Monday, June 30, 2008

ရွှေပြည်သာမှာဗုံးခွဲ

ရန်ကုန်ဆင်ခြေဖုန်းမှာ ယနေ့ မနက်ဗုံးပေါက်ကွဲခြင်း

ရွှေပြည်သာ ကြံ့ဖွံ့  ရုံးဒီမနက် ဗုံးပေါက် ကွဲတယ်
တိုင်းပြည်မှာဒီလိုပဲ နည်းလမ်းပေါင်းစုံ နဲ့ ခြိမ်းခြောက်
ပြီးပြည်သူတွေကိုကြောက်လန့် အောင်လုပ်နေတာပါ
ဘာ့ကြောင့် လဲ ဆိုရင် ကြံ့ဖွံ့ရုံးကို ချည် ကပ် နိုင်သူက
သူတို့ စစ်အုပ်စု နဲ့ နီးစပ် တဲ့ ထဲကပါပဲ ။ရာထူး အဖြုတ်
ခံရတဲ့ ထောက်လှန်းရေး တွေကသော်လည်းကောင်း
နေရာအပြောင်းအရွေ့ခံရတဲ့ စစ်အုပ်စုရဲ့ အရာ၇ှိတွေက
သော်လည်းကောင်း စီမံဖန်တီးတာပဲဖြစ်ဖို့ သေချာပါ
တယ် ၁-၇-၂၀၀၈ ဒီမနက် စောစော မှာ ပေါက်ကွဲတာ
ဖြစ်ပြီး အသေအပျောက် မ၇ှိဘူး လို့ တော့ ရွှေပြည်သာ
ဒေသခံတစ်ဦးကပြောပါတယ် ။တိကျသေချာတဲ့ အခြေ
အနေ ကို ထပ်မံစုံစမ်းနေဆဲပါ။။

NLD statement 30-6-2008

စစ်အုပ်စု ထံသို့ 

ယုံကြည်ချက်

ဒီယုံကြည်ချက် ကို ဘယ်သူရွေးတာလဲ

ကျမတို့ ယုံကြည်ချက်တစ်ခုနဲ့  လမ်းတလမ်းကိုလျောက်နေကြတယ်ဒါပေမဲ့အောင်မြင်မှုကမရ
သေးဘူး ရမယ် လို့ယုံကြည်ထားတယ် အောင်မြင်မှုလို့ ကျမတို့ ပြောလိုက်ပြီဆိုရင်စိန်ခေါ်မှု
ကအရင်လာရမယ် စိန်ခေါ်တယ် ဆိုကတည်းက တိုက်ပွဲ ပဲ ဘာမှမပေးပဲ ဘာမှမရင်းနှီး
ပဲ ဘယ်အောင်မြင်မှုကမှ ကိုယ်လက်ထဲ အသင့်ရောက်လာမှာမဟုတ်ဘူး ဥပမာ ကိလေသာ
တွေအားလုံးကငြိမ်းအောင် ၀ိပဿနာ အားနဲ့ ကြိုစားတဲ့သူလည်းဒုက္ခသစ္စာကို သိအောင်ကြိုး
စားရတဲ့နေရာမှာ ပြင်းထန်တဲ့ဝေဒနာတွေကို သီးခံပြီး သီးခံမှုနဲ့ ကျော်လွှားမှ ကိလေသာတွေ
တဆင့်ပြီးတဆင့် ကျော်ဖြတ်ရတာ လောကမှာလွယ်လွယ် နဲ့ရတဲ့ ကောင်းမြတ်မှုဟာဘာမှမရှိ
ဘူး။ကံကောင်းခြင်းဟာအလုပ်ကောင်းခြင်းပဲ လို့ ကျမယုံကြည်တယ်
နိုင်ငံရေးလောကကိုကျမတို့  သေချာပြန်ကြည့်ကြည့် မယ်ဆိုရင်ဦးဆောင်သူတွေအားလုံးဟာ
ကိုယ်ရောက်နေတဲ့ကိုယ်လုပ် နေတဲ့ အခြေအနေ နဲ့  အဆင့် (ဖြစ်တည်မှုအဆင့်) ကို
ကိုယ့် အတ္တ နဲ့ ကိုယ်ဆိုတဲ့အသိ နဲ့ပြန်မကြည့် ပဲ အပြင်ကလူအနေနဲ့  အပြင် ကနေ မကြာကြာ
ကြည့် ကြည့်ပေးသင့်တယ် ဒါဟာကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့နည်းနဲ့ပြန်လည်သုံသပ်ခြင်းလို့ 
ကျမ ယုံကြည်တယ်။အဲဒီ့လိုကြည့်လာရင် အမှန်အတိုင်းမြင်လာမှာပါ အမှန်အတိုင်းမြင်လာရင်
ဘယ်နေရာမှာ လစ်ဟာ နေတာလည်း သုံးသပ်ပြီး မိမိ မိသားစုမှာ ဆို လိုအပ်တဲ့ ပရိဘောဂ
ဆန် ဆီ ဆား စတာ ဖြည့်သလို သီးခံ နိုင် မှု။ ပြတ်သားမှု (ပြတ်သားမှုနဲ့တင်းမာမှုဟာကွာ
ခြားပါတယ်) စွမ်းဆောင်နိုင်မှု။နည်းဗျူဟာ ။မဟာဗျူဟာတွေ ဖြည့်စွပ် လိုက်ကြရင် စွမ်း
ရည် တွေတိုးတက်လာပြီး ကျမတို့  လျောက်နေတဲ့ ပန်းတိုင်အတွက်အောင်မြင်မှုရဖို့  ဦးစီ
ဦးဆောင်မဲ့ခေါင်းဆောင်ကောင်းတွေပေါ်လာပြီပေါ့ ကျမတို့ လည်း နောက်လိုက်ကောင်းအ
ဖြစ် တက်ညီလက်ညီ သွားနိုင်ပြီလေ ။။။။။။။။။။။ ငါတို့ တွေ ယုံကြည်ချက်ကြီးခဲ့တဲ့ပန်းတိုင်ခုထိ
မအောင်မြင်သေးတာ ဟိုလူ့ ကြောင့်ဒီလူ့ ကြောင့် လို့  တွေး နေရေး နေကြမဲ့အစား ကိုယ်စီ
ကိုယ်စီမှာ လိုအပ်နေတာတွေပြန်လည်သုံးသပ်လိုက်မယ်။တွန်းတွန်းတိုက်တိုက်အားစိုက်လိုက်
ကြမယ်ဆိုရင်။။။။။။။။ ကျမတို့ တတွေအားလုံးဟာစေတနာမှန်ခဲ့ကြပါတယ် စေတနာမှန်ခဲ့ပေမဲ့
ရလဒ် က အကျိုးမဖြစ်ထွန်းဘူးဆိုရင် ကျမတို့ တာဝန်မကျေ ကြဘူးဆိုတာအသေအချာပြော
ရမှာပဲ ဒီတော့ ခုချိန်ခါ ကျမတို့ အသက်တွေဟာ ခဲတံ ကိုချွန်စက် နဲ့ လှည့်ချွန်ပြီး တို တို သွား
ရသလို တိုသွားတာပဲရှိပြီး အဲဒီ့ခဲတံအပေါ် ကပေးလာတဲ့ခံဆံတွေနဲ့  ပြောင်းလဲမှုတွေ ပီပီပြင်
ပြင်မရေးသား နိုင်သေးဘူး ငါတော့ ထောင်ဘယ်လောက် ကျခဲ့တာ ငါပေးဆပ်ခဲ့တာ များပြီ
တာဝန်ကြေပြီလို့ ဆိုပြီး ကြေနပ်နေမယ်ဆိုရင်လည်း။နောက် တောထဲတောင်ထဲမှာဒုက္ခတွေ
ဘယ်လိုခံခဲ့ရတာ။တချို့ဆိုလည်း မိတကွဲဖတကွဲ ဆိုတာတွေပေါ့ ၊၊၊၊၊၊၊၊ ဟုတ်ပါတယ် အသီးသီး ပေးဆပ်ခဲ့ကြပါတယ် ဒါပေမဲ့ ဒီယုံကြည်ချက်ကိုဘယ်သူရွေးတာလဲ တို့ တော်လှန် ရေးအင်အားစုတွေပဲမဟုတ်လား ဒီယုံကြည်ချက်နဲ့ ပြည်သူကို စနစ်တခုပြောင်းအောင်မလုပ်
ပေးနိုင်သရွေ့ ကျမတို့  ရဲ့ ၀င်သက်ထွက်သက် တိုင်းဟာ လေးလံနေဦးပဲ အသက်ဖြောင့်ဖြောင့် မရှု နိုင်ဘူးဆိုတာမျိုးပေါ့ ကျမတို့ ဆီမှာတော်လှန်ရဲသူတွေ ရဲရင့်ထက်မြတ်တဲ့ အမျိုးသမီးတွေ
ပေါ်ပေါက်လာတယ် နောက် ပြီး တော်လှန်ရေးဆိုတာရှိနေသေးတယ်အာဏာရှင်ကို
ဒေါင့်ပေါင်းစုံကတိုက်ခိုက်နေကြသေးတယ် ဆိုတာ နဲ့ ဟဲဗီး နိုင်ငံရေးသမားတော်လှန်
ရေးသမားဆို ဂုဏ်ယူပြီး ကြေနပ် နေရုံ နဲ့  ယုံကြည်ချက်ကိုအပြီးမသတ်နိုင်သေးတဲ့အပြင်
ဘာဆိုဘာမှပြည်သူ့လက်ထဲခုချိန်ထိ မပေးအပ် နိုင်သေးတာပြန်တွေးမိပြီး ပြည်သူကလည်း
ငါတို့ ခုထက်ထိမရ၇ှိသေးတာကိုပဲနားလည်ကြလိမ့်မယ် အဲဒီအခါ ကျမကိုယ်တိုင်ဟစ်ကြွေးခဲ့တဲ့ ငါ တို့ ယုံကြည်ချက် ဟေ့ လို့  ပြောပြီး မပြီးပြတ်သေးတဲ့မရရှိ
သေးတဲ့ အောင်မြင်မှုအတွက် ကြုံးဝါး နေကြ မဲ့အစား လုံးလ ထားပြီး စုပေါင်း ညီညွတ်ကြပါ
စို့ လားလို့  ရင်ထဲက ဆန္ဒ တချို့ ကို အောင်မြင်မှု အတွက် ရှင်းသန့် တဲ့ စေတနာ နဲ့  တင်ပြလိုက်ပါတယ်။။
နိုင်ငံရေးအကျဉ်းသူဟောင်း

သင်သေသွားသော်
သင်ဖွါးသောမြေ
သင်၏မြေတွက်
ကောင်းကွက်ကျန်ရစ်
စွန့် ချန်သင့်၏

Saturday, June 28, 2008

Burma Political Prisoners' Union


မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ ၏ ဒုတိယအကြိမ်
ညီလာခံ မကြာခင်ကျင်းပရန် ရှိ
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂသည် နိုင်ငံရေးလိုအပ်ချက်အရ
နိုင်ငံရေးအကျဉ်းသားအချင်းချင်းတစည်းတပေါင်းတည်းစည်းလုံး
ညီညွတ်စွာစစ်အာဏာရှင်စနစ်အားအမြစ်ပြတ် အဆုံးသတ်နိုင်ရန်
ရည်ရွယ်၍ ၂၀၀၆ ခု ဇန်န၀ါရီလ (၁) ရက်နေ့ တွင် နိုင်ငံရေး
အကျဉ်းသား နိုင်ငံရေးအကျဉ်းသူ ၅၀ ကျော်နှုင့်ဖွဲ့စည်းခဲ့သည်။။
ယခု အဖွဲ့ဝင်ပေါင်း (၇၀) ခန့် ရှိသည်။။တစ်နှစ်တစ်ကြိမ်ညီလာခံ
ကျင်းပ၍ သမဂ္ဂအားဦးဆောင် မည့်သူများကိုရွေးချယ်ခဲ့ကြသည်။
မကြာမှီရက်ပိုင်းအတွင်းဒုတိယ အကြိမ်ညီလာခံ ကျင်းပမည်ဖြစ်
ကြောင်းသိရသည်။။

G-8 ရှစ်နိုင်ငံမှ

နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်လွှတ်ပေး

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ပေးဖို့  G 8 – လို့ ခေါ်တဲ့
စက်မှုထိပ်သီး (၈) နိုင်ငံက န - အ- ဖ စစ်အုပ်စုထံ ၂၇-၆-၂၀၀၈
မှာ တောင်းဆိုလိုက်ပါတယ် ။။ ဂျပန် နိုင်ငံ ရဲ့ မြို့ တော်ဟောင်းဖြစ်
တဲ့ ကျိုတို မှာ G -8 နိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေး ပွဲတွင်
ထုပ်ပြန်တဲ့ပူးတွဲကြေညာချက် မှာ တောင်းဆိုတာဖြစ်ပါတယ်။။
G – 8 ရှစ် နိုင်ငံကတော့ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ်၊ အီတလီ
ကနေဒါ ၊ဂျပန် ၊ ဂျာမနီ နဲ့  ရုရှား တို့ ဖြစ်ပါတယ်။

“ကျနော်တို့ ဘက်ကတော့ ငြိမ်းချမ်းတဲ့တရားကို လက်ကိုင်ပြုပြီးတော့ လုပ်စရာရှိတာကိုဆက်လုပ်မှာဘဲ ကျနော်တို့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးရမယ်ဆိုတာကိုကျနော်တို့ ယုံကြည်တယ်။ ၈၈ တုန်းကဆိုရင်တန်ပြန်သပိတ် ဆိုတဲ့အဖွဲ့ တကယ်ကိုရှိခဲ့တယ်၊အဲဒီအချိန်တုန်းက ထောက်လှန်းရေးတွေဟာ တန်ပြန်သပိတ်ဆိုပြီး ပြည်သူမျက်နှာဖုံးစွပ်။ ပြည်သူ့ အရေခြုံ ပြီးတော့ ၈၈သပိတ်ဆင်နွှဲခဲ့တာကို သူတို့ ဖျက်ဆီးခဲ့တာပါ၊အဒီ ပုဂ္ဂိုလ်တွေဒီကနေ့ ဘာဖြစ်နေ ပြီလဲ ကျနော်ထောင်ထဲက ပြန်ထွက်လာတဲ့ အချိန်မှာသူတို့ ထောင်ထဲဝင်လာရတာပေါ့ ၊ ကတုံးတုံးပြီး တော့ ခေါင်းကြီးတွေငုံ့ ပြီးတော့ ပြန်ပြီးထောင်ထဲဝင်လာတာကို တွေ့ ခဲ့ရတယ်၊ မိမိအင်အားရှိနေတဲ့အချိန်မှာ မတရားအင်အားသုံးပြိးတော့ အောက်လမ်းနည်းတွေနဲ့ လုပ်မယ်ဆိုရင် အဒီတူသောအကျိုးကိုပေးလိမ့်မယ်ဆိုတာကို ကျနော်ကမေတ္တာအခြေခံပြီးတော့ သတိပေးပါတယ်၊ရပ်တန်းကရပ်ပါ၊ ဒီလိုမျိုးလုပ်မယ့်အစား ဟေ့ ငါတို့ အာဏာပိုင်အဖွဲ့ အစည်း ကဖမ်းတယ်ကွာ၊ ယူနီဖောင်းနဲ့  ရဲရဲရင့်ရင့်လုပ်ပါ၊ အဒီလို ရှင်းရျှင်းလင်းလင်းလုပ်တဲ့နိုင်ငံရေးမျိုး ကို ကျနော်ကြိုက်တယ်၊ ကောက်ကောက်ကွေးကွေးနဲ့  မလိမ့် တပတ်လုပ်တဲ့သူတွေနဲ့  အလုပ်လုပ်ရတာအင်မတန် ခက်တယ်၊ အဒီလူတွေက တချိန်ကျရင် ကံပေးမကောင်းတဲ့အတွက် အခုကတည်းက ကြိုပြီးတော့ သတိပေးတာပါ။
“နိုင်ငံရေးအရ လှုပ်ရှားမှုတွေမှန်သမျှဟာ ဒီမိုကရေစီရေးကို ဦးတည်နေတာ၊ ဒီမိုကရေစီကို ကြောက်နေတဲ့ လူတွေက ဆူပူလှုပ်ရှားမှုလို့ ပြောင်းပြန်ကင်ပွန်းတပ်ပြီး ကျနော်တို့ ၈၈ အဖွဲ့နဲ့ အဓမ္မဆက်စပ်စွပ်စွဲမယ်၊ ဒါ သူတို့လုပ်နေကြပဲ၊ ငြိမ်းချမ်းစွာ အကြမ်းမဖက်ဘဲ လုပ်နေတယ်ဆိုတာ နေ့စဉ်ကြုံတွေ့ နေရတဲ့ လူတွေအားလုံး သိတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ကိုမြအေးတို့ က ပြောကြားခဲ့ ပါတယ်၊
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ~ မှ

Thursday, June 26, 2008

စာသင်ချင်တဲ့ ကလေးတွေ


အပူအပင်မကင်းတဲ့ကလေး တွေဘဝ
ဒီကလေးတွေ စာသင်ချင်ကြတယ် ။ သူတို့ လေးတွေမျက်နှာမှာတော့
ကြေကွဲရိပ်လေးတွေတွေ့ ရလိမ့် မယ် ပုံကိုကြည့်ပါ ကလေးငယ်တွေ
ဘယ်မှာအပူအပင် ကင်းလို့ လဲ
(နာဂစ်ဘေးသင့်ခဲ့သည့်ဧရာဝတီ မှကလေး ငယ်များ)

ဧရာဝတီကကလေးငယ်တွေ


အနာဂတ်မဲ့ တဲ့အပြစ်မဲ့သူတွေအတွက်
ဘယ်သူတွေတာဝန်ယူကြမလဲ

တိုင်းပြည်တခုရဲ့ အနာဂတ်ဟာလူငယ်တွေ
လက်ထဲမှာ မျိုးဆက်သစ်တွေရဲ့လက်ထဲမှာ
တဲ့လေ------ဒီကလေးတွေရဲ့ အနာ ဂတ်က
ရော ----ဖွံ့ ဖြိုးဖို့  တိုးတက်ဖို့ ဆိုတာဝေး---
စားရမဲ့ သောက်ရမဲ့ နေရမဲ့ ဘ၀ လေး တွေ
အနာဂတ်ဆိုတာ ထားဦး လက်ရှိ ပစ္စုပ္ပန်
မှာပဲ စိတ်ဓါတ်ကလေးတွေ ညစ်နွမ်း နေကြ
ရရင် သူတို့ ရဲ့ အနာဂတ် ကျမတို့ တိုင်းပြည်
အတွက်ပါရင်လေးစရာပါ ။။ကြည့်ပါ နာဂစ်
မုန်တိုင်း ကြောင့် ဒုက္ခရောက်နေတဲ့ ကလေး
တွေဘ၀ကိုနေရာကျအောင် စစ်အုပ်စု
ခုချိန်ထိ မဆောင်၇ွက်ပေးသေးပါဘူး။။။။။။
တကမ္ဘာလုံးကလှူတန်းတဲ့သန်းပေါင်းများ
စွာသော ပိုက်ဆံတွေက စစ်အုပ်စု ခံတွင်းထဲ
မီးကျီခဲတွေအဖြစ် ပျိုဆင်းနေလေပြီ ---------
ဧရာဝတီကကလေးငယ်တွေ

Wednesday, June 25, 2008

သီတဂူဆရာတော်၏ ကရုဏာ


လူမှုရေးဒါန နဲ့  ဘာသာရေး ဒါနဟန်ချက်ညီညီရှိစေ့ချင်တယ်
သီတဂူဆရာတော်

သုခလေးပါးမြတ်တရား

မဲဆောက်မြို့ တော၇ကျောင်းတွင် သဲကုန်း-သပိတ်အိုင်-သီတဂူ ဆရာ
တော်၇ှင်ဥာဏိဿရ မှ နာဂစ်ဒုက္ခသည်များအတွက် ရည်စူး၍ တရားပွဲ
ကို နှစ်ရက် တိုင်တိုင် ကျင်းပခဲ့သည့်တရားပွဲမှ တစိတ်တဒေသ အား
တင်ပြလိုက်သည် အားလုံးသောရဟန်းရှင်လူ သာဓုခေါ်နိုင်ရန်
၂၄-၆-၂၀၀၈ ------- ၂၅-၆-၂၀၀၈
သီတဂူဆရာတော်ဘုရားကြီးရှင်ဥာဏိဿရ ရဲ့တရားပွဲ ဒုတိယနေ့ 
တွင်ဆရာတော် မှ သုခ လေးပါးတရားတော် တနည်းအားဖြင့်ချမ်း
သာ (၄) ပါးတရားကိုဟောကြားသွားပါတယ်။မြတ်စွာဘုရားရှင်
ပေါ်ပေါက်ခြင်းသည်သုခချမ်းသာကိုဖြစ်စေခြင်း။မြတ်စွာဘုရားရှင်
၏တရားတော်များပေါ်ပေါက်လာရခြင်းသည် လည်းသုခချမ်းသာ
ကိုဖြစ်စေခြင်း။ရှင်အပေါင်းလူအပေါင်းတို့ ကိုယ်ရောစိတ်ပါညီညွတ်
ခြင်းသည်လည်း သုခချမ်းသာကိုဖြစ်စေခြင်းနှင့်ညီညွတ်တဲ့သူများ
စုပေါင်းကြိုစားအားထုပ်ကြသည့် အလုပ် သည်လည်း သုခချမ်းသာ
ဖြစ်ကြောင်း သုခ လေးမျိုးကိုအကျယ်တ၀င့် ဟောကြားသွားခဲ့ပြီး
သုံးပါးမြောက်ဖြစ်သည့်မညီညွတ်၍ပျက်ဆီးရခြင်း၏အကြောင်းတ
ရားအား မင်းတုန်းမင်းကြီး နတ်ရွာစံ ချိန်ဆင်ဖြူမရှင်မှလိုသလိုကြီး
စိုးပြီး တိုင်းပြည်၏အနာဂတ်ကိုမကြည့်ပဲ သားသမီး ချယ်လှယ်
ကောင်းစားနိုင်ရေးကိုသာကြည့်ခဲ့သဖြင့် မူကြီးမတ်ရာ အပေါင်းတို့ 
ညီညွတ်မှု ပျက်ပြားပြီးတိုင်းပြည်သူ့ ကျွန်ဘ၀ရောက်ခဲ့ရပုံကို သာ
ဓကများနှင့်ဟောကြားသွားခဲ့သည်။။

Tuesday, June 24, 2008

ကာယကံကရုဏာ

ဒီကနေ့  ထိုင်း နိုင်ငံမဲဆောက်မြို့မှာနာဂစ်ဘေးသင့်ခဲ့သူတွေအတွက်
အလှူငွေစုပေါင်း ပေးလှူရအောင်ဆိုတဲ့ရည်၇ွယ်ချက်နဲ့  ကျေးဇူးကြီး
မားလှတဲ့ သီတဂူဆရာတော်ရှင် ဥာဏိဿရ က ဗြဟ္မစိုရ်တရား
လေးပါး ထဲ က ကာယကံမြောက်ကရုဏာ တရားကို တရားနာပရိတ်
သတ်တွေ နက်နက်နဲနဲ စိတ်နှလုံးထဲစွဲရအောင် ခုလို သာဓကလေးတွေနဲ့
ဟောကြားသွားခဲ့ပါတယ် ။ဥပမာ ဧရာဝတီတိုင်း မုန်တိုင်းဘေးသင့်
စဉ်ကဒုက္ခရောက်သူတွေကိုမြင်တဲ့ကြားတဲ့ အခါ ကရုဏာဖြစ်လာရင်
အဲဒီ့စိတ်ထဲမှာဖြစ်ပေါ်လာတာက မနောကံ ကရုဏာ ။ပြီတော့
နုတ်ကနေသတ္တ၀ါတွေဒုက္ခဆင်းရဲခပ်သိမ်းမှကင်းငြိမ်းပါစေဆိုပြီးရေရွတ်
လိုက်တာဝစီကံကရုဏာဖြစ်ပေါ်လာပြီး အဲဒီ နှစ်ခုနဲ့တင်လူမှုတာဝန်တစ်ခု
ဟာမကြေပြွန်ဘူးလို့ ယူဆတယ်ကောင်းတယ်ကုသိုလ်ရတာမှန်ပေမဲ့
လူမှုတာဝန်တစ်ခုကျန်နေခဲ့မယ် ။။ကာယကံမှုနဲ့ ဒုက္ခသည်တွေအတွက်မိမိ
တို့ နိုင်တဲ့ဝန်ကနေ ဖြည့်ဆည်းပေးသင့်တယ်။မနောကံ ၀စီကံနဲ့တင် က
လက်တွေ့မကျဘူး ။။ဒါ့ကြောင့် ကာယကံမြောက်ကရုဏာဟာ မ၇ှိ
မဖြစ် လုပ်ဆောင်ဖို့ လိုအပ်တယ် လူ လောကကြီးကိုကျေးဇူးပြုနိုင်
မှလူဖြစ်ရကျိုးနပ်မယ်။ ဆရာတော်တို့ ဆိုလျှင် နာဂစ်ဖြစ်ပြီး (၇) ရက်
အကြာမှ ဒုက္ခသည်တွေဆီရောက်တယ် စတဲ့ ပေးကမ်းစွန့်ြဲကဲ
စောင့်ရှောက်ခဲ့ပုံ ကိုဟောပြသွားပြီး မြတ်စွာဘုရားရှင်ပင်လျှင် သတ္တ၀ါ
တွေကိုသနားငဲ့ ညှာသောအားဖြင့် ကရုဏာတော် နှင့် တနေ့  (၆)
ကြိမ်ကြည့်တော်မူတယ် တနေ့  သန်းခေါင်ယံအချိန်မှာသာဝထ္ထိသုဿန်
မှာ (၇)နှစ်သားအရွယ် ကလေးကို သေပြီးသားလူသေကောင်နဲ့တွဲခြည်
နှောင်ထားပြီး မီးကင်မဲ့ အခြေအနေ၇ှိတယ် မြတ်စွာဘုရားရှင်တော်တိုင်
ထိုကလေးငယ်(သောပါကသံမဏေ) ဖြစ်မဲ့ သူကိုဒုက္ခဘေးကကယ်တင်
ပေးခဲ့ရဖူးတယ် အဲဒီသံမဏေနေစရာစားစရာမ၇ှိတဲ့အတွက် ဘုရားရှင်
က ကျောင်းတော်သို့ ခေါ်လာပြီ ဆံချပြီးစမှာပဲ ရဟန္တာဖြစ်သွားခဲ့တယ်။
ဒါ့ကြောင့်ဆရာတော် က ကရုဏ ကိုကျင့်တဲ့အခါ ကာယကံမှုကိုပါဆောင်
ရွက် နိုင်ပါက အစုန်ကနေအဆန်ကိုကြိုးစားတက် နေတာဖြစ်သောကြောင့်
ကရုဏကာယကံမှုကိုမဖြစ်မနေပြုကြဖို့  တိုက်တွန်းဟောကြားသွားပါသည်။။

ကရုဏာတရားတော်


ဒီကနေ့  ထိုင်း နိုင်ငံမဲဆောက်မြို့မှာနာဂစ်ဘေးသင့်ခဲ့သူတွေအတွက်
အလှူငွေစုပေါင်း ပေးလှူရအောင်ဆိုတဲ့ရည်၇ွယ်ချက်နဲ့  ကျေးဇူးကြီး
မားလှတဲ့ သီတဂူဆရာတော်ရှင် ဥာဏိဿရ က ဗြဟ္မစိုရ်တရား
လေးပါး ထဲ က ကရုဏာ တရားကို တရားနာပရိတ်သတ်တွေ နက်နက်
နဲနဲ စိတ်နှလုံးထဲစွဲရအောင် ခုလို သာဓကလေးတွေနဲ့ ဟောကြားသွား
ခဲ့ပါတယ် ။ဥပမာ ဧရာဝတီတိုင်း မုန်တ်ုင်ဘေးသင့်စဉ်ကဒုက္ခရောက်
သူတွေကိုမြင်တဲ့ကြားတဲ့ အခါ ဒကာ ဒကာမတို့ ဘယ်လိုခံစားရတုန်း
စိတ်နှလုံးထဲမှာတှုန်လှုပ်စွာ ခံစားကြရမယ် မဟုတ်လား အဲဒါ
ကရုဏ စိတ်ပေါ့ ဗြဟ္မာစိုရ် တရားအခြေခံ၇ှိလို့ ပေါ့ ။ တချို့ များဆို
ကျောက်ဆိုင်ကျောက်သားကြီးလို နှလုံးသားကမာကျောပြီး ပြုံးပြုံး
ကြီးကိုယ်နဲ့မဆိုင်သလို ခပ်ကြောင်ကြောင်နဲ့ တာဝန်မဲ့သလိုရှနေကြ
တာ ကရုဏာကင်းမဲ့လို့ ဗြဟ္မာစိုရ် တရား မရှိလို့  ပေါ့ ဆိုတာကိုဟော
ပြောပြီးကရုဏာရဲ့ အနီးကပ်ဆုံးပုဂ~ိုလ်က ဒုက္ခိတသတ္တ၀ါ ယနေ့ 
လက်ရှိ မြန်မာပြည်မှာ၇ှိနေတဲ့ အားကိုးရာမဲ့ အိုးမဲ့ အိမ်မဲ့ ကျောင်းမဲ့
သပိတ်မဲ့ နေ တာတွေကို ရည်ညွှန်းပြီးဟောသွားပါတယ် ။

ကရုဏာတရားတော်

Saturday, June 21, 2008

open letter to Daw Suu

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းနှင့် ပြင်သစ်သမတ နစ်ကိုးလပ်စ်ဆာကိုဇီ မှ
ဒေါ်အောင်ဆန်းစုကြည်သို့ အိပ်ဖွင့်ပေးစာ
၁၉-၆-၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား
ဗမာပြည်မှာ ဒီမိုကရေစီနဲ့ လူသားဘဝ ပီသရေးအတွက် အမရဲ့တသက်တာ ကြံ့ကြံ့ခိုင်တိုက်ပွဲဝင်မှုဘက်မှာ ကျနော်တို့ထောက်ခံရပ်တည်ကြောင်း ထပ်လောင်းပြောပြဖို့ အမရဲ့မွေးနေ့အခါသမယ အခွင့်အလမ်းကို ကျနော်တို့ သုံးပါရစေ။ အမဟာ တခြားလူတွေရဲ့ လွတ်လပ်ခွင့်အတွက် ကိုယ့်လွတ်လပ်ခွင့်ကို စတေးခဲ့ပါတယ်။ အမရဲ့ပြည်သူတွေ အတွက် သူမတူတဲ့ သတ္တိနဲ့ စွန့်လွှတ်ပိုင်းဖြတ်မှုကို အမ ပြခဲ့ပါတယ်။
အကျယ်ချုပ်ကနေ အမ လွတ်မြောက်ရေးနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်မှာ အမ လွတ်လပ်စွာပါဝင်ဆောင် ရွက်ခွင့်ရှိရေးဟာ အချက်အချာဖြစ်နေဆဲပါ။ မကြာခင်ကလုပ်သွားခဲ့တဲ့ ဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒသဘောထားကို အမှန် တကယ်ထင်ဟပ်မှုအဖြစ် ယုံကြည်အားထားနိုင်စရာမရှိသလို အခြေခံဥပဒေသစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုအတွက် ခိုင်ခန့်တဲ့အခြေအမြစ်ကို မဆောင်ကျဉ်းပေးနိုင်လို့ ကျနော်တို့ယုံကြည်မိပါတယ်။ အရပ်ဖက် အတိုက်အခံတွေ၊ တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်စားလှယ်တွေ အပြည့်အစုံပါဝင်တဲ့၊ အားလုံးအကျုံးဝင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တခုကို အချိန်မဆိုင်းဘဲစတင်ဖို့ မြန်မာအစိုးရကို ကျနော်တို့တောင်းဆိုလိုက်ပါတယ်။
လက်ရှိလိပ်ခဲတည်းလည်းအခြေအနေကနေ ဖောက်ထွက်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်ပိုင်းနဲ့ စစ်မှန်ပြီး အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အမအနေနဲ့ အသင့်ရှိတာကို ကျနော်တို့ကြိုဆိုပါတယ်။ ဒီလိုလူသားပီသပြီး ဆင်ခြင်တုံတရားလွှမ်းတဲ့ စကားသံဟာ နားပေါက်တွေကို ထွင်းဖောက်နိုင်လိမ့်မယ်ဆိုတာ ကျနော်တို့ သေချာပေါက် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိအနေအထားဟာ ဘယ်လိုမှ ကျေနပ်စရာလည်းမကောင်း၊ အရှည်သဖြင့် လည်း တည်တံ့နေလို့ မရနိုင်ဘူးဆိုတာနဲ့ ပြတ်သားရဲရင့်တဲ့ ရှေ့ဆောင်ရှေ့ရွက် အစချီချက်တွေ၊ အပေးအယူအလျှော့ အတင်းတွေ လုပ်ဖို့လိုတယ်ဆိုတာကို လူအများက အခုအခါ သဘောပေါက်ဖို့ လိုအပ်လာလို့ဖြစ်ပါတယ်။

ကျနော်တို့ဟာ နာဂစ်ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီးနောက်ပိုင်း လူသားချင်းစာနာရေးအခြေအနေအပေါ် အလွန် တရာမှ စိုးရိမ်ပူပန်မိပါတယ်။ နဂိုကတည်းက အခြေခံလူ့လွတ်လပ်ခွင့်တွေ စီးပွားရေးအခွင့်အလမ်းတွေ ဆုံးရှုံးကင်းမဲ့နေ ရတဲ့ မြန်မာပြည်သူတွေဟာ အဲသလိုကြီးကျယ်လှတဲ့ သဘာဝကပ်ဘေးကြီးဒဏ် ခံရလေခြင်းဆိုပြီး အထူးဝမ်းနည်း စိတ် မကောင်း ဖြစ်ရပါတယ်။ ဒါ့အပြင် နိုင်ငံတကာက အကူအညီပေးဖို့ ကမ်းလှမ်းချက်တွေကို စောစီးစွာကတည်းက လုံလုံ လောက်လောက် လက်မခံတဲ့အပေါ်မှာလည်း ရင်နင့်အောင်ဝမ်းနည်းမိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် အာဆီယံနိုင်ငံတွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့က လှုပ်ရှားတုံ့ပြန်မှုတခုကို အစချီနိုင်လိုက်ပြီး ဘန်ကီမွန်းကလည်း ဒီဖြစ်စဉ်ကို ကိုယ်တိုင် ကိုယ်ကျ အားပေးထောက်ခံခဲ့တာကြောင့် ကျနော်တို့ဝမ်းသာမိပါတယ်။ ဒေသဆိုင်ရာကူညီရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေဟာ အားတက်စရာပါဘဲ၊ ဒါပေမဲ့ အရေးတကြီးလိုအပ်နေတဲ့ ပြည်သူလူထုဆီ ဒီ အကူအညီတွေ သေချာပေါက်ရောက်စေဖို့နဲ့ နောက်ထပ်အသက်ဆုံးရှုံးမှုတွေ၊ ဝေဒနာခံစားရမှုတွေကို ကာကွယ်တားဆီး နိုင်ဖို့ လုပ်ဆောင်စရာ အများကြီးလိုအပ်နေပါသေးတယ်။ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကယ်ဆယ်ရေးလုံးပမ်းမှုမှာ အားဖြည့်ကူညီပေးဖို့ ချက်ချင်းဆုံးဖြတ်တာဝန်ယူခဲ့ပြီး ရေရှည်ပြန်လည်တည်ဆောက်ရေးအတွက် အာဆီယံယန္တရားကို လည်း အားပေးထောက်ခံသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှု မအောင်မြင်မှုဟာ မြန်မာ အစိုးရရဲ့ လုပ်ရပ်တွေ၊ မြန်မာအစိုးရချမှတ်တဲ့ စည်းကမ်းချက်တွေအပေါ် မူတည်ပါလိမ့်မယ်။
မြန်မာနိုင်ငံက များပြားလှတဲ့အစုအဖွဲ့တွေရဲ့ မျှော်လင့်ချက်တွေကို ရင်ကြားစေ့ ညှိနှိုင်းပေးနိုင်တဲ့ အမရဲ့ စွမ်းအား ကိုရော တိုင်းပြည်ရဲ့ အမျိုးသားစုစည်းတည်တံ့ရေးအပေါ် အမရဲ့ ထက်သန်စူးနစ်မှုကိုပါ ကျနော်တို့ လေးစားသဘောကျ မိပါတယ်။ ဒီတိုက်ပွဲထဲမှာ အမနဲ့တကွ အမပြည်သူတွေကို ကျနော်တို့ မေ့ပစ်မှာမဟုတ်ပါဘူးခင်ဗျား။

ဂေါ်ဒွန်ဘရောင်း နစ်ကိုးလတ်စ်ဆာကိုဇီ

Friday, June 20, 2008

20th Anniversary of June 21th


ဇွန်(၂၁) ကို ၈၈ ကျောင်းသားတိုင်း မေ့နိုင်မှာ
မဟုတ်ပါဘူး ဘာ့ကြောင့်လဲမေးရင် ၈၈၈၈
ကိုသန္ဓေတည်ပေးခဲ့တဲ့ ထဲမှာဇွန်(၂၁)ရက်ဟာ
ရှစ်လေးလုံမဖြစ်ခင် ၈၈၈၈ဖြစ်ရန်အနီးဆပ်ဆုံး
အချိန်မှာကျောင်းသားထုရဲ့ညီညွတ်တဲ့စွမ်းအား
ကို မ-ဆ-လ တစ်ပါတီအာဏာရှင် ထိပ်လန့် သွား
အောင် ဆန္ဒပြနိုင်ခဲ့တဲ့ နေ့ တစ်နေ့ ပါ ။ဒီလိုနေ့ 
ရောက်တာ ခု နှစ်နှစ်ဆယ်ပြည့်ပြီဆိုတော့
ဒီထက် ပိုညီညွတ်ကြရမှာပေါ့ နော် ? ? ? ? ? ? ၈၈ ကျောင်းသူ

မွေးနေ့ လက်ဆောင်


မခင်မင်းဇော်ရဲ့ (၄၃) နှစ်ပြည့်မွေးနေ့  လက်ဆောင်
နဲ့ 
သူ့ အတွက်ဆုတောင်း

အမရေ အမအလိုချင်ဆုံးဆုကတော်လှန်ရေးတခုလုံး
ပြီးဖို့ ဒီမိုကရေစီရဖို့ ပဲဆိုတာ အမနဲ့  ရင်းနှီးတဲ့သူတိုင်း
အမဆန္ဒကိုသိနေကြ မှာ အသေအချာပဲ
အမရဲ့မွေးနေ့ မှအမလိုအင်ဆန္ဒ အမြန်ဆုံးပြည့်ဝပါစေ
တော်လှန်ရဲတဲ့သူရဲကောင်းခင်ပွန်းနဲ့ အတူတစ်ဦးတည်း
သောသားလေးနဲ့ ထာဝရ ငြိမ်းချမ်းကြရပါစေ
လမင်းခင် နဲ့မိသားစု

Thursday, June 19, 2008

တံလျပ်ရေထင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုရဲ့ မျက်နှာစာတည့်တည့်မှာ
ကျမတို့ ရှိနေစဉ်ကတည်းကပဲ မပြတ်စောင့်ကြည့်နေတဲ့ စစ်
အုပ်စုရဲ့ နောက်လိုက်ခွေးတွေရှိတယ် ဆိုင်ကယ်တွေဟမ်းဖုန်း
သူတို့ ထိုးထားတဲ့ တဲမှာဝင်လိုက်ထွက်လိုက် ကျမတို့ ရဲ့ လှုပ်
၇ှားမှုတွေကို ဘု ကြည့် မိုက်ကြည့်ကြည့်လိုက် စာရွက်တွေ
ရေးလိုက် ဓါတ်ပုံရိုက် လိုက် နဲ့ သူတို့  ကိုယ်သူတို့ တော့ ခပ်
လွတ်လွတ်ပဲ ဒါပေမဲ့သိတ်မကြာလိုက်ချိန်မှာ ခင်ညွန့် နဲ့အတူ
တချို့ များ ဖမ်းဆီးခံလိုက်ရပါပကောလား ခုလည်း စွမ်းအား
ရှင်ဆိုတဲ့ အသိပညာ အတွေးအခေါ်မဲ့တဲ့ ရာဇ၀တ်သား တွေ
နဲ့ပေါင်းပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေရဲ့ ငြိမ်းချမ်း
တဲ့မွေးနေ့ ပွဲကို အကြမ်းဖက်လိုက်ပြန်တယ်သူတို့ဟာကိုယ့်
ဘ၀ကို အမှန်မမြင်နိုင်ကြတော့ခက်တယ် တံလျပ်ကိုရေထင်
နေတော့ ခုပဲကြည့်လေ ရိုင်းစိုင်းလိုက်တဲ့အမူအယာတွေ မြန်မာတွေလို့ ခေါ်ရမှာတောင် ၇ှက်မိပါရဲ့ ။။။။။။။။။။။။။။။။။

နောက်လိုက်ခွေးများ


ကိုယ်ပြည်သူချင်း ဒီလောက် မရိုင်းဆိုင်းသင့်ဘူး
အိမ်ကြက်ချင်း အိုးမဲသုတ်ပြီးတိုက်နေတာ သိဖို့ 
သင့်တယ် သံသယာအတွက်ရော လက်တွေ့ဘဝ
အတွက်ပါမကောင်းတာ ။။ ကျမလည်းစဉ်းစား
နေတယ် ဒီလူရမ်းကားတွေကို ဒီလိုငြိမ်ခံလို့ တော့
မဖြစ်တော့ဘူး ။။ မြန်မာတွေကမ္ဘာမှာ ဒီစွမ်းအား
၇ှင်ဆိုတဲ့ ခွေးသရမ်းတွေကြောင့် ပိုဂုဏ်ငယ်ရ
တော့မယ် ။။ ရှင်း ပေးကြပါလား အရပ်ကတို့ ရေ
အားလုံးဝိုင်းပြီးတော့ပေါ့--------------------

NLD မှာသူရဲကောင်းတွေရှိတယ်

ရုံးရှေ့တဲ့တဲ့
မျက်နှာစာမှာ
စစ်ခွေးနောက်လိုက်တွေ
ရန်စောင်နေကြတယ်

ခေါင်းဆောင်ရဲ့မွေးနေ့ ကိုခုလို
ဆုတောင်းနေကြတယ်

WOMEN'S DAY OF BURMA (Maesod)

မြန်မာနိုင်ငံအမျိုးသမီးများနေ့ တွင်ဆရာမဒေါက်တာ
စင်သီတာမောင်မှဒေါ်အောင်ဆန်းစုကြည်၏ပေးဆပ်မှု
အနစ်နာခံမှု မြန်မာအမျိုးသမီးများအတွက်ပြည်ပရောက်
အမျိုးသမီး အဖွဲ့အစည်းအသီးသီး၏ အမျိုးသမီးအခွင့်
အရေးများရရှိရန် တိုက်တွန်းဆောင်ရွက်နေမှုအပြင်
မြန်မာအမျိုးသမီးများ၏လူ့ အခွင့်အရေးဆုံး၇ှုံးနေမှု
အားကျမ်းမာရေးပညာရေးရှုထောင့်မှနေ၍ ရှင်းလင်း
မိန့်် ကြားနေစဉ်




ခွေးသရမ်းများလွတ်နေသည်




ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃) နှစ်ပြည့်မွေးနေ့ နဲ့ အတူမြန်မာနိုင်ငံ
အမျိုးသမီးများ နေ့ ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမှာယနေ့ 
ကျင်းပပါတယ် အစဉ်အလာအတိုင်း ကျင်းပတာပါပဲ ဒါကိုစစ်အုပ်စု
ရဲ့နောက်လိုက်ခွေးတွေက ဒေါ်အောင်ဆန်းစုကြည်ကျမ်းမာဖို လွတ်
မြောက်ဖို့  ကြွေးကြော်တဲ့ သူတွေကိုရုံး အ၀င်ဝထိ ၀င်ရိုက်ပြီး ဖမ်း
ဆီးသွားတယ် ပုံတွေကိုကြည့်ရင် ပါတီမှာမင်္ဂလာယူနေတယ် ဆု
တောင်းနေတယ် ထောင်ထဲရောက်နေတဲ့မိဘတွေရဲ့ကလေးတွေ
ကိုပညာသင်စရိတ် ထောက်ပံ့ပေးနေတာပါ ဒါကို မရှုစိမ့်နိုင်တဲ့ခွေး
သရမ်းတွေရဲ့ရမ်းကားမှု ကို ကျမတို့ ဘယ်လို ပြန်ဆုံးမကြမလဲ
ဗေထိ ဆို NLD က တကယ်ရှေ့တန်းကတိုက်နေရတဲ့ တိုက်စစ်မှုးပါ
ရက်မြတ်တိုင်း အထိမ်းအမှတ်နေ့ တိုင်း အောင့်မေ့ဖွယ်တွေတိုင်းမှာ
ပါတီဝင်တွေအရိုက်ခံရ အဖမ်းခံရနဲ့ ကျမတို့ ရန်သူကိုပြတ်ပြတ်သား
သား မြင်ဖို့ လိုပြီ ဗိုလ်ချုပ်ပြောခဲ့တယ်နော် နောက်ဆံးပါးဆပ်ကျန်
သေးရင်တောင် အော် ရမယ် ခု ကျမတို့ မှာ အင်္ဂါအစုံရှိသေးတယ်
ဝိုင်းဝန်းနည်းလမ်း၇ှာကြရအောင်
မေအိခင်


Inland current situation


Sources close to NLD said that USDA and Swan Arr-Shin (SPDC militia) backed by military intelligence units approached and trying to arrest several NL members who shouting Free Daw Aung San Suu kyi and Long Live Daw Aung San Suu Kyi” while arrested five members included two Buddhist monks and one women near NLD Headquarters around 11 AM Burmese Standard Time.

Wednesday, June 18, 2008

မြန်မာနိုင်ငံအမျုးသမီးများနေ့ 


(၁၂)ကြိမ်မြောက်မြန်မာနိုင်ငံအမျုးသမီးများနေ့ 
(၆၃) နှစ်ပြည့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ 

လောကကြီးမှာလူလို့ ဖြစ်လာရင် လူဆန် တဲ့ လူ့ တန်ဖိုးကိုလေး
ကိုလေးစားတဲ့လူတိုင်းဟာ ကိုယ့်ထက်တော်သူ ကိုယ့်ထက်
အစွမ်းအစရှိသူ ကိုယ့်ထက်မြင့်မြတ်သူတိုင်းကို မှတ်တမ်းတင်
ဂုဏ်ပြုလေ့ရှိကြပြီး သူတို့ အတွက်နေ့ ထူးနေ့ မြတ်တွေသတ်
မှတ်ပေးလေ့ရှိတယ် ဘာသာရှိသူ ဘယ်သူမဆို ကိုယ့်ဘာသာ
ရဲ့ရက်မြတ်တွေအလေးထားကြတယ် ဒီဘာသာကို ဘယ်သူက
လုပ်တာလဲ အသိတရားကြီးမားတဲ့ မြင့်မြတ်တဲ့လူကလုပ်တာ။
ဥပမာ ဗုဒ္ဓက ဓမ္မဒိန္နာ ကိုတရားထူးတရားမြတ်ရတဲ့နေရာမှာ
ဧတကဒ် ဆိုတဲ့ဘွဲ့ ကို အမျိုးသမီးဖြစ်လင့်ကစား ဆုအဖြစ်ပေးခဲ့
တယ် ။မြန်မာအမျိုးသမီးတွေမှာ ထက်မြတ်လာရင် ထိပ်တန်း
ရောက်လာရင် ဘယ်လိုပင်ဖိထားလို့ မှမရနိုင်တာတော့ ရဟန်း
တွေကိုတောင်စာဝါ ချပေးနိုင်တဲ့ သံဗျဉ် မင်းသမီး ဆိုတာ သူ့ 
ထင်ရှားမှု ကိုဘယ်ဘာသာရေးအ၀န်းအ၀ိုင်းကမှ မီးမှောင်ချ
ထားလို့ မရပါဘူး ခု မျက်မှောက်မြန်မာပြည်မှာ တခေတ် မှာ
တစ်ယောက်သာပေါ်ထွက်ခဲ့တဲ့ခေါင်းဆောင်မြတ်ဟာ အမျိုးသမီး
ဖြစ်တဲ့အပြင် အမျိုးကောင်းသမီး ဒေါ်အောင်ဆန်းစုကြည် သူမ
ရဲ့ ကိုယ်ရည်ကိုယ်သွေး ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်မှုက
လက်တွေ့ အနားမှာ လေ့လာသူမဆိုထားနဲ့  နိုင်ငံတကာက
ကမ္ဘာ့ခေါင်းဆောင်တွေတောင် မအံ့သြ မချီးမွမ်းပဲ အသိအမှတ်
မပြုပဲ မနေနိုင်တာကို စစ်အုပ်စုက မရှုစိမ့်နိုင်ပဲ မြန်မာနိုင်ငံအမျိုး
သမီးများနေ့ ဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ကို အသိ
အမှတ်မပြုနိုင်တာတွေကို လေသံကြားဖမ်းတရားနာပြီး စစ်အုပ်
စုအကြိုက် မြန်မာနိုင်ငံအမျိုးသမီးများနေ့  ဟာ ဒေါ်စုမွေးနေ့ မဖြစ်
သင့်ရင်ဒေါ်စုထက်မြင့်မြတ်တယ် ပေးဆပ်မှုကြီးတယ် တော်တယ်
ထင်တဲ့ အမျိုးသမီး ကိုတင်မြောက် နိုင်ပါတယ် ကျမကတော့
ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားနဲ့ ပြောရရင် “ဒီမိုကရေစီ
စနစ်ဟာပြည်သူတွေအတွက်အကောင်းဆုံး ဆောင်ရွက်ပေးနိုင်
မဲ့စနစ်လို့ ကျမယုံတယ် ဒီထက်ပြည်သူလူထုအပေါ်ကောင်းကျိုး
ပိုရနိုင်တဲ့စနစ်ရှိရင်လည်း အဲဒီ့စနစ်ကိုကျမတို့ တောင်းဆိုဦးမှုပဲ”
လို့ ပြောခဲ့သလို ကျမ ကလည်း “ဒေါ်အောင်ဆန်းစုကြည် ဆိုသော
အမျိုးသမီးသည်သာလျှင်လက်ရှိမြန်မာ့ အရေးမှာဦးဆောင်မှု
အပေးနိုင်ဆုံးနဲ့ အများပြည်သူ လူထုခေါင်းဆောင်အဖြစ် လက်အခံ
ဆုံးအမျိုးသမီး” ဖြစ်တာကြောင့် မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ကိုသတ်မှတ်တာအဖြစ်သင့်ဆုံးပါ
အကယ်၍ တချိန်ချိန်မှာဒေါ်အောင်ဆန်းစုကြည်ထက် ပေးဆပ်ရဲ
သူ မြင့်မြတ်သူ သတ္တိရှိသူ မြန်မာအမျိုးသမီးတစုံတဦးပေါ်ပေါက်
လာခဲ့လျှင်လည်း သူမကဲ့သို့ သော ဆုများ ထိုက်တန်သည့်သတ်
မှတ်ရက်များကို သမိုင်းကြောင်းနဲ့ခေတ်ရေစီးကြောင်းက ပေးလာပါ
လိမ့်မယ် ဒီအချိန်ဒီအခါမှာတော့ လက်ရှိ ပရတ်မတ် တရားကို
မငြင်းဆန်ကြပဲ ဂုဏ်ပြုထိုက်သူကိုဂုဏ်ပြုရမယ်ဆိုတဲ့မင်္ဂလာတရား
ကို ဒို့ မြန်မာတွေ တို့ မြန်မာပြည်သားတွေ လက်ခံကြပါစို့ လား ။။။
ပုဂ~ိုလ်ရေးကိုးကွယ်မှုလုံးဝမရှိခဲ့တာNLDလူငယ်တွေအသိပါ
မေအိခင်(လယ်ဝေး)

Tuesday, June 17, 2008

မွေးနေ့ လက်ဆောင်ကဗျာ

လူထုခေါင်းဆောင် အတွက် (၆၃)နှစ်ပြည့်မွေးနေ့ လက်ဆောင်ကဗျာ











မပြောင်းမနွဲ့ 
မပဲ့ မကြွေ
တဝေေ၀ နှင့်
အခြေတင့်စွာ
လေးနက်စွာပင်
ပြည်သူရည်မှန်း
ဒီမိုလမ်းကို
အရောက်လှမ်းဖို့ 
ဇွဲမာန်နဲ့ ချီ
ပေးဆပ်နေသည်
ဖခင်ခြေလှမ်း
ထပ်ချပ်လှမ်းသည့်
သူရဲကောင်းပီသပါပေ၏ ။

မေအိခင်(လယ်ဝေး)

KHUN MYINT TUN ( MP)

သထုံအမှတ်(၁)ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်မြင့်ထွန်းအမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်တာဝန်ခံ ခွန်မြင့်ထွန်း ဘူမိဗေဒကျောင်းသား
ကိုခွန်မြင့်ထွန်း သထုံမှာဒူးရင်းသီးရောင်းခဲ့တာကိုဂုဏ်ယူစွာနဲ့  ငတို့ ကဒူးရင်း
သီးရောင်းခဲ့တာဟ လို့ ရိုးသားစွာပြော တဲ့ ခွန်မြင့်ထွန်း သူ ပြည်ပရောက်လာ
ပြီး သူနဲ့  လူငယ်ခေါင်းဆောင်ကိုတိုးလွင် လွတ်မြောက်နယ်မြေကို ရှောင်တိမ်း
လာကြပြီ သိသိ ချင်း ကျမမျက်ရည်စို့ ပါတယ် အထဲကလူငယ်တွေသိတ်အား
ထားလေးစားကြသလို လှုပ်ရှားမှုပိုင်းဆိုင်ရာ ငြင်းခုန်မှု ဗဟို တိုင်း နဲ့မြို့ နယ်
လူငယ်ခေါင်းဆောင်ခြင်းသဘောထားကွဲလွှဲမှုရှိတိုင်း အလယ်ကနေ နှစ်ဖက် သုံးဖက် ဆိုဒ် အားလုံးက သူ့ သဘော အပေါ်မှာအားလုံး လက်ခံလိုက်တာ
ကြည့်ပါပဲ ဟုတ်တယ်ကိုခွန်ကြီးဆုံးဖြတ် ကိုခွန့်  အဆုံးအဖြတ်ကို ကျနော် ကျမ
တို့ လက်ခံမယ် ဆိုတာ အလုပ်လုပ်တဲ့ Active ဖြစ်တဲ့ လူငယ်အားလုံးရဲ့ တစ်သံ
တည်း ဖြစ်နေကျအစဉ်အလာပါ ။ ဒီလိုပဲ အသက်ငယ်ရွယ်တဲ့အမတ်ဖြစ်ပေမဲ့
ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး ဦးကြည်မောင် ဦးအောင်ရွှေ တို့ ကိုယ်တိုင်
ခွန်မြင့်ထွန်းရဲ့ ပေးဆပ်မှုနဲ့ ကိုယ်ကျင့်သိက္ခါကို သိတ် သဘောကျကြပါတယ်။
ကိုခွန်မြင့်ထွန်း ဆိုတဲ့နာမည်ကြားရင် လူကြီးလူငယ်လေးစားပြီးသားပါ .ဘယ်
အဖွဲ့ ဝင်အပေါ်ကိုမှ ကိုယ်ရှိနေတဲ့နေရာ တာဝန်အရှိန် နဲ့ရင့်သီးမောက်မာတာ
အောက်ခြေလွတ်တာမျိုး ခွန်မြင့်ထွန်းဆီမှာ မရှိခဲ့ပါဘူး။
စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ခဲ့တဲ့အမတ်မဟုတ်ပါ သူ့ မှာရိုးသားမှု
သတ္တိရှိရှိ ရှေ့ကနေရင်ဆိုင်တက် မှု ဟာ ကျမ သိတဲ့အသက်ငယ်တဲ့လူငယ်အ
မတ်ထဲမှာတော့ ရှားမှရှားပါပဲ ။ သူ့ မှာ အဆင်သင့်မဖြစ်မှုကတော့ အင်္ဂလိပ်
စကား ပိုင်နိုင်စွာမပြော နိုင်သေးမှုနဲ့  နိုင်ငံရေးသမား တော်လှန်ရေးသမားတွေ
အတွက် စစ်အုပ်စု က လုံးဝ ခွင့်မပြုတဲ့ (ခြွင်းချက် အနည်းငယ်သာရှိ) တဲ့
ပတ်စပို့ (စ်) မရှိသေးတာက မရှိလာခဲ့တာကလွဲရင် ခွန်မြင့်ထွန်းဆိုတာ သမိုင်း
ကလက်ကိုလက်ခံရမဲ့ ပြည်ပရောက်လွှတ်တော်ကိုယ်စားလှယ်များကြားက ရှား
ရှားပါးပါး ထဲက တစ်ယောက်ပါပဲ။။ဒါ့ကြောင့် မသိတဲ့သူတွေကျော်သွားမှာစိုးတဲ့
အတွက် တိုက်ရဲ တော်လှန်ရဲတဲ့သူများ ပြည်သူ့ရှေ့က တကယ်ရပ်တည်တဲ့ပြည်
သူ့ ကိုယ်စားလှယ်အစစ် ပအို့ တိုင်းရင်သား ကိုခွန်မြင့်ထွန်း နဲ့ ပူပေါင်းပြီးတိုက်ပွဲ
ဝင်ဖို့  မမေ့ကြဖို့ ကိုကျမ ပို့ (စ်)၀င်ဖက်သူတိုင်း သိနိုင်ဖို့ တင်ပြလိုက်ပါတယ်။။

၁၇-၆-၂၀၀၈
အင်းစိန်လူငယ်

Federation of Trade Unions – Burma

International Labor Conference Seeks Urgent Measures to Address Crisis in Irrawady Delta
June 14, 2008
Delegates to the International Labor Conference (ILC) yesterday urged the International Labor Organization (ILO) to undertake urgent new measures to address the persistent and flagrant human rights violations committed by the Burmese military regime against the citizens of Burma.
In a statement released today, the ILC expressed its "deep horror" at the "regime depriving its own citizens of humanitarian assistance required for their very survival following cyclone Nargis in May 2008."
Noting the "tragic history of human and labour rights violations and, in particular, gross breaches of the Conventions on Freedom of Association (No. 87) and Forced Labour (No. 29) by the Government of Burma/Myanmar," the ILC requested that the Governing Body of the ILO approve three emergency measures for Burma. Under the requested measures, the ILO would:

1) Support new ILO programs in the Irrawady delta region;
2) Increase the financial and human resources provided to the ILO office in Burma; and
3) Convene an immediate meeting of ILO and ASEAN leaders to develop reconstruction programs for the Irrawady delta region and to ensure all reconstruction efforts are implemented in accordance with basic human rights and labor rights standards.
Reports from survivors living in the Irrawady delta region provide evidence that the military regime is using forced labor in reconstruction efforts, forcing survivors to work in order to receive humanitarian assistance.

For additional information, please contact:
ThanlwinTel: +66 (0) 865370951

Monday, June 16, 2008

ဒါန မှု ကို မုဒိတာမပွါး နိုင်သည့်စစ်အုပ်စု

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူတဦးက “တယောက်ပြီး တယောက် အဖမ်းခံနေရလို့ အဲဒီလုပ်ငန်းကို ကျနော်တို့ ခဏဆိုင်းထားပါတယ်။ နောက်ဆုံး အသုတ်အနေနဲ့ လပ္ပတ္တာကို ဦးအောင်လွင် ဦးဆောင်ပြီးသွားလှူတာ မနေ့ညက ပြန်လာခဲ့ပြီ။ တဘက်က (အာဏာပိုင်က) ကိုင်တွယ်တာတွေက သိပ်ကြမ်းတယ်လေ … တယောက်တလေမှာ သူတို့မကြိုက်တာရှိရင် အကုန်လုံး တနွယ်ငင် တစင်ပါ ဖြစ်သွားမှာ ဆိုးရိမ်တယ်။ အဲဒါကြောင့် တိုင်ပင်ပြီးရပ်လိုက်တာ၊ အလှူရဖို့လည်း မကြိုးစား တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာဂစ်အမည်ရှိ အင်အားကြီး မားသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခိုက်ခဲ့ရာ အသက်ပေါင်းတသိန်းကျော်ဆုံးရှုံးခဲ့ပြီး လူသန်းချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကြေညာခဲ့သည်။မုန်တိုင်းတိုက်ခတ်ပြီးနောက် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့သည် စာပေနှင့် ရုပ်ရှင်အသိုင်းအ၀န်းရှိ လုပ်ဖော်ကိုင်ဖက် များအပါအ၀င် လူမှုကယ်ဆယ်ရေးလုပ်ကိုင်လိုသူများနှင့် ပူးပေါင်းကာ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။အာဏာပိုင်တို့က ဇွန်လ ၁၃ ရက်နေ့က ကိုဇော်သက်ထွေးအား မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ပြီး ကိုဇာဂနာအား ယခုလ ၄ ရက်နေ့ညတွင် ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကိုဇော်သက်ထွေးအား ရန်ကုန်မြို့ အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားကြောင်းကို မိသားစုမှတဆင့် စုံစမ်းသိရှိရသည်။ ၎င်းတို့ ၂ ဦးကို မည့်သည့်အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အာဏာပိုင်တို့က မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိပေ။၎င်းတို့ ၂ ဦးသည် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်အတောအတွင်း အကူပစ္စည်းများအား အာဏာ ပိုင်အဖွဲ့အစည်းများက အလွဲသုံးစားပြုလုပ်ပုံနှင့် ဝေးလံသီခေါင်သည့် ရွာများရှိ လေဘေးဒုက္ခသည်များ ကူကယ်ရာမဲ့နေပုံ များကို လွတ်လပ်သည့်သတင်းဌာနများအား ပြောဆိုခဲ့ရာ ယင်းလုပ်ရပ်များကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက သုံးသပ်ကြသည်။“ကျနော်တို့ကတော့ အမျိုးသားရေးအမြင်နဲ့ ကူညီရတာပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်လိုက်ရပေမယ့် ကျနော်တို့က တဆင့် လှူဒါန်းချင်တဲ့ အလှူရှင်တွေရှိပါသေးတယ်။ လေဘေးဒုက္ခသည်တွေမှာလည်း အကူအညီ လိုအပ်နေဆဲပါ” ဟု ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သူက ပြောသည်။

PRESS CONFERENCE OF THE MEMBERS OF PARLIAMENT APPEALING THE INTERNATIONAL COMMUNITY TO INTERVENE FORCEFULLY AND SAVE THE NARGIS CYCLONE VICTIMS

နိုင်ငံတကာကယ်ဆယ်ရေးတပ်ဖွဲ့ များ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ 
အမြန်ဆုံးအင်အားသုံးဝင်ရောက်နိုင်ရန် နှင့် မြန်မာစစ်ခေါင်းဆောင်များအား
နိုင်ငံတကာတရားရုံးသို့  ဖမ်းဆီးပို့ ဆောင်ရန်တင်ပြတောင်းဆိုခြင်း
နှင့်ပတ်သတ်သည့်စာမျက်နှာကိုးမျက်နှာ
ရှိကြေညာချက် ဇွန်လ (၁၆) ရက်တွင်
ထွက်ရှိလာသည်။ ကျမ ဘလော့တွင်တင်ရန်
မကျွမ်းကျင်သဖြင့် အီးမေး(လ်)ရှိသည့်
ရဲဘော်အားလုံးအားပို့ ထားပါသည် ။။။
လေ့လာလိုသည့် ဆန္ဒရှိက အီးမေးအမည်
ပို့ ပေးပါရန်လေးစားစွာ အသိပေးပါသည်။။
ဤကြေညာချက်အား မိမိ အပြည့်အ၀ထောက်ခံပြီး အမှန်တကယ် လုပ်သင့်သည့်အလုပ်ဖြစ်ကြောင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
မြို့နယ်လူငယ်ခေါင်းဆောင်တာဝန်ယူခဲ့သူ တစ်ဦး အနေနှင့် အတည်
ပြုထောက်ခံသလို ပြည်တွင်းရှိဒီမိုကရေစီအင်အားအများစု၏ဆန္ဒမှန်
ဖြစ်ကြောင်းကိုလည်း မဟာမိတ်ရဲဘော်များအား လက်ဆင့်ကမ်းအသိ
ပေးပါသည်။။
အိရွှေစင်

Women's day of Burma and Daw Aung Sau Suu Kyi's Birthday

ပြစ်မရှိပြစ်ရှာ
လမင်းကိုခွေးဟောင်လို့ 
ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျှက်ပင်သာ
မြရွှေဂူ ပတ္တမြားကိုလ
ဝက်မျာက ငြူစူစွာ
ညွှန်လူးကာ တိုက်နှဲ
ပွတ်လေလေ ရွှေဂူမှာအရောင်ထွက်တယ်
ရှေးကထက်ကဲ
(ရှေးစာဆို)

Sunday, June 15, 2008

FOR THE LEADERS

မဲဇလီပင်အောက်
ပေါက်ပါတဲ့ရွှေတမာ
ခါးချက်ကနာ
ရေစီးရယ်တခါ
ရေသာရယ်တလှည့်
သူများလို ဒို့ မရိုင်းတယ်
တိုင်း သိပါရဲ့  ။။
ရှေးစာဆို
(ခေါင်းဆောင်များ အတွက် နာကျဉ်းချက်များစွာနဲ့ )



WOMEN'S DAY OF BURMA


မုန်တိုင်းကြားကနှင်းဆီ
မုန်တိုင်းကြားကမွေးဖွါးခဲ့သည် xxxxxxxလူထုခေါင်းဆောင်မည် xxxxxxx သူ့ အဖိုးရယ်
သူ့ အဖေရယ် xxxxxသူ့ အမေရယ် xxx သူ့ ဂုဏ်ဒြပ်က xxxxxxxxx မြန်မာပြည်သူ့ တော်လှန်
ရေး နဲ့ခွဲခြားမရပြီ xxxxxxxxxxဒီမိုကရေစီလူ့ အခွင့်အရေးအတွက် xxxxအကျိုးမဖက်တသန်ချီ
မျိုးဆက်မှန်သည် xxxxxxxxxx သူ့ ဖခင်ဗိုလ်အောင်ဆန်း xxxxxxxxxxxxxxxxxx နဲ့  လူထုသွေးသားဒေါ်အောင်ဆန်းစုကြည် xxxxxxx
ဆုံး ရှုံးခဲ့ တဲ့ လူ့ အခွင့်အရေးနဲ့  ဒီမိုကရေစီရ၇ှိရေးအတွက် xxxxxxxxxxxxxxx

Friday, June 13, 2008

WOMEN'S DAY OF BURMA



ONLY ONE LEADER AMONG ALL BURMESE WOMEN

အလုပ်လုပ်ချင်တဲ့သူဟာ ညွှန်ကြားချက် လာကိုတောင်းနေစရာ
မလိုဘူး ။ NLD ဟာပြည်သူကိုကိုယ်စားပြုထားတဲ့ပါတီမို့  ခုဖြစ်
နေတဲ့ ကျောင်းသားအရေးဟာလည်း သမဂ~ဖွဲစည်းရေး သီးခြား
တောင်းဆိုနေပေမဲ့ ကျောင်းသားအရေးဟာပြည်သူ့အရေးပဲ ။။
ဒီတော့အန်တီတို့ ပါတီဟာကျောင်းသားပြည်သူရှေ့ကမားမားမတ်မတ်
ရပ်ကိုရပ်ရမယ် ။။ ဖေဖေ တို့ လက်ထက်တုန်းက တိုင်းပြည်အတွက်
လူမိုက်အလိုရှိသည် ဆိုတာမျိုး ကိုယ့်ဖာသာတွေးတက်ဖို့ လိုတယ် ။
ညွှန်ကြားချက်လာတောင်းနေကြတာအလုပ်မလုပ်ချင်လို့ ပဲ လို့ အန်တီ
ပြောချင်တယ် ။

မှတ်ချက် ။။ ။။ ၁၉၉၆ ဒီဇင်ဘာကျောင်းသားဆနNပြပွဲနှင့်ပတ်သတ်၍
၃-၁၂-၁၉၉၆ တွင် မြို့နယ်ခေါင်းဆောင်လူငယ်များမှ ကျောင်းသားထု
၏လှုပ်ရှားမှုတွင် ပါသင်မပါသင့်ခေါင်းဆောင်ထံ သွားရောက်မေးမြန်း
ရာ ရွှေဂုံတိုင် ရုံးချုပ်တွင် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
လူငယ်များကိုစုဝေးစေပြီး မှတ်ချက်ပေးခဲ့သောစကားရပ်ဖြစ်သည်။။
(လူငယ်တွေရေ---လုပ်သင့်တယ်ထင်ရင်လုပ်သာလုပ် အမလည်းလူငယ်ဘဝ
တုန်းကဒီလိုပဲမိုက်ခဲ့တယ် အဲဒီ့နေ့ ကကိစ္စနဲ့ထောင်ထဲဝင်လိုက်ရပေမဲ့
အမတို့ တန်ဖိုးတွေဒီ့ထက်မြင့်သွားတယ် သတ္တိတွေဒီထက်တိုးလာတယ်)
ခေါင်းဆောင်စကားခုထိမမေ့ဘူး အမကို တော်လှန်ရဲသူအဖြစ် အင်အားတွေ
ပေးခဲ့တာ ဒီအမေပဲ) ဒါ့ကြောင့်မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်
တဲ့တန်ဖိုးထက်ကြီးတာ ရှိရင် -------------------

အင်းစိန်လူငယ်


သိသင့်ပြီးလုပ်သင့်သည်မှာ


မြန်မာတွေ သူ့ ဆန်စားရင် ရဲရမှာပဲလို့ ပြောလေ့ရှိတဲ့ အစိုးရ၀န်ထမ်း (သို့ )
ပြည်သူ့ ဝန်ထမ်းများ သိသင့်သည်မှာ
ရှစ်လေးလုံးကာလကစလို့ စစ်အုပ်စုကိုတော်လှန်ဆန့် ကျင်ကြတဲ့ အရေးတော်ပုံတွေ
လူထုလှုပ်ရှားမှု ကျောင်းသားအလုပ်သမား လှုပ်ရှားမှု အမျိုးမျိုးပေါ်ပေါက်ခဲ့ရာမှာ ရှစ်လေးလုံး
ကလွဲရင် အစိုးဝန်ထမ်း တနည်းအားဖြင့် ပြည်သူ့ ဝန်ထမ်းတွေဟာ စစ်အုပ်စုကို မကြိုက်ကြ
မကြေနပ်ကြပေမဲ့ ကျောင်းသားထုလိုပြောင်ပြောင်တင်းတင်း မဆန့် ကျင် ရဲကြဘူး။အများအား
ဖြင့် ကျမ အသိမိတ်ဆွေထဲကအရာ၇ှိ နဲ့အဆင့်မြင့်ဝန်ထမ်းတွေ အမြဲသုံးစွဲ တဲ့စကားရပ်
အကြောင်းပြချက်ကတော့ သူ့ ဆန်စားရင် ရဲရမှာပဲတဲ့ လေ မှားနေတယ် အသုံးအနှုန်းရော
အဖြစ်မှန်ရော ပါမှားနေတယ်ဆိုတာ ပြည်သူ့ ဝန်ထမ်းတွေပြန်စဉ်းစားသင့်ပါတယ် ။။
သူ့ ဆန် မဟုတ်ပါ ကိုယ့်ဆန်ကိုယ်စား နေတာဖြစ်တဲ့အပြင် ကိုယ့်ဆန်ကို သူတို့  စစ်အုပ်စုတို့ 
ကသာလုယူစားသောက်နေတာပါ ။ အပြင်ပုဂ~လိက၀န်ထမ်းကရော ဘာလို့ မကြေနပ်ရင်
စက်မှုဇုံတွေမှာဆနN မကြာခဏ ဆိုသလို ထပြ အလုပ်တွေအပြုတ်ခံနေကြတာလဲ ။
နိုင်ငံတကာက ရင်းနှီးမြုတ်နှံမှုတွေနဲ့ အတူ အင်မတန်ဆိုးတဲ့ အရင်းရှင်တွေတောင် နိုင်ငံ
တကာက အသိအမှတ်ပြုထားတဲ့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်စံချိန်စံညွှန်းတွေကို သိပြီးသား
ဖြစ်တဲ့အခါ မြန်မာစစ်အစိုရကိုယ်တိုင်ကမြန်မာအလုပ်သမားထုကိုနှိမ်ထားပင်ငြားသော်လည်း
ပိုးစိုးပက်စက်လုပ်ရမှာအင်မတန်မှသတိထားလာတဲ့အခါ စက်မှုဇုံဝန်ထမ်းတွေဟာ နည်းနည်း
ပါးပါး အမြင်ကျယ်လာကြတယ် တိတ်တဆိတ်လှုပ်ရှားနေတဲ့ အလုပ်သမား အဖွဲ့အစည်းတွေရဲ့
ပညာပေးမှု လည်းပါဝင်တာပေါ့ ။။
ဒီတော့ စစ်အုပ်စု လက်အောက်ကအစိုးရပိုင်(အစိုးရသိမ်း) ၀န်ထမ်းတွေကဘောင်တွေ
ခပ်ထားတဲ့ အနားသပ်မျဉ်းတွေကြားမှာ အမှန်ကိုမမြင်ပဲ ကိုယ်ဆန် ကိုယ်စားနေတာကိုပင်
သူ့ ဆန်စားရဲရ မည်ဟုဆိုနေဦးလျှင် ခု အရေခွံအလဲခံရတဲ့ အမေရိကန် နိုင်ငံ နယူးယောက်က
သံအမှတ်ကြီးဟာသူ ဘယ်သူ့ ဆန်ကိုစားတာလဲ ကောင်းကောင်းကြီးသိသွားတာကြောင့်
နာဂစ်ရဲ့အမှန်တရားကိုသက်သေထားကာကိုမျိုးပို့ ပေးလိုက်တဲ့ ဒီစာရွက်အထောက်အထားကို
ကိုးကားပြီးကျမတင်ပြချင်တာကတော့ ငါတို့ ကတော့သူခိုင်းရင်လုပ်ရမှာပဲ သူဆန်စားနေတာပဲ
ဆိုတဲ့ လွှဲမှားတဲ့ကြောက်စိတ်တွေပြင်ပြီး သားမြေးမြစ်တွေနဲ့  တိုင်းပြည်အနာဂတ်ကောင်းဖို့ 
ကိုယ့်ဆန်ကိုကိုယ် ၀ ၀ လင်လင်စားပြီးစစ်အုပ်စုရဲ့မတရားမှုကို ရဲရဲတင်းတင်း ဆန့် ကျင်
ကြဖို့ ကျမ တိုက်တွန်းလိုက်ပါတယ်။။
မေအိခင်(လယ်ဝေး)

Thursday, June 12, 2008

Women's day of Burma and Daw Aung Sau Suu Kyi's Birthday

ONLY ONE LEADER AMONG ALL BURMESE WOMEN
မြန်မာနိုင်ငံအမျိုးသမီးများနေ့  ၁၉-၆-၂၀၀၈

· မြန်မာအမျိုးသမီးတွေအတွက်ပြောင်မြောက်တဲ့သတ္တိတွေကိုမွေးပေးခဲ့တဲ့ သူ
· ကျမတို့ တတွေကို သာမာန်အညတြ မီးဖိုချောင်ထဲက အိမ်ထောင်ရှင်မဘဝ
ကနေ တော်လှန်ရေးသမား နိုင်ငံရေးအကျဉ်းသူဆိုတဲ့ ပညတ်တွေတပ်နိုင်တဲ့
ရဲစွမ်းသတ္တိမြှောက်များစွာကိုကျမတိုနှလုံးသားထဲအရောက်သံမှိုစွဲသလိုသူမရဲ့
ပေးဆပ်ခြင်းကစံပြအဖြစ်ရှေ့တန်းကနေဦးဆောင်မှုပေးနိုင်ခဲ့သူ
· ဒါတင်မက စကားလုံးရွေးချယ်စရာဝါကျ ရှာမရလောက်အောင် ပြည်သူတွေ
အတွက် သူမဘ၀ အလုံးစုံကို ပေးဆပ်စွန့် လွတ်ထားသူ
· လူငယ်မျိုးဆက်သစ်တွေ တိုင်းပြည်အတွက်ဘယ်လောက်ထိအရေးပါလဲဆို
တဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေကို အသိအမှတ်ပြုတန်ဖိုးထား ပြီး
တိုင်းရေးပြည်ရေးအတွက် စိတ်ဝင်စားပြီး ပြည်သူဖက်က ရပ်တည်ရဲတဲ့သတ္တိ
စွန့် လွှတ်စွန့် စားရဲ တဲ့ သတ္တိတွေကို အစဉ်တစိုက် မွေးဖွါးပေးခဲ့တဲ့သူ
· လက်နက်အားကိုးနဲ့ ပြည်သူအပေါ်လက်ဝါးကြီးအုပ် အနိုင်ကျင့်ရဲတဲ့စစ်အုပ်စု
တကမ္ဘာလုံးကိုပင်ပတ်လိမ် ရဲတဲ့စစ်အုပ်စုသည်ပင်လျှင် သူမရဲ့ ရဲစွမ်းသတ္တိ နဲ့ 
အရည်အချင်းကိုကြောက်လန့် နေခြင်းသည်ပင်လျှင် သူမရဲ့ စွမ်းရည်သတ္တိ
မြန်မာအမျိုးသမီးထုထဲတွင် အနှိုင်းမရှိ ဆိုသည်မှာထင်ရှားလှသည်။။
· ကမ္ဘာတ၀ှမ်းလုံးရှိအမှန်တရားကိုမြတ်နိုး တန်ဖိုးထားသူမှန်သမျှ အာဏာရှင်
လက်အောက်က တိုက်ပွဲဝင်ခဲ့ကြရသော တော်လှန်ရဲသူ သူရဲကောင်း မှန်သမျှ
မလေးစားပဲအားမထားပဲ မနေနိုင်လောက်အောင် ပေးဆပ်စွန့် စားခြင်းများစွာ
နဲ့အတူသူရသတ္တိ အင်မတန်မှကြီးမြတ်လှတဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်
ချုပ်အောင်ဆန်းရဲ့ သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ 
အခါသမယမှာ ကျမတို့ မြန်မာအမျိုးသမီးများရဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ 
ရယ်လို့  သတ်မှတ်မှု ဟာ ကျမတို့ မြန်မာနိုင်ငံသား အားလုံးအတွက် အင်မတန်
မှ ဂုဏ်ယူ စရာပါ ။ ပူဇော်ထိုက်သူ ကိုပူဇော်တာ မင်္ဂလာတရားပါ ။။
· ဒါ့ကြောင့်
လာမဲ့ ဇွန် ၁၉ ရက် နေ့ မှာ ကျမတို့ မြန်မာအမျိုးသမီးများရဲ့ နေထူးနေ့ မြတ်ဖြစ်
တာကြောင့် သက်ဆိုင်ရာဘာသာအသီးသီးက ကောင်းမှုကုသိုလ်တွေ ပြု ပြီး
တော့ နှစ်စဉ်ကျင်းပ မြဲ အထိမ်းအမှတ် ပွဲ ကျင်းပကြရအောင် နော်
တို့ အမျိုးဇာတိက ဘုန်းကြီးခဲ့တာယုံကြည်

မေအိခင် (လယ်ဝေး)

Wednesday, June 11, 2008

Women's day of Burma and Daw Aung San Suu Kyi's birthday


Only one leader among all Burmese women.

ယဉ်ကျေးပျူငှာတဲ့နှလုံးသားပိုင်ရှင်ဖြစ်ဖို့ ရာ

တနေ့ မှာစာရေးဆရာမတစ်ယောက် သူ့ စာအုပ်အတွက်အချက်အလက်တွေစုဆောင်းမည့်
ရည်ရွယ်ချက်နဲ့ အလွန်ဝေးလံခေါင်သီတဲ့ဒေသတစ်ခုကိုခရီးထွက်လာခဲ့တယ်။ လမ်းမှာဒေသခံ
အမျိုးသမီးကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားပြီး အဲဒီ့အမျိုးသမီးကြီးကဖိတ်ခေါ်လို့ သူ့ အိမ်
မှာတစ်ညလိုက်အိပ်ဖြစ်တယ်။။
အိမ်ကတောင်ကုန်းပြောင်ပြောင်ကွင်းပြင်ထီးထီးမှာ တဲအိမ်ကလေး တစ်လုံးပါ ။ အမျိုးသမီးရဲ့
ခင်ပွန်းကတော့အပတ်စဉ်ဈေးပွဲတော်ကို ညအိပ်ခရီးသွားနေတဲ့အတွက် သူတို့ နှစ်ယောက်
အဖေါ်ရတာပေါ့ ။ အဲဒီ့အချိန်မှာ ရာသီဥတုကအရမ်းဆိုးတယ်။ မိုးသက်လေပြင်းတွေအမြဲကျ
နေတက်ပြီး ပါတ်ဝင်းကျင်တခုလုံးစိုစွတ်ထိုင်းမှိုင်းနေတာပေါ့ ။။
အဲဒီ့ညနေဖက် သူတို့ နှစ်ယောက်ရောက်သွားတော့မှောင်နေပြီ ။ အဲဒီ့အချိန်မှာလေပြင်းတွေ
တိုက်ပြီး မိုးကြီးလေကြီးကျလာပါလေရော။ လျှက်စစ်မီးကလည်းမှိတ်တုပ်မှိတ်တုပ် နဲ့နောက်
ဆုံးမီးပျက်သွားတယ်။ဖရောင်းတိုင်မီးလေးထွန်းပြီး အိမ်ရှင်အမျိုးသမီးကြီးက ထင်းမီးဖိုနဲ့
မီးမွှေးနေတုန်း အိမ်တံခါးခေါက်သံကြားလို့ အိမ်ရှင်အမျိုးသမီး တံခါးသွားဖွင့်ပေးတယ် ။။ ။
အိမ်ထဲကိုအသက် (၁၂) နှစ်လောက်အရွယ်ရှိတဲ့ကောင်လေးတစ်ယောက်ဝင်လာတော့
အမျိုးသမီးကြီးကကောင်လေးရဲ့ မိုးရေတွေစိုနေတဲ့ဦးထုပ် နဲ့ ဂျာကင်အကျီင်္လှမ်းယူပြီး တိုင်မှာ
ချိတ်ထားလိုက်တယ် ။ ကောင်လေးက ပိန်လှီတဲ့အပြင် ခြေတစ်ဖက်ကဆိုးဆိုးဝါးဝါးဆာနေတဲ့
ထော့ကျိုးလေးဖြစ်နေတယ်။။ အဖေကဒေါ်ဒေါ့်အိမ်ကိုလှမ်းဖုန်းဆက်သေးတယ်။ဖုန်းဆက်
လို့ မရလို့ တခုခုများဖြစ်နေမလားဆိုပြီး ကျနော့ ကိုလွှတ်လိုက်တာ
ကျေးဇူးတင်ပါတယ်ကွယ် ဆိုပြီး အိမ်ရှင်အမျိုးသမီးကစာရေးဆရာမ နဲ့မိတ်ဆတ်ပေးတယ်
အပြင်ဖက်မှာတော့လေကပိုပြီးပြင်းသည်ထက်ပြင်းလာလို့ ပြူတင်းပေါက်တွေတောင်တဂျိုင်း
ဂျိုင်းမြည်နေတယ် အဲဒီလိုလေပြင်းတိုက်တာကိုစာရေးဆရာမက သိတ်သဘောကျကြောင်း
ပြောတော့ ကောင်လေးကဒေါ်ဒေါ် မကြောက်ဘူးလားလို့ မေးတယ် မကြောက်ပါဘူး လို့ 
ပြန်ပြောတော့မည့်ဆဲဆဲ ဘာကိုမှ ကြောက်ပုံမရတဲ့ အိမ်ရှင်အမျိုးသမီးကြီးက
သူကြောက် တာပေါ့ ဒေါ်ဒေါ်လည်းကြောက်တာပဲ ဒါပေမဲ့အခု ဒို့ မှာ ယောင်္ကျားလေး
တစ်ယောက်ရှိနေပြီလို့ ဝင်ပြောလိုက်တယ် ။။။ ခန လောက်ငြိမ်သက်သွားပြီး ကောင်လေးက
ကျွန်တော်တံခါးတွေသေချာရဲ့လား သေချာသွားစစ်လိုက်ဦးမယ်ဆိုပြီး လက်ကလေးကားကား
ခြေထော့ကျိုးလေးနဲ့လျောက်သွားတယ် ။။။။
ကြည့်စမ်းပါ အင်မတန်ကြင်နာတက်တဲ့ယဉ်ကျေးပျူငှာတဲ့ နှလုံးသား ပိုင်ရှင်အမျိုးသမီးကြီးက
ခြေတစ်ဖက်မသန်ရှာတဲ့ကောင်ကလေးတစ်ယောက်ကိုကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု
တွေ ယောင်္ကျားကြီး တစ်ယောက်လိုရဲဝံ့စိတ်တွေ နှလုံသားထဲအရောက် တည်ဆောက်ပေး
လိုက်တာ ယဉ်ကျေးပျူငှာတဲ့နှလုံးသားက သူတစ်ပါးရဲ့ မိမိကိုယ်ကိုယ် မိမိ လေးစားတန်ဖိုး
ထားတဲ့စိတ်ကိုကာကွယ်ပေးတယ် ။ ကြီးထွားစေတယ် ။ သူ့ ရဲ့ငါဆိုတဲ့စိတ်ကလေးကိုတည်
ဆောက်ပေးတယ်။
လူတွေဟာအလုပ်တွေများလွန်းလို့  ပတ်ဝန်းကျင်ကိုဂရုမပြုပဲ ကိုယ့်ကိုယ်ကိုယ် ဂရုပိုစိုက်
လေ့ရှိကြတော့ တစ်ဖက်သားရဲ့လိုအပ်ချက်ကိုလှစ်လှူရှုမိပြီး မေတ္တာတွေ ယဉ်ကျေးပျူငှာတဲ့
နှလုံးသားတွေ တိမ်မြုတ်နေတက်တယ်။။
ယဉ်ကျေးပျူငှာတဲ့နှလုံးသားရဲ့ အဓိကအကျဆုံးလက္ခဏာကတော့ သူတစ်ပါးရဲ့ခံစားချက်ကို
အလွန်သိတက်နားလည်ခြင်းပါပဲ ။

မေအိခင်(လယ်ဝေး)

သူတပါးရဲ့အရည်အချင်းအစွမ်းအစကို အသိအမှတ်ပြုမြှင့်တင်ပေး နိုင်ဖို့  ဥရောပရောက်နေတဲ့
အကိုတစ်ယောက်က ကျမကိုအသိပညာပေးအနေနဲ့ ပို့ လိုက်တဲ့ ၀ထ္ထုတိုလေးပါ။ မျှဝေခံစားနားလည် နိုင်ဖို့  ပို့ (စ်) တင်လိုက်ခြင်းဖြစ်ပါတယ်။

NLD (Statement) 10-6-2008











Monday, June 9, 2008

Rangoon City Side Current Position


Rangoon City Side Condition

'' ပြိုင်တူတွန်းလျှင်ရွေ့ နိုင်ပါသည်"

မြန်မာတွေ အလှူရေစက်လက်နဲ့ မကွာတဲ့ဓလေ့ကတော့ အထူး ပြော
စရာမလိုပါဘူး ။ ဧရာဝတီတိုင်း ရန်ကုန်တိုင်းနာဂစ် ဘေးအများ
ဆုံးခံလိုက်ရတယ် ဆိုတာနဲ့  ပြည့်စုံတဲ့သူတွေကလည်းပြည့်စုံသလို
မရှိတဲ့သူတွေကလည်းရှိစုမဲ့စု ပေါင်းစုပြီး အဓိကဒုက္ခရောက်ရတဲ့နေ
ရာတွေကို အပြေးအလွှားလှူတန်းကြတယ်။ဒါပေမဲ့အချိန်ကြာလာ
တာနဲ့ အမျှ ၀န်တွေပိပြီး စီးပွါးရေးတွေကလည်းမကောင်းဆိုတော့
သိတ်မလှူတန်း နိုင်ကြဘူး ဒီပုံကိုလေ့လာကြည့်ပါ ဒါ ရန်ကုန်မြို့
ဆင်ခြေဖုန်း မြို့သစ်ထဲ ဆန်လေး အာလူးလေးလှူဖို့ ဝင်လာတဲ့ စစ်
အုပ်စုနဲ့ မသက်ဆိုင်တဲ့ ပြင်ပအလှူပေးမဲ့သူတွေရဲ့ ကား ၀င်တာနဲ ကာ့း
ရပ် ချိန်တောင်မရအောင် အလုအယက် ဆန်တပြည် အာလူး အနည်း
ငယ်ရဖို့ ပြေးလွှားတောင်းယမ်းနေတဲ့ အိမ်ရှင်မတွေရဲ့ ဘ၀ပါ ။။
ဒါ့ကြောင့် NGO တွေနဲ့ ချိတ်ဆက်မှုရှိတဲ့ပြည်ပ ကအလှူရှင် အဖွဲ့ 
အစည်းတွေကို တိုက်တွန်းပါတယ် ဖြစ် နိုင်တဲ့နည်းနဲ့  ဒုက္ခ သည်
တွေဆီအရောက် ပို့ ကြဖို့ ပါ မိမိလည်းတက်အားသရွေ့ ကြိုးစားနေပါ
တယ် ။။ ပြိုင်တူတွန်းရင် ရွေ့ နိုင်ပါတယ် ။

Today life of Rangoon current status.


Saturday, June 7, 2008

DAYDAYE PEOPLE LIFE

စစ်အုပ်စုပြည်သူတွေအပေါ် တာဝန်ယူမှုတာဝန်ခံမှု

ဘယ်လောက်ရှိမရှိသိသာနေပါတယ် ပုဂ္ဂလိကအလှူရှင်တွေကို

မျော်နေရှာတဲ့ဒေးဒရဲက နာဂစ်ဘေးဒုက္ခသည်တွေရဲ့ဘ၀ပါ။

SHWE DAGON VIEW


အတိတ်တဘောင် နိမိတ်ဆောင်သည်

သစ္စာပျက်မင်းတို့ အတွက်

နတ်ဗြဟ္မာပင်ရတက်မအေး

ဝိုင်းဝန်းကန့် ကွက်ပေးနေသည်။။