
Friday, May 30, 2008
Tuesday, May 27, 2008
NLD YOUTH ARE PATRIOTIC (MOVEMENT)
ဒီလိုချီတက်သွားခဲ့ကြတယ်
စစ်ခွေးတွေ ဆွဲ တာခံလိုက်ကြရတယ်
ဒီ့အတွက်ကြောင့် နောက်ထပ်
မျိုးဆက်သစ်လူငယ်တွေ
ဒါ့ထက်ပိုပြီ ချီတက်ကြဦးမယ်တဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်
မြန်ပြည်ကောင်းကျို့း့  အစဉ်သယ်ပိုးဖို့ ထာဝရဦးထိပ်ရည်
အရေးကြီးလို့ သွေးစည်းကြဖို့  ဆန္ဒတွေတူ ညီ
အများအကျိုးမို့  အားတိုးလို့  ဆောင်ရွက်နေပါသည့့် 
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လူငယ် ပေါ်ပေါက်လာပါ သည့့် 
xx x x x x x x x x x
စုစည်းညီညွတ်တဲ့အင်အားတွေ့ ပေါင်းစည်းညီညာသည့့် 
မွန်မြတ်သန့် ရှင်း တဲ့ စိတ်ဓါတ်တွေသည့့်  တို့ မှာ အမြဲရှိသည့့် 
အကြောင်းပြုတို့ ပေါင်းစုကြဖို့ ခေတ်သမိုင်းတာဝန်သည့့် 
အမျိုးသားရေးမို့ အဖွဲ့ ချုပ်လူငယ့့်  ထာဝရ တည်နေမည့့် 
x x x x xx x
အင်းစိန် လူငယ်
NLD YOUTH ARE PATRIOTIC
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် တိုင်းပြည်အတွက်
ပြည်သူအတွက် ။ လူငယ်ပေါင်းများစွာဟာ သူ့ ဂျန်နရေးရှင်းအလိုက်
အစဉ်အလာရှိရှိ ဘ၀တွေကို နည်းပေါင်းဆုံနဲ့ ပေးဆပ်ခဲ့ကြတာပါ ။။
ခုလည်း ခုလိုပေးဆပ် ခဲ့မှုတွေ အရင်ကလည်း ရှိခဲ့ကြပါတယ် ။။
ဒါပေမဲ့ ခုလောက်ကြပ်တည်း တဲ့ စစ်အုပ်စု မတရားဖိနှိပ် နေမှုအောက်
မှာတော့ လမ်းမပေါ်ဘယ်သူထွက်ရဲလဲ ။ ။ ဆိုတဲ့ 
အစဉ်အလာကတော့ လူငယ်လှုပ်ရှားမှုမှန်သမျှ ဘယ်သူ ဘယ်ဝါ ခိုင်း
တာမှ မဟုတ်ပါ ။။ လူငယ် တွေရင်ထဲမှာ အမှန်တရားတွေရှိနေသ၍
တိုက်ရဲခိုက်ရဲ ဆန္ဒပြရဲတဲ့ သတ္တိတွေ သူ့ အချိန်နဲ့ သူ တနေ့ စစ်အုပ်စု
ကို မောင်းထုပ်ပစ်နိုင်မှာပါ ။ဒါ့ ကြောင့် NLD ဟာ ရာဇ၀င်မှာ ပြတိုက်
မဟုတ်ပါ သမိုင်းတင်မဲ့ မော်ကွန်းဝင် လူငယ်မျိုးဆက် အဆက်မပြတ်
နေသ၍ NLD ဟာဇွဲဆု ယူရမဲ့ တော်လှန်ရဲသူတွေစုပေါင်းရာရပ်ဝန်းပါ။။
(မေ ၂၇ နှစ်ပတ်လည်တွင် အဖမ်းခံသွားသော် လူငယ်များကိုဂုဏ်ပြုပါသည်)
အင်းစိန်လူငယ်
FROM NCUB
ဒီလိုနေ့ မျိုး စစ်မှန်တဲ့ လူထုဆန္ဒ ခံယူပွဲ မျိုးခု (၁၈) နှစ်ပြည့်ခဲ့ပြီ ။ ရလဒ်ကဘယ်မှာလဲ
Monday, May 26, 2008
Thursday, May 22, 2008
Wednesday, May 21, 2008
Before UN general secretry arrived

ဇာတ်တိုက်သကဲ့သို့ အသင့်ပြင်နေသဖြင့်
ဧရာတိုင်းသားတွေရဲံဘဝ
ကြံဖွတ်တွေက အတင်းထည့်ခိုင်းတာ
၂ ရက် စောင့်ကြည့်တာ၊ ပြန်ထွက်တာ လုံးဝ မတွေ့ရဘူး။။
ဒါ့ထက်ဆိုးတဲ့အခြေအနေဆိုးတွေလည်း အများကြီးရှိနေပါတယ်
မစ္စတာဘန်ကီမိုးကိုမေတ္တာရပ်ခံချင်တာကတော့ 
ဒုက္ခသည်တွေရဲ့အထောက်အပံ့တွေကိုတောင်တပ်ရိက္ခါအဖြစ်သိမ်းကြုံး
ဓါးပြ တိုက် ခိုးဝှက်နေတာ ပြည်သူကို ကြည့်ရှုပါတယ်ဆိုတဲ့မုသားတွေကိုယုံပြီး တွေဝေမသွားဖို့ ပါဘဲ ။။ ။။
Monday, May 19, 2008
for the comrade
သူငယ်ချင်းမ နှင့် ရဲဘော်ညီမလေး
ငယ်သူငယ်ချင်းနဲ့
ညီမလေးရေ့ 
ခုချိန်ခါ
စစ်ကိုင်းလမ်းကိုဆိုနေသလား
ရည်ရွယ်ချက် မပျက်ကြစေနဲ့ ရယ်လို့ အော်နေသလား
ဒါမှမဟုတ် သူငယ်ချင်းမင်းကတော့
အသံကြီးကြီးနဲ့ 
ကျေးဇူးပဲ အချစ်ရေ လို့ ဟစ်နေဦးမှာ အသေအချာပါ
စိတ်ညစ်ညစ် ပျော်ပျော်
သီင်္ချင်းတွေကတော့ မင်းတို့ ငါတို့ ရဲ့အဖေါ် ဖြစ်ခဲ့တယ်လေ့ 
ငါလည်း လွတ်မြောက်တယ်ဆိုတဲံ့နေရာလေးမှာ
နေသာနေရ မင်းတို့ လိုဘ၀ပါပဲကွာ
စိတ်စေရာ လူမပါရ
စိတ်စေတနာ ဝေဒနာ ခံရနဲ့ 
ငါလေ အမှန်တကယ် နောင်တရနေတယ် သိလား
ဝင်ဝင် ထွက်ထွက် ငါတို့ အတွက် ကျောမချမ်းတက်တော့တဲ့
အကျဉ်းထောင်ကိုငါပြန်သတိရ
ငါ့ လုပ်ရပ်တွေတော့ လူဆန်နေသေးတယ် သူငယ်ချင်းတို့ ရေ
အမှန်တကယ်တော့
သစ္စာဖောက်ခဲ့တဲ့ ငါ့ခြေထောက်တွေကိုပဲအပြစ်တင်
ကပ်ဆိုးဘေးဆိုးဒုက္ခဆိုးကြားကပြည်သူတွေရဲ့အနား
မရှိနေခဲ့တာ ငါမှားတာပါလားလို့ 
နောင်တတွေရ မင်းတို့ ကတော့ ငါ့ထက်
အများကြီးမြင့်မြတ်တဲ့ဘ၀ မှာ
အကျဉ်းစံနေရရှာလေတော့ 
အင်းလေ ဘယ်ရတက်အေးနိုင်ပါ့ မလဲ
တိုင်းပြည်ကိုချစ်တဲ့ ပေးဆပ်ရဲသူတွေကိုး။။ ။။ ။။
မေအိခင်(လယ်ဝေး)
For The Irrawaddy People
ရိုးမလည်းပြုန်း
တောင်ဂတုံးအဖြစ်
နေရောင်မခ
ပြောမရအခြေ
စိုက်ခဲ့ခြေပြီ
ရာဇ၀င်များရဲ့သတို့ သမီး
ဧရာမြစ်ရေပြင်ကြီးလည်း
ဝိညာဉ်တွေနဲ့ အတူ
ငိုကြွေးသံတွေဆူညံခဲ့ပြီ
ပြည်တော်ပြန်ဖို့ အားတင်း
ငါအလုပ်တွေနင်းလုပ်ခဲ့ပေမဲ့
အဖေ အမေ ညီမလေးတွေနဲ့ ငါ့အိမ်လေးတွေမှမရှိတော့ပဲ့ 
မေအိခင်(လယ်ဝေး)
Sunday, May 18, 2008
Save Burma
Saturday, May 17, 2008
ပြည်တင်းသော်လည်း "မင်း" ခံနိုင်သေးသလို ကယ်ဆယ်ရေးထက် အာဏာမြဲရေးသာ အရေးပေးနေသော န အ ဖ
စစ်အုပ်စုကတော့ လုပ်ချလိုက်ပြန်ပြီ တော်တော်ကို အရှက်သိက္ခာ ကင်းမဲ့ကြတာပဲ။ ဒီလောက် တိုင်းသူပြည်သားတွေ အတိ ဒုက္ခရောက်နေချိန်မှာလူဆန်ဖို့  သူတို့  မစဉ်းစားကြ
အမြစ်ပြတ်မခြေမှုန်းနိုင်သေးသလဲဆိုရင် ကျမတို့ တတွေ အမြင်မပြတ်ကြသေးလို့ ပဲလို့  ကျမ သုံးသပ် ချင်ပါ သည်။
စစ်အုပ်စုက ပေးနိုးပေးနိုး လျော့နိုးလျော့နိုးနဲ့ စောင့်လိုက် အလျော့ပေးလို ဆွေးနွေးလိုက် ညှိနှိုင်းလိုက်နဲ့  လုပ်လာခဲ့တာ ဆယ်စုနှစ် နှစ်ခု ကုန်ဆုံးသွားခဲ့ပါပြီ။ ခုရလာဒ်က သဘာဝ သယံဇာတ အရင်းအမြစ်တွေ ကုန်လို့  သဘာဝဘေးဆိုးကြီးကို ခံစားလိုက်ကြရတဲ့ အဆိုးဆုံး သော ရလာဒ်ကို ခံစားနေကြရပါပြီ။ ဗဟုသုတ နည်းခဲ့ရတဲ့ ကျမတို့ ပြည်သူအများစုက မသိနိုင်ပေမဲ့ ဗုဒ္ဓဘာသာ အများစုတွေဆိုတော့ ကပ်သုံးပါး ကို သိမှာပါ။ ဒီကပ်တွေ အဆင့်ဆင့် ဆိုက်ကပ်လာတာ တိုင်းပြည်အုပ်ချူပ်တဲ့ အစိုးရ မင်းကျင့်တရားနဲ့ မညီလို့  ဆိုတာတော့ ဗုဒ္ဓက ဟောခဲ့သလို ပြည်သူအများ သိနေကြပါပြီ။ ဒီလိုသိလို့ လည်း ပြည်သူတွေ
တွေ သက်သေနဲ့ တကွ ရှိခဲ့တာပဲ။ ဒါ့အပြင် ပြည်သူရဲ့ မဲဆန္ဒဆိုတာ မိသားစု အကုန် ဆန္ဒတူ ရမယ်လို့  ဥပဒေမှာ မရှိပါဘူး။ ဒါကို အိမ်ထောင်ဦးစီး (သို့ ) တစ်ဦးတစ်ယောက်က ကျန်တဲ့ မိသားစုဝင်တွေ ကိုယ်စားပြုပြီး မဲထည့်ခွင့်ရှိတယ်(လုပ်ခိုင်းခဲ့တယ်) ဆိုတာကိုက စစ်မှန်တဲ့ ပြည်သူ့ ဆန္ဒ ဘယ်နည်းနဲ့ မှ မဖြစ်ခဲ့တာ သေချာပါတယ်။ ဒီ့ထက် ပိုဆိုးတာက ကြိုတင်မဲဆို ပြီး လက်လွတ်စပါယ်ကောက်တဲ့နေရာမှာ တာချီလိတ်လို မြို့ မျိုးမှာ တည်းခိုခန်း တည်းတဲ့ စီးပွားရေးသမားတွေက များလေတော့ တည်းခိုခန်းဝင်တာနဲ့  မှတ်ပုံတင်ပြ တစ်ခါတည်း ထောက်ခံမဲပေးခဲ့ရတာတွေကို ပြည်သူက ကျေနပ်လို့ ပေးခဲ့တာမှ မဟုတ်ပဲ။ ကျူံပျော်တို့  ပုပ္ပါး တို့ နယ်မှာဆို ကန့် ကွက်မဲထည့်ရင် ထောင်ဒဏ်သုံးနှစ် ဒဏ်ငွေ တစ်သိန်းပေး ဆောင်ရမယ်
ဆိုတာ တရားဝင် လော်စပီကာနဲ့  လိုက်အော်ခဲ့တာပါ။ ဒီတော့ စစ်အုပ်စုရဲ့  ရက်ဖန်ဒန် နဂိုထဲက မစစ်မှန် ဘူးဆိုတာ သိထားကြပေမဲ့ ဒီလောက်ထိ ပြောင်ပြောင်တင်းတင်းကြီး အရှက်မဲ့စွာ ပြည်သူလူထုတွေရဲ့  ဆန္ဒကို ဓါးပြတိုက်သွားတာတော့ စစ်အုပ်စုရဲ့  အရင်ကလည်း မရှိခဲ့တဲ့ ဂုဏ်သိက္ခာဟာ အာဏာရှင် ပြုတ်ကျသွား မဲ့တစ်နေ့  အဖတ်ဆယ်ပေး မယ်ဆိုရင်တောင် ဆယ်စရာ အဖတ် တကယ်ကို မရှိနိုင်တော့ပါဘူး။ စစ်အုပ်စု လုပ်သွားတဲ့ အခြေခံဥပဒေ မူကြမ်း ပြည်သူ့ ဆန္ဒခံယူပွဲဆိုတာကို ကျမတင်ပြနိုင်တာ အစိတ်အပိုင်း သေးသေး လေးပဲ ရှိပါသေးတယ်။ ခြိမ်းခြောက်မှုမျိုးစုံနဲ့  ကမ်းကုန်အောင် လူထုကို အနိုင်ကျင့် ပြီး ယူခဲ့တဲ့ ထောက်ခံ မဲ တွေပါပဲ။ ဒါ့ကြောင့် ယခု စစ်အုပ်စုလုပ်တဲ့ မဲစနစ်ဟာ ပြည်သူ့ ဆန္ဒနဲ့  လုံးဝ မသက်ဆိုင်တဲ့ မဲစနစ်ပါ။ နောက် ထပ် မုန်တိုင်းဘေးအပြင်းအထန် ခံနေကြရတဲ့ ၄၇ မြို့  နယ်က ပြည်သူတွေအားလုံးက ကန့် ကွက်မဲထည့်စေဦး တော့ သူတို့ လုပ်ကြံ ကြေညာလိုက် တဲ့ ရာခိုင်နှုန်းအရဆို သူတို့ အခြေခံဥပဒေကြီးက အတည်ဖြစ်ပါပြီလို့  တရားသူကြီး ဦးအောင်တိုးရဲ့  ကြေညာသံ ကြားရဦးမှာပါပဲ။ ကျမကတော့ ယုံကြည်တယ်။ ကျမတို့  မြန်မာ ပြည်သူတွေ ဟာ အေးအေးချမ်းချမ်းနေတတ်ကြညတာ မှန်ပေမဲ့ မတရား လွန်းတာ ကိုတော့ ကြာရှည် ဒီ့ထက်ပိုပြီး သည်းခံတော့မှာ မဟုတ်ပါဘူး။ ခုလို ကပ်ဘေးသင့်တဲ့ အချိန်
အုပ်စုကို ကျမတို့ က ဘာဆိုဘာမှ ယုံကြည်စရာ လက်ခံစရာ ညှိနှိုင်းစရာမလိုဘဲ တိုင်းပြည်ရဲ့ 
ဦးမှာ ဧကန်မလွဲပါပဲ။
ကျမထင်ပါတယ်။ လာမဲ့ ၂၀၁၀ ကိုလည်း ဒီလိုပဲ လိမ်လည်လှည့်ဖြားပြီး ဒီအာဏာကို ဆက်လက်ဆုပ်ကိုင်သွား ဦးမှာပဲ။ အမှန်တကယ် ပြည်သူတွေ လွတ်မြောက်ရာ တိုးတတ်ရာ
ခုအကောင်းဆုံးသော နိုင်ငံခြားဖြစ် အစားအသောက်အသုံးအဆောင်ပစ္စည်းမှန်သမျှ မုန်တိုင်းဒဏ်သင့်တဲ့ ပြည်သူ့ လက်ထဲ မရောက်တဲ့သတင်း အနည်းငယ်သာရောက်တဲ့ သတင်း ပြည်တွင်းဖြစ်တွေနဲ့  လဲလှယ်နေတဲ့ သတင်း ဈေးကွက်တွေမှာ ရောင်းချနေပြီ ဆိုတဲ့ သတင်း၊ တပ်တန်းလျားတွေသာ ဦးစားပေးဆောက် နေတယ် ဆိုတဲ့ သတင်းအားလုံး ကြားပြီး မှပါ။ ကျမတို့ ပြည်သူမှာတော့ နူရာဝဲစွဲ လှဲရာ သူခိုးထောင်းဆိုသလို ပြည်သူ တွေအတွက် ယိုးဒယားက လှူတန်းတဲ့ သွပ်ပြားတွေကိုတောင် ထောက်ခံမဲထည့်မှ ဈေးသက်သက်သာ သာနဲ့  ရောင်းချနေတဲ့ အခြေအနေဖြစ်နေတာ မြန်မာနိုင်ငံသားအားလုံးအတွက် ဘယ်လောက် ရှက်စရာကောင်းသလဲ ဒုက္ခရောက်ရတဲ့ ကြားက မင်းမိန့် နဲ့  အဓမ္မမဲ ထည့်ခိုင်းတဲ့ မဲရုံတွေကို သွားကြရ သူတို့ ခြိမ်းခြောက်ခိုင်းစေ သမျှလုပ်ကြရနဲ့  အင်မတန်မှ ရင်နင့်စရာ ဆိုးဝါးလှတဲ့ ဘ၀တွေ ပြည်သူတိုင်း သူ့ အဆင့်နဲ့ သူ မျက် မှောက် ခံစားနေကြရပါသည်။ ဒါ့အပြင် ဘာသာရေး အသိ လူမှုရေးအသိ ကြင်နာသနားတတ်တဲ့ ပြည်သူတွေအပေါ် ထားရှိရမဲ့ အသိ
ပြည်သူတွေအားလုံး ကျမတို့ အခွင့်အရေးကို ကျမတို့ တိုက်ယူမှ ရမည်။ စုပေါင်းအားနဲ့  တိုက်မှ ပြောမှ ဆိုမှ ဆန့် ကျင်မှ ကျမတို့ တိုင်းပြည်မင်းဆိုး၊ ကပ်ဆိုးတွေက လွတ်မယ်ဆိုတာ
စတင်ခြင်း
လမင်းခင်







