ရေစာ ငတ်မွတ်ခေါင်းပါးခြင်း အကြမ်းဖက်ဝါဒ ထွန်းကားလာခြင်း အေအိုင်ဒီအက် ကဲ့သို့ သော ကုထုံး
မဲ့ ရောဂါဆန်းများ ကမ္ဘာ အနှံဖြစ်ပွားလာခြင်း စသည့် သဘာဝကပ်ဘေး လူ မှုဘ၀ကပ်ဘေးများ ဖြစ်
ပေါ်လာပါသည်။

ဤလိုခေတ်ကြီးကိုနည်ပညာများ အံ့မခန်း ပေါက်ကွဲတိုးတက်နေသောခေတ်ကြီးဟု ၀ိဂြိုဟ်ပြုနေကြ
ပါသည်။ မှန် ပါသည် ကျနော် မငြင်းပါ သို့ သော် တွေးခေါ်မှု ၀ိဇ္ဖာ အသိပညာ အံ့မခန်း ဆုတ်ယုတ်
ကျဆင်းနေသော ခေတ်ကြီး ဟု ကင်ပွန်းတပ်လျှင်လည်း မှားသည်ဟု မပြောနိုင်ပါ။

ယခု ကျနော်စွဲချက်တင်နေသည်မှာ မြေကို အမေလိုချစ်သော လယ်ကွင်းထဲမှ လယ်သမားကို မဟုတ်
ပါ။ စက်ရုံ အ လုပ်ရုံများ အတွင်း ပျားများလို မနေမနား အလုပ်လုပ် နေကြသော အလုပ် သမား ကို
အဟုတ်ပါ။ လိပ်ပြာများ ၀တ်မှုံကူးသလို အသိပညာ ပန်းဝတ်မှုံကို ကူး လူး ဖြန့် ဝေနေကြသော အသိ
ပညာရှင် အတတ်ပညာရှင် များကို မဟုတ်ပါ။ ထိုလူများသည် ( အနည်းဆုံး ယူ၍ အများဆုံးပေး )
နေကြရှာသူများသာဖြစ်ပါသည်။

ကျနော်စွဲချက်တင်နေသည်မှာ မိခင်မြေ၏ သဘာဝ သယံဇာတ များနှင့် လူ့ အဖွဲ့ အစည်း၏ အထွက်
ပစ္စည်းများကို အများဆုံးရယူပြီး လူ့ အဖွဲ့ အစည်းနှင့်သဘာဝလောကကြီးသို့ အနည်းဆုံး ပြန်ပေးနေ
သော လူနည်းစုကိုသာ ဖြစ်ပါ သည်။

ထိုလူနည်းစုကြောင့်ကျနော်တို့ လူသားများအားလုံးဘာတစ်ခုမှမရဘဲ အကုန်လုံးပေးဆပ်လိုက်ရမည့်
အဖြစ်ကို ကာ ကျနော် ဘယ်နည်းနှင့်မျှ မလိုလားနိုင်ပါ။ စာအုပ်ကောင်းတစ်အုပ် လက်လွှတ်ဆုံးရှုံးခြင်း
သည် ပျားရည်တစက် ဖိတ်စင်ခြင်းဖြစ်ပါသည်။

လူ့ အဖွဲ့ အစည်းကြီး တခုလုံး ဆုံးရှုံးခြင်းကာမူ ပျားရည်ပင်လယ်ကြီးမှောက်ကျသွားခြင်း ဖြစ်ပါသည်။

မြတ်နိုး


(အနည်းဆုံးယူ၍အများဆုံးပေးနိုင်သူများဖြစ်ကြပါစေ)
မေအိခင်

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤမှောင်တိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူး ဆိုပါ၏။

လောကဓံတရား တို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက် တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏
ညွတ်ကားမညွတ်။

ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို
မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် အိုးဝေ ညိုမြ (တွဲဖက်ရေးသည်)
( ၁၉၃၆ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ (၆) အမှတ် (၁) ခေါင်းကြီးပိုင်း)
မူရင်းကဗျာမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Invictus

Out of the Night that covers me, black as the pit from pole to pole
I thank what ever Gods may be for My unconquerable soul
In the fell clutch of circumatance I have not winced nor cried aloud
Under the bludgeoning of chance.
My head is bloody, but unbowed.

Beyond the place of wrath and tears, Loom but the horror of the shade.
And yet the meance of the years finds and shall find me unafraid.
It matters not how strait the gate, how charged with punishments in the scroll.

I am the master of my fate.
I am the captain of my soul.

W.E. Henley
( မေး(လ်) ဖြင့်ပို့ ပေးသော ကိုအောင်ဇော်ဘိုအားအထူးကျေးဇူးတင်ရှိပါသည်)

Sunday, October 26, 2008

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှုး ဦးမောင်မောင်မှကုလသမဂ္ဂသို့  တင်သွင်းသော Credential Challenge အတွေ့ အကြုံရှင်းလင်းပွဲ၊

NCUB အထွေထွေအတွင်းရေးမှုး ဦးမောင်မောင် မှ ကုလသမဂ္ဂ သို့ တင်သွင်းသော CREDENTIAL CHALLENGE အတွေ့ အကြုံရှင်းလင်းပွဲ

NCUB ရဲ့အထွေထွေအတွင်းရေးမှုးဦးမောင်မောင် မှ Credential Challengeကို UN မှာ တင်သွင်းသည့်ကိစ္စ
တွင် မြန်မာနိင်ငံရေး အကျဉ်းသားသမဂ္ဂ မှထောက်ခံစာ အား UN တွင်ပူးတွဲ တင်ပြခဲ့ပြီး ဖြစ်ကြောင်း
ဦးမောင်မောင်အနေနှင့်လည်း ကျေးဇူးတင်ကြောင်း မိမိတို့ NCUB အဖွဲ့ ဝင် အဖွဲ့ အစည်း မဟုတ်သည့်
အတွက် ဆောင်ရွက် သင့် တာတင်သွင်းသင့် တာကို မဆောင်ရွက်ပဲမနေ ကြဖို့  NCUB သည် တတိုင်း
ပြည်လုံး အားလုံးပြည်သူအတွက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းကိုလည်း၇ှင်းလင်းပြောကြားသွားသည်။

ဦးမောင်မောင် ၏ Credential Challenge နှင့်ပတ်သတ် ၍ ရှင်းလင်း တင်ပြမှုကိုသိလို သောအဖွဲ့ အစည်း
အသီးသီးမှ ဤ မေးခွန်းများကို ထုတ်ခဲ့ မေးခဲ့ကြသည်။။
(၁) Credential Challenge နဲ့ ပတ်သတ်ပြီး ၀န်ကြီးချုပ်ဖြစ်တဲ့ဒေါက် တာစိန်ဝင်းကလက်မှတ်မထိုး
ဘူးလို့ ကြားပါတယ်။ဘယ်လိုကြောင့်ပါလဲ?
(၂) Credential Challenge ကိစ္စ အကယ်၍ အောင်မြင်ခဲ့ရင် ဘယ်လိုစီစဉ်ထားတာ၇ှိပါသလဲ?
(၃) Credential Challengeကိစ္စမှာ ဒေါက်တာစိန်ဝင်း ဒေါက်တာသောင်းထွန်း တို့ ကလက်မှတ် မထိုးတဲ့
အတွက်သူတို့ တွေနေရာမှာဘယ်လိုလူမျိုးအစား ထိုး လုပ်ရင် အောင်မြင် လာနိုင်မလဲ?
(၄) Credential Challenge နဲ့ ပတ်သတ်တဲ့ အမြင့်ဆုံးအောင်မြင်ကိုသိချင်ပါ တယ် ဘယ်လောက် အထိ
အောင် မြင်လာနိုင်ပါသလဲ?
(၅) ၉၀ ရွေးကောက်ပွဲရလဒ်ကို တစ်ချို့  က It is long time လို့ ဆိုနေကြပါတယ် ခုချိန်ထိ မန်းဒိတ် ကိုကိုင်
ထား နိုင်တဲ့ အနေအထား ကို ဘယ်လိုအထောက်အထားနဲ့ ပြမလဲ ပြနိုင်သေးလဲ ခင်ဗျ ?
(၆) ကျနော်နားလည်တာအစိုရတစ်ရပ်အနေနဲ့ လက်မှတ် ထိုးမှဖြစ်မယ် ဆိုတာ ပါ ။ NCGUB ကို ကျနော်တို့ 
က၀ိုင်းဝန်းတောင်းဆိုရင် သူတို့ လက်ခံလာရင်တစ်မျိုး လက်မခံလာရင် ညီညွတ်ရေးမှာ ပါလာ အောင်
ဘယ်လို ဆောင်ရွက်သင့်ပါသလဲ ခင်ဗျား ?
(၇) ဘဘဦးဝင်းတင်ထွက်လာပြီ NLD ကို ဘယ်လို ကူညီနိုင်မလဲ ?
(၈) စက်တင်ဘာ လှုပ်ရှားမှု မှာ နောက်က နေဟန်ချက် ညီညီ မလိုက်နိုင်ခဲ့ မှုကဘယ်လိုကြောင့် လဲ?
စတဲ့ မေးခွန်းတွေ နဲ့ အလားတူတဲ့ တစ်ထပ်တည်းကျတဲ့မေးခွန်းပေါင်းများစွာကိုအခမ်းအနားတက်ရောက်လာတဲ့
မွန်အမျိုးသားဒီမိုကရေစီမှ အထွေထွေအတွင်းရေးမှုး ။ ပအို့ပြည်သူ့ လွတ်မြောက်ရေးမှ တွဲဖက်အတွင်းရေးမှုး
လူ့ဘောင်သစ်စတင်ဖွဲ့ စည်းစဉ် က လူဘောင်သစ် ရန်ကုန်တိုင်း မှ ဒုဥက္ကဌ FBP မှ ဒုဥက္ကဌCDC ကျောင်းမှ
ကျောင်းဆရာများ နိုင်ငံရေး အကျဉ်းသူ အကျဉ်းသား များမှအသီးသီး မေးသည့်မေးခွန်းများကို ဦးမောင်မောင်
်မှ ဤသို့ ပြန်လည် ဖြေကြားရှင်းပြခဲ့သည်။

မေးခွန်းများကိုဦးမောင်မောင်မှတစ်ခုစီဖြေကြားသွားသည်။မိမိမှခြုံငုံ၍အကျဉ်းချုပ် ရေးသားတင်ပြပါမည်။
ဝန်ကြီးချုပ် အနေနဲ့  NCGUB ကစာမှာ ဒီကိစ္စ ကို နိုင်ငံရေး အရ ထောက်ခံ ပါတယ် လုပ်သင့် တဲ့ လုပ်ငန်းတစ်ခု
လို့ သတ်မှတ်တယ် ဒါပေမဲ့ သူတို့  လက်မှတ်မထိုးဘူး ။ ကျနော် ၀န်ကြီးချုပ်နဲ့ တွေ့ တဲ့ အခါ မှာသူ စိတ်ပူတယ်
ပေါ့မတော်တဆ ကျနော်သွားတိုက်လို့ ၇ှုံးသွားရင် သိက္ခါကျမယ်ပေါ့ ကျနော်ကတော့ သိက္ခါ ကျမယ် မထင်ဘူး
ကျနော်တင်မကဘူး အမျိုးသားကောင်စီ တစ်ခုလုံးကလည်း သိက္ခါကျမယ်လို့ မယူဆဘူး လုံခြုံရေး ကောင်စီမှာ
ကြည့်မယ်ဆို၇င် နှစ်ခါ၇ှိပြီတိုက် တာ ဗီဒိုအာဏာ နဲ့  တရုတ်ရုရှား က ပယ်ပေမဲ့ သိက္ခါမကျပါဘူး ဟု ရှင်းပြီး။

အကယ်၍အောင်မြင်ခဲ့ ရင် အနိုင်ရပါတီနဲ့ အမတ်တွေ က ဆက်လက် ဒီတာဝန်ကို ယူဖို့ သူတို့ လက်ထဲသာထဲ့ပေး
မှာဖြစ်ကြောင်း နှင့် ဘယ်လိုလူမျိုးကိုဒေါက်တာစိန်ဝင်းနေရာမှာအစားထိုးမလဲဟုမေးခွန်းအား အစားထိုးဖို့ မလွယ်
လူမရှိသေးကြောင်း နှင့် ညှိနှိုင်းဦးမှာဖြစ်ကြောင်း ရှင်းပြသည်။

တရားစွဲသည့် လုပ်ငန်းများကို ဥပဒေပညာ၇ှင်ပေါင်း ၁၄၀၀ ရှိသည့် နိုင်ငံခုနှစ်နိုင်ငံမှာရုံးစိုက်သောရှေ့ နေများအဖွဲ
့(MWE) နှင့်ပူပေါင်းဆောင်ရွက်ခဲ့ပြီး၎င်းတို့သည်အပြည်ပြည်ဆိုင်ရာတွင် နိုင်ငံရေး အတွေ့ အကြုံအမြောက်အများ
၇ှိပြီး အင်္ဂလန်နိုင်ငံ ကင်းဘရစ် တက္ကသိုလ်မှ ပါမောက္ခချုပ် ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးသူတို့ တွေဟာ
ICC လို့ ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံ စမထောင်ခင် ကတည်းက ယင်း ဥပဒေများကိုရေးသား ခဲ့သူ တွေ
ဖြစ်ပါတယ် ။ ဆိုတာကို လည်းထဲ့သွင်းပြောကြားသွားပြီး ဆာဘီးယား ကိုဆိုဘို တို့ ကို ထိုရှေ့ နေများကူညီခဲ့ ပုံ
များကိုဥပမာပေးဖြေကြားခဲ့ပါတယ် ။

အမြင့် ဆုံးအောင်မြင် နိုင်မှု အခြေအနေကတော့ နှစ်ကြာမှာဖြစ်ပြီး ဟေတီနိုင်ငံ ဖြစ်စဉ် သီဟာနု ထွက်ပြေးခဲ့ရသည့်
့်ခမာနီ သိမ်းပိုက် မှု တို့ တွင် ခရီရန်ချဲလင်း နှင့် ဆောင်ရွက် ခဲ့ ပုံဒဥပမာပေးသွားပါတယ်။ ၁၉၉၀ ရဲ့ အရေးပါသေးပုံ
မန်းဒိတ်၇ှိနေသေးပုံ ကတော့ ခု တင်တဲ့ အနေအထားမှာ ဘန်ကီမိုး တို့  က လွတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့
တင်တာလက်ခံ လိုက် တဲ့ အနေအထားကိုက ၁၉၉၀ ဆိုတာ ရှိနေ လက်ခံနေသေးလို့ ပါပဲ ။

ညီညွတ်ရေးဆိုတာတော့ အော်နေရုံ နဲ့ မပြီးပဲ လက်တွေ့ လုပ်ဆောင်ကြဖို့ ဆိုတာ အကျယ်တ၀င့် တိုက်ရေးမူ ကိုရှင်း
ပြသွားပါတယ်။ ပြည်တွင်းကိုဘယ်လိုကူညီ မလဲ ဆိုတာတော့ ဥိးမောင်မောင် အနေနဲ့ မပြောနိုင်ဘူး သူ့ တာဝန်နဲ့ သူ ယူနေသူတွေရှိပါတယ် ။။
ဟု မေးသမျှ များကို စိတ်၇ှည် ကျနစွာ ၇ှင်းလင်းပြောကြားသွားပြီး ခ၇ီရန်ချယ်ချဲလင်း ဟာ ရီဂျက် မဟုတ်ကြောင်း
ဒီဇင်ဘာ ၁၄ ရက် (၁၂ရက်သည် တန၈င်္နွေ ဖြစ်သဖြင့်) အထိ ဥပဒေဌါနမှာတည်နေဆဲဖြစ်ပြီး ဒီကြားထဲမှာကျနော်
်တို့ ဖက် က ညှိနှိုင်း တင်သွင်းလာနိုင်ရင် တစ်ခုခု တက်လှမ်းမယ်ဆိုရင် အချိန်မှီသေးကြောင်း ခရီရန်ချယ်ချဲလင်းနှင့်
တပြိုင်နက်တရားစွဲေ၇းကိုလည်းဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်းATCလို့ ခေါ်တဲ့ ခုံရုံးမှာ စွဲဆိုမှာဖြစ်ကြောင်း
နဲ့  တရားလိုတွေကတော့ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်တွေNLD အနေနဲ့ ပါတီတာဝန်ထမ်းဆောင်ရင်းအညှင်း
ဆဲအနှိပ်စက်ခံခဲ့ရတာတွေ ( နိုင်ငံရေးအကျဉ်းသားတွေ) ဒီပဲယင်း ကိစ္စ ရပ်တွေအပြင် တိုင်းရင်းသားဒေသ တွေမှာ
န အ ဖ စနစ်တကျမျိုးဖြုတ် နေတဲ့ကိစ္စ များကို တရားစွဲ ဆို သွားမှာဖြစ်ကြောင်း နှင့် ဦးမောင်မောင် ကိုယ်တိုင်
အလုပ်သမားရေး ကိုအခြေခံပြီး ILOမှတရားစွဲ နိုင်ခဲ့သည့်အချက် တို့ ကိုဥပမာပြပြောခဲ့ပြီးမိမိတို့ ဖြစ်ချင်သည်များကို
လက်တွေ့ လုပ်ဆောင်ကြရန်အထောက်အထားများနှင့် ရှင်းလင်းပြောကြားပြီး အရာရာတိုင်းသည်နုတ်နှင့်ပြောနေ၍
မပြီးလက်တွေ့ ကျကျဆောင်ရွက်ကြဖို့ ပြန်လည်ဖြေဆို ပြောကြားသွားပါသည်။။


ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ အထွေထွေ
အတွင်းရေးမှူးဦးမောင်မောင်မှ ကုလသမဂ္ဂ credential
challenge comittee သို့ တင်သွင်းသော“နအဖစစ်အုပ်စု
သည်တရားမ၀င်အစိုးရ တစ်ရပ်ဖြစ်ကြောင်း”လုပ်ဆောင်
နိုင်မူ အတွေ့ အကြုံ ရှင်းလင်းပွဲ အား မြန်မာနိုင်ငံရေး
အကျဉ်းသားသမဂ္ဂရုံးထိုင်းမြန်မာနယ်စပ်တနေရာတွင်ပြု
လုပ်ခဲ့ပါသည်၊အဆိုပါအတွေ့ အကြုံရှင်းလင်းပွဲအားနိုင်ငံ
ရေးအဖွဲ့  အစည်းအသီးသီးမှ ခေါင်းဆောင်များ၊ မြန်မာ
နိုင်ငံရေးအကျဉ်းသားသမဂ္ဂအဖွဲ့ ဝင်များတက်ရောက်ခဲ့
ပါသည်၊





ကုလသမဂ္ဂမှ ချမှတ်ထား သော ဆုံးဖြတ် ချက် များ၊
နိုင်ငံတကာဥပဒေ များ နှင့်အညီ နအဖ စစ်အုပ်စု အား
ကုလသမဂ္ဂမှ ဖယ်ရှားရေးအတွက် ဆက်လက်အကောင်
အထည် ဖော်ဆောင်ရွက် သွားမည်ဟု ဦးမောင်မောင်မှ
ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊

Saturday, October 25, 2008

Six leaders were given a long term

Immediate Release:
October 24, 2008

Six leaders were given a long term

Six leaders of National League for Democracy party who were arrested
in September and October 2007 were given a long term imprisonment by
Mandalay Divisional Court in this afternoon at Mandalay, a second
capital of Burma. Many of them were charged under 505/b and 153/a and
one was charged with 505/b only.

Those who were given imprisonment are:
(1) Win Mya Mya ( F) who is a organizing committee member of NLD
Mandalay Division was given 12 years imprisonment.
(2) Kan Tun, (M) Who is a secretary of the NLD Mandalay Division
was 12 years imprisonment.
(3) Than Lwin,(M) Who is a vice-chair person of the NLD Mandalay
Division was 8 years imprisonment.
(4) Min Thu,(M) Who is a In-charge of the Mogok township NLD,
Mandalay Division was 13 years imprisonment.
(5) Tin Ko Ko, (M) Who is an organizing committee member of
Meiktila Township NLD of Mandalay division was given two years
imprisonment.
(6) Win Shwe (M) who is a member of Salin Township NLD of Magwe
Devision was given to 11 years imprisonment.

Friday, October 24, 2008

နှလုံးသားခေါင်းဆောင်

ခေါင်းဆောင်ဆိုတာ

ခေါင်းဆောင်ဆိုတာအစေခံနဲ့ တူရမယ် /တူပါတယ်။
အလုပ်အကျွေးပြုတာအစေခံတာဖြစ်ပါတယ်။ယုံကြည်လို့ ပေးအပ်
်ထားတဲ့တာဝန်ကို ကိုယ့်ရင်ထဲကစေတနာအသိနဲ့ ခံယူလုပ်ဆောင်တဲ့အတွက်အစေခံနဲ့ တူတယ်လို့ ပြောတာပါ။

အစေခံတယ်

ကိုယ့်ရဲ့ အဖွဲ့အစည်းအတွက် ကိုယ်ရဲ့လူထုအတွက် ကိုယ့်တိုင်းပြည်အတွက် ကိုယ့်အမျိုးသားအတွက် စသည်ဖြင့်
ကျရာတာဝန်တွေ့ နေတဲ့အလုပ်ဖြစ်လာမဲ့အကျိုးဆက်အားလုံးကိုနေ့ ညမရွေး နေရာဒေသမရွေးလုပ်တာဖြစ်ပါတယ်။
ခေါင်းဆောင်မှုပိုမြင့်မားလေအစေခံမှုပိုမြင့်မားလေပါပဲ။

ဒီနေရာမှာသတိထားရမှာကခေါင်းဆောင်အများစုဟာ တာဝန်မြင့်လာလေလေကိုယ်သိတာအားလျော့လာလေလေ
ဖြစ်တက်တယ်။ဒီနေရာမှာကိုယ်ကိုယ်ကိုယ်အမြဲသုံးသပ်နေဖို့ လိုတယ် ကိုယ်ဘယ်နေရာရောက်နေလဲ ဘာလုပ်ဖို့ 
လိုတာလဲ အရင်ဒီနေရာကိုယ်မရောက်သေးခင်ကဒီနေရာ ငါရောက်ရင် ဘယ်လိုလုပ်မယ်လို့  စိတ်ကူးယဉ်ခဲ့လဲ
အဲဒီ့စိတ်ကူးကိုအကောင်အထည်ဖေါ်ပြီးပြီလား

ဒီကနေ့ မှာ အများအတွက် လူသားအတွက် အစေခံမှုနဲ့ ထိုက်တန်ရဲ့လား မိမိကိုယ်ကိုယ်ပြန်သုံးသပ်နေဖို့ အမြဲလို
အပ်ပါတယ်။နှလုံးသားခေါင်းဆောင်အနေနဲ့ သိရမှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာပထမအချက် ကိုယ်ဘာဖြစ်နေလဲ
ဆိုတာဒုတိယအချက် အဲဒီ့အချက် နှစ်ချက်ကိုချိန်ထိုးပြီးလုပ်ဖို့ လိုပါတယ်။

ခေါင်းဆောင်တစ်ဦးဟာ မိမိရဲ့လှုပ်ရှားဆောင်၇ွက်နေမှုတွေကို အတောင်နှစ်ဖက်လို သဘော ထားပြီး ညာဖက်
တောင်ပံဟာဥနှောက် နဲ့ ပျံသန်းပြီးဘယ်ဘက်တောင်ပံဟာနှလုံးသားနဲ့ ပျံသန်းဖို့ လို ပါတယ်အဲဒီလို ဆောင်ရွက်
တဲ့အခါ နောက်လိုက်ကောင်း တွေရဲ့ နှလုံးသား ကလည်းဦးဆောင်သူတွေရဲ့ စေတနာမှန်နဲ့  နှလုံးသားရဲ့  အသံ
ကို နားလည်နိုင်မှာဖြစ်တယ်ဒီအခါ ဟန်ချက်ညီသွားရောပေါ့။

ခေါင်းဆောင်တစ်ယောက်ဟာကိုယ်လိုချင်တဲ့အချက်တွေကိုပဲဖိပြီးမောင်းနင်လို့ မရပါဘူးနောက်လိုက်ရဲ့စိတ်အနေ
အထားသဘောထား အပေါ်မှာ စာနာနားလည် ပေးဖို့ သိတ်လိုတယ် နောက်လိုက် ရင်ထဲမှာရှိတဲ့ အခက်အခဲ
ဲပြဿနာတစ်စုံတစ်ရာကိုနားထောင်ပေး ပြန်လည်ဆွေးနွေးပေး တာမျိုးလုပ်ပြီးမှာ ကိုယ်သွားချင် တဲ့ လုပ်ငန်းပုံစံ
ဆက်သွားကြတာပေါ့ ဒီအခါနောက်လိုက် တွေ အဖွဲ့ဝင်တွေဟာ အလုပ်အပေါ်မှာ အာရုံစူးစိုက် လာနိုင်ကြပြီပေါ့ ။
ငါခေါင်းဆောင်ဟာ မျှဝေခံစားသားပဲဆို ခံစားမှုတစ်ခု နဲ့ တင် တော်တော်ကိုလုံလောက်နေတဲ့အားအင်တွေပါပဲ။
ခေါင်းဆောင်တစ်ယောက်ဖြစ်ရင်တော့ ဒီ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ အသေအခြာပါပဲ သိနှင့်ပြီးသားစကားလုံး
တွေပဲဖြစ် ပါတယ် ဒီလိုတော့ အပြုသဘော နဲ့ အပျက်သဘော ရယ်လို့  ပိုင်းခြားတင် ပြလိုက်ပါတယ်။

အပြုသဘောတွေ့ ရတက်တာကတော့
(၁) ကြောက်လို့ လုပ်တာ
(၂) လိုချင်တာတစ်ခုခုရှိလို့ လုပ်တာ
(၃) ငြင်းမရလို့ လုပ်တာ
(၄)နာမည်ကြီးချင်လို့ လုပ်တာ
(၅)တာဝန်အပြည့်မယူတာ
(၆)လိုတာထက်ပိုလုပ်တာ
(၇)အခက်အခဲတွေ့တိုင်းနောက်ဆုတ်တက်သူ
(၈)အခွင့်အရေး၇ှိတိုင်းယူချင်သူ ရယ်လို့ 
အပြုသဘောဝေဖန်မှာဒါမျိုးတွေလုပ်မှာ ဒါ့ထက်ပိုဝေဖန်တာမျိုး တွေတွေ့ ရပါမယ်။

အပျက်သဘော တွေကတော့ (၁) ပြန်မပြောနားမထောင်တာတွေ
(၂)နောက်ကွယ်အဖျက်လုပ်ငန်း
(၃)ဂိုဏ်းဖွဲ့ စည်းရုံးခြင်း(အုပ်စုဖွဲ့ ခြင်း)
(၄)မလှုပ်မ၇ှုပ် မပြုတ် တွေ
(၅)အကျကောက်စကားပြောတာတို့ 
(၆)အဆင်းဘီးတပ်တာတို့ 
(၇)တွေ့ တိုင်းသူများအတင်းအဖျင်းလာပြောတာတွေ
ဒီလို အပျက်သဘောတွေနဲ့ ရင်ဆိုင်ရမယ် ။ အဲဒီစိန်ခေါ်မှုတွေနဲ့  ကြုံတွေ့လာရင် ခံနိုင်
ဖို့  ရင်ဆိုင်ဖို့  ဖြေရှင်းတက်ဖို့  သိတ်လိုတယ်နော် ။။

(ဆက်လက်တင်ပြပါဦးမည်)

မေအိခင်

Thursday, October 23, 2008

နှလုံးသားခေါင်းဆောင်

ကျမပို့ (စ်)အသစ်ရေးသားတင်ပြမှာကတော့နှလုံးသားခေါင်းဆောင်ဖြစ်ပါတယ်ရည်ရွယ်ချက် ကတော့ လက်ရှိ
မြန်မာနိုင်ငံတွင်းမှာ လူငယ်ခေါင်းဆောင် သစ်တွေ ပေါ်ထွက်လာသလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ်
လုပ်ငန်းအဖွဲ့ မြို့ နယ်ရပ်ကျေးတွေမှာဖွဲ့စည်းတဲ့အခါအဖွဲ့ချုပ်အဖွဲ့ ဝင်လူငယ်တွေဟာမိမိကဦးဆောင်တဲ့တာဝန်
ကိုယူတော့မယ်ဆိုရင် ကိုယ့်မှာ ဒီအချက် အလက်တွေနဲ့ ထပ်တူကျတာတွေရှိသလား မရှိသေးရင်ရော ဆောင်
်ရွက်နိုင်မလား မဆောင်၇ွက်နိုင်ရင်ရောခေါင်းဆောင်ဆိုတဲ့ကြီးလေးတဲ့ တာဝန်ကြီးကိုယူသင့်လား မယူသင့်ဘူး
လား လို့ သုံးသပ်နိုင်မှာဖြစ်ပါတယ် ။

ကျမဒီပို့ (စ်) ကိုရေးဖြစ် တဲ့ အကြောင်းရင်းထဲ မှာ တစ်ချက်အပါအ၀င် ကတော့ ကျမကို ညီမ NLD လူငယ်နဲ့
ပတ်သတ်တဲ့ စာတန်းတွေရေးပါလားလို့ အကြံပြုခဲ့တဲ့ကျမတို့ အင်မတန်မှလေးစား ကျမတို့  ရဲ့ ကျောင်းသားနဲ့ 
အတူ ပြည်သူကမျော်လင့်အားထားနေတဲ့ တော်လှန်ရေးခေါင်းဆောင် ကိုမိုးသီးဇွန် က တိုက်တွန်း ခဲ့လို့ လည်း
ကျမ ဒီပို့ (စ်) ကို ကိုယ့်အတွေး နဲ့ကိုယ် ငါ ဒါတော့ရေးသင့်တယ်ဆိုပြီးတင်ပြဖြစ်တာပါ ။ဒါပေမဲ့ကျမတင်ပြဖြစ်
တာတော့ပါတီလူငယ်နဲ့ပါတီကိစ္စတွေမဟုတ်သေးပါဘူးလူငယ်တာဝန်ခံအသစ်တွေအတွက်လို့ပြောနိုင်ပါတယ်

အဲ တင်ပြမဲ့စာသားတွေကတော့ကျမ မူပိုင်မဟုတ်ပါဘူး အေဘီအက်ဒီအက်(ABSDF)မှာယခင်ကတာဝန်ယူခဲ့
ဖူးသလို လက်ရှိ အက်တီယူဘီ (FTUB) မှာတာဝန်ယူနေတဲ့ ကျမရဲ့ ရဲဘော် လည်းဖြစ် အကို လည်းဖြစ် တဲ့
ကိုဇာနည်သွေး ကကျမပြည်ပ ရောက်တဲ့အချိန်က စ ဒီစာပေတွေ ဒီသဘောတရားတွေ ဒီ အတွေ့ အကြုံတွေ
ရှင်းလင်းသင်ကြားပေးတဲ့အခါ ကျမမြန်မာပြည်ပြန်ပြေးချင်စိတ်ဖြစ်ခဲ့ပါတယ်။ကျမ လက်တွေ့ လိုက်နာ ကျင့်
သုံးဖို့ ရာတွေ အများကြီးလိုနေသလိုကိုယ့်အမှားတွေလည်းသုံးသပ်လာနိုင်ခဲ့ပါတယ်။

စာပေနဲ့ နည်းပညာ သဘောတရားတွေ ကို လွတ်လွတ်လပ်လပ် လေ့လာခွင့်ရတဲ့ အကျိုးကို ကျမ လိုမျိုးပဲ
နေရာဒေသ အသီးသီးမှာ ကိုယ်နဲ့  ထိုက်တန်တဲ့ ကိုယ်နိုင်တဲ့ဝန် ကို ခေါင်းဆောင်နေကြရတဲ့ NLD လူငယ်
ကျောင်းသားလူငယ်တွေအားလုံးကိုအကျိုးများစေ့ ချင်တာပါအကယ်၍သဘောတရားရေးရောအရေးအသား
ပါ။စာဖက်သူနဲ့  မကိုက်တာ မကြိုက်တာတွေ မညီညွတ်တာတွေရှိခဲ့ရင် ကျမအမှားပါလို့ ရှုင်းလင်းတင်ပြရင်း
နှလုံးသားခေါင်းဆောင် ကို အပိုင်းလေးတွေ ခွဲပြီးကျမ တင်ပြမှာမို့ ဝေဖန် အားပေးကြပါရန်နဲ့  NLD လူငယ်
ခေါင်းဆောင်သစ်များကိုလည်းဆရာလုပ်ခြင်းမဟုတ်သဒ္ဒါနှင့်ဝေမျှခြင်းဖြစ်ပါကြောင်းဦးစွာပဏာမတင်ပြအပ်
ပါတယ်။
နှလုံးသားခေါင်းဆောင်

ခေါင်ဆောင်ကောင်းတစ်ယောက် ကိုယ်နောက်လိုက်ငယ်သားအဖွဲ့ ဝင်များကိုရင်ထဲကစေတနာအပြည့် မိမိ
နှလုံးသားကို ခေါင်းဆောင်တာဝန် မှာနှစ်ပြီး ဦးဆောင်မဲ့သူတွေရဲ့ အခြေခံလိုအပ်ချက် ကတော့
(၁) Fairness ဆိုတဲ့  မျှတရမယ် ငဲ့ညှာတက်ရမယ်
(၂) Kindness ကြင်နာသနားတက်ရမယ်
(၃) Respect ငယ်တာကြီးတာ နဲ့ မဆိုင်ဘူး အပြန်အလှန်လေးစားတက်ဖို့ ပါ
(၄) Integrity ဂုဏ်သိက္ခါ ရှိရှိနဲ့ ပြောတဲ့အတိုင်းလုပ်ဖို့ လိုတယ်
(၅) Honesty ရိုးသားရမယ်
(၆) Service ဖြည့်ဆည်းရမယ်
(၈) Contribution ကူညီထောက်ပံ့နိုင်ရမယ် စတဲ့အချက်အလက်တွေ နဲ့ ပြည့်စံ ဖို့ လိုပါတယ်အကယ်၍ ဒါ့
ထက်ကောင်းတာရှိရင်လည်းဖြည့်စွပ်ကျင့်နိုင်တယ်။

အခြေခံလိုအပ်ချက်တွေ ပြီးပြည့်တဲ့နောက်အဓိကအခန်းဂ¾အနေနဲ့ (၄)ခုလို့ ကျမအမြင်ကိုတင်ပြချင်ပါတယ်။

သမာဓိရှိမှု

ကိုယ်ရဲ့ခေါင်းဆောင်မှု ယူထားတဲ့တာဝန်နဲ့ ကိုယ်စားပြုထားတဲ့ မူဝါဒ လမ်းစဉ်တွေအပေါ်မှာအမြဲမပြတ်တစိုက်
်မတ်မတ်တည်ရှိနေရပါမယ် ခိုင်မာမှုလည်းရှိရမှာဖြစ်သလိုအလွယ်တကူလည်းမပြောင်းလဲတဲ့ တည်ကြည်မှုရှိဖို့ 
လိုအပ်ပါတယ်။

စံပြဖြစ်မှု

မမြင်ရတဲ့အရာတွေအလိုအလျောက်ဖြစ်လာမှာတွေကိုမျော်တွေးနေစရာမလိုတဲ့စိတ်မျိုးထားရမယ်။ကိုယ်ကစံပြ
ဖြစ်နေရင် ကိုယ်ရဲဘော်တွေကလည်းလိုက်လုပ်မှာပဲ။ ကိုယ်က လမ်းထွင် ပေးတဲ့သူဖြစ်နေရမယ်။ တဖွဲ့စည်းလုံး
လျောက်မဲ့လမ်းကိုကိုယ်ကထွင်တော့နောက်လူတွေအတွက်အသင့်ဖြစ်နေမယ်ခေတ်တခေတ်မှာကိုယ်ရဲ့အကောင်း
ဆုံးဖြည့်ဆည်းမှူတစ်ခုခုကို စံပြ ထားခဲ့ ဖို့ လိုမယ်။

ချင့်ချိန်မှု

ခုခေတ်မှတော့ Results Based Management လို့ ခေါ်တဲ့ ရလဒ်အခြေပြုတဲ့စီမံခန့် ခွဲမှုဖြစ်ပါတယ်။ အလုပ်တစ်ခု
ကိုလုပ်မယ်ဆိုရင်မြင်သာတဲ့ရလဒ်ကိုအခြေပြုပြီးမှအလုပ်လုပ်ရမယ် အားအပြည့်ထဲ့ကိုထဲ့ရမယ် အား အပြည့် ထဲ့မှ
အောင်မြင်မယ်။ခေါင်းဆောင်ဆိုတာအောင်မြင်တဲ့အမွေပါထားခဲ့နိုင်ရမယ်။

ဖြည့်ဆည်းမှု
လမ်းတစ်ခုကိုသွားဖို့ လိုအပ်တာတွေဖြည့်ဆည်းပေးရတယ်အမြင်၇ှိရုံနဲ့မပြီးဘူးတက်ကြွဖို့ ကိုပြောနေကြတာကြား
နေရမယ်အဲဒီတက်ကြွမှုကိုပြောနေရုံနဲ့ မလုံလောက်ဘူးအမြဲမပြတ်စောင့်ရှောက်နေဖိုလိုအပ်တယ် သိသာထင်ရှား
နေဖို့ လိုအပ်ပါတယ်။ ဒီအင်္ဂါ လေးခုဟာ အဓိကအခန်း ဂ¾ တွေပါပဲ။

(ဆက်လက်တင်ပြပါဦးမည်)
မေအိခင်

ဖြစ်ကြောင်းရယ်ကုန်စင်

နီယွန်လျှပ်စစ်မီးရောင်နဲ့ 
မြို့ ကြီးက ထိုးထိုးထောင်ထောင်ဖြစ်နေပုံများ
ကိုယ့်အနာဂတ်ကို
ကိုယ့်မှန်ထဲ ပြန်မြင်ရသလိုမျိုး
သူများအိမ်ထဲမှာ
ကိုယ့် ကိုယ်ပိုင်ပစ္စည်းတွေနဲ့ 
စတိုင်ကျနေခဲ့ရ ညများစွာ
ဘ၀က မေ့လျော့ခြင်းဆိပ်ခံတံတားမှာ
ခန့် ခန့် ညားညား ကျောက်ချလို့  ၊

လူကြီးလူကောင်းများပါပဲ
ဒါပေမယ့်
ကိုယ့်တိုင်းပြည်အတွက်ဆို
သူတပါးရဲ့ လည်မျို တက်နင်းရဲသူတွေရဲ့ 
အိပ်မက်တခုထဲမှာ
ငါတို့  ရွှေထီးဆောင်းလို့ ကောင်းဆဲ
သယံဇာတ ဘာမှမရတဲ့နေရာမှာ
ငါတို့  အောက်ခြေသိမ်းအလုပ်တွေ
လုပ်လို့ ကောင်းနေဆဲ
လရောင်က မနာလိုစရာ
တသွင်သွင် ဖြာဆင်းလို့  ၊

အရှေ့ တောင်အာရှရဲ့ 
ကုန်းမြေတန်းလေးအဆုံးမှာ
နာကျည်းစရာကို
နာရကောင်းမှန်း မသိနိုင်တော့လောက်အောင်
မှော်အတတ်တွေနဲ့ 
ပျော်တတ်အောင်ဖမ်းစား
မစို့ မပို့ ပေးတဲ့ နည်းပညာများအကြား
ပညာလိုသူတွေက ပညာရှာကြ
သကာလိုသူတွေက သကာရှာကြ
ဘ၀ရဲ့  နေထိုင်နည်းအတတ်ပညာထဲ
ဘာဘာညာညာ မလို
မျိုးချစ်စိတ်သာလိုတယ်
ပင်လယ်မှာ နေမကွယ်ခင်
ကိုယ့်ကိုယ်ကို အကုန်အစင်မြင်တတ်မယ်ဆိုရင်ပေါ့ ။

ရဲရင့်သက်ဇွဲ

မိုးပြိုခြင်းလော

မိုးသီးဇွန်

အကဲဖြတ်ချက်

ရေတို (Shot Run) - အစိုးရတွေရဲ့ ကူညီမှုတွေကြောင့် ကမ္ဘာ ငွေကြေးအကြပ်ရိုက်မှုက ယာယီငြိမ်ကျသွားနိင်တယ်။ အာရှနိင်ငံတွေက ဒို့ ကိုမထိဘူးလို့ မှားယွင်းစွာယူဆနိင်တယ်။
၂နစ် ၃ နစ်ကတော့ပွဲကြီးပွဲကောင်းဖြစ်လာမယ်။

ရေရှည်- ( Long Run)

ငွေကြေးအကြပ်ဆိုက်မှုဟာ စတော့ ဈေးကွက်တခုထည်ထိခိုက်နစ်နာမှု ဖြစ်တာမဟုတ်ဘူး
တခြားစီးပွားရေးလုပ်ငန်းတွေကိုပါထိခိုက်နိင်တယ်။

က- စတော့ဈေးကျဆင်း။
ခ- ချေးငွေတွေပြန်မဆပ်နိင်။ အိမ်ဈေးကျ၊ အိမ်အသိမ်းခံရ၊ လူမှုရေးပြသာနာများ
http://www.independent.co.uk/news/race-for-whitehouse/obama-blames-financial-crisis-on-republican-economic-policy-932002.html ( Oct 13,2008 )


ဂ- အနောက်နိင်ငံဈေးကွက်တခုလုံး ၀ယ်လိုအားကျဆင်းလာ၊
ဃ- အာရှ ထွက်ကုန်အများစု ( စက်မှု၊ စိုက်ပျိုးရေး) တခုလုံး ကျဆင်းလာနိင်။ ( အမေရိကန်
နဲ့ အနောက်နိင်ငံတွေကိ ၁၉၈၉ ခုနစ်နောက်ပိုင်းကစ အကြီးအကျယ်မှီခိုလာရတယ်။
အနောက်ဈေးကွက်က ၀ယ်လိုအားကျဆင်းမှုကို အာရှ က ခံစားလာရနိင်တယ်။ )

င- ငွေကြေးအကြပ်ရိုက်မှုကြောင့် စက်မှုလုပ်ငန်း (Industries ) ၊ လယ်ယာစိုက်ပျိုးရေး (Farming )၊ သစ်ထုတ်လုပ်ငန်း( Logging ) ၊ ငါးဖမ်းလုပ်ငန်း( Fishing ) တွေထိခိုက်နိင်တယ် ။

နိင်ငံရေးမှာ - အမေရိကန်မှာ လစ်ဘရယ်တွေအာဏာရလာရင် ပြသာနာဟာ ဖါဖါထေးထေး ထိမ်းထိမ်းသိမ်းသိမ်းဖြစ်လာပြီးကွန်ဆာဗေးတစ်တွေ (Neo-Con ) တက်လာရင်တော့အခြေ
နေပိုမိုဆိုးလာနိင်တယ်။စစ်ပွဲကြီးတခုကို ဦးတည်လာနိင်တယ်။ပါကစတန်နဲ့ အိန္ဒယဟာစစ်ပွဲ
ဖြစ်လာနိင်တယ်။ အာဖရိကမှာ တိုက်ပွဲတွေဖြစ်လာမယ်။ ဆူဒန်က တိုက်ပွဲပိုပြင်းလာမယ်။ ထိုင်းမှာ နိင်ငံရေးမတည်ငြိမ်မှုတွေပိုများလာမယ်။ ထိုင်းနဲ့ ကမ္ဘောဒီယားတင်းမာမှုပိုလာမယ်။

အာရှနဲ့ မြန်မာ မှာ ဖြစ်လာနိင်တဲ့အလားအလာများ

မန်မိုရမ်ဆင်းခေါင်းဆောင်တဲ့ အိန္ဒယအစိုးရက အနောက်နိင်ငံတွေဖြစ်တဲ့ ဘဏ်ရေးအကြပ်ဆိုက်မှု က အိန္ဒယအနေနဲ့ မစိုးရိမ်ဘူးလို့ ဆိုပါတယ်။ ဒီအချက်ဟာ
ဝါဒဖြန့် ချီမှုဖက်များတယ်လို့ ကျနော်ထင်ပါတယ်။
အိန္ဒယရောတရုပ်ဟာ ဆိုရှယ်လစ်တွေကိုလမ်းကြောင်းက ခွဲ ထွက်ပြီး (Neo- Capitalism)
ကို ဦးတည်နေကြတဲ့အတွက် အနောက်နိင်ငံတွေရဲ့ စီးပွားရေးဂယက်ထဲ တိုးလို့ ဝင်ရောက်နေတဲ့အတွက် ဒုက္ခ ရောက်နိင်တယ်။ စီးပွားရေးတိုးတက်မှုက နိင်ငံတကာဈေးကွက်ကိုမှီခိုရလွန်းတယ်။ ထုတ်ကုန်နဲ့  ဈေးပေါလုပ်အားတွေပေါ အလုံးစုံမူတည်နေတယ်။ ဒါကို နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပေါလ်ခရုမန်းက -

'' that the growth of economies in East Asia was not the result of new and original economic models, but rather increased capital and labor inputs, which did not result in an increase in total factor productivity. His prediction was that future economic growth in East Asia would slow as it became more difficult to generate economic growth from increasing inputs. ''

(http://en.wikipedia.org/wiki/Paul_Krugman )


စီပွားရေးပညာရှင် ပေါလ်ခရုမန်း




အရှေ့ အာရှစီးပွားရေး တိုးတက်မှုဟာ ပုံမှန်သဘ၀ မဟုတ်ဘူး။ အရင်းများလာတယ်။ဈေးပေါ လုပ်အားတွေပေါ်မူတည်နေတယ်။ အနာဂတ်စီးပွားရေး တိုးတက်မှုကိုထိခိုက်နိင်တယ်လို့ ထောက်ပြခဲ့ဘူးတယ်။

မြန်မာပြည်ကို ၁၉၉၇ခုနစ်ကတည်းက အမေရိကန်က စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု
တွေကြောင့် စီးပွားရေးပိတ်ဆို့အရေးယူ ဆောင်ရွက်မှုတွေပြုလုပ်ခဲ့တယ် ။ အနောက်နိင်ငံက ရင်းနှီးမြုပ်နှံမှုအသစ်တွေကိုမလာတော့ပေမဲ့  အိမ်နီးချင်းနိင်ငံတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်လာ
ခဲ့တယ်။အထူးသဖြင့် တရုတ်၊အိန္ဒယ၊အရှေ့ အလယ်ပိုင်းနိင်ငံများနဲ့ အာဆီယံနိင်ငံတွေနဲရင်းနှီး
မြုပ်နှံမှုတွေရှိလာပါတယ်။ တံခါးဖွင့်စီးပွားရေး (Open Market Economy ) ဖက်ကိုဦးတည်
လာတယ်လို့ ဆိုနိင်ပါတယ်။ မြန်မာပြည်ကအဓိကနိင်ငံခြားကိုတင်ပို့ နေတာတွေကတော့

၁- သဘာဝဓါတ်ငွေ့ 
၂- ရေအားလျပ်စစ်
၃- ကောက်ပဲသီးနှံ
၎- ရေလုပ်ငန်း နဲ့  သစ်ထုတ်လုပ်မှု
၅- အလုပ်သမား ( နိင်ငံခြားကိုထွက်ပြီးလုပ်ကိုင်မှုများ)
၆- ခရီးသွားလုပ်ငန်း

ဒီအချက်တွေက နိင်ငံခြားကိုမှီခိုနေတာကို ညွန်းဆိုနေတာဖြစ်တဲ့အတွက် နိင်ငံတကာ စီးပွား
ရေးပြသာနာကိုရှောင်လွဲမရသလိုဖြစ်လာပါတယ်ပိုမိုဆိုးဝါးလာစေနိင်တဲ့အခြေအနေကတော့
နိင်ငံရေးပြဿနာ ကိုနအဖ စစ်အစိုးရက ဖြေရှင်းနိင်ခြင်း မရှိသေးတာက အဓိကပြဿနာ
ဖြစ်နေပါတယ်။ စီးပွားရေးအနေနဲ့ ကတော့ နအဖရဲ့  တလျောက်လုံးမှားလာတဲ့အမှားက
သေရာပါအမှားအဖြစ် နဲ့ သဘ၀ဓါတ်ငွေ့ နဲ့ ရေအားလျပ်စစ်ကိုပြည်တွင်းဖူလုံရေးမှာအသုံးပြု
ခြင်းမရှိပဲနိင်ငံခြားကိုရောင်းစားခဲ့တယ်။ ရလာတဲ့ အမေရိကန် ဒေါ်လာငွေ ၃ ဘီလီယံ ခန့်  ငွေကို နဲ့  ပြည်တွင်းစက်မှုနဲ့ စိုက်ပျိုးရေး
ဖွင့်ဖြိုးမှုမှာမသုံစွဲပဲ ပျောက်ဆုံးနေတယ်။ လယ်တွေကိုသိမ်းတာ၊ မြေလွတ်တွေကို ဘင်္ဂလား
ဒေ့ရှ်နိင်ငံ ကိုငှားရမ်းဖို့ လုပ်ခဲ့တယ်။ နာဂစ်မုန်တိုင်းကြောင့် ပြိုလဲသွားတဲ့ လယ်မြေတွေကို ပြန်လည်မထူထောင်နိင် သေးတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းဟာ ဘုန်းဘုန်းလဲသွားတယ်။

အခက်ခဲကြားထဲကထွက်လာတဲ့ သီးနှံဟာလည်း ကမ္ဘာဈေးကွက်မှာကျဆင်းနေမှုနဲ့  ရင်ဆိုင်
ရဖွယ်ရှိတယ်။ မြန်မာအလုပ်သမားတွေဟာ ဂျပန်၊ စင်္ကပူ၊မလေးနဲ ထိုင်းနဲ့ အခြားနိင်ငံတွေ
မှာ စုစုပေါင်း ၅ သန်းကျော်ခန့် ထွက်လုပ်နေတယ်။ မိသားစုအတော်များများဟာ ပြည်ပက အလုပ်လုပ်နေတဲ့  မိသားစုဝင်တဦးရဲ့ ဝင်ငွေပေါ်မှာမှီနေတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာ
ကိုရင်ဆိုင်လာရရင် ပြည်တွင်းမိသားစုတွေဟာ အခက်ခဲတွေပိုကြုံလာရနိင်ပါတယ်။

ဒီကြားထဲမှာနူရာဝဲစွဲ၊မွဲရာသူခိုးထောင်းဆိုသလိုနိင်ငံရေးပြသာနာစီးပွားရေးပြသာနာပေါင်းစုံကိုရင်ဆိုင်နေရပြီးသားမြန်မာပြည်မှာဒီထက်ကိုပိုမိုဆိုးဝါးတဲ့ပြသာနာတွေထပ်လောင်းပေါ်ပေါက်လာနိင်ပါတယ်။

အာရှကတော့ မဟာကျဆင်းမှုကြီးနဲ့ ကြုံကြရလိမ့်မယ်။ ဒါတွေကတော့

၁- အာရှက စက်မှုထွက်ကုန်တွေ ထုတ်လုပ်မှုကျဆင်းကုန်နိင်တယ်။
၂- ကုန်ဈေးနှုန်းတွေထိုးကျလာနိင်တယ်။ စပါးဈေးအပါအ၀င်စိုက်ပျိုးရေး ထွက်ကုန်တွေ ဈေး ထိုးကျလာနိင်တယ်။
၃-လုပ်အားခတွေ ဈေးကျကုန်မယ်။
၎- အိမ်ဈေးတွေထိုးကျလာနိင်တယ်။ (အမေရိကန်မှာ အိမ်ဈေးတွေ က ၁၀-၂၀
ရာခိုင်နှုန်းအထိကျဆင်းလာနိင်တယ်လို့  ဂျိးဇက်စတီးကလစ်ကပြောပါတယ်။ အိမ်ဈေးတွေကျပေမဲ့  အတိုးပေးနေရတဲ့နှုန်းက ကျဆင်းမယ်လို့ ဘယ်သူက မပြောသေးပါဘူး။)
၅-အလုပ်လက်မဲ့ ပြဿနာတွေပေါလာနိင်တယ်။ အမေရိကန်ကို ထိုင်းဆန်တင်ပို့ မှုကုန်တင်ပို့
မှုတွေ ကျဆင်းလာရင် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲဖြစ်ကုန်နိင်တယ်။
၆ - ခရီးသွားလုပ်ငန်းတွေ ကျဆင်းလာနိင်ပါတယ်။
၇- မူးယစ်ဆေးဝါး၊ လောင်းကစားနဲ့ ပြည်တန် ဆာလုပ်ငန်းများ ပိုမိုများလာနိင်တယ်။
၈- မြန်မာအပါအ၀င်အာရှနိင်ငံတွေမှာ နိင်ငံရေး မတည်ငြိမ်မှုတေပုန်ကန်မှုတွေဖြစ်ပေါ်လာနိင်
ပါတယ်။ အိန္ဒယ-ပါကစတန်၊ ထိုင်း-ကမ္ဘောဒီယားတွေဟာ စစ်ပွဲတွေအသွင်ဆောင်လာနိင်
တယ်။

ကားလ် မားက်စ် ရဲ့ အမြင်
ကားလ်မာ့က်စ်ကတော့ ဒီပြဿနာကိုနစ်ပေါင်းများစွာကတည်းက ဟောကိန်းထုတ်ခဲ့ပါတယ်။ လေးနက်လှတဲ့သူရဲ့ သီအိုရီတွေကို ခုလိုနားလည်လို့ ရနိင်တယ်။ သူရဲ့  Capitalism မှာ သူက
လုပ်အားနဲ့ အရင်း ဟာ အမြဲတန်းအားပြိုင်မှု ရှိနေတယ်။ အလုပ်သမားကရှင်သန်ရေးအတွက်
လုပ်အားကိုရောင်းချတယ်။ အရင်းရှင်က လုပ်အားခကိုဈေးပေါပေါလိုချင်ပြီး ကုန်ပစ္စည်းကို
ဈေးကြီးကြီးနဲ့ရောင်းချင်တယ်။ ဒီတော့ အရင်းရှင်က လုပ်အားဈေးပေါပြီး ကုန်ပစ္စည်းများများ
ထုတ်နိင်ရေးဖြစ်လာတယ်။


ကားလ် မားစ်



ဒီတော့စက်ကရိယာအသစ်အဆန်းတွေကိုတီထွင်သလောက်လုပ်အားကတော့စက်ရုံကမောင်းထုတ်ခံလာရပါတယ်။ ဒီတော့ အရင်းရှင်မှာ ငွေတွေစုပုံလာသလောက် အလွန်အကြွံထုတ်လုပ်
မှုတွေဖြစ်လာသလောက် အလုပ်သမားလက်ထဲမှာ ၀ယ်စရာမရှိဖြစ်နေတယ်။ ဒီတော့ ၀ယ်လို
အားကျလာတယ်။
ဒီအခါမှာ မခံနိင်တဲ့ ကုမဏီအသေးတွဟာ ဈေးကွက်ပြိုင်ဆိုင်မှာ အရှုံးနဲ ထွက်ခွာ။ ကြီးတဲ့
ကုမဏီတွေက ငယ်တဲ့ကုမဏီကို ၀ါးမြို ။ နောက်ဆုံးမှာ ကြီးတဲ့ကောင်တွေသာ ကျန်ရစ်ပြီး
စီးပွားရေးတခုလုံးပြိုကျသွားတယ်။ ဒီအခါမှာ ရှင်သန် ရပ်တည်ရေးအရ ပစ္စည်းမဲ့ တွေ ထရပ်
လာပြီးဘူဇွာခေါင်းဆောင်မှုကို ဖြိုလှဲလူမှုအစီအစဉ်သစ်တခုပေါက်ပွားလာရတော့တယ်။
တော်လှန်ရေးကပေါက်ပွားလာတယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

ဒီနေ့ စီးပွားရေ ပြသာနာအပေါ်မှာ စကားကြီး သုံးခွန်း ပြောခြင်ပါတယ်။

၁-နိင်ငံတကာပူးပေါင်းဆောင်ရွက်မှု တွေကို အမြန်ဆုံးမြင့်တင်။
၂-ကြွေးမှီတွေကိုလျော့ပေါ့ပြစ်။အလုပ်ကိုင်သစ်တွေကိုဖန်တီးပေး။
လူမှုကယ်ဆက်ရေးအစီအစဉ်တွေအမြန်ဆုံးဆောင်ရွက်။
၃- အမေရိကန်ဈေးကွက်ကိုမှီတဲ့စီးပွားရေးက ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သစ်ကိုဖန်တီး။
ကိုယ်ပြည်တွင်းဈေးကွက်တွေကို သန်မာအောင်လုပ်ကြ ဖို့ နေတယ်ဆိုတာပါပဲ။


နိဂုံး ချုပ်

ဒီနေ့ ကမ္ဘာကြီးရဲ့ စီးပွားရေးဟာ (Global Recession ) ကိုဝင်သွားပါပြီ။ ဒါပြီးရင် (Depression) ဖြစ်လာနိင်ပါတယ်။ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်တွေက Depression ထဲကိုဝင်မသွားနိင်ဖို့ အတွက်အစွမ်းကုန်ကြိုးပန်းနေတယ်။ သူတိုနည်းလမ်းတွေဟာနည်းလမ်း
ဟောင်းတွေသာဖြစ်တဲ့အတွက် ယာယီ မျှသာသက်သာနိင်မယ်။ ရေရှည်( ၂ -၃ နစ် အတွင်း) မှာတော့ ထုတ်ကုန်ကျမယ်။ စိုက်ပျိုးရေးကိုထိခိုက်မယ်။ အလုပ်လက်မဲ့ပြသာနာနဲ ရင်ဆိုင်
ရမယ်။ ဒီဂယက်ဟာ အားလုံးကိုရိုက်ခတ်လာမှာပါ။ ကမ္ဘာသွင်တူဖြစ်စဉ်မှာ ဆက်သွယ်ရေး
လျင်မြန်လာတဲ့ ကောင်းကျိုး ကိုကျနော်တို့  ခံစားလာရသလိုပဲ ရောဂါကူးဆက် မှုဟာလည်း အလျင်အမြန်ပျံနှံလာမှာမလွဲဖြစ်တယ်။

စီးပွားရေးပျက်ကပ်ဟာမွေးရာပါရောဂါတခုအထိတည်ရှိနေပါသေးတယ်။ရှောင်လွဲပျောက်ကင်း
နိင်တဲ့ နည်းလမ်းမရှိသေးဘူး။ သက်သာရာသက်သာ ကြောင်းတွေပဲရှိနေတယ်။ ဒီလိုဖြစ်ရတဲ့
အကြောင်းကတော့ အရင်းခွဲဝေပုံမညီမျှမှု၊ ၀င်ငွေအချိုးအစားအလွန်အမင်း ကွာဟလာမှုတွေ
ကြောင့်ဖြစ်ပါတယ်။ ဒီထက်ပိုပြီး လေးနက်အောင်ပြောရရင်တော့ လူတို့ ရဲ့  လောဘဟာ စီးပွားရေးမှာအဓိကမောင်းနှင်အားဖြစ်နေတယ်။ ဒါကို ပြိုင်ဆိုင်မှုလို့ ဝိသကြုံ ပြု။
စာနာမှုတရားက စီးပွားရေးမှာ ခြေတဖ၀ါးချစရာနေရာမရှိ ခဲ့ပေဘူး ။ သာဓကဆောင်ပါရစေ - နစ်ပေါင်းများစွာ အလွန်အမင်းစီးပွားရေးကပ် ( Long Great Depression )
ဆိုက်နေတဲ့ အာဖရိက၊အာရှ ( Long Great Depression)
ဆိုက်နေတဲ့အာဖရိက၊အာရှတွေမှာစီးပွားရေးဖွင့်ဖြိုးမှုအစီအစဉ်တွေကိုကုလသမဂ၊ကမ္ဘာဘဏ်အိုင်အမ်အက်(ဖ်)တွေမှာကောင်းမွန်တဲ့အစီအစဉ်တွေမရှိသလိုအာဖရိကနဲ့ အာရှ အာဏာရ
နိင်ငံရေး သမားတွေရဲ့ အကျင့်ပျက်လဒ်စားမှုတွေကသမိုင်းနဲ့ ချီဖြေရှင်းမရဖြစ်နေသေးလို့ ပါပဲ။

ကမ္ဘာ့ဘဏ္ဍာရေးခေတ်မှာရွှေမိုးကြီးငွေမိုးကြီးသွန်းလောင်းတုန်းကဒိုမြန်မာတွေငေးတိငေးမော်
ချူးတပြားမရခဲ့ဘူး။ မိုးပြိုလာတော့မှ ကိုယ်ပါခံရပြီ။ မိုးပြိုလာပြီဆိုမှ တံခါးကြားထဲဝင်ပုန်း
နေလို့ မလွတ်နိင် မိုးကြိုးပစ်တာကိုထန်းလက်နဲ့ ကာလို မ့ရဘူးလို ရှေးလူကြီးတေ ပြောခဲ့တာ
ဒါများလားလို့ ကျနော်တစ်ယောက်တည်းစဉ်းစားနေမိတယ်။

မြန်မာပြည်သူတွေ ကံကောင်းကြပါစေ။


မိုးသီးဇွန်

ပင်ဆဲလ်ဗေးနီးယား ပြည်နယ်။
အောက်တိုဘာ ၁၄ ရက် ၊၂၀၀၈ ။

Wednesday, October 22, 2008

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် ဆိုတာ ဒီလို

ယနေ့ နေ့ လည် ၁၁း၀၀ နာရီ တွင် ရန်ကုန်မြို့  ဗဟန်းမြို့ နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် အသစ်ပြန်လည်
ဖွဲ့ စည်းလိုက်သော လူငယ်ပြန်လည်ဖော်ဆောင်ရေး အဖွဲ့ ၏ ပထမဆုံးအကြိမ် ဆွေးနွေးပွဲ အား ကျင်းပ ခဲ့သည် ။ ထိုသို့ 
ကျင်းပရာတွင် မြို့ နယ် ပေါင်း ( ၂၆ ) မြို့ နယ် မှ လူငယ် အဖွဲ့ ဝင်ပေါင်း ၉၀ နီးပါး တက်ရောက်ခဲ့ကြ ပြီး မြို့နယ် လူငယ်
များမှ ဒီမိုကရေစီအရေးအတွက် ၊ အဖွဲ့ ချုပ် အတွင်း စည်း လုံး ညီညွှတ် ရေးအတွက် တက်တက် ကြွကြွ ဆွေးနွေး
ခဲ့ကြသည် ။လူငယ်ဖော်ဆောင်ရေး အဖွဲ့  မှလည်း ၎င်းတို့  ၏သဘောထားအား အောက်ပါ အတိုင်း ထုတ်ပြန်ခဲ့ သည် ။

- လူငယ်အချင်းချင်း လက်ရည်တပြင်တည်း သာတူညီမျှ ဆက်ဆံရေးကိုကျင့် သုံးမည် ။

- အပြန်အလှန်လေးစားရေး နှင့် သာတူညီမျှ ဆက်ဆံရေးကို အခြေခံမည် ။

- ဒီမိုကရေစီအရေးနှင့်  အဖွဲ့ ချုပ်အရေး တို့ အတွက်ဆောင်ရွက်မည့် လူငယ်များ ကို လက်ကမ်း

ကြိုဆိုမည် ။

- ဒီမိုကရေစီအရေး ၊ လူ့ အခွင့် အရေး နှင့် အဖွဲ့ ချုပ်အရေးတို့ အတွက် အကြံဥာဏ်ပေးမှု့  ၊

ဝေဖန်မှု့  ၊ ကူညီ မှု့ များ ကို ကြိုဆိုသည် ။

- တနိုင်ငံ လုံးရှိ လူငယ်ထုကို ဦးတည်လျှက် ကိုယ်ကျင့် သိက္ခာနှင့်  စွန့် လွှတ်အနစ်နာခံ မှု့  အရာ တွင် “ စံ ” ယူရလောက်အောင်ကြိုးပမ်းအားထုတ်မည် ။

- အဖွဲ့ ချုပ် ၏ ဖွဲ့ စည်းပုံအခြေခံ စည်းမျည်းပါ ရည်ရွယ်ချက် သုံးရပ် ၊ လုပ်ငန်းစဉ် ( ၆ ) ရပ်

တို့ ကို အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ။

- လူငယ်လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ် ဗဟိုအလုပ်အမှု
ဆောင်အဖွဲ့ ၏ ဦးဆောင်မှု့  ၊ အထွေထွေအတွင်းရေးမှုး လူငယ့် ရေးရာ တာဝန်ခံ ဒေါ်အောင်ဆန်းစုကြည် ၏
လမ်းညွှန်ချက်များနှင့် မူများအတိုင်းဆောင်ရွက်သွားမည်။

8-5-2007 က အဖွဲ့ ချုပ်လူငယ်တွေရဲ့ ၀တ်ပြုဆုတောင်းပုံ

Tuesday, October 21, 2008

မိုး ပြို ခြင်းလော (၂)

မိုးသီးဇွန်
ကုထုံးများ - Therapy
၁၉၃၀ ကုထုံး

၁၉၃၀ခုနစ်က စီးပွားပျက်ကပ်ကို သမတ ဖရင့်ကလင်ရုစပဲ က (New Deal Policy) ကူညီဖြေရှင်းပေးခဲ့တယ်။
ပေါလစီNew Deal Policy ရဲ့  အနစ်သာရက ဘဏ်တွေနဲ့ ငွေကြေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်။
လယ်သမားတွေကိုငွေချေးငှါးကူညီခဲ့တယ်။အလုပ်လက်မဲ့ပြသာနာကိုဖြေရှင်းခဲ့ရတယ်။လူမှုဖူလုံရေးအစီအစဉ်
တွေကိုဆောင်ရွက်ခဲ့ရတယ်။





( ၁၉၃၀ နစ်က လူတွေ သူတို့ အပ်ထားတဲ့ငွေတွေ အလကားနေရင် တန်ဖိုး ကျဆင်း သွားတာကိုကြုံရတယ်။
ဒေါ်လာ ၁၀၀ အပ်ထားရင်နောက်တနစ်မှာ ၆၅ ဒေါ်လာဖြစ်သွားပါတယ်။ )

ဒီလိုဆောင်ရွက်မှုတွေအစွမ်းကုန်လုပ်ခဲ့ပေမဲ့  စီးပွားပျက်ကပ်က တဖြေးဖြေးခြင်းသာနလံထူနိင်ခဲ့ပါတယ်။
စီးပွားပျက်ကပ်က ၁၉၃၀ခုနစ်ကနေ ၁၉၄၀ခုနစ်အထိ ဆယ်နစ်နီးပါးကြားခဲ့တယ်။ New Deal Policy
ကြောင့် ကမ္ဘာစီးပွားရေးပျက်ကပ်က ပြန်လည်ခေါင်းထောင်လာတယ်ဆိုတာကိုတော့ လက်မခံတဲ့သူတွေ
လည်းရှိ ပါတယ်။ ဒီထဲမှာ ကိန်း ကျောင်းတော်သားတွေ အများပြားပါဝင်တယ် စီးပွားရေး ပညာရှင်
ဂျွန်မေနပ်ကိန်းစ် (John Maynard Keynes ) ယေဘူယျ အလုပ် သီအိုရီ ( The General Theory of
Employment) ဆိုတာကိုဖေါ်ထုတ်ပါတယ်။ သူသီအိုရီက ရိုးစင်းတယ်။ စီးပွားရေး ကျနေချိန် ဆိုရင်
အစိုးရက ကြွေးမြီကိုတာဝန်ယူ၊ လူတွေကို အချိန်ပြည့် လုပ်သာ ဖိပေးထား ( Full Employment)
ပုဂလိကတွေကို သာခေါက်ထား၊ဒီအချိန်မှာဘယ်သူမှ တံခါးခေါက်ပြီးဈေးလာမ၀ယ်ဘူး။

စီးပွားရေးအရရင်းနှီးမြုပ်နှံမှု အသစ်တွေကိုမလုပ်ဝံသေးဘူး။ ဒီတော့ လူထု အကျိုးပြု ရင်းနှီးမှုတွေ
( Socialize Investment ) ကိုပိုလုပ် လို့ သူက အကြံပေးခဲ့တယ်။ ရုစပဲ အစိုးရက လုပ်ပါတယ်။
ဒါပေမဲ့  မထိရောက်ဘူး။ New Deal Policy မှာ ဘဏ်ကြီးတွေကို ပိုပြီးအသက်ဆက် ပေးခဲ့တယ်။
ရောမလူအများစုက New Deal Policy ရဲ့ သုခကို ခံစားခဲ့ရပုံမရဘူး။ဒီအချက်ကို ဂျွန်စတိန်းဘက်က်ရဲ့ 
Grape of Worth ၀ထ္တု လာ နင်းပြားလယ်သမားကြီး တွန်ဂျိဒ် တို့ မိသားစုလို လယ်သမားတွေ က
တော့ ဒီထောက်ပံမှုတွေ ကို မရခဲ့တဲ့သူ တွေ နက်ရှိုင်းတဲ့  သမိုင်းပုံရိပ်တွေ အဖြစ် ကျန်ရစ်စေ ခဲ့လို
့ဖြစ်တယ်။

" ဥုံ ဖွ- လူလဲ တာမဟုတ်ဘူးခွေး လဲတာ " သို့ မဟုတ်
၂၀၀၈ အရေးပေါ် ကုထုံး ( Intensive Care )


အင်မတန်ကြီးမားတဲ့ ငွေပမာဏကိုအစိုးရတွေကပုံသြောသွန်းလောင်းနေကြပုံကိုကြည့် ခြင်းအားဖြင့်
ကမ္ဘာ့လူနာကြီးဟာ ဘဏ္ဍာ အရင်းရှင်တွေရဲ့  လက်ချက်နဲ့သေလောက်တဲ့ ရောဂါ ကို ရနေတယ်
ဆိုတာကိုညွန်းပြနေပါတယ်အမေရိကန် ကဒေါ်လာငွေ ဘီလီယံ ၇၀၀ အင်္ဂလန်က ပေါင်စတာလင်
ဘီလီယံ ၅၀၀ ( ဒေါ်လာသန်း ဘီလီယံပေါင်း ၁၀၀၀ခန့့် ) ၊ ဥရောပ ယူနီယံတခုလုံးအနေနဲ့  အစိုးရ
တွေက ၀င်ရောက်ကူညီငွေပေါင်းဟာ ၂ဒသမ ၃ ထရီလီယံ ( ၂၃၀၀ ဘီလီယံ) ဒေါ်လာရှိပါတယ်။

အမေရိကန် အစိုးရရဲ့ ငွေကို အမေရိကန် ဘဏ်ကြီး ၉ခု ကအများဆုံးရရှိမှာပါ။ ရွေမန်းတင်မောင်
်ပြဇတ် ထဲက" ဟဲ့ ဂေါတမီတို့ ရော လှည်းဦးက ပါဖရာ့ " ဆိုသလို အမေရိကန်ဘဏ်၊ ဂျေ ပီမော်ဂင်
၊ ၀ဲလ်ဖါဂို ၊ ဂိုလ်ဒင်းဆာခ်ျ၊မော်ဂန်စတန်လေ၊မာရီရယ်လာခ်ျ တို့ ကရှေ့ ဆုံးကနေ အစိုးရရဲ့ အကူညီ
ကိုရရှိမှာဖြစ်ပါတယ်။

ဒီကုထုံးတွေက စီးပွားရေးအကြပ်ဆိုက်မှုကို သက်သာစေမှာလားဆိုတာကိုဘယ်သူမှရဲရဲ ၀ံ့ဝံ့အာမ
မခံကြသေးပါဘူး။ ရီပတ်ပလစ်ကန် အမတ် ဂျွန်ပေါလ် ကတော့ ချက်ခြင်း ပြန်လည် နာလံထူနိင်
မယ်လို့ ကျနော်တော့ မထင်ဘူးလို့ ဆိုတယ်။ အမေရိကန် ဖယ်ဒရယ် ဘဏ် ဥက္ကဌ ဘင်နာကေ
ကတော့ အစိုးရရဲ့ ဆောင်ရွက်ချက်ကြောင့် အမေရိကန် ငွေကြေးဈေးကွက်ဟာ ပြန်လည်နံလထ
လာမယ်။ စီးပွားရေးတိုးတက်လာမယ်လို့  အာမခံသော်ငြားလည်း စနစ်က အောင်မြင်ပါ့မလားလို့ 
မယုံမရဲဖြစ်နေပါသေးတယ်။
(ကိန်းက ဆိုရှယ်လစ်တယောက်တော့မဟုတ်ဘူး။ အရှင်းရှင်စနစ်ကို မြေမြုတ်ဖို့ သူမစဉ်းစားခဲ့ပါဘူး။
သူက အရင်းရှင်နစ်ကို ကယ်တင်ခဲ့တာပါ။ သူရဲ့ ယေဘူယျ အလုပ် သီအိုရီရဲ့ အနစ်သာရ ကတော့
ဈေးကွက်စီးပွားရေးစနစ်ကအချိန်ပြည့် အလုပ်ပေးမှုကိုအာမခံဘူး။ အစိုးရအနေနဲ့ ဝင်ရောက်စွပ်ဖက်
သင့်ရင်စွက်ဖက် (အာဒမ်စမစ်ရဲ့  ဈေးကွက်ကိုမကိုင်နဲ့ လွတ်ထား ဆိုတဲ့သီအိုရီကိုသူကအပြည့်အဝ
လက်မခံတဲ့သဘော) ဖြစ်တယ်။ - စာရေးသူ- )

ဘာဖြစ်လို့ လဲတောင်းဝှေးလဲတော့ဖိုးသူတော်ကထူနိင်တယ်။ဖိုးသူတော်လဲရင်ဘယ်သူထူမလဲဆိုတာ
မေးစရာရှိနေလို ပါ။ လူတယောက်က အရေးပေါ်ငွေလိုနေတယ်။ ဘဏ် ကချေးနိင်တယ်။ ဘဏ်က
ငွေလိုလာတယ်။ အစိုးရကချေးတယ်။အစိုးရတွေရဲ့ အရံငွေတွေပြတ်သွားရင်ဘယ်သူကနေစိုက်ထုတ်
်ပေးတော့မှာလဲဆိုတဲ့ အခြေအနေဟာမရောက်လာနိင်ဘူးလို့  ဘယ်သူက အာမခံနိင်ပါမလဲ။

ဖယ်ဒရယ်ဘဏ်ပါငွေပြတ်ရင်တော့အမေရိကန်အရင်းရှင်စနစ် နိဂုံးချုပ်ပြီလို တောင်ပြောနိင်မယ်ထင်ရဲ့ ။

သူတို့ အားလုံးရဲ့  ကုထုးံတွေကိုကြည့် ရင်

၁-ငွေကြေးစနစ်ကို ပြုပြင်မယ် (Reform Monetary System ) ။
၂- ဘဏ်တွေကိုစည်းမျဉ်းအသစ်(Structure Adjustment )တွေပြဌာန်းမယ်။
၃- လိုအပ်တဲ့နေရာတွေမှာ အစိုးရက စိုက်ထုတ်မယ် ဆိုတာတွေဖြစ်ပါတယ်။
၎- အိမ်ဖိုးမပေးနိင်တဲ့ အမေရိကန်ပြည်သူတွေ၊ အနောက်နိင်ငံကြွေးပတ်လည်ဝိုင်းနေတဲ့ 
ပြည်သူတွေကို ကြွေးမြီးတွေလျော့ပေးရေး အစီအစဉ်တွေက ဒီထဲမှာ လေသံတချက်လေး
ကို မှ ခေါင်းဆောင်တွေက မဟကြသေးဘူး။လူတွေကို ယုံကြည်မှု အသစ်တွေ တခုမှာမပါ
လာသေးဘူး။ ဒါတွေကိုအမြန်ပြောဖို့ လိုနေပြီ။

၅- ဒါဟာ ကမ္ဘာစီးပွားရေးပျက်ကပ်ကို ကယ်တင်နိင်ပါမလား အရင်လို ပဲ ဘဏ်အရင်းရှင်ကြီးတွေ ရဲ့ 
(Dog – Eat – Dog Policy) ကို ပြန်လည်ဖါထေးနေတာလား အများကြီးစဉ်းစားစရာဖြစ်နေပါတယ်။
အခြေအနေကဘာနဲ့ တူနေသလဲဆိုရင်အိုးဇုံးလွာပေါက်သွားတယ်။ပုန်းညက်နဲ ဖါသလိုဖြစ်ရင်အခြေ
အနေဆိုးဝါးသွားနိင်ပါတယ်။

မက်ကိန်းကတော့ မဲဆွယ်ပွဲတွေမှာ သူသာသမတဖြစ်မယ်ဆိုရင် အခွန်ကိုလျော့ချပေးမယ်။ အလုပ်ကိုင်
တွေပိုဖန်တီးပေးမယ်။ ရင်းနှီးမြုပ်နှံမှု အသစ်လုပ်တဲ့သူတွေကို အခွန်လျော့ပေးမယ်။ အကြွေးမပေးနိင်
တဲ့သူတွေဆီက အကြွေးတွေကို အစိုးရက၀ယ်ပေးမယ်လို့ ဆိုတယ်။ ဘားရက် အိုဘားမား ကတော့
ရောနယ်ရီဂင် လက်ထက်ကနေဘုရ်အစိုးရအထိကျင့်သုံးလာတဲ့လေဆာဖဲ ပေါ်လစီ ကို ဝေဖန်လိုက်ပါတယ်။

စီးပွားရေးပေါ်လစီတွေဟာ မွဲပြာပုဆိုးတွေသူကတခါလာလည်း လူချမ်းသာတွေကိုပဲ အခွန်လျော့ စီးပွားရေး
ပြသာနာကြီးတခုလုံးကို ဥပေက္ခာပြုထားတယ် လို့ ဝေဖန်ခဲ့တယ်။ သူနည်းက လည်း မက်ကိန်းနဲ့ သိပ်မကွာလှပါဘူး။

ငွေ ဘီလီယံ ၇၀၀ကိုကူညီဖို့ ကွန်ကရက်မှာဆွေးနွေးကြတော့ဆီနိတ်တာတွေဟာအီရတ်စစ်
တုံးကလို့ တိုက်သင့်မတိုက်သင့်အကျိုးဆက်က ဘာဖြစ်လာမယ် ဆိုတာကိုမခန့် မှန်းနိင်ကြ
သလိုပဲ ဖြစ်နေကြတယ်။


(ဆက်လက်တင်ပြပါဦးမည်)

Monday, October 20, 2008

နွေတစ်ညတွင် ယမမင်း နှင့် ရင်ဆိုင်ရခြင်း

လူ့ ဘဝမှာ အသက်(၁၀၀)မနေရပေမဲ့  အမှု(၁၀၀)နဲ့  တွေ့  ကြုံ နိုင်တယ်လို့  မြန်မာလူမျိုးတွေ ကပြောဆိုလေ့ရှိ
တတ်ကြတယ်။ကျွန်တော့ အသက်(၇၀)ကျော်ခဲ့ပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ကာလ ဆီက နွေတစ်ညမှာယမမင်းနဲ့ 
ရင်ဆိုင်တွေ့ ကြုံရပုံတွေကို ဒီကနေ့ ထိ မမေ့နိုင်သေး။

အဲဒီတုံးက ကျွန်တော်ဟာ နာမည်ကျော် "အင်းစိန် နရသိမ်" စခမ်းမှာ နေထိုင်ခဲ့ရပါတယ်။အဆောင်(၃)အခန်း(၆)
မှာ ပုဒ်မ(၅)ညနဲ့ ထိမ်းသိမ်းခံစဉ်က အဖြစ်အပျက်ပါ။

(၁၉၆ဂ)ခုနှစ် ဧပြီလရဲ့  ညတစ်ည အဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ ညဥ့် နက်ပေမယ့် တိုးတိုးတိတ်တိတ် ဖဲကစားနေသူများရှိနေကြသလို အိပ်ယာကိုယ်စီမှာ မဂ္ဂဇင်းဖတ်နေသူတွေလည်းရှိကြပါတယ်။

ဧပြီလ (၉) ရက်နေ့ ညကိုတော့ ဘ၀ မှာ ဘယ်တော့မှ မမေ့ ၊မေ့နိုင်စရာလည်း အကြောင်းမရှိ ၊ ည(၁၁)နာရီခန့်
ရှိုသည် ဖဲကစားနေကြတုန်း(ခိုးခွက် ခိုးခွက်)ဆိုတဲ့ ဖိနပ်သံတွေ ဆက်တိုက်ကြားနေရပါတယ်။ကျနော်က အိပ်မပျော်
သေး အတွေး ပေါင်းစုံတို့ က ဦးနှောက်ကို အလုပ်ပေးနေကြဆဲဖြစ်တယ်။ ဖိနပ်သံတွေက ဆက်တိုက်ကြားနေရ
တော့ အခြေအနေ တခုခု ထူးပြီဆိုတာ ဖဲကစားနေသူများ သိလိုက်ကြတယ်။ သလာစီ တာလား ဘာအကြောင်းလဲ
ဘယ်သူမျှ တိတိကျကျ မသိ ဖဲဝိုင်းသိမ်းလိုက်ကြပြီး ကိုယ့်အိပ်ယာစင်ပေါ် ကိုယ်တက်ထိုင်လိုက်ကြပါတယ်။ ခြေသံ
တွေက အခန်းဝရောက်လာခဲ့ပြီး ထောင်မှူးနဲ့ ဝန်ထမ်းများက သော့ဖွင့်လိုက်ကြပြီး အခန်းထဲဝင်လာ ကြပါ တယ်။

(အကျဉ်သား အားလုံးနားထောင် ဘယ်သူမှ မလှုပ်နဲ့  နာမည်ခေါ်ခံရသူများ အခန်းဝ ထွက်လာကြ ဘာတစ်ခုမျှ ယူ
လာစရာမလို ၊ ကျန်သူတွေအားလုံး ငြိမ်ငြိမ်နေကြ မလှုပ်ကြနဲ့ )ထောင်မှူးကျောင်မင်းရဲ အောင်မြင်တဲ့ အမိန့်ပေးသံ
ပြီတော့ နာမည်တွေ ဆက်တိုက်ခေါ်လိုက်တယ်။

(မြမောင်၊ ဟန်သိန်း၊ သန်းရှိန်၊မြင့်သောင်း၊ သန်းထွန်း ဆိုပြီးဆက်တိုက်ခေါ်ထုတ်ပါတော့တယ်၊ကျနော် အပါအ၀င်
ခြောက်ယောက် အခန်းအပြင် ခေါ်ထုတ်ခံရတယ်။ စင်္ကြလမ်းအတိုင်းလျှောက်ခိုင်းတယ် အဆောင်ထိပ် ရောက်တာ
နဲ့ အပြိုင်နက် ခေါင်းကို စောင်နဲ့ အုပ်လိုက်ပြီး ရစ်ပတ် လိုက်ပါတယ်။ အတွေ အာရုံတွေ ရှုတ်ထွေး သွား ပါတယ်။
တိုက်ပိတ်တာလား၊ နယ်ထောင်ပြောင်းတာလား ဆိုတဲ့ အတွေး မျိုးစုံတို့  ဦးနှောက်တွင်း ၀င်ရောက်လာ ပါတယ်။
ဖိနှိပ်မှု ဆိုတာ ကတော့ အခိုင်အမာ တွက်ဆမိသည် ဒီလိုနဲ့ ဖိုကြီး ကိုပတ် မိန်းဂျေး မှ တဆင့် ထောင်ဗူးဝ ဆီ
ခေါ်ထုတ်တာ ခံရပါတယ်။ ဗူးဝရှေ့ ကွက်လပ် မြေပြင်မှာ ၀မ်းလျှားမှောက်ခိုင်း ထားပါတယ်။ ကြိမ်းမောင်းသံတွေ
ကလည်း အဆက်မပြတ် ကြားရပါတယ်။ ခြေသံတွေက ဆက်တိုက် ကြားနေရတာမို့ နောက်ဆက်တွဲ အကျဉ်းသား
တွေ ထပ်မံရောက်လာနေတယ်။ (မလှုပ်ကြနဲ့ ငြိမ်ငြိမ်နေ လှုပ်ရင်တော့ မြုပ်သွားမယ်)ဆိုတဲ့ ခြိမ်း ခြောက်တာကို
ကြားနေရပါတယ်။ကားမောင်းဝင်လာသံ ကြားနေရတယ်မြေပြင်မှာဝမ်းလျှားမှောက်နေသူတွေ အနားရောက်တော့
ကားရပ်သွားပါတယ်။

(ထ- လျှောက်- လှမ်း တက်)ဆိုတဲ့အမိန့် ပေးသံတွေလည်းဆက်တိုက်ကြားနေရပါတယ်(ခိုးခိုး ခွက်ခွက်ထိုး ကြိတ်
သံ ရိုက်နှက်သံတွေလည်း ကြားနေရတယ်။ မြေပြင်မှ ထခိုင်းပြီး ငပိသိပ် ငါးချဉ်သိပ် ကားပေါ် ထိုးတင်ကြ တယ် ၊
တယောက်အပေါ် တယောက်ထပ်လျှက် ကားပေါ်ပါသွားကြတယ်။ ဘယ်သူတွေပါဝင်ပြီး ဘယ်လောက်များ တယ်
ဆိုတာလည်း မသိကြပါ။တသုတ်ပြီး တသုတ် ရွေ့ ပြောင်းနေတာဖြစ်တယ် ဒီ့နောက်တော့ထောင်ဗူးဝမှမောင်းထွက်
လိုက်ပြီး ဘယ်ဘက်ကိုချိုးကွေ့ လိုက်တယ် ။ဒီတော့မှ တွဲဖက်ထောင်ကို ပြောင်းရွေ့ နေတာ သတိပြု လိုက်မိတယ်။
ဘယ်လိုအန္တရာယ် မျိုးတွေနဲ့  ရင်ဆိုင်ရမလဲဆိုတာ ရင်ထဲအသိထဲမှာ တထိပ်ထိပ် ခံစားနေမိတယ်။

ထောင်းဗူးထဲ ၀င်လိုက်ပြီး ကားရပ်လိုက်ပါတယ်။ ဒလကြမ်း ကားပေါ်မှ ဆွဲချ လိုက်ကြတယ်။ ဦးခေါင်းကို
စောင်နဲ့ လွှမ်းခြုံ ပတ်ထားတာမို့ ပတ်ဝန်းကျင် ကို ဘာမျှ မမြင်ရပါ။ မိမိဘေးမှာတော့ ၀န်ထမ်း နှစ်ယောက် ညှပ်
ထားပြီး လမ်းဆက်လျှောက်ခိုင်းပါတယ်။ ရိုက်နှက်သံတွေ အောင်ဟစ်သံတွေ ကြားနေရတယ်။ရပ်ဆိုတော့ ရပ်ပေး
လိုက်မိတယ်။လက်နှစ်ဖက်ကို ၀န်ထမ်းနှစ်ယောက် ခြေထောက်နှစ်ချောင်းကို ၀န်ထမ်းတယောက်တို့ က ချူပ် ကိုင်
လိုက်ပြီး မြေပြင်မှာ မှောက်ချ လိုက်ပါတယ်။ပုဆိုးကို ဆွဲချွတ်လိုက်ပြီး ခြေနှစ်ချောင်းကို တုပ်ချည်ပြန်တယ်။(ရိုက်)
ဆိုတဲ့အသံနဲ့ အတူဘယ်ညာဖက်ဆီမှ ပလပ်စတိတ် ကြိမ် ရိုက်ချက်တွေ တင်ပါးနဲ့ပေါင်ပေါ်ဆက်တိုက်ကျရောက်
လာပါတော့တယ်။ အောင်ဟစ် ရုန်းကန်ရင်း တကိုယ်လုံး ချွေးတွေ ရွဲစိုလာပါတယ်။ ဆဲဆိုလိုက်- ရိုက် နှက်လိုက်
လေးကြိမ်ခန့် ပြုလုပ်ပြီး ရပ်လိုက်ပါတယ် ။ နာကြင်လွန်းတဲ့ ဝေဒနာတွေကြောင့် အသားတွေ တဆတ် ဆတ်တုန်
နေတယ် ။ ပင်ပန်း နွမ်းနယ် မောဟိုက် နေပါတယ်။ လက်နှစ်ဖက် ကို ၀န်ထမ်းများက ကိုင်ထားပြီး ထောင်မှူး
ကျော်မင်း နဲ့  တပ်ကြပ် ကြီးလှရွှေတို့ ရဲ့ ဆဲဆိုသံတွေကိုလည်း ကြားနေရဆဲပါ။ ဒီ့ နောက်တော့ ပုဆိုး ပြန်ဝတ်ခိုင်း
ပြီး လမ်းလျှောက်ခိုင်းပါတယ်။ ပေ နှစ်ဆယ် အစိပ် လမ်လျှောက်လိုက်တော့ (ရပ်- ရပ်) ဆိုတဲ့အသံ ထပ်မံကြားရ
တယ်။ လေသံတိုးတိုးနဲ့ ( ညောင်းလာတယ်- ညောင်းလာတယ်- ထိုင်လိုက်) ဆိုတဲ့ အသံကြားတော့ မြေပြင်မှာ
ထိုင်ချလိုက်မိတယ်။ လက်နှစ်ဖက်ကို ချူပ်ကိုင် ထားပြီး ခြေဆင်းခိုင်ပြန်တယ်။ ပုဆိုးကို ဒူးဆစ် အထိ လှန်လိုက်
်ကြတယ်။ လက်နှစ်ချောင်းကို ထိုင်လျှက် နောက်ကြောမှ ချူပ်ထားလိုက်ပြီး ခြေနှစ်ချောင်းကို ပူးလိုက် ပြန်တယ်။
ပုဆိုးကွင်းနဲ့ တုပ်နှောင်လိုက်တယ်။ ခြေသလုံး ရိုးပေါ် မျဉ်းလုံးနဲ့  ဖိလှိမ့်ပြန်တယ်။ အရိုးကျိုးတဲ့ အသဲ ကြွေတဲ့
ဝေဒနာ မျိုးတွေ တပြိုင်နက် ခံစားမိတယ်ရုန်းကန်လှုပ်ရှားရင်း အော်ဟစ်မိပြန်တယ်။ဘယ်နှစ်ကြိမ် လှိမ့်မှန်းတော့
မသိတော့ နာကြင်တဲ့ ဝေဒနာ ပင်ပန်းနွမ်းနယ်တဲ့ အားအင်းကုန်ခန်းတဲ့ဝေဒနာ တွေကိုထပ်မံခံစား ရပြန်တယ်။
မအောင်နိုင်တော့ (ထ)ဆိုတဲ့အသံကြားတော့မှ မတ်တပ်ရပ်မိတယ်။ ခန္ဓာကိုယ်ကို မထိမ်းနိုင်တော့ ၀န်ထမ်းတွေ
က လက်မောင်းကို ချူပ်ကိုင်ပြီး လမ်းလျှောက်ခိုင်းပြန်တယ်။ ခဏကြာတော့ (လှမ်းတက်) ဆိုတဲ့ အသံ ကြားမှ
လှမ်းတက်မိတယ်ခြေသုံးလှမ်းတက်လိုက်မိတော့ မိမိနောက်ကြောကို လက်နဲ့ တွန်းလိုက်တာမို့ ဝမ်းလျှားမှောက်
လဲကျသွားတယ်။ လူဘုံပေါ် လဲကျသွားတာ သိလိုက်တယ်။ နောက်ထပ် နှစ်ယောက် ရောက်လာပြီး တွန်းလှဲ
လိုက်ပြန်တယ်။ နောက်(မလှုပ်ကြနဲ့ ) လို့ အမိန့် ပေးသံကြောင့် ဘယ်သူမှ မလှုပ်ရဲ ကြပါ။

လူသံတွေ ခဏပျောက်သွားတယ် တယောက်အပေါ် တယောက် မှောက်လျှက်သား ရှိနေကြတယ်။ ခဏကြာ
တော့မှ ခြေသံတွေ ထပ်ကြားရတယ်။ အခန်း အပေါ်ဖက်က မီးသီးလင်းနေမှန်းတော့ သိကြတယ်။ (ဖွင့် ကြည့်)
ဆို တဲ့အသံ ကြားရတော့မှ ခေါင်းကစောင်တွေကို ခွာချလိုက်တယ်။ အကျဉ်းသား အားလုံး မျက်နှာမကောင်းကြ
နာကြင်မှုတွေက ခံစားနေရဆဲ လူရေတွက်ကြည့်တော့ (၁၃)ယောက် ရှိတယ်။ အခန်းက (၈)ပေ(၁၀)ပေ အခန်း
သုံးဆောင်က ရဲဘော်အားလုံး ဖြစ်တယ်။ ကွန်မြူနစ်တွေ အလံနီတွေ အလုပ် သမားပါတီမှ ရဲဘော်တွေ ဖြစ်ကြ
တယ်။ အခန်းထဲမှာ ဆီးသွားဖို့ က ဂန် ဖလားသုံးလုံး သွပ်နဲ့ လုပ်ထားတယ်မစင်စွန့် ဖို့ ကနှစ်လုံး စဉ့် အင်တုံတွေ
ဖြစ်တယ်။ အခန်းဝမှာတော့ သောက်ရေအိုး တစ်လုံး ရှိတယ်။ တမန် သလင်းခင်း ကြမ်းပြင်ပေါ်မှ နှီးကြောဖျာ
အစုပ်တွေ ခင်းထားတယ်။ နေ့ - နေ့ ၊ ည-ည အိပ်ကြပြီဆိုရင် (၆)ယောက်တလှည့် (၇)ယောက်တလှည့်အိပ်ကြ
ရတယ်။ အခန်းဝမှာ သံတိုင် တံခါး တထပ် သစ်သားတံခါး တထပ်ရှိတယ်။ နံနက် (၆)နာရီမှ ညနေ (၆)နာရီထိ
တံခါးတွေကို ပိတ်ထားတယ်။ ည(၆)နာရီကျော်မှ သစ်သား တံခါးကို တစ်ဒေါင်ခန့် ဖွင့်ပေးထားတယ်တယောက်
တလှည့် အခန်းဝမှာ ထိုင်ပြီး လေ အ၀ ရှူ ကြရတယ်။ တင်ပါးနဲ့  ပေါင် အနာတွေက နံနက် အိပ်ယာထရင် ပုဆိုး
အင်္ကျီတွေနဲ့ ကပ်နေပါတယ်။ ခွာလိုက်ရင်တော့ နာကြင်မှုတွေကြောင့် မျက်နှာတွေက ရှံ့ တွသွားကြတယ်။ နံနက်
ပိုင်းမှာ ၀ါတာ ရောက်လာပြီး သံတံခါး အ၀မှာ ပုဆိုးလှန်ပေးရတယ်။ တင်ပါးနဲ့ ပေါင်ကို ဆေးဝါရည် သုပ်လိမ်း
ပေး တယ် (၁၀)ရက်ခန့် ကြာတော့မှ အနာတွေ ကျက်ကုန်တယ်။

တွဲဖက်ထောင် (သီးသန့် ထောင်)ကျွန်းတိုက်ထဲရောက်နေမှန်းသိကြရတယ်။အနေကြာတော့ အသားဝါ ရောဂါနဲ့ 
ဝဲရောဂါတွေ ဖြစ်လာတယ်။ ရက်ပေါင်း(၅၀) နေခဲ့ရပြီးမှ တွဲဖက်အဆောင်(၁)ကို ရွေ့ ပြောင်းခံလိုက်ရတယ်။ အဲဒီ
အဆောင်မှာ လူပေါင်း (၅၀)ကျော်ရှိတယ်။ သူတို့ အားလုံး လက်ဝဲနိုင်ငံရေးသမားတွေဖြစ်ကြတယ်။ထောင်မကြီး
(၃)ဆောင်နဲ့ (၄)ဆောင်မှ ရိုက်နှက်ခံရပြီး တွဲဖက်ထောင်ကို ရောက်လာကြတာဖြစ်တယ်။ ထောင်တွင်းမှာ အရေး
ဆိုတာ အစာငတ်ခံ တိုက်ပွဲဝင်တာ မရှိကြပါ။ တော်လှန်ရေး ကောင်စီ အစိုးရရဲ့ ရက်စက် ကြမ်းကြုပ် မှုကို ဖော်ပြ
ခြင်းသာ ဖြစ်တယ်။

၁၉၆၃ နိုဝင်ဘာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ပျက်စီးသွားပြီးနောက်အဖမ်းခံထားရတဲ့လက်ဝဲလက်ယာ နိုင်ငံရေး
သမားတွေ ရှိတဲ့အနက် လက်ဝဲ နိုင်ငံရေးသမားများကိုသာ ဖြိုခွဲ နှိပ်စက်ခြင်း ဖြစ်တယ်။

၁၉၆၉ ခုနှစ် ဖေဖော်ဝါ ရီ လလယ်မှာ လက်ဝဲနိုင်ငံရေးသမား (၂၃၃)ယောက်တို့ ကို ကိုးကိုးကျွန်းပို့ လိုက်ပြန်တယ်၊
အင်းစိန် ထောင်တွင်း ရက်စက်ကြမ်းကြုပ် မှု တွေကို အားရ ကြေနပ်ခြင်း မရှိသေးတဲ့ စစ်အစိုးရဟာ နိုင်ငံရေး
အကျဉ်းသားတွေကို ကိုကိုးကျွန်းပို့ လိုက်ခြင်းဖြစ်တယ်။

ကိုကိုးကျွန်းမှာ(၂နှစ်၁၀လ) ကြာခဲ့တယ်အစာငတ်ခံတိုက်ပွဲ (၄)မျိုး ဆင်နွဲခဲ့ကြတယအလံနီပါတီမှ ရဲနီ(၂) ယောက်
သေဆုံးခဲ့ ပြီး ကွန်မြူနစ်ပါတီမှ (၈)ယောက်ကျဆုံးခဲ့တယ်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာလမှာ ကျွန်းတိုက်ပွဲ တွေကြောင့်
့် စစ်အစိုးရဟာမသေဘဲကျန်နေသေးတဲ့ အကျဉ်းသား (၁၁၀) ကျော်ကို ပြည်မ အင်းစိန်ထောင်ဆီ ပြန်ပို့ ပေးတယ်။

အသွားတုန်းက ပြည်တော်ညွန့် ၊ အပြန်တော့လည်း ပြည်တော်ညွန့် သင်္ဘောနဲ့ ကျနော်တို့ လိုက်ပါခဲ့ကြတယ်။

လူလောက မှာ အသက်(၁၀၀)မနေရပေမယ့် အမှု(၁၀၀) တွေကြုံရတတ်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နွေတည
မှာ ယမ မင်းနဲ့ ရင်ဆိုင်ခဲ့ရပုံကို မှတ်တမ်း တင်လိုက်ခြင်း ဖြစ်ပါတယ်။



စန်ကျော်ဝင်း
၁၅.၁၀.၂၀၀၈

ငါ ပိုင်ဆိုင်ချင်တဲ့ကမ္ဘာ

သက်ပြင်းချလိုက်ရမှာလား
ငိုချင်းချလိုက်ရမှာလား
ဇာတ်သိမ်းကို မကျေညက်ခဲ့တော့
ဘ၀နဲ့ ကိုယ်နဲ့ 
ဟာမိုနီ မဖြစ်တော့ဘူး ၊

"ဘာမှမပေးခဲ့ပဲနဲ့ 
အကုန်လိုချင်လို့ ရမလား"
စကားတခွန်းဟာ
ရင်ကိုရိုက်ချိုးလိုက်သလိုမျိုး
ပိုးစိုးပက်စက် အသဲတွေဟက်တက်ကွဲခဲ့ပေါ့ ၊


ငါကိုယ်တိုင်ထက်
ငါ့ကို ပိုသိသူကြီးရေ
ငါတို့ ဘ၀ဟာ
ရွေးစရာလမ်းမရှိခဲ့ဘူးဆိုတာ
မင်းသိရက်သားနဲ့ 
အခုများတော့
လရောင်အောက်မှာ
တရားခံတယောက်လို
ကြေကြေကွဲကွဲ၊

အဆုံးမသတ်လို့  မဖြစ်ဘူး
ငါ့အတ္တနဲ့  ငါ
စီးချင်းထိုးဘို့  ကြိုးဝိုင်းထဲမှာ
ယုံကြည်တာတွေစွန့် လွှတ်လိုက်ဘို့ 
တိုက်ဖော်တိုက်ဖက်အပေါင်းတို့ ရေ
ကြိုက်သလိုသာစွဲချက်တင်ကြပါတော့
သမီးသာ ငါ့ရဲ့  ကမ္ဘာဖြစ်တယ် ။

ရဲရင့်သက်ဇွဲ

Sunday, October 19, 2008

မိုးပြိုခြင်းလော

မိုးသီးဇွန်

( ဒီဆောင်းပါးမှာ အဓိကဆွေးနွေးထားတာကတော့ ကမ္ဘာဘဏ္ဍာရေးအကြပ်ဆိုက်မှု နှင့် အာရှနဲ့  မြန်မာပြည်
ကို သက်ရောက်လာမယ့် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပါတယ်။)


စကားချီး - အောက်တိုဘာ ၁၃ ရက်နေ့ က ဦးမောင်မောင်သန်း ( ဘီဘီစီ) နဲ့  ဦးမော်သန်း (အငြိမ်းစားပါမောက္ခစီးပွားရေးတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်)တို့ အင်တာဗျူးကို ကျနော် နားထောင်ရပါတယ်။
ဦးမောင်မောင်သန်းက ကမ္ဘာ့ငွေကြေးဂယက် ဟာမြန်မာပြည် ကိုဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတဲ့အမေးကို
ဦးမော်သန်းကပထမပိုင်းမှာထိတော့ထိမယ်။သိပ်မထိနိင်ဘူးလို့ဆိုတယ်။ဒုတိယ မေးခွန်းမှာတော့ မြန်မာပြည်
ကိုသိပ်မထိနိင်ဘူး သူ့ဘာသာဖြစ်နေတဲ့ြ့ပဿနာတွေကြောင့်သာ မြန်မာ့ စီးပွားရေးကိုထိခိုက်မယ်လို့ ဆို
ပါတယ်။သူဘယ်လိုစဉ်းစားလဲတော့မသိဘူး။ ကျနော်တော့အကြီးအကျယ်စိုးရိမ်မိပါတယ်။

ကျနော်အမြင်ကတော့ ဒီနေ့ ငွေကြေးအကြပ်ဆိုက်မှုဟာ အာရှနဲ့ မြန်မာပြည်ကို လည်း ထိခိုက်နိင်မယ်လို့ 
မြင်တယ်။ မိုးပြိုအများ ဖြစ်လာမယ်။ ရွှေမိုးငွေမိုးရွာတုံးက ကိုယ် ကဘာမှာ မခံစားခဲ့ရပဲ မိုးပြိုလာမှကိုယ်ခံရမဲ့ကိန်း
ကိုဆိုက်နေလို့ ပါ။





နိဒါန်း

" ကျနော်တသက်မှာ မကြုံဘူးတာကို ကြုံရပြီပေါ့ ဗျာ" ပေါလ်ခရုမန်း
၂၀၀၈ ခုနစ် ၊ စီးပွားရေးဆိုင်ရာနိုဘယ်ဆုရှင်

ဒီနေ့ အမေရိကန် စတော့ဈေးကွက်ပျက်ရာနေစလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်မှု (Global Recession) နဲ့ 
ပတ်သက်လို့  ကမ္ဘာ့ဘဏ်ဥက္ကဌဟောင်းလည်းဖြစ် စီးပွားရေး
ပညာရှင်လည်းဖြစ်တဲ့စီးပွားရေဆိုင်ရာနိုဘယ်ဆုရှင်ဂျိုးဇက်စတီးကလစ်က အမေရိကန်
ဘဏ် အရင်းရှင်တွေလုပ်တဲ့အပြစ်ဟာ အင်ဒိုနီးရှား စတော့ဈေးကွက်ကလူတွေနဲ့ဘာမှ
မဆိုင်ဘူး။ခုတော့မဆိုင်တဲ့သူတွေပါခံရပြီဘီဘီစီနဲ့မေးဖြေခန်းမှာမှတ်ချက်ချပါတယ်။

ဒီနေ့  ကမ္ဘာ့စီးပွားရေးပျက်ကပ် (Global Recession )က နိင်ငံအားလုံးကိုထိခိုက်လာမယ်
လို့  ကျနော်ပြောချင်ပါတယ်။ မြန်မာ ပြည်လည်း သက်ရောက်မှုရှိလာနိင်ပါတယ်။

ကမ္ဘာ့သွင်တူဖြစ်စဉ် - Globalization - ရဲ့ ကောင်းမွေ၊ဆိုးမွေ

ဒီနေ့ ကမ္ဘာကြီးဟာအပြန်အလှန်ကူးလူးဆက်ဆံမှုတွေဟာ သမိုင်းမှာဘယ်တုံးကနဲ့  မှမတူ
လောက်အောင်ကို များပြားလာတယ် နက်ရှိုင်းလာတယ်။ အင်တာနက်က ကမ္ဘာကြီးထဲ
ကလူတွေ ကိုပုခုန်းခြင်းတိုက်မိအောင် ထိပေးလိုက်တယ်။၁၉၃၀ ခုနစ်တုန်းကလည်းစတော့
ဈေးကွက်ပျက်ရာက စလိုက်တဲ့ စီးပွားပျက်ကပ်ဟာသာယာဝတီနယ် မှာ လယ်သမားသူပုန်
ထမှုကြီး ဘာလို့ ဖြစ်ခဲ့တာပါလဲ။
ဆရာစံက သူစတော့ခ်ရှယ်ရာတွေ ဈေးကျကုန်လို့ ဒေါသထွက်ပြီးတော်လှန်ရေး လုပ်ခဲ့တာ
မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ စပါးဈေးကျသွားတယ်။ လယ်သမားတွေသဒ္ဒါမေဓ
အခွန် ( Tax ) ကိုမပေးနိင်ကြတော့ဘူး။ ဒါက အိမ်ကိုကောက်တယ် လူဦးရေ ကိုကြည့်
ပြီးအခွန်ကောက်တယ်။ လယ်သမားက လယ်ပျက်တယ်။ စပါးဈေးကကျ တယ်။ ဒီတော့ အခွန်မပေးနိင်တော့ဘူ။
အကျိုးဆက်က လယ်သိမ်းခံရတယ်။

သူတို့ဟာနယူးယောက်မြို့မှာစတော့ရှယ်ရာတန်ဖိုးတွေကျဆင်းနေတာကိုသိကြမှာမဟုတ်ပါ
ဘူး ဒါပေမဲ့ ကမ္ဘာစီးပွားပျက်ကပ်ဆိုက်မှုကမြန်မာလယ်သမားပုန်ကန်မှုကြီးကိုဖြစ်စေခဲ့တယ်
လို့ ကျနော်တို့ သမိုင်းမှာသင်ခဲ့ရတယ်။

စာရေးဆရာကြီး ဂျွန်စတိန်းဘက်က် (John Steinbeck) ရဲ့  " the Grapes of Wrath " ဟာ ဘဏ္ဍာရေးအကြပ်ဆိုက်မှုကြောင့်ကမ္ဘာစီးပွားရေးပျက်ကိုဖြစ်ပေါ်စေခဲ့တဲ့အခြေနေကိုနောက်ခံ
ထားပြီး ဥက္ကလာဟိုးမာက လယ်အသိမ်းခံရတဲ့အမေရိကန် လယ်သမား တွေရဲ့ဘ၀ကိုဖေါ်ပြ
ခဲ့ပါတယ်။

အလားတူပဲဒီဂယက်ကဂျာမဏီမှာဟစ်တလာကိုအာဏာရစေခဲ့ပြီး။စပိန်မှာပြည်တွင်းစစ်မီး
ကိုတောက်လောင်စေခဲ့တာ ကမ္ဘာ့စီးပွားပျက်ကပ်ရဲ့  ဂယက်တွေဖြစ်ခဲ့တယ်။ အလားတူပဲ
အာရှမှာ တရုပ်ပြည်မှာ ရိက္ခာ ပြတ်တောက်မှုတွေ ဖြစ်ပြီး နောက်ဆုံးမှာ ချန်ကေရှိတ်ရဲ့ အမျိုးသား အစိုးရနဲ့ 
ကွန်မြူနစ်တွေကြား ပြင်းထန်လှတဲ့ တိုက်ပွဲတွေဟာ စီးပွားပျက်ကပ်ရဲ့
အကျိုးဆက်တွေအဖြစ်နဲ့  ရလိုက်တဲ့အမွေဆိုးတွေဖြစ်ခဲ့ပါတယ်။

ပေါက်ပင်ဘာကြောင့်ကိုင်းရသလဲ

ဒီနေ့ ဘဏ္ဍာရေး အကြပ်ဆိုက်မှုကြီး ဖြစ်စေတဲ့ အကြောင်းရင်းခံတွေနဲ့ ပတ်သက်လို
ပညာရှင်တွေထောက်ပြတာကတော့

၁-လောင်စာ ဓါတ်ဆီဈေးနှုန်းတက်လာတယ်။
၂-လောင်စာဈေးနှုန်းတက်လာတဲ့အတွက် စားသောက်ကုန်တွေဈေးတက်လာရတယ်။
၃- ငွေကြေးဖေါင်ပွမှုဖြစ်လာတယ်။ (inflation)
၎- ကြွေးမှီ အကြပ်ရိုက်မှု (Credit Crisis) ဖြစ်လာတယ်။
၅- အိမ် ကြွေးမြီးအကြပ်ဆိုက်မှု ( Mortgage Crisis ) က ဘဏ်တွေကို ဒေ၀ါလီခံမှုဖြစ်ပေါ်လာစေတယ်။
(ရင်းနှီးမြုပ်နှံမှု ဘဏ်တခုဖြစ်တဲ့ လီမင်ညီအကို ဘဏ်စတင်ဒေ၀ါလီခံဖို့ ကြေညာလိုက်တဲ့အခါမှာ ရောဂါ
စတင်ဖေါက်လာတော့တယ်။) ၁၉၃၀ မှာရော ၂၀၀၈ခုနစ်နစ်မှာရော ဘဏ့်အရင်းရှင်ကြီးတွေရဲ့  Dog – Eat- Dog
ဇတ်တူသားစားတဲ့ လုပ်ရပ်တွေက ဒီအခြေအနေကိုသက်ရောက်စေခဲ့တယ်။

၆- အလုပ်လက်မဲ့ ပြသာနာ ကိုမဖြေရှင်းနိင်ခဲ့ဘူး။
၇- အာဖန်ဂန် နဲ့  အီရတ်မှာ အမေရိကန်ဖြစ်နေတဲ့စစ်က စစ် စရိတ်ထောင်းလာတယ်။

ဒီအချက်တွေက ကမ္ဘာလုံးဆိုက်ရာစီးပွားပျက်လု (Global Recession)
ကိုဦးတည်လာပါတော့တယ်။ ဒီပြသာနာတွေရဲ့ ဟိုးဖက်အလွန် ...၊ စီးပွားပျက်ကပ်ရဲ့  မူရင်းစာမျက်နှာ ကတော့ -
Income Inequality - သာဖြစ်ပါတယ်။ မားစ်ရဲ့ စကားနဲ့ 
ပြောရရင်တော့အရင်းခွဲဝေပုံမညီမျှမှု။ ဒါကအနစ်သာရ။


၁၉၃၀ ခုနစ် ကမ္ဘာစီးပွားပျက်ကပ်( Great Depression) နဲ့ 
၂၀၀၈ ခုနစ် ကမ္ဘာစီးပွားပျက်လု -(Global Recession )- နိင်းယှဉ်ချက်

၁၉၃၀ ခုနစ် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ပြီး ၇၉ နစ်အကြာမှာ ၂၀၀၈ နစ် ဘဏ္ဍာရေးအကြပ်ဆိုက်မှုဟာအံသြစရာကောင်းလောက်အောင်တိုက်ဆိုင်နေပါတယ်
အသက် ၈၀ အရွယ်ရှိတဲ့ အဖိုးအဖွားတွေဆိုရင် သူတို့ ဘ၀မှာ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်ကပ်ကိုထပ်မံကြုံတွေရခြင်းဖြစ်ပါတယ်။

၁-၁၉၃၀ ခုနစ် စီးပွားပျက်ကပ်၊ တိတိကျကျပြောရင် ၁၉၂၉ခုနစ် အောက်တို ဘာ ၂၉ ရက်
( Black Thursday ) ကပဲစတင်တယ်။ ခုလည်းအောက်တိုဘာလမှာပဲစတင်လာပါတယ်။

၂- ၁၉၃၀တုံးကလည်း အမေရိကန်ကပဲစတင်ခဲ့တယ်။ ၂၀၀၈ ခုနစ်မှာလည်း အမေရိကန်
ကပဲစတင်နေခြင်းဖြစ်ပါတယ်။

၃- စတော့ဈေး တွေထိုးကျသွားရက စတင်ခဲ့တယ်။ ခုလည်းစတော့ဈေးနှုန်းကျသွားခဲ့ပါတယ်။
လူတွေကဘဏ်တွေကချေးထားတဲ့အကြွေးတွေကိုပြန်မစပ်နိင်ကြဘူး။ ဘဏ်တွေက ရင်းနှီးမြုပ်နံတဲ့သူတွေကို
အရမ်းကာရော ငွေချေးထားတယ်။ ခုလည်းအလားတူပဲဖြစ်ပါတယ်


၎- ထိုအချိန် အမေရိကန်အစိုးရကစီးပွားရေးပျက်ကပ်ကို ဆယ်တင်ဖို့ နည်းလမ်းတခုအနေ
နဲ့  Smoot- Hawly Tariff Act ကို ဥပဒေကိုပြဌာန်းပြီး သွင်းကုန်တွေကိုလျော့ချခဲ့တယ်။ ဒီအချက်ကစီးပွားရေးကိုပိုမိုပျက်ဆီးသွားစေခဲ့တယ်လို့ဆိုတယ်။ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး
ဆေးအတွက်လေးဖြစ်ခဲ့တယ်။ ဒီဥပဒေအရ သွင်းကုန်တွေကိုကန့် သတ်တော့ တခြားနိင်ငံ

တွေကလည်းတုန့် ပြန်တဲ့အနေနဲ့ အမေရိကန်ပို့ ကုန်တွေကိုကန့် သတ်မှုနဲ့ ရင်ဆိုင်ရတယ်။ ဒီနေ အမေရိကန်အစိုးရ
တော့ သွင်းကုန်တွေအပေါ်မှာ စည်းကြပ် လာတာတွေတော့မလုပ်သေးဘူး။


(၁၉၃၀ က အမေရိကန်မှာ တောင်အငတ်ပြသာနာကိုကြုံခဲ့တယ်။ လူတွေက လူမှုဖူလုံရေးအသင်းတွေက ကြွေးမွေးတာကိုတန်ဆီတိုးစားခဲ့ရတယ်။ အစိုးရက ၁၉၃၂ ခုနစ် လူတွေကို ကြွေးမွေးရေး အစီအစဉ်တွေ
မလုပ် နိင်သေးဘူး။ Depression Cake လို့ တောင် ခေါ်ခဲ့တယ်။ကိန်မုန့် မှာနို၊သကြား၊ ထောပတ်ဘာဆို
ဘာမှမပါဘူး။)

၅- ၁၉၃၀ စီးပွားပျက်ကပ်မဖြစ်မီမှာ ၁၉၂၉ ခုနစ်မှာ အမေရိကန်ရဲ့ စိုက်ပျိုးရေးမှာအားထား
ရတဲ့ ပြည်နယ်တွေမှာမိုးခေါင်ရေရှားမှုကြီးဖြစ်မှုကြောင့်သီးနှံထွက်နှုန်းကျဆင်းပြီးသီးနှံဈေး
တွေတဟုန်ထိုးထိုးတက်လာခဲ့တယ်။ ၂၀၀၈ ခုနစ်မှာလည်း အလားတူပဲ မနစ်ကတမ္ဘာလုံး
မှာ သီးနှံဈေးတွေထိုးတက်လာတယ်။ ဆန်ဈေးတွေအကြီးအကျယ်တက်တယ် ရာသီဥတု၊
သဘ၀ကပ်ဘေးနဲ့  လောင်စာအစားထိုးသီးနှံတွေကြောင့်ကောက်ပဲသီးနှံဈေးတွေထိုးတက်
လာခြင်းဖြစ်တယ်။

၆- ၁၉၃၀ စီးပွားပျက်ကပ်ဖြစ်ပြီး တနစ်အကြာမှာ ၀ယ်လို အားကျဆင်းလာတဲ့အတွက်
ကောက်ပဲသီးနှံဈေးတွေ တဟုန်ထိုးကျဆင်းလာပြန်တယ်။ အခု ကောက်ပဲသီးနှံဈေးတွေ
ပြန်လည်ကျဆင်းနေတာကိုစိုးရိမ်စရာတွေ့ လာရတယ်။

၇- ၁၉၃၀ စီးပွားကပျက်ကပ်မှာ
• အလုပ်လက်မဲ့  ၁၃ သန်း ရှိခဲ့တယ်။
• စက်မူထုတ်ကုန် ၄၅ ရာခိုင်နှုန်း သုံးနစ်အတွင်းကျဆင်းခဲ့တယ်။
• အိုးအိမ်ဆောက်လုပ်မှု ၈၀ ရာခိင်းနှုန်းခန့် ကျဆင်းသွားတယ်။
• ဘဏ် ၅၀၀၀ ခန့်  ရပ်ဆိုင်းသွားတယ်။ ၂၀၀၈ခုနစ်ကို တော့ မသိရသေးပါ။
(ဆက်လက် တင်ပြပါမည်)

Saturday, October 18, 2008

၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဖြစ်ရပ်မှန်များနဲ့  ဝေဖန် သုံးသပ်ချက်များ (၃)

၁၉၄၈ ဇွန် ၊ဇူလိုင် လတွေမှာ ဆိုရှယ်လစ်ပါတီနဲ့  ပြည်သူ့ ရဲ ဘော်အဖွဲ့ တို့ ပဋိက္ခတွေ ပြင်းထန်လာခဲ့ပြီး
ရဲဘော်ဖြူတွေ တောခိုခဲ့ရပြန်တယ်၊ ခေါင်းဆောင်တွေက ဗိုလ်မှူး ဖိုးကွန်း၊ ဗိုလ်မှူး အုန်းတင်၊ ဗိုလ်မှူး
သာထွန်း ၊ ဗိုလ်မှူးအောင်ညွန့် တို့ ဖြစ်ကြတယ်။ တပြည်လုံးမှာ သူတို့ အင်အားက ဗကပတွေထက
် ကြီးမား ကျယ်ပြန့် တယ်။ ၁၉၄၉ ဇန်န၀ါရီ လ ထဲရောက်လာတော့ ဖဆပလ အစိုးရနဲ့ KNDO
(ကရင်အမျိုးသား အစည်း ရုံး) ခေါင်းဆောင်များ အကြား သဘောကွဲလွဲ ချက်တွေ ထပ်မံ ပေါ်ပေါက်
်လာတာကြောင့်KNDOအဖွဲ့ တော့ခိုကြရသလိုကရင်သေနက်ကိုင်တွေလည်းအစိုးရကိုပုန်ကန်ပြန်တယ်။

အဲဒီ ၁၉၄၉ အတွင်း မှာ တော် လှန်သော ဗမာ့ တပ်မတော် တချို့ ထပ်မံ ပုန်ကန်ကြပြီး သာယာဝတီ
ထောင်တွင်းရှိ သခင်စိုး သခင်တင်မြ ဗိုလ်မှူးရန်အောင် ဆရာ ရာဂျန် တို့ ကိုလည်း လွှတ်ပေးလိုက် ပါ
တယ်။ အလံနီပါတီ က လည်းတော်လှန်ပုန်ကန် ပြန်တယ်။ ဒါကြောင့်မို့  ၁၉၄၈-၁၉၅၁ ခုနှစ်တွေမှာ
ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်လောက်ခဲ့ပါတယ်။

ဖဆပလအစိုးရဟာရန်သူမီးဝိုင်းဖြစ်နေတာကြောင့် အင်္ဂလိပ်- အမေရိကန်စတဲ့အနောက်အင်အားကြီး
နိုင်ငံတွေရဲ့ အကူအညီတွေ တောင်းခံခဲ့ရတယ်။ အထူးသဖြင့် စစ်လက်နက် ပစ္စည်းတွေ ပါဝင်တယ်။

ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ဗိုလ်ချူပ် အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများရဲ့ မျှော်မှန်းချက်တွေ
က လုံးဝ လွတ်လပ်ရေး ရရှိရေး ၊ဒီမိုကရေးစီရေး၊ တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့ ဖြစ်ပါတယ်။

ပြည်တွင်း စစ်ကြီးဖြစ်ပွားလာတာကြောင့် ဒီမိုကရေစီ စနစ်ထူထောင်ရေး ဟာအလွန် အားနည်းသွား
ခဲ့တယ်။ အမျိုးသား ပြန်လည် တည်ဆောက်ရေး ဟာ လည်း လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်ရုံ သာမက
အမျိုးသားပြိုကွဲမှုတွေသာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အဲဒီဆိုကျိုးတွေ ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအချက်တွေကတော့-
(၁) ၁၉၄၅ ဇူလိုင်မှာ ကျင်းပခဲ့တဲ့ ဗကပ ပါတီရဲ့  ဒုတိယ ကွန်ကရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ
့ဗိုလ်မှူးကြီး လက်ယာ တို့ ကို ဗဟိုကော်မတီဝင်များအဖြစ် ပြန်လည်ရွေးကောက်တင်မြောက်ခဲ့လျှင်
်( ၁၅-၈-၃၉ )နေ့ မှာ ဗကပ ပါတီကို စတင်ဖွဲ့ စည်စဉ်က သတို့ နှစ်ဦးဟာ ဗဟိုကော်မတီဝင်များ ဖြစ်
ခဲ့ကြတယ်။)

(၂) ၁၉၄၆ ဖေဖော်ဝါရီလ ဗကပ ဗဟိုကော်မတီ စည်းဝေးပွဲတွင် သခင်စိုးခေါင်းဆောင်တဲ့ ဗဟိုကော်
မတီဝင် (၇) ဦးက လံနီပါတီကို ဂိုဏ်ခွဲမထောင်ခဲ့ဘူးဆိုရင်( မဆလခေတ်တွင် သူ့ လုပ်ရပ်မှားယွင်းခဲ့
ကြောင်း သခင် စိုးက ၀န်ခံသွားခဲ့တယ်)

(၃) ၁၉၄၆ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ဖဆပလ တပ်ပေါင်းစုကြီးမှ ဗကပ ပါတီ ကိုထုတ်
ပယ်ခဲ့ ခြင်း မပြုခဲ့လျှင်( ကန္ဒီ စာချူပ် အပေါ်သဘောကွဲလွဲခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံလိုက်ရတယ်)

(၄) ၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ
လုပ်ကြံ မခံရလျှင် ( အဲဒီ အချိန်တုန်း က ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင်း လက်ဝဲ ညီညွတ်ရေး
ပြန်လည်တည် ဆောက်ဖို့ ကြိုးပမ်းနေချိန်ဖြစ်တယ်)

(၅)၁၉၄၇နိုဝင်ဘာလတွင် နု- အက်တလီ စာချူပ် မချူပ်ဆိုဖြစ်ခဲ့ရင် (အဲဒီ စာချုပ်ကြောင့် ဖဆပလ
နှင့်ဗကပ တို့ သဘောထားကွဲလွဲမှု အထွဋ်အထိပ်ရောက်သွားခဲ့တယ်။လက်ဝဲညီညွတ်ရေး ကြိုးပမ်း
ချက်တွေလည်း ရေစုန်မျောသွားခဲ့တယ်။)

(၆) ၁၉၄၈ မတ်လ ၂၈ ရက်နေ့ တွင် ဗကပ ခေါင်းဆောင်များနှင့် အောက်ခြေပါတီဝင်များကို မဖမ်း
ဆီးခဲ့လျှင် ( ဦးကျော်ငြိမ်းရဲ့ သန္ဓေသား ဖျက်ဆီးရေး သဘောထားကြောင့်စစ်မီး စတင်လောင်ကျွမ်း
ခဲ့တယ်။)

(၇) ၁၉၄၈ ဇွန် ဇူလိုင်လတွေမှာ ပြည်သူ့ ရဲ ဘော်တွေကို တောတွင်းမောင်းမပို့ ခဲ့ဘူးဆိုရင်( ပြည်သူ
့ရဲ ဘော် တွေက ဖဆပလ နှင့်ဗကပ တွေအကြားဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်မီးကို ငြိမ်းသတ်နိုင်ရေး
အတွက် ကြားဝင် စေ့စပ် ဖြန်ဖြေခဲ့သေးတယ် အောင်မြင်မှု မရှိခဲ့ပါ။)

မြန်မာ့ နိုင်ငံရေးတွင် အမျိုးသားပြိုကွဲမှုကြီး မဖြစ်ခဲ့လျှင် ပြည်တွင်း စစ်မီးကြီး လည်း ဖြစ်ပေါ်စရာ
အကြောင်းမရှိပါ။ အဲဒီ ၃ နှစ်တာ ကာလအတွင်း နိုင်ငံရေး ခေါင်းဆောင်တွေရဲ့  ဂိုဏ်းဂဏ စိတ်တွေ၊
လက်ဝဲ၊ လက်ယာ အချောင်ဝါဒ အမှားတွေကြောင့် ပြည်တွင်း စစ်မီး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

တည်ငြိမ်ရေးနဲ့ အေး ချမ်းသာယာမှုတွေကင်းမဲ့ခဲ့တယ်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ပြာဘုံဘ၀ ရောက်ခဲ့တဲ့ တိုင်းပြည်ကို လယ်ယာ စိုက်ပျိုးရေး ဖွံ့ ဖြိုးတိုး
တက်စေ ပေမယ့် သဘာဝ သယံဇာတ ပစ္စည်းတွေ ပေါများကြွယ်ဝ တဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် အင်အား
တောင့်တင်းတဲ့ ချမ်းသာကြွယ်ဝတဲ့  နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်နိုင်စွမ်း မရှိဖြစ်ခဲ့ရပါတယ်။

" အတိတ်ကာလက မိမိတို့ နိုင်ငံရဲ့  သမိုင်းရေးရာ အမှားတွေကို မြင်နိုင်စွမ်း ပြုပြင်နိုင်စွမ်း မရှိခဲ့ဘူး
ဆိုရင် အဲဒီလို နိုင်ငံမျိုးတွေဟာ ဒုက္ခ သုက္ခတွေနဲ့ ပင်လယ်ဝေနေလိမ့်မယ်။ ဆင်းရဲ မွဲတေ မှုတွေကို
လည်း အဆုံး သတ်နိုင်စွမ်း ရှိလိမ့်မယ် မဟုတ် " လို့ ဆရာကြီး ဗမော်တင်အောင်က ဝေဖန်သုံးသပ်
ပြခဲ့သေးတယ်။

ဒီနေ့ ခေတ် နိုင်ငံရေး သမားတွေ စည်းရုံးညီညွတ်ကြပြီး၊ အာဏာရှင်စနစ်ကို အဆုံးသတ် အောင်မြင်မှု
ရရှိ အောင် အားထုတ်ကြရမယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ငြိမ်းချမ်းသာယာတဲ့ ပဉ္စမ မြန်မာနိုင်ငံတော်
ကြီးတည် ဆောက်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ် ။ သမိုင်းပေး တာဝန်လည်း ဖြစ်ပါတယ်။

သမိုင်းပေးတာ ၀န်ကျေပွန်စွာထမ်းဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။


-(၁) ဗိုလ်မှူးချူပ် ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ နှင့်
-(၂)၀င်းတင့်ထွန်းရဲ့  အမှော်ကြားက ဗမာပြည် စာအုပ်တို့ ကို မှီငြမ်းပြုပါတယ်။


စိန်မင်း
၁၁/၈/၀၈

ဒီနေ့ ကိုမင်းကိုနိုင် ရဲ့ မွေးနေ့ (၁၈-၁၀-၂၀၀၈)












ကိုမင်းကိုနိုင် ရဲ့ အနစ်နာခံမှု ပေးဆပ်မှု ဦးဆောင်နိုင်စွမ်းရှိမှု ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်
်နိုင်မှု တွေကိုဂုဏ်ယူပါတယ် ကျောင်းသားခေါင်းဆောင် လူထုကမျော်လင့်အားထားတဲ့ မျိုးဆက်သစ်
ခေါင်းဆောင်ကောင်းတစ်ယောက် ကျမ်းမာသက်ရှည်ပါစေ လို့  ဆန္ဒပြုဆုတောင်းလိုက်ပါတယ်။
မေအိခင် (လယ်ဝေး)

Friday, October 17, 2008

၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဖြစ်ရပ်မှန်များနဲ့  ဝေဖန် သုံးသပ်ချက်များ (၂)

၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်ကျင်းပပါတယ်။ သခင် သန်းထွန်း ၊ သခင်စိုးတို့ ဦးစီးကျင်းပခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီးလက်ယာ တို့ ကို ဖိတ်ကြား ခြင်းမရှိ။ ဗိုလ်မှူးကြီးဇေယျ ၊
ဗိုလ်မှူးကျော်ဇော ဗိုလ်မှူးရဲထွဏ်တို့ ကိုသာ ဖိတ်ကြားပြီး ဗဟိုကော်မတီဝင် များအဖြစ်အသိအမှတ်ပြုခဲ့ကြတယ်။

ဗ.က.ပ ကွန်ကရက် တွင် ဗိုလ်ချုပ်အောင်ဆန်း နဲ့  ဗိုလ်မှူးကြီး လင်္ကျာ တို့ ကို ပါတီတွင်းက ထုတ်ပယ်လိုက် တာဟာ
မြန်မာ့နိုင်ငံရေးရဲ့ ဗွေဆော်ဦးအမှားလို့ သုံးသပ်နိုင်ပါတယ်။ အဲဒီကွန်ဂရက်မှ သခင်စိုးကိုလဲ အိမ်ထောင်ရေးအမှား
ကျူးလွန်တာကြောင့် ဗဟိုကော်မတီဝင်အဖြစ်မှ (၂) နှစ်ကြာ ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချလိုက်ပါတယ်။

ကွန်ဂရက်မှာ တင်ပြတဲ့ သခင်သန်းထွန်းရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ
(၁)စစ်အုပ်ချုပ်ရေး အမြန်ရပ်ဆိုင်းဖို့ 
(၂)တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃)တိုင်းပြုပြည်ပြုလွတ်တော်မှ ဗမာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ ဖြစ်တယ်။

၁၉၄၅ ခုနှစ်သြဂုတ်လ (၁၆)(၁၇) ရက်တွေမှာ နေသူရှိန်စည်းဝေးပွဲကျင်းပခဲ့တယ်။သဘောတူညီချက်တွေကတော့
(၁) ယာယီအစိုးရဖွဲ့ စည်းရေးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူရေး
(၂) တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃) မျိုးချစ်ဗမာ့တပ်မတော်ကိုသိမှတ်ပြုပြီး ဗမာ့တပ်မတော်သစ်ပြန်လည်ဖွဲ့ စည်းရေးဖြစ်ပါတယ်။

ဖတပလ အဖွဲ့ အစည်းကြီးကိုလဲ ဗဟိုဦးစီးအဖွဲ့ ဝင်(၂၁) ဦးမှ (၃၆) ဦးအထိ တိုးချဲ့ ဖွဲ့ စည်းခဲ့တယ်။ စောဘဦး ကြီး
မန်းဘခိုင် ဆရာသာတို့ စတဲ့ကရင်ခေါင်းဆောင်များ ၊ ဦးအောင်ဇံဝေ ၊ ဦးကျော်ရင်တို့ လို့ ရခိုင်ခေါင်း ဆောင်များ ၊
ဦးဘဖေ ၊ ဦးပု ၊ ပျော်ဘွယ်ဦးမြစတဲ့ လက်ယာခေါင်းဆောင်ကြီးများလဲပါဝင်ခဲ့တယ်။

၁၉၄၅ ခုနှစ်စက်တင်ဘာမှာ မောင့်ဘက်တန်နဲ့ ဆွေးနွေးဖို့ ဖတပလကိုယ်စားလှယ်များအဖြစ်ဗိုလ်ချုပ်အောင်ဆန်း
သခင်သန်းထွန်; ၊ဗိုလ်မှူးနေ၀င်း ၊ဗိုလ်မှူးကြီးလက်ယာ ၊ဗိုလ်မှူးဇေယျ ၊ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးမောင်မောင်
၊ ဗိုလ်မှူးစောမင်း ၊ ဦးဘဖေ ၊ ဦးဘဦးကြီး ၊ ဦးညိုထွန်းစတဲ့ (၁၁)ဦးတို့ သီဟိုနိုင်ငံ ကန္ဒီ မြို့ ကိုသွားရောက်ခဲ့ကြ
တယ်။

ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ လက်ရွေးစင်တပ်သား(၅၂၀၀) အရံတပ်သား(၃၀၀၀) ဗိုလ်(၂၀၀)
အရံဗိုလ်(၂၀၀) ဖွဲ့ စည်းဖို့ မောင့်ဘက်တန်သဘောတူခဲ့တယ်။ အင်အား(၂၀၀၀၀) ကျော်မှ အင်အား(၅၄၀၀) ကိုသာလက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တယ်။ ဗမာ့တပ်မတော် အဖြစ်ပြောင်းလဲခဲ့ရတယ်။ အဲဒီကန္ဒီသဘော
တူညီချက်ကို ဗိုလ်မှူးကျော်ဇောနဲ့ ဖဆပလ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကကန့် 
ကွက်ခဲ့ပါတယ်။

၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ လွတ်လပ်ရေးရရှိရေးအတွက် အထွေထွေသပိတ် တိုက်ပွဲပေါ်ခဲ့ပါတယ်။
ဒါ့ ကြောင့် စက္ကူဖြူစီမံကိန်းပျက်စီးခဲ့ပြီး ဗြိတိသျှဘုရင်ခံချုပ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ဖဆပလ
ခေါင်းဆောင်များကိုယာယီအစိုးရဖွဲ့ စည်းနိုင်ငံရေးအတွက်ကမ်းလှမ်းခဲ့ပါတယ်။ယာယီအစိုးရဟာရွေး ကောက်
်ပွဲကျင်းပဖို့ တိုင်းပြုပြည်ပြုလွှတ်တော်မှ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ဆက်လက်ကြိုးပမ်းကြပါ တယ်။

၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလမှ ဗ.က.ပ ပါတီရဲ့ ဗဟိုကော်မတီ စည်းဝေးပွဲကျင်းပခဲ့ပါတယ်။ ကန္ဒီစာချုပ်ပေါ်
ပေါက်ခြင်းနှင့် ဆက်စပ်ပြီး လမ်းစဉ်ပိုင်းဆိုင်ရာ သဘောကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဗဟိုကော်မတီ(၂၂)ဦးရှိရာ
မှာ သခင်စိုးကို ထောက်ခံသူ(၇)ဦးတို့ က အလံနီပါတီကို ခွဲထောင်လိုက်ပါတယ်။ သခင်စိုးရဲ့  ဂိုဏ်းခွဲရေးဝါဒ
စတင်ခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အလံနီပါတီဟာ သခင်သိန်းဖေ ၊ သခင်သန်းထွန်းတို့ ခေါင်းဆောင်တဲ့ ဗ.က.ပ ပါတီကို အချောင်သမားများအဖြစ်တိုက်ခိုက်ခဲ့သလို သခင်အောင်ဆန်း ၊ သခင်မြ ၊ သခင်သန်းထွန်း ၊ သခင်သိန်းဖေ
တို့ ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ ချုပ်ကြီးကိုလဲ အမျိုးသားရေး သစ္စာဖောက်များအဖြစ် ပြင်းထန်စွာ ဝေဖန် ပုတ်ခတ်တိုက်ခိုက်တော့တယ်။ ဒါ့ကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ကြားဖြတ်အစိုးရက အလံနီ
ပါတီကို ၁၉၄၆ ခုနှစ်ကတည်းက မတရားသင်းအဖြစ် ကျေညာလိုက်ရပါတယ်။

သခင်စိုးဂိုဏ်းခွဲလိုက်ခြင်းဟာအမျိုးသားစည်းလုံးညီညွှတ်ရေးကိုများစွာထိခိုက်စေခဲ့ပါတယ်။(၁၉၄၆)
ခုနှစ်ယာယီအစိုးရအဖွဲ့ ကိုခေါင်းဆောင်နေတဲ့ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ခေါင်းဆောင်အဖြစ်ကနှုတ်
ထွက်ဖို့ ဖြစ်ကတဲ့အခါမှာ သူ့ ကိုယ်စားတပ်မတော် ခေါင်းဆောင်ရာထူးကို ကွန်မြူနစ် ခေါင်းဆောင်တွေဖြစ်
် ကြတဲ့ သခင်ဗဟိန်းနဲ့ သခင်သန်းဖေတို့ ကိုရွေးချယ်ဖို့ ဗိုလ်ချုပ်မှသခင်သန်းထွန်းကို ကမ်းလှမ်းခဲ့ပါတယ်။

သခင်သန်းထွန်းကလက်မခံတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးလက်ယာကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ရပါတယ်။
နောက်ပိုင်းကာလ မြန်မာနိုင်ငံရေး ဖြစ်စဉ် သမိုင်းတွေမှာ အဲဒီတုန်းက သခင် သန်းထွန်းရဲ့  အမှားကြောင့်
မြန်မာ့နိုင်ငံရေး များစွာ ထိခိုက်ခဲ့ရပါတယ်။

၁၉၄၆ ခုနှစ် အောက်တိုဘာမှာ ဗမာပြည်ကွန်မြူနစ် ပါတီက ကန္ဒီ စာချူပ်ကို မှားယွင်းတယ်ဆိုပြီး ဝေဖန်
တိုက်ခိုက်လာခဲ့ပါတယ်၊ ဒီကိစ္စနဲ့  ဆက်စပ်ပြီး ဗကပ နဲ့ ဖဆပလ တို့ အပြန်အလှန် ဝေဖန် တိုက်ခိုက်မှုတွေ
ဖြစ်ခဲ့ပါတယ်။ စေ့စပ် ညှိနိုင်းမှုတွေ အောင်မြင်မှု မရဖြစ်ပြီး အောက်တိုဘာလ (၁၀) ရက်နေ့ မှာ ဖဆပလ
တပ်ပေါင်းစုကြီးမှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ ဒီအဖြစ် အပျက်ကြီးဟာ အမျိုးသား နိုင်ငံရေးရဲ့ 
ဒုတိယပြိုကွဲမှုကြီးဖြစ်တယ်။

အဲဒီ ၁၉၄၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီခေါင်း ဆောင် သခင်ဗဟိန်းနဲ့ ဖဆပလ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်တဲ့ 
ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ နှစ်ဦး ကွယ်လွန်ခြင်းဟာ မြန်မာ့ နိုင်ငံရေးမှာ
လက်ဝဲ ညီညွတ်ရေးအတွက် များစွာ ထိခိုက်စေခဲ့တယ်။

၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှ ၁၉၄၇ခု ဂျူလိုင်လ အထိ လက်ဝဲညီညွတ်ရေးအတွက် ဗကပ ပါတီနဲ့ ဖဆပလ အဖွဲ့ 
ချူပ်တို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် အောင်မြင်မှုမရ ဖြစ်ခဲ့တယ်။

၁၉၄၇ ခုနှစ် ဂျူလိုင်လ(၁၉) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  ၀န်ကြီးအဖွဲ့ ဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရတယ်။
တမျိုးသားလုံးဆိုင်ရာ ဆုံးရှုံးမှုကြီးဖြစ်ခဲ့တယ်။ဦးနု ဦးဘဆွေ ဦးကျော်ငြိမ်သခင်တင်တို့ က ခေါင်းဆောင်ပြီး
ဖဆပလ အဖွဲ့ ကြီးနဲ့  ၀န်ကြီးအဖွဲ့ ကို ဆက်လက် ခေါင်ဆောင်ခဲ့ကြတယ်။ သူတို့ လက်ထက်မှာ လက်ဝဲညီ
ညွတ်ရေး ကြွေးကြော်သံဟာ အားပျော့ မေးမှိန်သွားပါတယ်။

ဗိုလ်ချူပ်တို့ ကျဆုံးပြီးနောက်ဖဆပလ အဖွဲ့ ချူပ်နဲ့ အစိုးရအဖွဲ့ ခေါင်းဆောင်တွေကတော့ ဦးနု ဦးကျော်ငြိမ်း
ဦးဘဆွေ သခင်တင်တို့ ဖြစ်လာတယ်။ ဖဆပလ အဖွဲ့ ကြီးအတွင်းမှာဆိုရှယ်လစ်ပါတီက အင်အားကြီးလာ
တယ်။ ဥက္ကဌကြီး ဦးနုဟာတသီးပုဂ္ဂလမျှသာဖြစ်တယ်။ သူ့ နောက်မှာ ပါတီမရှိပါ။ဆိုရှယ်လစ်ခေါင်းဆောင်
များရဲ့ အရှိန်သြဇာကို လွန်ဆန်နိုင်စွမ်းမရှိပါ။ ကျန်ရှိနေတဲ့ ဖဆပလ ခေါင်းဆောင်များနဲ့  ၀န်ကြီးအဖွဲ့ ဝင်
များ ကလည်း တသီးပုဂ္ဂလတွေသာဖြစ်တဲ့ အတွက် ဆိုရှယ်လစ်ခေါင်းဆောင်တွေကို ကျော်လွှား နိုင်စွမ်း
မရှိကြပါ။ ဒါကြောင့်မို့  ဖဆပလ အဖွဲ့ ကြီးနဲ့ ကွန်မြူနစ်ပါတီတို့ ရဲ့ ပြိုင်ဆိုင်မှုဟာလည်း ပိုမို သဲသန် ပြင်ထန်
လာပါတော့တယ်။

ဆိုရှယ်လစ် ခေါင်းဆောင်များနဲ့ ပြည်သူ့ ရဲ ဘော် ခေါင်းဆောင်ကြားမှာ အမြင်မတူမှုတွေ ပိုမိုပြင်းထန်လာ
ပါတယ်။အမျိုးသားညီညွတ်ရေးဟာ ပိုမိုဆိုးဝါးလာပါတယ်။ပြည်သူ့ ရဲ ဘော်တွေကို ဗိုလ်မှူးအောင် ဗိုလ်မှူး
ဖိုးကွန်း ဗိုလ်မှူးသာထွန်း ဗိုလ်မှူးအောင်ညွန့် တို့ ဦးဆောင်ခဲ့ကြတယ်။

၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ၁၉၄၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့ နိုင်ငံရေး သမိုင်းမှာ
အမျိုးသား ပြိုကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်။

အဲဒီဖြစ်ရပ်တွေထဲမှာအရေးကြီးတဲ့၁၉၄၆ ခုနှစ်ဇန်န၀ါရီလ(၂၁) ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ရွှေတိဂုံအလယ်
ပစ္စယံ လူထုဆန္ဒ ပြပွဲကြီးဟာ အထူးအရေးကြီးတယ်။ အဲဒီတုန်းက ညီညွတ်မှုကို ပြသနိုင်ခဲ့သေးတယ်။

တောင်းဆိုချက်တွေက လုံးဝလွတ်လပ်ရေး ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရေး၊ မြေယာပြဿနာ
ဖြေရှင်းပေးရေး၊ နယ်ချဲ့  အရင်းနှီးများကို ပြည်သူပိုင်းသိမ်းပိုက်ရေး၊ အသက်(၁၈) နှစ်ပြည့်သူတိုင်း
မဲဆန္ဒပေး ခွင့်ရရှိရေး၊တိုင်ပြု ပြည်ပြု လွှတ်တော် ခေါ်ယူပေးရေးစတဲ့ ဆုံးဖြတ် ချက်တွေ ချမှတ်နိုင်ခဲ့ပါ
တယ်။ ဖဆပလ နဲ့ ကွန်မြူနစ်တွေ အဲဒီ စည်းဝေးပွဲတုန်းက ညီညွတ်ခဲ့သေတယ်။

၁၉၄၆ အောက်တိုဘာ (၁၀) ရက်နေ့ မှာ ဖဆပလ အဖွဲ့ ချူပ်မှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။
ဒုတိယမြောက် အမျိုးသားပြိုကွဲမှုကြီးဖြစ် တယ်။သို့ သော်လည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှ ဖဆပလ
အဖွဲ့ ချူပ်က ဗြိတိသျှ အစိုးရထံ တောင်းဆိုချက် (၃) ချက်ကို တင်ပြခဲ့တယ်။ ဗကပ တွေက ထောက်ခံ
ခဲ့သေးတယ်။

အဲဒါတွေကတော့- -
(၁) လက်ရှိ ဘုရင်ခံချူပ် လက်အောက်ခံ အမှုဆောင်အဖွဲ့ ကို ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ၊
(၂) တိုင်းပြု ပြည်ပြုလွှတ်တော် ခေါ်ယူရေးအတွက် ရွေးကောက်ပွဲ ကျင်းပပေးဖို့ 
(၃) ဗမာပြည်အား တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ပေးရေးတို့ ဖြစ်ပါတယ်၊
အထက်ပါ တောင်းဆိုချက်များကို ၁၉၄၇ ဇန်န၀ါရီ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန်
ဖဆပလ အဖွဲ့ ချုပ်က ဗြိတိသျှ အစိုးရကို တောင်းဆိုခဲ့တယ်။

၁၉၄၇ ဇန်န၀ါရီ (၂၇) ရက်နေ့ မှာ အောင်ဆန်း - အက်တလီ စာချူပ် လက်မှတ် ရေးထိုးနိုင်ခဲ့တယ်။
စာချူပ်ပါ သဘောတူညီချက်အရ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပ
ခဲ့တယ်။ အဲဒီရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သေးတယ်။

ဂဠုန်ဦးစော၊ သခင်ဘစိန်၊ ဒေါက်တာဘမော်တို့ က သပိတ်မှောက်ခဲ့တယ်။ သူတို့ က လင်္ကျာဂိုဏ်း ခေါ်
စော၊စိန်၊မော် အုပ်စုဖြစ်ကြတယ်။ ဗြိတိသျှ ဓနသဟာယ နယ်ပယ်အတွင်းမှာ နေလိုသူတွေဖြစ်ကြတယ်။
လုံးဝလွတ်လပ်ရေးကို ဆန့် ကျင်သူတွေဖြစ်ကြတယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ညီလာခံ
ကျင်းပပေးတဲ့ (၉-်၆-၄၇)နေ့ မှ (၂၇-၉-၄၇) ရက်နေ့ အထိ ရက်(၁၀၀)အတွင်းအပြီးရေးဆွဲနိုင်ခဲ့တယ်။

ဗြိတိသျှ အစိုးရရဲ့ ဖိတ်ကြားချက်အရ ၁၉၄၇ အောက်တိုဘာလမှာ ၀န်ကြီးချူပ်သခင်နု ခေါင်းဆောင်တဲ့
ကိုယ်စားလှယ် အဖွဲ့ လန်ဒန်ကို သွားရောက်ခဲ့တယ်။ (၁၇-၁၀-၄၇) နေ့ မှာ နု- အက်တလီ စာချူပ်ကို
လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်။

နု- အက်တလီ စာချူပ်အရ သဘောတူညီချက်များမှာ-
- ကိုလိုနီ ခေတ် မြန်မာနိုင်ငံသမိုင်း တစ်လျှောက် ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကိုယ်စား ချူပ်ဆိုခဲ့တဲ့
သဘောတူ စာချူပ်မှန်သမျှကို ဆက်ခံ တာဝန်ယူရတယ်။ စာချူပ်ပေါင်း(၁၇၀) ရှိခဲ့တယ်။

- ဗြိတိသျှ ကိုလိုနီ သမားများရဲ့ စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်း သိမ်းပြီဆိုရင် လျော်ကြေးပေးမယ်ဟု
သဘောတူ လိုက်ရတယ်။
- ဗြိတိန် နိုင်ငံသို့ ကြွေးမြေကဋေ (၃၅.၆)သန်းကျပ်ပေးဆပ်ရမယ်။အမေရိကန်ကိုတော့ ချေးငွေဒေါ်လာ
(၅)သန်း ပြန်လည်ပေးဆပ်ရမယ်။
- အိန္ဒိယ နဲ့ ပါကစ္စတန် လူမျိုးများအတွက် ပင်စင် လစာငွေ ကျပ်(၆)ကဋေ (၉)သန်းပေးရမယ်။

အဲဒီ စာချူပ်ကို ကွန်မြူနစ် ပါတီမှ အပြင်းအထန် ရှံ့ ချ ကန့် ကွက်ခဲ့တယ်။ နိုင်ငံရေးအရ လွတ်လပ်သော်
လည်း စီးပွားရေးအရမလွတ်လပ်လို့ ဝေဖန်တိုက်ခိုက်တယ်။မြန်မာနိုင်ငံဟာ ကိုလိုနီတစ်ပိုင်းပဒေသရာဇ်
တစ်ပိုင်း နိုင်ငံဖြစ်သွားပြီးလို့ ကြေညာခဲ့တယ်။ အဲဒီစာချူပ်ကြောင့် အမျိုးသား သွေးစည်းညွတ်မှု ထပ်မံ
ပြိုကွဲစေခဲ့တယ်။

၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးရရှိပြီးနောက် ဗကပ နဲ့ ဖဆပလ တို့ ရဲ့ အပြန်အလှန် ဝေဖန်တိုက်
ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ ပြည်သူ့ ရဲဘော် အဖွဲ့ နဲ့ ဆိုရှယ်လစ်ပါတီတို့ ရဲ့ ပဋိက္ခ ဖြစ်မှုများ
ကလည်း သဲသန်းပြင်ထန်လာတယ်။ ၁၉၄၈ မတ်လ ၂၇ ရက်နေ့ မှာ ဖက်ဆစ်တော်လှန်ရေးကို ဖဆပလ
က ရန်ကုန်မှာဦးစီး ကျင်းပခဲ့သလို ဗကပ တွေကလည်း ကျင်းပခဲ့တယ်။ လူထု တစ်သိန်းခန့် စီ ကျတက်
ရောက်ကြတယ်။ အဲဒီည မှာပဲ ဖဆပလ အဖွဲ့ ချူပ်ရဲ့ အထွေထွေအတွင်းရေးမှူ ဦးကျော်ငြိမ်းက ဦးနု ရဲ့ 
သဘောတူညီချက်နဲ့ ကွန်မြူနစ် တွေကိုဖမ်းဆီးဖို့ တပြည်လုံးရှိ ရဲ စခန်းအားလုံးကို ညွန်ကြားချက်ထုတ
် ပြန်ခဲ့တယ်။

၁၉၄၈ မတ်လ ၂၈ ရက်နေ့ မှာ ဗကပ ပါတီဝင်များနဲ့ ဗဟိုခေါင်းဆောင်များကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့တာ
ပြည်ထဲရေး ၀န်ကြီးနဲ့  ၀န်ကြီးချူပ်တို့ ရဲ့ ဆုံးဖြတ်ချက်အရ ထွက်ပေါ်ခဲ့တာပါ။ ဆိုရှယ်လစ် ပါတီ ဗဟို
အလုပ် အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ဖဆပလ ဗဟိုအမှုဆောင်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက် ၀န်ကြီးအဖွဲ့ တို့ ရဲ့ 
ဆုံးဖြတ်ချက် မဟုတ်ပါ။ ဒါကြောင့်မို လွတ်လပ်ရေးရရှိအပြီး(၃) လအကြာမှာ ပြည်တွင်းစစ်မီး စတင်
်လောင်ကျွမ်းခဲ့တာ သမိုင်းတရားခံ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဆက်လက်တင်ပြပါမည်

မီဒီယာ များသေချာစေ့ချင် သည်

NLD ပါတီ ၀င် လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် ခဲ့ ကြသည် ဟု သတင်းများ ပြည်တွင်း ပြည်ပ တွင် ပျံ နှံ
နေ သည့် အတွက် ၊ ပြည်တွင်း ပြည်ပ ရှိ ဒီမိုကရေစီ အင်အားစုများ အမှန်တကယ် ဖြစ်ရပ် အပေါ် သိမြင်
စေရန် တင် ပြလိုက် ရ ပါသည် ။

ပြီးခဲ့ သည် ရက် ပိုင်းများက မီဒီယာ များတွင် ပါရှိလာ သော လူငယ်များ ၏ နုတ်ထွက်ကြောင်း လက်မှတ်
ထိုးကြသည် လူငယ် အများစု သည် ပါတီ ပြင်ပ မှလူငယ်များဖြစ် ကြပြီး ပါတီတွင် တရားဝင် အသင်း ၀င်
ထားသူများမဟုတ်ကြပါ ။ အချို့ သော မြို့  နယ်များရှိ ပါတီဝင် လူငယ် များသည် ထိုသူတို့  ကိုယ်တိုင်ပင်
မသိ ရှိလိုက် ပဲ နုတ်ထွက် သည့်  အထဲ တွင် ပါ ၀င် နေသည် ကို တွေ့  ရပါသည် ။

ထိုကဲ့ သို မိမိဆန္ဒ သဘော ထား မပါ ပဲ နုတ်ထွက် သည့်  အထဲတွင် ပါဝင်နေသော လူငယ်များသည်
အချိန်မှီ ဖြေရှင်း နိုင်ရန်ဆောင်ရွက် နေပြီ ဖြစ် ပါသည် ။ အမှန်တကယ် နုတ်ထွက် သည့်  လူငယ်များမှ
ခန်မှန်းခြေ အားဖြင့်  ( ၁၅ ) ယောက် ၀န်းကျင် သာရှိပါသည် ။ ကျန်သည့်  လူငယ် များမှာ ယခု ကိစ္စကို
ဦးဆောင် နေသူများ၏ တဖက်လှည့်  ဖြင့် သွေး ဆောင် သိမ်းသွင်း ခြင်းခံ လိုက် ကြရသော လူငယ်များ
ဖြစ်ပါသည် ။

မီဒီယာများတွင် ပါရှိလာသည့်  လူငယ် ( ၁၀၀ ) ကျော် နုတ်ထွက် သည် ဆိုသော်လည်းပဲ အမှန်တကယ်
လူငယ်ပါတီ ၀င် များ မဟုတ်သည် အတွက် ဒီမိုကရေစီ အင်အားစု များအနေဖြင့်  အဆိုပါကိစ္စအား
စိုးရိမ်ကြောင့် ကြ နေရန် မလိုပါကြောင်း အသိ ပေး လိုက် ရပါသည် ။

ယခုကဲ့သို့ ပါတီ ၀င် လူငယ် များ အကြားစိတ်ဝမ်း ကွဲ စေရန် ၊ ပါတီအား အင်အား ယုတ်လျှော့ စေ ရန်
သပ်လျှို သွေးခွဲလုပ်ဆောင် နေသူများအား ဒီမိုကရေစီအင်အားစုများ အနေနှင့်  ၀ိုင်းဝန်း ဆန့် ကျင်
သွားကြပါရန် နိုးဆော် လိုက် ရ ပါ သည် ။


Posted by free for country at 05:01

Labels: ဖြစ်ရပ် မှန် (ပြည်တွင်းလူငယ်များဘလော့မှ)

Thursday, October 16, 2008

လူငယ်ဆိုတာရိုးသားဖြူစင်တယ် အနစ်နာခံတယ် ပေးဆပ်ရဲတယ် ဒါပေမဲ့ဆင်ခြင်ထုံတရားရှိဖို့ တော့လိုတယ်











ကလစ်လေးထောက် ချဲ့ပြီးဖတ်ဖြစ်အောင်ဖတ်ပါ







ကျမ ဒီနေ့  သိတ်နေမကောင်း တာ ရယ်အလုပ်များတာရယ်ကြောင့် ချက်တင် မတက်နိုင်သတင်းမဖတ်နိုင်ပါဘူး။
အမျိုးသားက ပြောမှ ရင်ထဲအောင့်သွားတယ် လူငယ်ဖွဲ့ စည်းရေး ကြောင့် လူငယ်တွေထွက်တယ် တဲ့ ကျမသိတ်
မျော်လင့်တန်ဖိုးထားတဲ့ မောင်လေး တစ်ယောက်နာမည်ပါတွေ့ လိုက်ရသတဲ့ နေခြည်ဝင်း တော့ လုံးဝမဟုတ်ပါ။
နိုင်ငံရေး မှာလွတ်လပ်စွာသဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ် မနှစ်သက်သူမယုံကြည်သူကိုလည်းရိုးသားပွင့်လင်း
စွာ ထောက်ပြဝေဖန်ပြောဆိုပိုင်ခွင့်၇ှိပါတယ် ။ သိမ်းကျုံးပြီးတော့ စော်ကားခွင့် တော့လုံးဝမရှိပါဘူး။

ကျမတို့ စစ်အုပ်စု လို့ ပြောတဲ့အခါမှာအာဏာပိုင် ထိပ်ပိုင်း တွေကိုဆိုလိုတာပါ အောက်ခြေ အရာရှိအရာခံအကြပ်
တွေအကုန်လုံး သိမ်ကျုံးမပြောခဲ့ဘူး ခုထိ တပ်ဟာပြည်သူအတွက် လိုအပ်နေတုန်း သေနတ်ပြောင်းကိုသာ
အာဏာရှင် တစ်အုပ်စု ဖက်ပြန်လှည့် ကျမတို့ တိုင်းပြည်ကောင်းစားပြီ ဒါ ဧကန်မုချ သေချာတဲ့ အရာပဲ ။

ဒါပေမဲ့ တပ်အောက်ခြေအလယ် ရော အာဏာရှင်ဖက် သေနတ်ပြောင်းပြန် မလှည့်သေးပေမဲ့ ကျမတို့ ရောင်းရင်း
ရဲဘော် မောင်လေးညီမလေးတွေ ကိုယ့်ပါတီ (ပြည်သူ့ အာဏာအပ်နှင်းခံထားရတဲ့ပါတီ) ကျဉ်းထဲကျပ်ထဲမှာဘဝ
တွေ ပုံစံမျိုးစုံ ဒုက္ခတွင်းထဲ ပေးဆပ်ပြီး ယုံကြည်ချက် နဲ့ မားမားရပ် နေတဲ့ ပါတီ ဒီပါတီကို ကျောခိုင်းထွက်ခွါကြ
တာ ကျမဖြင့်ရင်နာလို့ မဆုံးပါဘူး။ ကျမလည်းဒေါသနဲ့  ပါတီတွင်းမှာမထီမဲ့မြင်ဖြစ်သွားခဲ့တာလေးတွေရှိခဲ့တယ်
စစ်အုပ်စုကိုအနိုင်မရမခြင်းပါတီကလုံးဝထွက်ဖို့ မ၀ံ့ရဲခဲ့ပါဘူး။

ပါတီအပေါ်သံယောဇာဉ်ထားကြစေ့ချင်ပါတယ်ပါတီစွဲကိုဆိုလိုတာမဟုတ်ပါဘူး ဒုက္ခတွေ အားလုံးခါးစည်းခံနေရ
ချိန်မှာ ကိုယ်မကြိုက်တာတွေ အများကြီးပိုတွေ့ ရမှာ ပေါ့ အလိုမကျတာတွေ ကို အနိုင်ရပါတီ အာဏာရ
ဒါမှမဟုတ် ပြည်သူ့ လက်ထဲ ဒီမိုကရေစီဆိုတာကိုသိသိသာသာထင်ထင်ရှား၇ှားပေးနိုင်တဲ့အခါမှ ဒီခေါင်းဆောင်
ကိုမကြိုက်ရင် ကန့် ကွက် တိုက်ခိုက်ဖြုတ်ပစ်လိုက်လို့ ရပါတယ် ခု နေခါများ မှာဆိုရင် တော့

ဘယ်သူ နိုင်သလဲ မပြေလည်တဲ့အင်အားစု နှစ်ခု ပြတ်ထွက်သွား ပြီ ဘယ်သူ နိုင်ပြီး ဘယ်သူ၇ှုံးသလဲ ဟေ့ လို့ 
မေးရငဘာဖြေမလဲနှစ်ဖတ်လုံးရှုံးတယ် ခု ချိန်ဟာ ကိုယ်တွေမပြေလည်မှု ဖြစ်လေ ရန်သူခြေတစ်လှမ်းသာလေ
ပါပဲ ။ ကျမ လူငယ် ကိုအင်မတန် တန်ဖိုးထားတာပါ ကျမ ၃၅ နှစ်ကျော်သွားပြီ ကျမတို့ ပါတီမူအရ လူကြီး ဖြစ်
သွားပြီ ဆိုလည်း ကျမလူငယ် လှုပ်ရှားမှုတွေပဲ အားသန်ဆဲပါ ။ ခုပါတီက ထွက်တယ်ဆိုတဲ့ လူငယ် ရာဂဏန်း
ဆိုပေမဲ့ ပါတီ နဲ့ ကျမတို့ ဝေးကွာနေပေမဲ့ အဲဒီအင်အားရဲ့ အရည်အချင်းနဲ့ အရည်အတွက် ကျမ သုံးသပ်နိုင်ပါ
တယ် ။ အထက်မှာဖေါ်ပြထားတဲ့ အန်တီ့ မိန့် ခွန်းလေးကို လေးလေးနက်နက် ဖတ်ကြရင် ကိုယ်ဘယ်လမ်းရွေး
သင့်လဲ ဆိုတာကိုယ်အသိဆုံးပါပဲ -- လုံးဝစိတ်မကောင်းဘူးဆိုတာကလွဲရင် ကိုယ့်သမိုင်းကိုယ်ရေးကြသူကြည့်
ပါ ။
မေအိခင်(လယ်ဝေး)